ကြိုဆိုပါတယ်

Popular Posts

အခန်း ၂။ အမှားတော်ပုံ



 (၁) ဦးဖီဖို၏ ရည်ရွယ်ချက် မအောင်မြင်စေရန် အဟန့်အတား လုပ်ရပ်များ
နာဂအမျိုးသားရေး သမိုင်းဖြစ်စဉ်ကို အထက်တွင် ဖေါ်ပြသည့်အတိုင်း လေ့လာ
ကြည့်ပါက ကွယ်လွန်သွားကြပြီဖြစ်သော နာဂအမျိုးသား ခေါင်းဆောင်များသည် မိမိတို့၏
အချိန်အခါတွင် ထမ်းဆောင်ရမည့် တိုင်းပြည်၏တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ကာ
သူ့အချိန်နှင့် လုပ်ဆောင်ရမည့်တာဝန်ကို မပျက်မကွက်ဆောင်ရွက်ပြီး နာဂတိုင်းပြည်ကြီးကို တည်ထောင်ခဲ့ကြသည်။
သို့သော် နာဂပညာတတ် အနည်းငယ်တို့သည် နာဂလူမျိုးများသည် ပညာမရှိ
သေးသည်သာမက တိုင်းပြည် ငယ်သောကြောင့် နိုင်ငံတစ်နိုင်ငံအဖြစ် မရပ်တည်နိုင်။
အိန္ဒိယနိုင်ငံ နှင့်သာ ပေါင်းရမည်ဟု ဖီဇိုအားဆန့်ကျင်လာခဲ့ကြသည်။ ထို့ကြောင့်သူတို့ သည်
အိန္ဒိယခေါင်းဆောင်များ၏ လက်ပါးစေများဖြစ်လာကာ အထက်တွင် ဖေါ်ပြသည့် အတိုင်း
အိန္ဒိယနိုင်ငံနှင့် ပေါင်းကြောင်းအချက် (၁၆) ချက်ပါ စာချုပ်ကိုဆိုင်းထိုးပြီး ပြည်နယ်
ကိုလက်ခံခဲ့သည်။ ဤလုပ်ရပ်ကြောင့် ဦးဖီဇိုက အနောက်နိုင်ငံများ၏ ထောက်ခံမှုကိုရရှိ လာကာ
အင်ဒို-နာဂ ပြဿနာ ကို ကုလသမဂ္ဂသို့တင်သွင်းရန် အောင်မြင်မှုဆဲဆဲတွင်
အကြီးအကျယ်အဟန့်အတား ဖြစ်စေခဲ့သည်။ ဤသည်မှာ နာဂပညာတတ်များက
နာဂအမျိုးသားရေးတွင် မဟာအမှားကြီးကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နာဂအမျိုးသားကောင်စီ နှင့် နာဂဖက်ဒရယ် အစိုးရတို့သည်
အိန္ဒိယ အစိုရနှင့် NPC အကြားတွင်ချုပ်ဆိုသော အချက် (၁၆) ပါစာချုပ်ကို ပယ်ချ၍
အရှေ့ပါကစ္စတန်မှလက်နက်များကို တင်သွင်းပြီး စွမ်းစွမ်းတမံ နယ်ချဲ့အိန္ဒိယအား
တိုက်ခိုက်ခဲ့သည်။ တဘက်တွင်နာဂအမျိုးသားခေါင်းဆောင် ဦးဖီဇိုသည် နာဂလန်းနှင့်
အိန္ဒိယကြားတွင် ငြိမ်းချမ်းရေးအတွက်စေ့စပ်ပေးရန် လန်ဒန်မှ Rev.Michael Scott ကို စေလွတ်ခဲ့သည်။ ဤသို့ဖြင့် အထက်တွင်ဖေါ်ပြသည့်အတိုင်း မေလ (၂၄) ရက်နေ့တွင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးစာချုပ်ကို ဆာကရားဘား (Sakraba) ကျေးရွာတွင်ချုပ်ဆိုနိုင်ခဲ့သည်။

အခန်း ၁။ နာဂအမျိုးသားရေးသမိုင်း အကျဉ်း

အထက်တွင် ဖေါ်ပြသည့်သမိုင်းအရဆိုလျှင် ကျွန်တော်တို့ နာဂမျုးနွယ်စုသည်
ရှေးပဝေသဏီကပင် မေဆိုပိုတေးမီးယားတွင် နေထိုင်ခဲ့ပြီး ထိုမှ ခရစ်တော်မပေါ်ခင်
ထွက်လာ၍ မွန်ဂိုလီးယားကုန်းပြင်မြင့် တိဘက် တရုတ်ပြည် စသည်တို့တွင် နေထိုင်လာခဲ့ပြီး
တောတောင်အထပ်ထပ် မြစ်ရေအသွယ်သွယ်ကို ဖြတ်ကျော်ကာ ယခုလက်ရှိ နာဂနယ်မြေသို့
ရောက် ရှိလာခဲ့ခြင်းဖြစ်သည်၊ဤနယ်မြေများတွင် ကနဦးရှိ မြေပိုင်ရှင်များကို တိုက်ထုတ်၍
နေလာခဲ့ခြင်းမဟုတ်။ မည်သူမျှမရှိသော၊ မည်သူမျှ မပိုင်ဆိုင်သော နယ်မြေအား လာရောက်
နေထိုင်ပိုင်ဆိုင်လာခဲ့ခြင်းဖြစ်သည်၊ဤသို့ နှစ်ပေါင်း ထောင်ချီပြီး နေလာခဲ့သော သမိုင်း
တလျှောက်တွင် နာဂလူမျိုးတို့သည် အခြားနိုင်ငံ၏ လက်အောက်ခံ ဖြစ်ခဲ့ဘူးသည် ဟူ၍
သမိုင်းမရှိခဲ့ပေ၊ သက်ဦးဆံပိုင်ဘုရင်ဖြင့်သော်၎င်း၊ အာဏာရှင်စနစ် ဖြင့်သော်၎င်း
အုပ်ချုပ်စိုးမိုးလာခဲ့ခြင်းမရှိပါ။ တနိုင်ငံလုံးကိုတပြိုင်တည်း အုပ်ချုပ်သောအစိုးရ ဟူ၍လည်းမရှိခဲ့ပါ၊
သို့ရာတွင် ကျေးရွာ တိုင်းသည် လွတ်လပ်သော ကျေးရွာများ ဖြစ်ကြပြီး ရွာသူကြီးများကသာ
အုပ်ချုပ်လာ ခဲ့သည်၊ ထိုကျေးရွာများကို အုပ်ချုပ်သောစနစ်သည် အင်မတန်
မြှင့်မားသောဒီမိုကရေစီ (pure democracy) စနစ်ပင်ဖြစ်သည်။ တဦးတယောက်၏
အခွင့်အရေးကို အလွန်လေးစားကြသည်။ ဥပမာ-တောတွင်း တနေရာ တွင်တန်ဖိုးရှိသော
အရာတခုခုကို မိမိအရင်တွေ့ရှိကြောင်း တဦးတယောက်က အမှတ်အသားပြုထားပါက
မည်သူမျှ ထိုအမှတ်အသားကို ဖယ်ရှားပြီး အမှတ်အသားအသစ် ပြုလုပ်၍ မိမိပိုင်ဆိုင်ကြောင်း
မပြု လုပ်ကြ။ လိမ်လည်မှုနှင့် ခိုး ရှားမှုနှင့်ခိုးမှုဟူ၍ရှားသည်။ ရွာသားများ အားလုံးက ရွာသူကြီးအား
နာခံကြပြီး ရပ်ရေးရွာရေး ကိစ္စများ ကိုရွာသူကြီးနှင့်အတူ ရွာလူကြီးများက ဆုံးဖြတ်
ဖြေရှင်းခဲ့ကြသည်။

မွန်ဂိုမျိုးနွယ်စုတို့၏ ဆင်းသက်လာပုံသမိုင်းအကျဉ်း

မေဆိုပိုတေးမီးယား (Mesopotamia) မှ ဆင်းသက်လာခဲ့ကြသော
မွန်ဂိုလူမျိုးများသည် ယခုအခါ မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်တွင်
နေထိုင်လျက် ရှိကြပါသည်၊ ထို လူမျိုးများမှာ ကရင်၊ ကရင်နီ၊ ကယန်း၊ ရှမ်း၊ ပအိုဝ်း၊ ဝ၊
ပလောင်၊ လားဟူ၊ အခါ၊ ကချင်၊ ချင်း၊ မီဇူး၊ နာဂ၊ ကသဲ၊ စသည့် လူမျိုးများ နှင့် Meghalia, Tripura, Assam, Arunachal စသည့်ပြည်နယ်များတွင် နေထိုင်ကြသော
လူမျိုးများ အပြင် ဘင်္ဂလားဒေ့ရှ့် ချီတာကုံး တောင်တန်းတွင် နေထိုင်ကြသော Hmar
(မားရ် ) နှင့် Bawm လူမျိုးတို့ ဖြစ်ကြပါသည်၊ ထိုလူမျိုးများ၏ ဆင်းသက်လာပုံ
သမိုင်းကြောင်းကို လေ့လာကြည့်သောအခါ ထိုလူမျိုးများသည် အမျိုးအနွယ်တခုတည်းမှ
ဆင်းသက် ပေါက်ဖွားလာသော လူမျိုးများဖြစ်ကြောင်း သိရှိရသည်၊ ထိုလူမျိုးများ.
ဆင်းသက်လာပုံကို လေ့လာသိရှိရသလောက် အောက်ပါအတိုင်း တင်ပြအပ်ပါသည်၊
         Karen နှင့် Kayan တို့သည် B.C ၂၂၃၄ တွင် Ponpalon (Mesopotamia) မှထွက်လာခဲ့ပြီး ဘီစီ ၂၁၉၇ခုနှစ် တွင် မွန်ဂိုးလီးယား(Mongolia) သို့ ရောက်လာခဲ့ကြောင်း။ ထိုမှ Pa E  region(Tarkistan) နှင့် Tha Htein (Tibet) ပြီးတော့ ဘီစီ-၁၃၃၈ ခုနှစ်တွင် Ka Phat (Yunan) region သို့ ရောက်ရှိလာခဲ့ကြောင်း အတိအကျဖေါ် ပြရေးသားကြသည်။ တရုတ်ဘုရင်၏
ဖိနှိပ်မှုကြောင့် ပထမ အသုတ်သည် ယူနန်နယ်မှ ဘီစီ-၁၁၂၈ ခုနှစ်တွင် ထွက်ခွာလာခဲ့ပြီး
သံလွင်မြစ်အတိုင်း ဆင်းသက်လာကာ အရှေ့တောင်အာရှ  (ခု- ဗမာနိုင်ငံ) သို့ ရောက်ရှိ
လာကြောင်း ယူနန်မှ ထွက်လာသောအခါ မဲခေါင်မြစ် တံတားဖြတ်နေစဉ် တံတားကြီး ပြတ်ကျသွားသဖြင့်
လူအမြောက်အများ ကမ်းတဘက်၌ ကျန်ရစ်ခဲ့သည်ဟု ဆိုသည်၊ (Narrative of the Kayan people စာအုပ်မှ ကောက်နှုတ်ရေးသားချက်)

မြန်မာ – အိန္ဒိယ နယ်စပ် တွင် နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာနကြီး တစ်ခု ယခု နှစ်ကုန် အပြီး ဖွင့်လှစ် ရန် မျှော်မှန်း

မြန်မာ – အိန္ဒိယ နယ်စပ် ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာနကြီး (ITC) တစ်ခုကို ယခုနှစ်ကုန်တွင် အပြီး ဖွင့်လှစ်ရန် အိန္ဒိယ အစိုးရက မျှော်မှန်း ထားသည်။
အဆိုပါ အစီအစဉ် အရ ITC ဖွင့်လှစ်မည့် နေရာသည် ၀ါဇီဟိုမှ အဗန်ကူသို့ ကီလိုမီတာ ၇၀ အကွာ တွင် တည်ရှိပြီး ထိုနေရာ သို့ ခြောက် ကီလိုမီတာ အရှည်ရှိ လမ်းတစ်ခု သွယ်တန်းရန် သာ လိုအပ်ကြောင်း၊ ထို လမ်းဖောက် လုပ်ရေးတွင် ပထ၀ီ အနေအထားအရ အခက်အခဲ အချို့ ရှိနေသော် လည်း စီမံကိန်း ပထမ ခြေ လှမ်း အဖြစ် ITC လျာထား မြေနေရာ တွင် ရဟတ်ယာဉ် ကွင်းတစ်ခု ဆောက် လုပ်ရန် စတင် သတ်မှတ် နေပြီဖြစ် ကြောင်း၊ ITC အတွက် လျာထားမြေ သည် ဧက ၁,၀၀၀ ထက် မနည်းရန် သတ်မှတ် ထားကြောင်း၊ ဈေးကွက် မြှင့်တင်ရေး နေရာ များကိုလည်း အဗန် ကူရွာသားများက
 

အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာ
အင်ဒို-နာဂ ငြိမ်းချမ်းရေး ကျောက်တိုင်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ဓါတ်ပုံရိုက်ရာ ခရစ်တော်ထိုင်နေသည့်ပုံအဖြစ် ပေါ်ခဲ့သောပုံ..

အပြောင်းအလဲတွေ ငြိမ်းငြိမ်းချမ်းချမ်း

2012-04-10(လွတ်လပ်တဲ့ အာရှအသံ)
မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ဖို့ ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့နဲ့ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၄ ရက်နေ့က ချင်းတွင်းမြစ်ကို ဖြတ်ဆောက်မဲ့ ထမံသီရေကာတာ တည်ဆောက်မဲ့နေရာအနီးမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတရပ် ပြုလုပ်ခဲ့ပြီးတဲ့နောက် ၂ ရက်အကြာ မတ်လ ၁၆ ရက်နေ့မှာ ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဒေသခံရွာသားတွေကို ခေါ်ယူသွားတယ်လို့ သိရပါတယ်။
ဖြစ်ပုံကို ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့က မငါငိုင်းက အခုလိုပြောပါတယ်။