ကြိုဆိုပါတယ်

Popular Posts

မြန်မာ – အိန္ဒိယ နယ်စပ် တွင် နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာနကြီး တစ်ခု ယခု နှစ်ကုန် အပြီး ဖွင့်လှစ် ရန် မျှော်မှန်း

မြန်မာ – အိန္ဒိယ နယ်စပ် ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာနကြီး (ITC) တစ်ခုကို ယခုနှစ်ကုန်တွင် အပြီး ဖွင့်လှစ်ရန် အိန္ဒိယ အစိုးရက မျှော်မှန်း ထားသည်။
အဆိုပါ အစီအစဉ် အရ ITC ဖွင့်လှစ်မည့် နေရာသည် ၀ါဇီဟိုမှ အဗန်ကူသို့ ကီလိုမီတာ ၇၀ အကွာ တွင် တည်ရှိပြီး ထိုနေရာ သို့ ခြောက် ကီလိုမီတာ အရှည်ရှိ လမ်းတစ်ခု သွယ်တန်းရန် သာ လိုအပ်ကြောင်း၊ ထို လမ်းဖောက် လုပ်ရေးတွင် ပထ၀ီ အနေအထားအရ အခက်အခဲ အချို့ ရှိနေသော် လည်း စီမံကိန်း ပထမ ခြေ လှမ်း အဖြစ် ITC လျာထား မြေနေရာ တွင် ရဟတ်ယာဉ် ကွင်းတစ်ခု ဆောက် လုပ်ရန် စတင် သတ်မှတ် နေပြီဖြစ် ကြောင်း၊ ITC အတွက် လျာထားမြေ သည် ဧက ၁,၀၀၀ ထက် မနည်းရန် သတ်မှတ် ထားကြောင်း၊ ဈေးကွက် မြှင့်တင်ရေး နေရာ များကိုလည်း အဗန် ကူရွာသားများက
တည်ဆောက်ပြီး ဖြစ်ကြောင်း၊ ITC တည်ဆောက်ရန် တင်ပြ ထားသည့် မြေနေရာ သို့ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျွမ်းကျင် ပညာရပ် များ လေ့လာ ခဲ့စဉ်က နှစ်လ၊ သုံးလ အတွင်း ရဟတ်ယာဉ် ကွင်း တစ်ခု ဆောက်လုပ် လိုကြောင်း ထုတ် ဖော် ပြောကြား ခဲ့သည်။
ITC ကြောင့် နာဂမြေတွင် ဒီမာပူသည် လည်းကောင်း၊ မြန်မာ နိုင်ငံ တွင် လေရှီး သည် လည်းကောင်း ကုန်သွယ်မှု ဗဟိုချက် ဖြစ်လာမည်ဖြစ် ကြောင်း၊ ITC တည်ဆောက်မှု ပြီးဆုံး ပါက လူငယ်များ အတွက် ကုန်သွယ် မှု ပြုလုပ်ရန် အကြီးအကျယ် လမ်းပွင့် လာမည် ဖြစ်ကြောင်း၊ အခြေခံ အ ဆောက် အအုံ တိုးတက်ရေး အတွက် လုပ်ဆောင် ကြမည့် ကန်ထရိုက်များ၊ ဌာနဆိုင်ရာ များအား ယခု အစီအစဉ် သည် နာဂ များ၏ အနာဂတ် ကောင်း စားရေးကို ရည်ရွယ် ကြောင်း၊ မြန်မာ နိုင်ငံမှ ITC တည်ဆောက်မည့် နေရာ အထိ ၁၂ ကီလိုမီတာ သာဝေးကွာ ကြောင်း၊ ITC တည်ထောင်ခြင်း သည် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ် မှုပမာဏ ကို မြှင့်တက် နေမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ITC တည်ထောင်ပြီးစီး ပါက မြန်မာနိုင်ငံ မှ အိန္ဒိယ သို့ လယ် ယာထွက် ကုန်များ၊ သစ် အမျိုးမျိုး၊ ကျောက်မျက် ရတနာနှင့် တိုင်းရင်း ဆေးများ တင်ပို့ မည်ဖြစ်ပြီး အိန္ဒိယ နိုင်ငံမှ မြန်မာ နိုင်ငံ သို့ ကျောက်မီး သွေး၊ ဓာတ်မြေသြဇာ၊ လက်ဖက် ခြောက်၊ သစ်အချော ထည်၊ လျှပ်စစ် ပစ္စည်း များ၊ အ၀တ်အထည် များ၊ ဘိလပ် မြေ၊ သဲနှင့် သံမဏိ ထွက် ကုန်၊ ဆေးဝါးနှင့် အစားအသောက် များ တင်ပို့ နိုင်မည် ဖြစ်ကြောင်း သိ ရသည်။
မိုးသက်ကို

No comments:

Post a Comment