ကြိုဆိုပါတယ်

Popular Posts

အမှန်ကိုဆိုရပါလျှင်

အမှန်ကိုဆိုရပါလျှင် ဘယ်သူ့ဘက်မှ ဘက်မလိုက်ပဲ ပြည်သူ့မျက်နှာကိုသာ ဗဟိုပြုလျှက် ပြောသင့်ပြောထိုက်တာကို ထောက်ပြပြောဆိုဖို့ဆိုတာ နှစ်ဖက်အင်အားစုတို့ရဲ့ပြင်ပ သီးခြားလွတ်လပ်တဲ့ရပ်ဝန်းအတွင်းကသာ သုံးသပ်ပြောဆိုနိုင်မှာဖြစ်ပါတယ်။ နာဂဒေသမှာလတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းနှင့်ပကတိအခြေအနေတွေကို ဘက်မလိုက်ပဲ ပြောပါမယ်။

နာဂဒေသမှာ နိုင်ငံရေးပါတိတွေပေါ်ထွန်းလာမှာကို လက်ရှိအာဏာရပါတီြ

ဖစ်တဲ့ ကြံ့ဖွံ့ပါတီဝင်တွေနှင့်ဌင်းတို့ရဲ့အမတ်တွေက မလိုလားကြတဲ့ အသံတွေထွက်ပေါ်နေတဲ့အပေါ် နာဂနိုင်ငံရေးအသိုင်းအ၀ိုင်းကြားမှာတော် တော်လေးပြောစရာဖြစ်နေပါတယ်။ နာဂအမျိုးသားပါတီကြီးတစ်ရပ် ပေါ်ထွန်းဖို့အားထုတ်နေကြရာကနေ အုပ်စုအချို့ရဲ့မတူညီတဲ့ သဘောထားတွေကြောင့် ပြည်မကပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်လက်တွဲပြီး နိုင်ငံရေးလှုပ်ရှားမှု တွေလုပ်ကိုင်နိုင်ဖို့ နာဂဒေသအသီးသီးမှာ မြို့နယ်ရုံးနှင့် ခရိုင်ပါတီရုံးတွေ ဖွင့်လှစ်ရာမှာ ဒေသခံကြံ့ဖွံ့အမတ်တွေဖက်က မလိုလားတဲ့ပြောဆို သံတွေထွက်ပေါ်လာသလို၊ လူထုအနေနဲ့လည်း နိုင်ငံရေးမှာပါဝင်လှုပ်ရှားဖို့ အချိန်မတန်သေးကြောင်းလူထုကိုတိုက်ရိုက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အကြံကုန်ဂလုန်ဆားချက်လေရော့သလား

လူမျိုးတစ်မျိုး၏အနာဂတ်နှင့်တိုက်ရိုက်ပတ်သက်သောငြိမ်းချမ်းရေးလုပ်ငန်းများကဲ့သို့အရေးပါသည့်ကိစ္စရပ်များတွင် ထိုလူထုတစ်ရပ် လုံး၏ကိုယ်စား ပြုသည့်လူထုကိုယ်စားလှယ်များ၏သဘောထားကိုခံယူ သည်ဟူသည် လုပ်သင့်လုပ်ထိုက်သော မှန်ကန်သည့်လုပ်ဆောင်ချက်ဟုပင် ဆိုရပေမည်။ သို့သော်လည်း၊ အလုပ်ဟူသည် လုပ်သင့်သည့်အလုပ်ကို၊ လုပ်သင့်သည့်အချိန်ကာလနှင့်လုပ်သင့်လုပ်ထိုက် သည့်ပုဂိုလ်များဖြင့် လုပ်သင့်လုပ်ထိုက်သောနေရာတွင်လုပ် စနစ်တကျလုပ်ဆောင်တတ်ခြင်းငှာ ကြံဆောင်သင့်ပေသည်။ ထိုသို့မဟုတ်ပဲ၊ အချိန်လွန်မှ ရေးကြီး သုတ်ပျာလူထုအားအဝေးခေါ်ယူလျှက် လူထုအကြံအဥာဏ်တောင်း ခံခြင်းဟူသည် မလောင်ရာဆီလူးသကဲ့သို့ပင်ဖြစ်ချေတော့မည်။
နာဂ-ဗမာငြိမ်းချမ်းရေးလုပ်ငန်းကို လက်ရှိလွှတ်တော်ကိုယ်စား လှယ်အချို့က(လူထုMandate မပါပဲ) ကြီးမှူးဆောင်ရွက်နေခဲ့ရာက ရုတ်တရက်လူထုအစည်းအဝေးခေါ်ယူမည်ဟုဆိုရာတွင် လူထုအနေဖြင့် စဉ်းစားစရာများဖြစ်လာခဲ့သည်။

အာကာထွန်းနှင့်ကစင့်ကလျားဝီဟူးပွဲတော်

လတ်တလောကြားလိုက်ရတဲ့သတင်းက လွတ်လပ်မှုနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့မူ ကိုယုံကြည်မြတ်နိုးပြီး ယဉ်ကျေးမှုနှင့်အမျိုးသားရေးကိုအလေး အနက်ထားတတ်တဲ့ နာဂလူမျိုးတစ်ယောက်အတွက် တော်တော်လေး ကိုစိတ်ပျက်စရာ၊ ဒေါသထွက်စရာ၊ ရှက်စရာကိစ္စတစ်ခုပဲဖြစ်ပါတယ်။ သတင်းကတခြားမဟုတ်ဘူး-ဒီနှစ်နာဂရိုးရာယဉ်ကျေး မှုဗဟိုပွဲတော် (၀ီဟူးပွဲတော်)ကို နန်းယွန်းမှာ ကျင်းပဖို့အလှည့်ကျရာကနေ လုံခြုံရေ
း နှင့်လမ်းပမ်းဆက်သွယ်ရေးကိုအကြောင်းပြပြီး ပယ်ဖျက်ခံလိုက်ရတဲ့ သတင်းပဲဖြစ်ပါ တယ်။ ပွဲတော်ကိုလက်ခံကျင်းပရဲ့မယ့် နန်းယွန်းမြို့နယ် နာဂရိုးရာယဉ်ကျေးမှုမြို့နယ် ကော်မတီခွဲအနေနှင့်တော့ တာဝန်ကြီး တစ်ရပ်ပေါ့သွားတယ်လို့ယူဆနိုင်ပေမယ့်၊ အလေးအနက်တွေး ကြည့်မယ်ဆိုရင်တော့ ဒီကိစ္စဟာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။

အခန်း ၅။ နာဂနိုင်ငံ၏အလံတော်

နာဂနိုင်ငံ၏အလံသည်အနံလေး(၄)ပေ အလျားခြောက်(၆)ပေရှိပြီး မိုးပြာရောင်အပေါ်တွင် ခြောက်ထောင့် ကြယ်တစ်လုံးနှင့် သက်တံတစ်ခုဖြင့် ခြယ်ထားသော အလံဖြစ်သည်။ နာဂအလံထဲတွင် သက်တံထည့်သွင်းခြင်းသည်ထူးဆန်းသည်။ဘုရားသခင်၏အလိုတော်အရဖြစ်သည်ဟုပင်ယူဆနိုင်သည်။ ထူးဆန်းသည် ဟုဆိုခြင်းမှာ-ဦးဖီဇိုသည် မိသားစုတို့နှင့်အတူ ရန်ကုန်တွင် ၁၉၃၃-ခုနှစ်မှ ၁၉၄၆-ခုနှစ်အထိနေထိုင်ခဲ့သည်။ ၁၉၄၆-ခုနှစ် ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာနေသောအချိန်တွင်နာဂ လူကြီးများကဦးဖီဇိုအားနာဂလန်းသို့ အမြန်ဆုံးပြန်လာပြီး တိုင်းပြည်ကို ဦးစီးဦးဆောင်ပြုရန်ခေါ်ခဲ့သော
ကြောင့် ဦးဖီဇိုသည် မေလတွင် အမိနယ်မြေနာဂလန်းသို့ မိသားစု အားလုံးနှင့် အတူလာခဲ့သည်။ သူတို့နာဂလန်းသို့ရောက်လာပြီး ကိုဟီးမားမြို့တော်သို့ အဝင် (ဝင်ခါနီး)တွင် သက်တံသည် ကိုဟီးမားမြို့အပေါ်တွင်ထူးဆန်းစွာပေါ်ခဲ့ကြောင်း။သူတို့အားကွေးကောက်သောသက်တံဖြင့်ကြိုဆိုသကဲ့သို့ ဖြစ်ခဲ့ကြောင်း။ ထိုအခါ ဦးဖီဇိုသည် စိတ်ကြည်နူးမှုဖြစ်ပြီး။ ဤသက်တံ့သည် နာဂလန်း၏ အလံတွင် ထည့်ရင်ကောင်းမည်ဟု စဉ်းစားခဲ့သည်ဆိုသည်။ ထို့နောက်တွင်လည်း အရေးကြီးအစည်းအဝေး ပြုလုပ်နေသောအချိန်များတွင်သက်တံပေါ်ခဲ့ကြောင်း။ ထို့ပြင် ၁၉၅၅-ခုနှစ် ဆေန်ဒေးညူ(Sendenyu)ရွာနားပါရာရှန်(Parashan)ဗဟိုစခန်းတွင်  နာဂလန်း ခေါင်းဆောင်များသည် နာဂနိုင်ငံတော်၏ အလံကိုမည်ကဲ့သို့ ပြုလုပ်မည်ဟု ဆွေးနွေးရန် အစည်းအဝေး ထိုင်ကြသောအခါ သက်တံသည်ထူးထူးဆန်းဆန်း ပေါ်ခဲ့ပြန်ကြောင်း။  ထို့ကြောင့် အစည်းအဝေးတက်ရောက် လာသူများ

အခန်း ၄။ ၁၉၉ဝ နောက်ပိုင်း အနောက်ဘက် နာဂနယ်မြေတွင် နိုင်ငံရေးအရှုပ်အထွေး



(၁) မွေဝါ အီဆက် နိုင်ငံခြားခရီးစဉ် နှင့်  ဒေသခံ လူမျိုးရေးကိစ္စ
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (အီဆက်-မွေဝါ) အဖွဲ့ကို ဖွဲ့စည်းပြီးနောက်အီဆက်မွေဝါ တို့သည် ၁၉၉၂-ခုနှစ်တွင် နိုင်ငံခြားသို့ ထွက်ခွာသွားခဲ့သည်။ နိုင်ငံခြားတွင် ဦးလွယ်ငမ်လွယ်ထွေး (Luingam Luithui Tangkhul) နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် သူသည် အာရှဒေသခံလူမျိုးများအ
ဖွဲ့(Asia Indigenous Peoples Pact-AIPP) ၏ဥက္ကဌဖြစ်ခဲ့သည်။ သူ၏ရှေ့ဆောင်မှုဖြင့်မွေဝါအီဆက်
တို့သည် ၁၉၉၃-ခုနှစ် ဇန္ဒဝါရီလ (၂၃) ရက်တွင် အသိအမှတ်ပြုမခံရသည့် လူမျိုးများ၏အဖွဲ့အစည်း
(Unrepresented Nations and peoples Organization-UNPO)တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။UNPO
၏အထွေထွေအတွင်းရေးမှူးက နာဂလူမျိုးသည်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် UNPO သို့ မဝင်သင့်
ကြောင်းမွေဝါ အီဆက်အားအကြံပေးခဲ့သည်ဟု ကျွန်တော်တို့နှင့် ၂ဝဝ၄-ခုနှစ် ကိုဟီးမားမြို့တွင် တွေ့ကြသောအခါ ပြောခဲ့သည်။ သို့သော်သူ၏ အကြံပေးချက်ကို လက်မခံဘဲ မွေဝါတို့သည် UNPO အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ပြီးတော့ ဒေသခံ လူမျိုးများ၏ ဂျီနီဝါ ညီလာခံသို့လည်း ထိုနှစ်မှာပင် ဇူလိုင် (၂၇)ရက်တွင် တက်ရောက်ခဲ့သည်။ ထိုဂျီနီဝါ ညီလာခံတွင် မိန့်ခွန်းမြွတ်ကြားရန် မွေဝါအီဆက်တို့၏ မိန့်ခွန်းတွင် နာဂအမျိုးသားများ၏ သမိုင်းစဉ်မပါဘဲ ၁၉၈ဝ-မှစှု နအဆက၏ သမိုင်းစဉ်ကိုသာရေးခဲ့

အခန်း ၃။ ၁၉၇၆-၁၉၈၈ အတွင်း အရှေ့နာဂနယ်မြေတွင် နိုင်ငံရေးအဖြစ်အပျက်

အထက်တွင် ဖေါ်ပြသည့်အတိုင်း ရှီလောင်စာချုပ်တွင် နိုင်ငံရေးအရ အရေးနှိမ့်ခဲ့
သော အိန္ဒိယအစိုးရသည် နာဂ အမျိုးသားကောင်စီ နှင့် နာဂဖယ်ဒရယ်အစိုးရကို ခွဲပစ်ရန်
ကစားလာခဲ့ပြန်သည်။  ပြည်နယ်နိုင်ငံရေးသမားများမှ တဆင့် ရှီလောင်စာချုပ်သည်
အလင်းဝင်သော စာချုပ်ဖြစ်သည်ဟု ကျယ်ကျယ်လောင်လောင် အော်စေခဲ့သည်။ သူတို့က
မွေဝါသည် အာဏာကိုမက်သူ ဆိုရှယ်လစ်ဝါဒီ ဖြစ်သည်ကို သိသည်။ ဦးဖီဇိုနှင့် မူပေါ်လစီ
ကွာခြားကြောင်းကိုလည်း သိထားကြသည်။ ထို့ကြောင့် မွေဝါက နအက မှခွဲထွက်ပြီး
ဆိုလစ်အစိုးရဖွဲ့စည်းနိုင်ရန် အိန္ဒိယထောက်လှန်းရေး RAW (Research Analyts Wing) သုတေသနစီစစ်ရေးတောင်ပံ အဖွဲ့မှ တဆင့်မွေဝါးအားဆွဲဆောင် အားပေးအား
မြောက်ပြုခဲ့ ကြကြောင်း။ ဤကိစ္စနှင့်ပတ်သက်ပြီး လန်ဒန်အခြေစိုက် နိုင်ငံတကာရေးရာ
မြန်မာသတင်းထောက် ဦးအောင်ရဲမြင့်က ၁၉၈၁ခုနှစ် ဖေဖေါ် ရီလ သတင်းစဉ် မဂ္ဂဇင်းတွင်
အောက်ပါအတိုင်း ရေးခဲ့သည်။
ဒေါ်အင်ဒီရာဂန္ဒီအစိုးရမှ မွေဝါ နှင့် အီဆက် တို့ကို သုတေသန စီစစ်ရေးတောင်ပံ
မှတဆင့် အဆက်အသွယ် လုပ်ပြီး စည်းရုံးလိုက်ပြီ။ “Muivah and Isak were contacted and recruited by Mrs. Gandhi’s admindstration through the Research Analysts Wing, RAW…”(News Magazine, February1981 Vol.2, page၂ မှ ကိုးကားချက်).

အခန်း ၂။ အမှားတော်ပုံ



 (၁) ဦးဖီဖို၏ ရည်ရွယ်ချက် မအောင်မြင်စေရန် အဟန့်အတား လုပ်ရပ်များ
နာဂအမျိုးသားရေး သမိုင်းဖြစ်စဉ်ကို အထက်တွင် ဖေါ်ပြသည့်အတိုင်း လေ့လာ
ကြည့်ပါက ကွယ်လွန်သွားကြပြီဖြစ်သော နာဂအမျိုးသား ခေါင်းဆောင်များသည် မိမိတို့၏
အချိန်အခါတွင် ထမ်းဆောင်ရမည့် တိုင်းပြည်၏တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ကာ
သူ့အချိန်နှင့် လုပ်ဆောင်ရမည့်တာဝန်ကို မပျက်မကွက်ဆောင်ရွက်ပြီး နာဂတိုင်းပြည်ကြီးကို တည်ထောင်ခဲ့ကြသည်။
သို့သော် နာဂပညာတတ် အနည်းငယ်တို့သည် နာဂလူမျိုးများသည် ပညာမရှိ
သေးသည်သာမက တိုင်းပြည် ငယ်သောကြောင့် နိုင်ငံတစ်နိုင်ငံအဖြစ် မရပ်တည်နိုင်။
အိန္ဒိယနိုင်ငံ နှင့်သာ ပေါင်းရမည်ဟု ဖီဇိုအားဆန့်ကျင်လာခဲ့ကြသည်။ ထို့ကြောင့်သူတို့ သည်
အိန္ဒိယခေါင်းဆောင်များ၏ လက်ပါးစေများဖြစ်လာကာ အထက်တွင် ဖေါ်ပြသည့် အတိုင်း
အိန္ဒိယနိုင်ငံနှင့် ပေါင်းကြောင်းအချက် (၁၆) ချက်ပါ စာချုပ်ကိုဆိုင်းထိုးပြီး ပြည်နယ်
ကိုလက်ခံခဲ့သည်။ ဤလုပ်ရပ်ကြောင့် ဦးဖီဇိုက အနောက်နိုင်ငံများ၏ ထောက်ခံမှုကိုရရှိ လာကာ
အင်ဒို-နာဂ ပြဿနာ ကို ကုလသမဂ္ဂသို့တင်သွင်းရန် အောင်မြင်မှုဆဲဆဲတွင်
အကြီးအကျယ်အဟန့်အတား ဖြစ်စေခဲ့သည်။ ဤသည်မှာ နာဂပညာတတ်များက
နာဂအမျိုးသားရေးတွင် မဟာအမှားကြီးကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နာဂအမျိုးသားကောင်စီ နှင့် နာဂဖက်ဒရယ် အစိုးရတို့သည်
အိန္ဒိယ အစိုရနှင့် NPC အကြားတွင်ချုပ်ဆိုသော အချက် (၁၆) ပါစာချုပ်ကို ပယ်ချ၍
အရှေ့ပါကစ္စတန်မှလက်နက်များကို တင်သွင်းပြီး စွမ်းစွမ်းတမံ နယ်ချဲ့အိန္ဒိယအား
တိုက်ခိုက်ခဲ့သည်။ တဘက်တွင်နာဂအမျိုးသားခေါင်းဆောင် ဦးဖီဇိုသည် နာဂလန်းနှင့်
အိန္ဒိယကြားတွင် ငြိမ်းချမ်းရေးအတွက်စေ့စပ်ပေးရန် လန်ဒန်မှ Rev.Michael Scott ကို စေလွတ်ခဲ့သည်။ ဤသို့ဖြင့် အထက်တွင်ဖေါ်ပြသည့်အတိုင်း မေလ (၂၄) ရက်နေ့တွင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးစာချုပ်ကို ဆာကရားဘား (Sakraba) ကျေးရွာတွင်ချုပ်ဆိုနိုင်ခဲ့သည်။

အခန်း ၁။ နာဂအမျိုးသားရေးသမိုင်း အကျဉ်း

အထက်တွင် ဖေါ်ပြသည့်သမိုင်းအရဆိုလျှင် ကျွန်တော်တို့ နာဂမျုးနွယ်စုသည်
ရှေးပဝေသဏီကပင် မေဆိုပိုတေးမီးယားတွင် နေထိုင်ခဲ့ပြီး ထိုမှ ခရစ်တော်မပေါ်ခင်
ထွက်လာ၍ မွန်ဂိုလီးယားကုန်းပြင်မြင့် တိဘက် တရုတ်ပြည် စသည်တို့တွင် နေထိုင်လာခဲ့ပြီး
တောတောင်အထပ်ထပ် မြစ်ရေအသွယ်သွယ်ကို ဖြတ်ကျော်ကာ ယခုလက်ရှိ နာဂနယ်မြေသို့
ရောက် ရှိလာခဲ့ခြင်းဖြစ်သည်၊ဤနယ်မြေများတွင် ကနဦးရှိ မြေပိုင်ရှင်များကို တိုက်ထုတ်၍
နေလာခဲ့ခြင်းမဟုတ်။ မည်သူမျှမရှိသော၊ မည်သူမျှ မပိုင်ဆိုင်သော နယ်မြေအား လာရောက်
နေထိုင်ပိုင်ဆိုင်လာခဲ့ခြင်းဖြစ်သည်၊ဤသို့ နှစ်ပေါင်း ထောင်ချီပြီး နေလာခဲ့သော သမိုင်း
တလျှောက်တွင် နာဂလူမျိုးတို့သည် အခြားနိုင်ငံ၏ လက်အောက်ခံ ဖြစ်ခဲ့ဘူးသည် ဟူ၍
သမိုင်းမရှိခဲ့ပေ၊ သက်ဦးဆံပိုင်ဘုရင်ဖြင့်သော်၎င်း၊ အာဏာရှင်စနစ် ဖြင့်သော်၎င်း
အုပ်ချုပ်စိုးမိုးလာခဲ့ခြင်းမရှိပါ။ တနိုင်ငံလုံးကိုတပြိုင်တည်း အုပ်ချုပ်သောအစိုးရ ဟူ၍လည်းမရှိခဲ့ပါ၊
သို့ရာတွင် ကျေးရွာ တိုင်းသည် လွတ်လပ်သော ကျေးရွာများ ဖြစ်ကြပြီး ရွာသူကြီးများကသာ
အုပ်ချုပ်လာ ခဲ့သည်၊ ထိုကျေးရွာများကို အုပ်ချုပ်သောစနစ်သည် အင်မတန်
မြှင့်မားသောဒီမိုကရေစီ (pure democracy) စနစ်ပင်ဖြစ်သည်။ တဦးတယောက်၏
အခွင့်အရေးကို အလွန်လေးစားကြသည်။ ဥပမာ-တောတွင်း တနေရာ တွင်တန်ဖိုးရှိသော
အရာတခုခုကို မိမိအရင်တွေ့ရှိကြောင်း တဦးတယောက်က အမှတ်အသားပြုထားပါက
မည်သူမျှ ထိုအမှတ်အသားကို ဖယ်ရှားပြီး အမှတ်အသားအသစ် ပြုလုပ်၍ မိမိပိုင်ဆိုင်ကြောင်း
မပြု လုပ်ကြ။ လိမ်လည်မှုနှင့် ခိုး ရှားမှုနှင့်ခိုးမှုဟူ၍ရှားသည်။ ရွာသားများ အားလုံးက ရွာသူကြီးအား
နာခံကြပြီး ရပ်ရေးရွာရေး ကိစ္စများ ကိုရွာသူကြီးနှင့်အတူ ရွာလူကြီးများက ဆုံးဖြတ်
ဖြေရှင်းခဲ့ကြသည်။

မွန်ဂိုမျိုးနွယ်စုတို့၏ ဆင်းသက်လာပုံသမိုင်းအကျဉ်း

မေဆိုပိုတေးမီးယား (Mesopotamia) မှ ဆင်းသက်လာခဲ့ကြသော
မွန်ဂိုလူမျိုးများသည် ယခုအခါ မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်တွင်
နေထိုင်လျက် ရှိကြပါသည်၊ ထို လူမျိုးများမှာ ကရင်၊ ကရင်နီ၊ ကယန်း၊ ရှမ်း၊ ပအိုဝ်း၊ ဝ၊
ပလောင်၊ လားဟူ၊ အခါ၊ ကချင်၊ ချင်း၊ မီဇူး၊ နာဂ၊ ကသဲ၊ စသည့် လူမျိုးများ နှင့် Meghalia, Tripura, Assam, Arunachal စသည့်ပြည်နယ်များတွင် နေထိုင်ကြသော
လူမျိုးများ အပြင် ဘင်္ဂလားဒေ့ရှ့် ချီတာကုံး တောင်တန်းတွင် နေထိုင်ကြသော Hmar
(မားရ် ) နှင့် Bawm လူမျိုးတို့ ဖြစ်ကြပါသည်၊ ထိုလူမျိုးများ၏ ဆင်းသက်လာပုံ
သမိုင်းကြောင်းကို လေ့လာကြည့်သောအခါ ထိုလူမျိုးများသည် အမျိုးအနွယ်တခုတည်းမှ
ဆင်းသက် ပေါက်ဖွားလာသော လူမျိုးများဖြစ်ကြောင်း သိရှိရသည်၊ ထိုလူမျိုးများ.
ဆင်းသက်လာပုံကို လေ့လာသိရှိရသလောက် အောက်ပါအတိုင်း တင်ပြအပ်ပါသည်၊
         Karen နှင့် Kayan တို့သည် B.C ၂၂၃၄ တွင် Ponpalon (Mesopotamia) မှထွက်လာခဲ့ပြီး ဘီစီ ၂၁၉၇ခုနှစ် တွင် မွန်ဂိုးလီးယား(Mongolia) သို့ ရောက်လာခဲ့ကြောင်း။ ထိုမှ Pa E  region(Tarkistan) နှင့် Tha Htein (Tibet) ပြီးတော့ ဘီစီ-၁၃၃၈ ခုနှစ်တွင် Ka Phat (Yunan) region သို့ ရောက်ရှိလာခဲ့ကြောင်း အတိအကျဖေါ် ပြရေးသားကြသည်။ တရုတ်ဘုရင်၏
ဖိနှိပ်မှုကြောင့် ပထမ အသုတ်သည် ယူနန်နယ်မှ ဘီစီ-၁၁၂၈ ခုနှစ်တွင် ထွက်ခွာလာခဲ့ပြီး
သံလွင်မြစ်အတိုင်း ဆင်းသက်လာကာ အရှေ့တောင်အာရှ  (ခု- ဗမာနိုင်ငံ) သို့ ရောက်ရှိ
လာကြောင်း ယူနန်မှ ထွက်လာသောအခါ မဲခေါင်မြစ် တံတားဖြတ်နေစဉ် တံတားကြီး ပြတ်ကျသွားသဖြင့်
လူအမြောက်အများ ကမ်းတဘက်၌ ကျန်ရစ်ခဲ့သည်ဟု ဆိုသည်၊ (Narrative of the Kayan people စာအုပ်မှ ကောက်နှုတ်ရေးသားချက်)