ကြိုဆိုပါတယ်

Popular Posts

မြန်မာ – အိန္ဒိယ နယ်စပ် တွင် နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာနကြီး တစ်ခု ယခု နှစ်ကုန် အပြီး ဖွင့်လှစ် ရန် မျှော်မှန်း

မြန်မာ – အိန္ဒိယ နယ်စပ် ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာနကြီး (ITC) တစ်ခုကို ယခုနှစ်ကုန်တွင် အပြီး ဖွင့်လှစ်ရန် အိန္ဒိယ အစိုးရက မျှော်မှန်း ထားသည်။
အဆိုပါ အစီအစဉ် အရ ITC ဖွင့်လှစ်မည့် နေရာသည် ၀ါဇီဟိုမှ အဗန်ကူသို့ ကီလိုမီတာ ၇၀ အကွာ တွင် တည်ရှိပြီး ထိုနေရာ သို့ ခြောက် ကီလိုမီတာ အရှည်ရှိ လမ်းတစ်ခု သွယ်တန်းရန် သာ လိုအပ်ကြောင်း၊ ထို လမ်းဖောက် လုပ်ရေးတွင် ပထ၀ီ အနေအထားအရ အခက်အခဲ အချို့ ရှိနေသော် လည်း စီမံကိန်း ပထမ ခြေ လှမ်း အဖြစ် ITC လျာထား မြေနေရာ တွင် ရဟတ်ယာဉ် ကွင်းတစ်ခု ဆောက် လုပ်ရန် စတင် သတ်မှတ် နေပြီဖြစ် ကြောင်း၊ ITC အတွက် လျာထားမြေ သည် ဧက ၁,၀၀၀ ထက် မနည်းရန် သတ်မှတ် ထားကြောင်း၊ ဈေးကွက် မြှင့်တင်ရေး နေရာ များကိုလည်း အဗန် ကူရွာသားများက
 

အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာ
အင်ဒို-နာဂ ငြိမ်းချမ်းရေး ကျောက်တိုင်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ဓါတ်ပုံရိုက်ရာ ခရစ်တော်ထိုင်နေသည့်ပုံအဖြစ် ပေါ်ခဲ့သောပုံ..

အပြောင်းအလဲတွေ ငြိမ်းငြိမ်းချမ်းချမ်း

2012-04-10(လွတ်လပ်တဲ့ အာရှအသံ)
မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ဖို့ ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့နဲ့ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၄ ရက်နေ့က ချင်းတွင်းမြစ်ကို ဖြတ်ဆောက်မဲ့ ထမံသီရေကာတာ တည်ဆောက်မဲ့နေရာအနီးမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတရပ် ပြုလုပ်ခဲ့ပြီးတဲ့နောက် ၂ ရက်အကြာ မတ်လ ၁၆ ရက်နေ့မှာ ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဒေသခံရွာသားတွေကို ခေါ်ယူသွားတယ်လို့ သိရပါတယ်။
ဖြစ်ပုံကို ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့က မငါငိုင်းက အခုလိုပြောပါတယ်။

ချင်းတွင်းမြစ် လွတ်လပ်စွာ စီးဆင်းဖို့

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေသခံများ၏ စားဝတ်နေရေးကို ဖြေရှင်းပေးနေသည်ဟုဆိုကာ ချင်းတွင်းမြစ် လွတ်လပ်စွာ စီးဆင်းနိုင်ရေး ထိုမြစ်ပေါ်တွင် တည်ဆောက်မည့် ထမံသီဆည် တည်ဆောက်မှုကို ရပ်ဆိုင်းပေးရန် ဒေသခံတို့က ဗုဒ္ဓဟူးနေ့တွင် ဆုတောင်းပွဲပြုလုပ်၍ တောင်းဆိုလိုက်ကြသည်။

ဆုတောင်းပွဲကို စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ လေဝေယံရွာတွင် ကျင်းပခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာဝင် ဒေသခံ ကူကီးလူမျိုးများနှင့် ရှမ်းလူမျိုးများ ၁၅ဝ ခန့် စုဝေးတက်ရောက်ခဲ့ကြသည်။









အနောက်နာဂ ဥက္ကဌ Issac နှင့် ထိုင်း စစ်သား

 Issac and Muivvah(IM) Photos
အနောက် နာဂ ဥက္ကဌ နှင့်အတွင်းရေးမှူး
   Muivvah(IM) photos
အတွင်းရေးမှူး
 အရှေ့အနောက်မကွဲခင်က ဓါတ်ပုံ
 အမျိုးသားနေ့ NSCNK အရှေ့နာဂ
 SS Khaplang နှင့် သူ့အဖွဲ့
NSCN(K) သမ္မတ
 နာဂ ငြိမ်းချမ်းရေးအတွက် မျှော်လင့်လျက်
အရှေ့နာဂ နှင့် အနောက်နာဂ ငြိမ်းချမ်းရေး လက်မှတ် ဇယား
 အရှေ့နာဂ သမ္မတ နှင့် ကာကွယ်ရေး ဗိုလ်ချုပ်ကြီး ခူးလီ
 ကျွန်တော်တို့ နာဂတောင်တန်းရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေ..
Issac and Muivvah(IM) နာဂ ခေတ်ပေါ်ဝတ်စုံ

KWHRO: ထမံသီရေကာတာစီမံကိန်းရပ်ဖို့

Thursday, 22 December 2011
By featured, ဇာနည်မာန် on December 8, 2011 6:12 pm in သတင်း
(ဧရာဝတီသတင်း)
ချင်းတွင်းမြစ်တွင် အိန္ဒိယနှင့် မြန်မာ ပူးပေါင်း ဆောက်လုပ်နေသည့် ထမံသီ ရေကာတာ၊ ရေအားလျှပ်စစ်စီမံကိန်းများ ချက်ခြင်းရပ်တန့်ရန် အိန္ဒိယရောက်မြန်မာပြည်သားများက နယူးဒေလီမြို့တွင် ယနေ့ ဆန္ဒပြ တောင်းဆိုကြသည်။
ချင်းတွင်းမြစ်စီမံကိန်းများကို ကန့်ကွက်ဆန္ဒပြနေသော နယူးဒေလီမြို့ရောက် မြန်မာပြည်သားများ -

စစ်အစိုးရ ကြေညာချက် နာဂ NLD ကန့်ကွက်

စစ်အစိုးရ ထုတ်ပြန် ကြေညာခဲ့သော စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ မြို့နယ်ကို နာဂဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကန့်ကွက် လိုက်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ရာတွင် နာဂလူမျိုးများ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ စစ်အစိုးရ လက်အောက်တွင် အကန့်အသတ်ဖြင့်သာ နေထိုင်ရမည် ဖြစ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောဆ က ဆိုသည်။

နာဂ နှစ်သစ်ကူးပွဲတော်သည် နအဖ အကျိုးအတွက်သာဖြစ်ဟု NNDO ပြောကြား

သောကြာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၀၈ ခုနှစ် ၀၂ နာရီ ၄၇ မိနစ်(မဇ္ဈိမ)

နာဂ အမျိုးသားများ၏ နှစ်သစ်ကူးပွဲတော်သည် နာဂ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုကို အစစ်အမှန် ဖော်ထုတ်ပေးနိုင်မည့် ပွဲတော်မဟုတ်ဘဲ ယဉ်ကျေးမှုကို ဘန်းပြကာ နိုင်ငံခြားဝင်ငွေ ရှာဖွေနေသည့် ပွဲတော်သာဖြစ်သည်ဟု နာဂ အမျိုးသား ဒီမိုကရက်တစ်အဖွဲ့ (NNDO) က ပြောဆိုလိုက်သည်။
နအဖ စစ်အစိုးရ အစီအစဉ်ဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နှစ်စဉ် ကျင်းပလေ့ ရှိသည့် နှစ်သစ်ကူး ပွဲတော်တွင် နာဂ ယဉ်ကျေးမှု ဓလေ့စရိုက်များကို နိုင်ငံခြားသား ဧည့်သည်များကို ပြသခြင်းဖြင့် နိုင်ငံခြားဝင်ငွေကို ရှာဖွေပြီး စစ်လက်နက် ဝယ်ယူရေးတွင် အသုံးချနေခြင်းကြောင့် နိုင်ငံခြားသား ဧည့်သည်များ အနေဖြင့် ယခုနှစ် ကျင်းပမည့် ပွဲတော်သို့ လည်ပတ်ခြင်း မပြုရန်အတွက် ဂျပန်နိုင်ငံ အခြေစိုက် NNDO က ယမန်နေ့က ကြေညာချက် ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထမံသီရေကာတာစီမံကိန်းရပ်ဖို့ အိန္ဒိယရောက် မြန်မာများ

Thursday, 22 December 2011
2011-12-08 (RFA News)
အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောက်လုပ်မယ့် ချင်းတွင်းမြစ် အထက်ပိုင်းက ထမံသီရေ ကာတာစီမံကိန်း ရပ်တန့်ပေးဖို့ နယူးဒေလီမြို့မှာ ဒီကနေ့မနက်က တောင်းဆိုဆန္ဒပြခဲ့ ပါတယ်။

RFA
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်၊ အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောက်လုပ်မည့် ချင်းတွင်းမြစ် အထက်ပိုင်း ထမံသီ ရေကာတာစီမံကိန်း ရပ်တန့်ပေးဖို့ ဆန္ဒပြပွဲကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဂျန်တားမန်တား ပန်းခြံအနီးတွင် ကျင်းပနေစဉ်။

ထမံသီ ရေကာတာစီမံကိန်းအပေါ် ဆန္ဒပြခဲ့ကြ

Thursday, 22 December 2011(BBC News)
ထမံသီ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြ

စစ်ကိုင်းတိုင်း ဟုမ္မလင်းအထက် မိုင် ၃၀ အကွာ ချင်းတွင်းမြစ်ပေါ်မှာ မြန်မာ အစိုးရ နဲ့ ထမံသီ ရေကာတာစီမံကိန်းအပေါ် ဆန္ဒပြခဲ့ကြ အစိုးရ ပူးပေါင်း တည်ဆောက် နေတဲ့ ထမံသီ ရေကာတာ စီမံကိန်းကို ရပ်တန့်ပေးဖို့ အိန္ဒိယနိုင်ငံ ရောက် ကူကီး တိုင်းရင်းသားတွေနဲ့ မြန်မာ့အရေး လုပ်ဆောင်နေသူတွေက နယူးဒေလီမြို့မှာ ကြာသပတေးနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ငါတို့ လူမျိုးအတွက် သေတဲ့အထိ တိုက်ပွဲ ဝင်သွားမယ် ဆိုတဲ့ စာတန်းပါ နဖူးစည်း အနီတွေ ခေါင်းမှာပတ်ထားတဲ့ ဆန္ဒပြသူ ၇၀ ကျော်က ထမံသီ ရေကာတာ ရပ်ပေးပါ၊ ချင်းတွင်းမြစ်ကို ကယ်တင်ပါ ဆိုတဲ့ စာတန်းတွေ ကိုင်ပြီး နယူးဒေလီမြို့လယ် ပါလီမန် နားက ဂျန်တားမန်တား ပန်းခြံဘေးမှာ ဆန္ဒပြ ကြွေးကြော်ခဲ့ကြပါတယ်။

လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များရှိ ပြည်သူ့ ဆေးရုံများတွင် ခွဲစိတ်ခန်းသုံး၊ ဆေးရုံသုံး ပစ္စည်းများ ဖြည့် ဆည်းပေးရန် အစီအစဉ် ရှိ / မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပြည်သူ့လွှတ်တော်(သတင်း)
ဥက္ကဋ္ဌ။ ။ လဟယ်မဲဆန္ဒနယ်မှ ဦးဆားမူမေးမြန်းဖို့ဖြစ်ပါတယ်။
ဦးဆားမူ(လဟယ်မဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော် အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန် ကောင်း
တောင်းအပ်ပါတယ် ခင်ဗျား။ ကျွန်တော်ကတော့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လဟယ် မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဆားမူဖြစ်ပါတယ်။ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်သော လေရှီး၊

အိန္ဒိယ-မြန်မာ ရေကာတာ စီမံကိန်း


မျက်မှောက်ရေးရာ / သတင်းသုံးသပ်ချက်(ဗီအိုအေ မြန်မာ


                               အိန္ဒိယ-မြန်မာ ရေကာတာ စီမံကိန်း

ဦးအောင်ခင်, မညိုညိုလွင်
အောက်တိုဘာလ (၁၄) ရက်နေ့က နယူးဒေလီမြို့ တော်မှာ ထုတ်ပြန်တဲ့ အိန္ဒိယ-မြန်မာ ပူးတွဲကြေညာချက်မှာ ချင်းတွင်းမြစ် ရေကာတာ စီမံကိန်း အကောင်အထည်ဖော်မယ့် အသေးစိတ်အစီအစဉ်ကို (၆) လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမယ်လို့ ဖော်ပြပါတယ်။ အိန္ဒိယအစိုးရပိုင်း NHPC အမျိုးသားရေအားလျှပ်စစ်ကုမ္မဏီရဲ့  ထမံသီ ရေအားလျှပ်စစ်စီမံကိန်း အသေးစိတ်အစီရင်ခံစာ ပြီးစီးကြောင်းဖော်ပြပြီး ရွှေစာရေး ရေအားလျှပ်စစ်အသေးစိတ် အစီရင်ခံစာကို ၂၀၁၂ မတ်လမှာ ပြီးစီးမယ်လို့ ဖော်ပြပါတယ်။

ဓါတ်ပုံ

နာဂ အလံတော်
 အမျိုးသားနေ့ ဓါတ်ပုံ
 စစ်ရေးပြ
 နာတွေ သိပ်ကြိုက်တဲ့ ငရုပ်သီး
 အထွေထွေ ဌာနချုပ် (ကူဟီးမား)

နာဂ မြေပုံ ဖြစ်ပါသည်။

Plebiscite



 ၁၉၅၁ခုနှစ်၊မေလ-(၁၆)ရက်နေ့ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ ခဲ့တုန်းက ဓါတ်ပုံဖြစ်ပါသည်။

သမ္မတ (A.Z.Phizo)


 (NNC) သမ္မတ


နာဂ အမျိုးသားကောင်စီကို ပထမဆုံး အုပ်ချုပ်လာခဲ့တဲ့ သမ္မတ (A.Z.Phizo) ဖြစ်ပါသည်။

နာဂ သမ္မတ


                       ယခုလက်ရှိနာဂနိုင်ငံ အရှေ့နှင့်အနောက်ကို အုပ်ချုပ်နေတဲ့ နာဂ သမ္မတ ခပ်လန်(  NSCN-K)

အိန္ဒိယ-မြန်မာ ပူးတွဲလုပ်ကိုင်ရေး

ဗီအိုအေ မြန်မာ


                                           ဦးအောင်ခင်, မညိုညိုလွင်
မေလနှောင်ပိုင်း နေပြည်တော်ကို လာရောက်လည်ပတ်တဲ့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း နဲ့အဖွဲ့ဟာ ဗမာအစိုးရနဲ့ သဘောတူညီချက် (၂) ခု၊ နားလည်မှုစာချွန်လွှာ (၉) ခုနဲ့ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် (၁) ခု တို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စာမျက်နှာ (၆) မျက်နာ စာပိုဒ်ပေါင်း (၄၆) ပိုဒ်ပါရှိတဲ့ ပူးတွဲကြေညာချက်ကိုကြည့်ရင် အိန္ဒိယအစိုးရရဲ့  ဦးစားပေးချက်တွေကို အကဲခတ်နိုင်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ရဲ့  ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုဧည်ခံပုံကို အပိုဒ် (၁) က (၇) အထိ ဖော်ပြထားပါတယ်။ အပိုဒ် (၈) မှာ ဒေသတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရင်းရင်းနှီးနှီး ထိထိရောက်ရောက် ပူးတွဲလုပ်ကိုင်ဖို့ အရေးကြီးကြောင်း ဖော်ပြပါတယ်။

နာဂနဲ့ အပစ်ရပ်ပြီ


နာဂပွဲတော် မြင်ကွင်းတခု (ဓာတ်ပုံ - www.allmyanmar.com)

နာဂလက်နက်ကိုင် NSCN(K) အဖွဲ့ နဲ့ ဒီလဆန်းကစပြီး အပစ်ရပ်ဖို့ သဘောတူလိုက်ပါပြီ တဲ့။ ဒီကနေ့ မြန်မာအစိုးရအာဘော် သတင်းစာများမှာ ဖော်ပြထားပါတယ်။

NSCN(K) ဆိုတာ The National Socialist Council of Nagaland – Khaplang နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ဖြစ်ပါတယ်။

အစိုးရ နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ အပစ်ရပ်ပြီ

သတင်း - ပြည်တွင်း(ရွှေဟင်္သာသတင်းဌာန)
N03အစိုးရ၏ ကမ်းလှမ်းချက် အရ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) The National Socialist Council of Nagaland – Khaplang မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့ မွန်း လွဲပိုင်း (၂) နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ တပ်နယ် ခန်းမတွင် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ အဆိုပါ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးရေးတွင် အချက် (၅) ချက် ပါဝင်သော ပဏာမ သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ ပါသည်။