နာဂနိုင်ငံ၏အလံသည်အနံလေး(၄)ပေ အလျားခြောက်(၆)ပေရှိပြီး
မိုးပြာရောင်အပေါ်တွင် ခြောက်ထောင့် ကြယ်တစ်လုံးနှင့် သက်တံတစ်ခုဖြင့် ခြယ်ထားသော အလံဖြစ်သည်။
နာဂအလံထဲတွင် သက်တံထည့်သွင်းခြင်းသည်ထူးဆန်းသည်။ဘုရားသခင်၏အလိုတော်အရဖြစ်သည်ဟုပင်ယူဆနိုင်သည်။
ထူးဆန်းသည် ဟုဆိုခြင်းမှာ-ဦးဖီဇိုသည် မိသားစုတို့နှင့်အတူ ရန်ကုန်တွင် ၁၉၃၃-ခုနှစ်မှ
၁၉၄၆-ခုနှစ်အထိနေထိုင်ခဲ့သည်။ ၁၉၄၆-ခုနှစ် ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာနေသောအချိန်တွင်နာဂ
လူကြီးများကဦးဖီဇိုအားနာဂလန်းသို့ အမြန်ဆုံးပြန်လာပြီး တိုင်းပြည်ကို ဦးစီးဦးဆောင်ပြုရန်ခေါ်ခဲ့သော
ကြောင့်
ဦးဖီဇိုသည် မေလတွင် အမိနယ်မြေနာဂလန်းသို့ မိသားစု အားလုံးနှင့် အတူလာခဲ့သည်။ သူတို့နာဂလန်းသို့ရောက်လာပြီး
ကိုဟီးမားမြို့တော်သို့ အဝင် (ဝင်ခါနီး)တွင် သက်တံသည် ကိုဟီးမားမြို့အပေါ်တွင်ထူးဆန်းစွာပေါ်ခဲ့ကြောင်း။သူတို့အားကွေးကောက်သောသက်တံဖြင့်ကြိုဆိုသကဲ့သို့
ဖြစ်ခဲ့ကြောင်း။ ထိုအခါ ဦးဖီဇိုသည် စိတ်ကြည်နူးမှုဖြစ်ပြီး။ ဤသက်တံ့သည် နာဂလန်း၏ အလံတွင်
ထည့်ရင်ကောင်းမည်ဟု စဉ်းစားခဲ့သည်ဆိုသည်။ ထို့နောက်တွင်လည်း အရေးကြီးအစည်းအဝေး ပြုလုပ်နေသောအချိန်များတွင်သက်တံပေါ်ခဲ့ကြောင်း။
ထို့ပြင် ၁၉၅၅-ခုနှစ် ဆေန်ဒေးညူ(Sendenyu)ရွာနားပါရာရှန်(Parashan)ဗဟိုစခန်းတွင် နာဂလန်း ခေါင်းဆောင်များသည် နာဂနိုင်ငံတော်၏ အလံကိုမည်ကဲ့သို့
ပြုလုပ်မည်ဟု ဆွေးနွေးရန် အစည်းအဝေး ထိုင်ကြသောအခါ သက်တံသည်ထူးထူးဆန်းဆန်း ပေါ်ခဲ့ပြန်ကြောင်း။ ထို့ကြောင့် အစည်းအဝေးတက်ရောက် လာသူများ