ကြိုဆိုပါတယ်

Popular Posts

Showing posts with label အပစ်ရပ်. Show all posts
Showing posts with label အပစ်ရပ်. Show all posts

နာဂနဲ့ အပစ်ရပ်ပြီ


နာဂပွဲတော် မြင်ကွင်းတခု (ဓာတ်ပုံ - www.allmyanmar.com)

နာဂလက်နက်ကိုင် NSCN(K) အဖွဲ့ နဲ့ ဒီလဆန်းကစပြီး အပစ်ရပ်ဖို့ သဘောတူလိုက်ပါပြီ တဲ့။ ဒီကနေ့ မြန်မာအစိုးရအာဘော် သတင်းစာများမှာ ဖော်ပြထားပါတယ်။

NSCN(K) ဆိုတာ The National Socialist Council of Nagaland – Khaplang နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ဖြစ်ပါတယ်။

အစိုးရ နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ အပစ်ရပ်ပြီ

သတင်း - ပြည်တွင်း(ရွှေဟင်္သာသတင်းဌာန)
N03အစိုးရ၏ ကမ်းလှမ်းချက် အရ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) The National Socialist Council of Nagaland – Khaplang မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့ မွန်း လွဲပိုင်း (၂) နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ တပ်နယ် ခန်းမတွင် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ အဆိုပါ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးရေးတွင် အချက် (၅) ချက် ပါဝင်သော ပဏာမ သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ ပါသည်။