ကြိုဆိုပါတယ်
Popular Posts
အခန်း ၄။ ၁၉၉ဝ နောက်ပိုင်း အနောက်ဘက် နာဂနယ်မြေတွင် နိုင်ငံရေးအရှုပ်အထွေး
(၁) မွေဝါ အီဆက် နိုင်ငံခြားခရီးစဉ် နှင့်  ဒေသခံ လူမျိုးရေးကိစ္စ
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (အီဆက်-မွေဝါ) အဖွဲ့ကို ဖွဲ့စည်းပြီးနောက်အီဆက်မွေဝါ တို့သည် ၁၉၉၂-ခုနှစ်တွင် နိုင်ငံခြားသို့ ထွက်ခွာသွားခဲ့သည်။ နိုင်ငံခြားတွင် ဦးလွယ်ငမ်လွယ်ထွေး (Luingam Luithui Tangkhul) နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် သူသည် အာရှဒေသခံလူမျိုးများအ
ဖွဲ့(Asia Indigenous Peoples Pact-AIPP) ၏ဥက္ကဌဖြစ်ခဲ့သည်။ သူ၏ရှေ့ဆောင်မှုဖြင့်မွေဝါအီဆက်
တို့သည် ၁၉၉၃-ခုနှစ် ဇန္ဒဝါရီလ (၂၃) ရက်တွင် အသိအမှတ်ပြုမခံရသည့် လူမျိုးများ၏အဖွဲ့အစည်း
(Unrepresented Nations and peoples Organization-UNPO)တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။UNPO
၏အထွေထွေအတွင်းရေးမှူးက နာဂလူမျိုးသည်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် UNPO သို့ မဝင်သင့်
ကြောင်းမွေဝါ အီဆက်အားအကြံပေးခဲ့သည်ဟု ကျွန်တော်တို့နှင့် ၂ဝဝ၄-ခုနှစ် ကိုဟီးမားမြို့တွင် တွေ့ကြသောအခါ ပြောခဲ့သည်။ သို့သော်သူ၏ အကြံပေးချက်ကို လက်မခံဘဲ မွေဝါတို့သည် UNPO အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ပြီးတော့ ဒေသခံ လူမျိုးများ၏ ဂျီနီဝါ ညီလာခံသို့လည်း ထိုနှစ်မှာပင် ဇူလိုင် (၂၇)ရက်တွင် တက်ရောက်ခဲ့သည်။ ထိုဂျီနီဝါ ညီလာခံတွင် မိန့်ခွန်းမြွတ်ကြားရန် မွေဝါအီဆက်တို့၏ မိန့်ခွန်းတွင် နာဂအမျိုးသားများ၏ သမိုင်းစဉ်မပါဘဲ ၁၉၈ဝ-မှစှု နအဆက၏ သမိုင်းစဉ်ကိုသာရေးခဲ့
ကြောင်း။ ထိုအခါ လွယ်ငမ်လွယ်ထွေးက နာဂအမျိုးသားများ၏သမိုင်းစဉ်ကိုထည့် မရေးလျှင် ခင်ဗျားတို့နှစ်ယောက်အား နာဂအမျိုးသားများက ပစ်ပယ်တော့မည်ဖြစ်သည်ဟု အကြံပေးခဲ့ရာ သူ့၏အကြံပေးချက်ကိုလက်ခံပြီးနာဂသမိုင်းစဉ်ကိုရေးခဲ့သည်ဆိုသည်။ သို့သော်သူတို့၏ မိန့်ခွန်းတွင် နာဂအမျိုးသားကောင်စီကိုမဖေါ်ပြဘဲတမင်ချန်လှပ်ထားခဲ့သည်ကိုတွေ့ရသည်။ ထို့ပြင်သူတို့၏ မိန့်ခွန်း
တွင်နာဂလူမျိုးများ၏ အရေးအခင်းနှင့်လုံးဝမဆိုင်သော ဒေသခံလူမျိုးများ၏အခွင့်အရေးနှင့် လူ့အခွင့်
အရေးကိုသာပို၍အလေးထား ဖေါ်ပြထားခဲ့သည်ကို တွေ့ရသည်။ သူတို့ UNPO အဖွဲ့ဝင်ဖြစ်လာခြင်း
ကို နာဂလူမျိုးများအတွက် အောင်မြင်မှု တစ်ရပ်ဟု ယူဆခဲ့ကြသည်။ သို့သော်သူတို့၏လုပ်ရပ်သည် နာဂလူမျိုးများ၏ရပ်တည် ချက်နှင့် လုံးဝကွာခြားသွားခဲ့သည်။တမျိုးအားဖြင့်ဆိုလျှင် သူတို့လုပ်ရပ်သည် အင်ဒို-နာဂ ပြဿနာကို အိန္ဒိယနိုင်ငံ၏ ပြည်တွင်းရေး အသွင်သို့ သွတ်သွင်းခဲ့ခြင်းသာဖြစ်သည်။ 
ထို UNPO သည် ၁၉၈၈-ခုနှစ်လောက်တွင် ဖွဲ့စည်းလာသော အဖွဲ့အစည်းဖြစ်သည်။ ဖွဲ့စည်းခါစတွင် (မွေဝါ တို့ UNPO သို့မဝင်ခင်) UNPO ခေါင်းဆောင်များနှင့်ဒေသခံလူမျိုးများအရေး လှုပ်ရှားမှုခေါင်းဆောင်များသည် ဒေါက်တာဖီဇိုထံသို့ ရောက်လာကြပြီး ဖီဇိုအား သူတို့အဖွဲ့နှင့် ပူးပေါင်းပါရန်။ ထိုသို့ပူးပေါင်းပါက သူတို့လည်း နာဂလူမျိုးများအတွက် တတ်နိုင်သလောက် ကူညီသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။ ထိုအခါဖီဇိုက သူတို့အား နာဂလူမျိုးများ၏ ရပ်တည်ချက်ကိုရှင်းပြခဲ့သည်မှာ-နာဂနိုင်ငံသည်အာရှနိုင်ငံများကဲ့သို့ပင် ရှေဦးကစတည်ရှိလာသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ထို့ကြောင့် နာဂတို့သည်ဒေသခံ (Indigenous) လူမျိုးအဖြစ်အသိအမှတ်ပြုခံရ
ရန် တိုက်ပွဲဝင်နေခြင်း မဟုတ်သည့်အပြင်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခြင်းလည်းမဟုတ်
ကြောင်း။အင်ဒို-နာဂ ပိပက္ခသည် အိန္ဒိယက နာဂနိုင်ငံအား ကျူးကျော်မှုဖြစ်သည်။ ထို့ကြောင့်ထို
ပြဿနာသည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းရေး မဟုတ်ကြောင်း။ လူ့အခွင့်အရေး နှင့်ဒေသခံလူမျိုးများ
၏ အခွင့်အရေးသည် ပြည်တွင်းရေး သက်သက်သာဖြစ်သည်ဟု ရှင်းပြခဲ့သည် ဆိုသည်။ ထို့ပြင် ထပ်၍ ပြောခဲ့သည်မှာ-ယခုအခါ လူ့အခွင့်အရေးသည် နိုင်ငံတကာရေးရာလို ကျော်ကြားလာနေသော်လည်း အမှန်မှာထိုဟာသည်ပြည်တွင်းရေးသာဖြစ်သည်။ နာဂလန်းတွင်ထိုသို့လူ့အခွင့်အရေးကျူးဖေါက်ခြင်း အိန္ဒိယတပ်သားများကမြောက်များစွာပြုလုပ်ခဲ့သော်လည်းထိုဟာကို လူ့အခွင့်အရေး ကျုးလွန်မှုအဖြစ် အမှုမတင်ခဲ့ပါ။ လူမျိုးတစ်မျိုးအပေါ် ကြမ်းကြုတ်ရက်စက်မှု (atrocity) အဖြစ်သာ အမှုတင်ခဲ့သည်။ အကယ်၍နာဂလူမျိုးများအနေဖြင့် ထိုကြမ်းကြုတ်ရက်စက်မှုကို လူ့အခွင့်အရေး စင်မြင့်ပေါ်မှာတင်မည်
ဆိုပါက မိမိကိုယ်ကို မိမိအိန္ဒိယနိုင်ငံ၏ တိုင်းရင်းသားအဖြစ် ပုံအပ်လိုက်ခြင်းသာဖြစ်မည်ဟု ရှင်းပြခဲ့
ကြောင်း (ဤပြောဆို ရှင်းလင်းချက်သည် နအဆက (အ-မ)တို့၏လုပ်ရပ်ကို ကြိုတင်မြင်၍ ပြောခဲ့သည့် အလားဖြစ်သည်)။ထိုအခါ UNPO ခေါင်းဆောင်များနှင့် Indigenous အရေးလှုပ်ရှားသူ ခေါင်းဆောင်
များကနာဂလူမျိုးများ၏ရပ်တည်ချက်သည်သူတို့၏လှုပ်ရှားမှုထက်ပိုပြီးအဆင့်အတန်းမြင့်ကြောင်း ပြောပြီးပြန်သွားခဲ့ကြောင်း။ထို့ပြင် ၁၉၉၅-ခုနှစ် ဩဂုတ်လ (၂၅) ရက်တွင် နာဂအမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး ဦးတိုးဘူကလည်း ဒေသခံ လူမျိုးအရေးကိစ္စနှင့်ပတ်သက်ပြီး စာတမ်း
(Statement)တစ်ခုထုတ်ပြီးအောက်ပါအတိုင်း နာဂလူမျိုးများ နားလည်သဘောပေါက်အောင်ရှင်းလင်း
တင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်ခါတွင် နအဆက(အ-မ) ခေါင်းဆောင်များနှင့် သူတို့အားထောက်ခံသူများသည် နာဂလူမျိုးများ၏ အရေးကိုဒေသခံလူမျိုးများ၏ အရေးအသွင်သို့ ပြောင်းလဲလုပ်ဆောင်နေခြင်းကို နာဂနိုင်ငံအတွက်ကြီးမားသောအလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်
ဟုထင်နေခဲ့ကြသောကြောင့်ဖြစ်သည်။သူ၏ရှင်းလင်းတင်ပြချက်မှာ“ဒေသခံလူမျိုးများ၏အရေးဖြစ်ပေါ်လာရခြင်း၏အကြောင်းရင်းမှာဒေသခံလူမျိုးတစ်မျိုး၏နယ်မြေသို့အခြားနိုင်ငံမှလူမျိုးများရောက်ရှိလာပြီး
ထိုဒေသခံလူမျိုးများသည်လူနည်းစုအဖြစ်သို့ရောက်ရှိသွားသည်သာမက နိုင်ငံခြားမှရောက်လာသူများ
၏ရိုးရာယဉ်ကျေးမှုဖြင့် လွမ်းမိုးသွားခြင်းကို ခံရပြီး နိုင်ငံရေး၊ စီးပွါးရေး၊လူမှုရေး စသည်များမှာလည်း ထိုလူများစုကသာလုံးဝချုပ်ကိုင်ထားခြင်းကိုခံရ၍နဂိုကဒေသခံလူမျိုးများသည်သူတို့၏ အခွင့်အရေးအ
တွက် တောင်းဆိုတိုက်ပွဲဝင်ရန် လိုလာသောကြောင့် နိုင်ငံတကာ ဒေသခံလူမျိုးများ၏ အခွင့်အရေး ညီလာခံသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။“ခုအချိန်ခါဝယ် ကျွန်တော်တို့ နားလည်ရန်လိုသည်မှာ ကျွန်တော်တို့ နာဂလူမျိုးများ၏အရေးသည် ဒေသခံလူမျိုးအဖြစ် အသိအမှတ်ပြုခံရရန် တောင်းဆိုသော  အရေးမဟုတ်။ နာဂနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်သော နိုင်ငံအဖြစ်ကမ္ဘာက အသိအမှတ်ပြုရန်တိုက်ပွဲဝင်နေခြင်းသာဖြစ်သည်။ကျွန်တော်တို့နာဂသမ္မတနိုင်ငံတော်၏အခြေခံဥပဒေ
တွင် ဒေသခံလူမျိုးဟူ မရှိ။ တိုင်းရင်းသားဟူ၍သာရှိသည်။”“ကျွန်တော်တို့၏ညီအစ်ကိုများက နာဂနိုင်ငံတော်၏အရေးအားဒေသခံလူမျိုးအရေးအခင်းပမာလုပ်ဆောင်နေခြင်းသည် နာဂလူမျိုးများအ
တွက် ကြီးမားသော လုပ်ရပ်ကိုသူတို့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထင်မြင်နေသောအချိန်ခါတွင် သူတို့၏စိတ်မထိခိုက်ရလေအောင် ဒေသခံလူမျိုး အရေးအခင်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့၏ ခံယူချက်ကို တင်ပြရန် တွန့်ဆုတ်နေခဲ့သည်။သို့သော်ငြားလည်းကျွန်တော်တို့နာဂလူမျိုးများ၏ရပ်တည်
ချက်ကို အခြားသော အရေးအခင်းနှင့်ရောနှောပြီး ပေါ့လျှော့သွားအောင်လုပ်ဆောင်နေခြင်းကိုလည်း လက်မခံနိုင်ပါ။ ထို့ကြောင့် ဤစာတမ်းကို ထုတ်ပြန်ခြင်းဖြစ်သည်။ ကျွန်တော်တို့၏ညီအစ်ကိုများ နာဂ
နိုင်ငံတော်၏ အရေးကို ဒေသခံလူမျိုးများ၏အရေးအခင်းပမာ လုပ်ဆောင်နေသူများအနေဖြင့် နာဂနိုင်ငံတော်၏အရေးအပေါ် အမြင်မှန်ကိုရလာလိမ့်မည်”ဟု မျှော်လင့်သည်။ အဆုံးသပ်အနေဖြင့် ပြောခဲ့သည်မှာ-“ကျွန်တော်တို့ရဲ့အရေးဟာ ဘာလဲဆိုတာသိဖို့သာ အရေးကြီးတာမဟုတ်ဘူး။  ကျွန်တော်တို့အရေးဟာ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြောနိုင်ဖို့လည်း  အရေးကြီးတယ်။ ဘာကြောင့်လည်းဆိုတော့လူတွေကကျွန်တော်တို့ဘယ်လိုပြောလိုက်သလဲ အဲဒီလိုဘဲလက်ခံသွားမယ်။ ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ အရေးဟာ ဒေသခံလူမျိုး အရေးအခင်းဘဲလို့ ပြောလိုက်ရင် လူတွေက
အဲဒီလိုဘဲ မှတ်ယူသွားမယ်။ ဒါဆိုရင် ကိစ္စက အဲဒီမှာဘဲ ဆုံးသွားမယ်။ ဒါပေမဲ့ ကျွန်တော်တို့က နာဂလူမျိုးဟာ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်လို့ ပြောလိုက်ရင် ကောင်းတဲ့သဘောထားရှိတဲ့လူတွေက ကျွန်တော်တို့ကိုနိုင်ငံတစ်နိုင်ငံအဖြစ်အသိအမှတ်ပြုသွားမယ်။ဒါကြောင့်ကျွန်တော်တို့စကားတစ်ခွန်း
တည်းပြောဖို့သာ အရေးကြီးတာမဟုတ်ဘူး။ အရေးတစ်ခုတည်းကိုသာ ကျွန်တော်တို့ ညီတူညီမျှ ပြောဖို့လည်းအရေးကြီးတယ်”ဟူ၍တင်ပြခဲ့သည်။သူတို့နိုင်ငံခြားသို့ရောက်သွားသောအခါကမ္ဘာ့အကြမ်းဖက်သမား အူဆမာဘင်လာဒင် အာလ်ကိုင်ဒါ (Osama Ben Laden, AL-Qaeda) အဖွဲ့နှင့်ပါကစ္စတန်
မှအဆက်အသွယ်လုပ်ပြီး၁၉၉၄-ခုနှစ်တွင်သူတို့၏ရဲဘော်(၇)ယောက်လွတ်ပြီးအချိန်ကိုက်ဖေါက်ခွဲ
သော ဗုံးထုတ်လုပ်မှု ပညာသင်တန်းကို တက်စေခဲ့သည်။ ထိုသင်တန်းတွင်ပါဝင်ခဲ့သော် ရဲဘော်များ မှာ-Shimreishang Tangkhul, Daniel Tangkhul, Levi Tangkhul, Vikiye Zhimomi Sema, Hokugha Sema, Reilung Zeliang and Allen Rongmei တို့ဖြစ်ကြသည်။သူတို့ (၇) ယောက်အထဲမှ Vikiye Zhimomi သည် ၂ဝဝ၅-ခုနှစ်တွင် ခပ်လန်အဖွဲ့သို့ ကူးပြောင်းဝင်ရောက်လာခဲ့သဖြင့် သူတို့မည်
သို့မည်ပုံ အာဖဂန်နစ်စတန်နိုင်ငံတော်ရာဘော်ရာ (Torabora) အူဆမာဘင်စခန်းသို့ သွားရောက် သင်တန်းယူခဲ့ပုံကို အိန္ဒိယအရှေ့မြောက်ပိုင်းဒေသသတင်းထောက်များအား အောက်ပါအတိုင်းပြောခဲ့
သည်။“ကျနော်နအဆကအဖွဲ့သို့၁၉၉၃-ခုနှစ်မှာဝင်ခဲ့ပြီးတော့ စစ်သင်တန်းတစ်နှစ်နာဂလန်းမှာဘဲတက်
ခဲ့တယ်။ ကျတော်တို့သင်တန်းသားတွေအထဲမှထူးခြားတဲ့သင်တန်းတက်ဖို့ထူးချွန်တဲ့လူတွေကိုရွေးခဲ့
တယ်။ အဲဒီအထဲမှာကျတော်လည်းအရွေးခံရတယ်။ကျတော်တို့နာဂလန်းကနေရှီလောင်မြို့သို့သွားခဲ့ပြီး ဘင်္ဂလာဒေ့ရှ် ပြည်ဘက်သို့ ဒေါ်ကီးနယ်စပ်ကနေ ဝင်သွားခဲ့တယ်။ အထူးသင်တန်းသွားမည့်သူတွေ ဆိုတဲ့စာပါသောကြောင့်လမ်းမှာအခက်အခဲဘာမှမကြုံဘူး။ နယ်စပ်ရောက်သွားတော့ထိုစာကို နယ်စပ်
စောင့်  ဘင်္ဂလားဒေ့ရှ်တပ်သားတွေကိုပေးတယ်။ သူတို့က နအဆက(အ-မ) အရာရှိကိုပေးတယ်။ ထိုစာကနိုင်ငံခြားကူးလက်မှတ်  လုပ်ဖို့အထောက် အကူဖြစ်ခဲ့တယ်။ ကျတော် တို့ CHT စခန်းမှာရက်
အနည်း ငယ်ကြာနေခဲ့တယ်။ ထိုစခန်းမှာ အခြားအရှေ့မြောက်အိန္ဒိယတော်လှန်ရေးသမားတွေကို လည်းတွေ့တယ်။ နိုင်ငံခြားကူးလက်မှတ် လုပ်ပြီးပြီဖြစ်ကြောင်းအကြောင်းကြား လာတယ်။ ထိုအခါ ကျတော်တို့စခန်းကနေထွက်သွားခဲ့တယ်။ဒါပေမဲ့နိုင်ငံခြားကူးလက်မှတ်မှာပြည့်စုံမှုမရှိသေးကြောင်းသိရသဖြင့် CHT စခန်းသို့ပြန်သွားခဲ့တယ်။လက်မှတ်ကိုသေချာအောင်လုပ်ပြီးနောက် ဘန်ကောက်သို့သွား
တယ်။ဘန်ကောက်မြို့မှာ မွေဝါနှင့် အခြား နအဆက ခေါင်းဆောင်များကိုတွေ့တယ်။ ထိုကနေအီဆ
လမ်မာဘတ်မြို့(ပါကစ္စတန်)သို့ သွားတယ်။ ပြီးတော့ အာဖဂန်နစ်စတန် ကန်ဒါဟာသို့ကုန်းလမ်းဖြင့်
သွားတယ်။ ထိုမှ သင်းတန်းပေးရာ စခန်းတော်ရာဘော်ရာသို့ သွားခဲ့တယ်။သွားရာလမ်းတလျှောက်
လုံးမှာ (အ-မ) အဖွဲ့အရာရှိများက အဆက်အသွယ် ပြုလုပ်တဲ့အခါ ကျနော့်ကို ကောင်းကောင်း
သိသာနိုင်အောင် အဝတ်အစားကို မလဲပဲဝတ်ဖို့ ကျနော့ခေါင်းဆောင်က ပြောတယ်။အီဆလမ်မာဘတ်
နှင့်ဘန်ကောက်တွေမှာအ-မအဖွဲ့ရဲ့ဆက်သွယ်ရေးကွန်ယက်ဟာအံ့ဩစရာ ကောင်းလောက်အောင်
ရာဘဲ။အာလ်ကိုင်ဒါရဲဘော်တွေကကျနော်တို့သင်တန်းသားတွေကိုအကောင်းဆုံးလုံခြုံရေးကိုပေးတယ်။ ကျနော်တို့စခန်းမှာအူဆမာဘင်လာဒင်လည်းတစ်ပတ်မှာတစ်ခါလာလေ့ရှိတယ်။လူတိုင်းက ကျနော်နှင့် လေးလေးစားစားဆက်ဆံကြတယ်။မွေဝါရဲ့နာမည်ကိုလည်းအာလ်ကိုင်ဒါတွေအားလုံး ကောင်းကောင်း
မွန်မွန်သိကြတယ်။ သင်တန်းတက်နေတဲ့အချိန်မှာ မွေဝါက အီဆလမ်မာဘတ်မှာ ရှိတယ်လို့တစ်ခါနှစ်
ခါမကပြောတာကြားတယ်။သင်တန်းရှစ်လတက်တယ်။သင်တန်းမှာ RDX နှင့် TNT ပြုလုပ်နည်းတွေ
ပြီးတော့အဖျက်လုပ်ငန်းမှာထူးချွန်လာအောင်သင်ကြားတယ်။သင်တန်းမှာ LTTE (တာမီးကြားသူပုန်) အဖွဲ့မှအယောက်(၅ဝ)ပါဝင်ခဲ့တယ်။ ဒါပေမဲ့အရှေ့မြောက် အိန္ဒိယ တော်လှန်ရေးသမားတွေကတော့ မပါဘူး။” “သင်တန်းပြီးပြီပြန်လာကြတဲ့အခါ ကျနော်က ဘင်္ဂလားဒေ့ရှ်မှာ နေခဲ့ပြီးတော့အရှေ့မြောက်
အိန္ဒိယတော်လှန်ရေးသမားတွေကိုရက်အတော်ကြာဖေါက်ခွဲရေးသင်တန်းပို့ချခဲ့တယ်။နာဂလန်းရောက်လာတော့သင်တန်းဆရာဖြစ်လာခဲ့တယ်။ဒီမာပိုမီးရထားဘူတာရုံကို ဖေါက်ခွဲဖို့ စီစဉ်တဲ့အခါမှာလည်း ပါဝင်ခဲ့တယ်။” ဟုပြောကြားခဲ့ကြောင်းကိုမဂ္ဂဇင်းတွင် သင်တန်းတက်ခဲ့သူတို့၏ ရုပ်ပုံနှင့်တကွဖတ်ရှုရ
သည်။(၂ဝဝ၆-ခုနှစ် ဖေဖေါ်လ(၁) ရက်ထုတ် Northeast Sun မဂ္ဂဇင်းမှ ကောက်နှုတ်ချက်)။သူခပ်လန်
အဖွဲ့သို့ရောက်လာပြီးနောက် ဦးဖိုးတွယ် ဇိမော်မီ (ကျနော်တို့အဖွဲ့) မှတဆင့် သူ (Viki Ye Zhimomi) နှင့်အဆက်အသွယ်လုပ်ပြီးသူတို့၏သင်ခန်းစာအချက်အလက်တွေကိုမေးခဲ့ရာ သူကအောက်ပါအတိုင်း ကျနော်အား ပေးပို့ခဲ့သည်။
1.    Programme Time Device = PTD
2.    All Time Switch (Device) = ATS
3.    Explosive Chemical = PETN (PETRA, ETA,TRI,NITRO)
4.    Research Development Formula = X = RDX
5.    Consist of 4 live wire for define time i.e 7, 14, 28, 56 minutes.
သူတို့သင်တန်းပြီးဆုံး၍ ပြန်လာကြသောအခါ ရှီလောင်မြို့တွင် အိန္ဒိယရဲတွေနှင့်တိုက်ပွဲဖြစ်ရာတွင် Allen Rongmai ကျဆုံးခဲ့သည်။ Vikiye ကိုလည်း ၂ဝဝ၅-ခုနှစ် အဆုံးပိုင်းတွင် အလုပ်မှဖြုတ်ခဲ့သည်။ Hokugha Sema သည်သင်တန်းကာလပတ်လုံး ကျန်းမာရေးမကောင်းသဖြင့် သင်တန်းမတက်နိုင်ခဲ့
ကြောင်း။ထို့ကြောင့်ခု အ-မအဖွဲ့တွင် အလုပ်လုပ်ကိုင်နေသူမှာ ကျန်သော လေးယောက်သာ ဖြစ်သည်။
နာဂလန်းသို့ရောက်လာပြီး သူတို့တတ်မြောက်လာသော ပညာကို ပထမဦးဆုံးအသုံးချသည်မှာ ၁၉၉၆-ခုနှစ်ဒီဇင်ဘာလ (၂၅)ရက် ခရစဏမတ်ပွဲနေ့တွင် ဖြစ်သည်။ ထိုနေ့တွင် K. Hollohon ရဲ့ မိသားစုများ ခရစ္စမတ်ပွဲတော်ဘုရားကျောင်းတက်ပြီးပြန်လာကြသောကား(Gypsy)ကို ATS ဗုံးကိုဝေးထိန်းခလုပ်ဖြင့် ဖေါက်ခွဲခဲ့သည်။ထိုဖေါက်ခွဲမှုတွင်ဟော်လော်ဟွန်း၏ဇနီးဝီးတော်လီ၊သမီးနီးရှေလာ။ မြေး(မ)ဟော်တော်
လီ၊မြေး(ကျား)အသက်(၂)နှစ်နီးနော်တော် တို့ပွဲခြင်းပြီး ကျဆုံးခဲ့သည်။သူတို့၏လုပ်ရပ်မှာဦးဟော်လော်
ဟွန်းအားလုပ်ကြံရန်ဖြစ်သည်။သို့သော်ထိုကားတွင်သူမပါခဲ့သဖြင့်အသက်ဘေးမှလွတ်မြောက်ခဲ့သည်။ဤဖေါက်ခွဲမှုကို အ-မအဖွဲ့ Lt.Philip Tangkhul ကဦးဆောင်ခဲ့သည်။ သူတို့အားလုံးကို ခပ်လန်အဖွဲ့မှ ဗိုလ်ကြီး ဖိုးတွယ်တို့က (နအကသို့ ဝင်မလာခင်) အပြတ် ရှင်းနိုင်ခဲ့ကြောင်း ပြောပြခဲ့သည်။
တဖန်ထို ATS ဗုံးကို၁၉၉၉ခုနှစ်နိုဝင်ဘာလ (၂၉) ရက်တွင်ဦး S.C.Jamir (ထိုအချိန်နာဂလန်း
ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သူ) အားလုပ်ကြံရန်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်။ သူဒီမာပိုမှကိုမားမြို့
သို့အလာတွင် ဖေရီးမားနှင့်ပီးဖေးမားရွာအကြားတွင် Brig.HanshiTangkhul ဦးဆောင်ပြီး ခြုံခိုတိုက်
ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုတွင် အင်မတန်ပင်းထန်သောဗုံး(၁၄) လုံးဖေါက်ခွဲခဲ့ကြောင်း။ အိန္ဒိယရဲများ
ကထိုမျှပြင်းထန်သော ဗုံးဖေါက်ခွဲခြင်းကို မကြားခဲ့ဘူးကြောင်း။ ထိုဟာသည် RDX ဗုံးသာဖြစ်မည်ဟု
မှတ်ချက်ချခဲ့သည်။ ထိုတိုက်ခိုက်မှုတွင်S.C. Jami သည် အသက်ဘေးမှ လွတ်မြောက်၍ကိုယ်ရံတော် နှစ်ယောက်သာ ကျဆုံးခဲ့သည်။ထို့နောက် အချိန်ကိုက်ဖေါက်ခွဲသော ဗုံးကို ၂ဝဝဝ-ခုနှစ် ဒီဇင်ဘာ (၁၈) ရက်တွင်ဒီမာပိုမှ ဝေါခါးမြို့သို့သွားသော ဘတ်စကားပေါ်တွင် ထောင်ခဲ့သည်။ ထိုဗုံး ဝေါခါး မရောက်ခင်လုံဆာရွာနားတွင် ပေါက်ကွဲခဲ့သဖြင့် ခရစ္စမတ်ပွဲရာသီတွင်မိဘများထံ ပြန်လာကြသော
ကျောင်းသားများ (၄) ယောက်ပွဲခြင်းပြီး သေဆုံးခဲ့သည်။ အခြား (၁၂) ယောက် ဒဏ်ရာပြင်းထန်စွာရခဲ့
သည်။အချို့မှာ ခြေပြတ်လက်ပြတ် ဖြစ်ခဲ့ရသည်။ ထိုသို့ပြုလုပ်ခြင်းမှာ ၂ဝဝဝ-ခုနှစ် ဇန္နဝါရီလ (၂၂) ရက် ဝေါခါးမြီု့တွင် အ-မ ရဲဘော်များ Atolu Sema နှင့် Slolcha Anal တို့က လော်ထာလူမျိုးအား စော်ကားမော်ကား ပြောဆိုခဲ့သောကြောင့်သူတို့နှစ်ယောက်အား လောထားလူထုက သေသည်အထိ ရိုက်နှက်ခဲ့ခြင်းကို လက်စားချေခြင်းအားဖြင့် ပြုလုပ်ခဲ့ဖြစ်သည်။၂ဝဝ၄-ခုနှစ် အောက်တိုဘာလ (၂) ရက်တွင်လည်း ဒီမာပိုးတွင် မီးရထား ဘူတာရုံနှင့်ဟောင်ကောင် အထူးဈေးတန်းတွင် တချိန်တည်းဖြင့် အချိန်ကိုက်ဗုံးများကို ထောင်ထားပြီးဖေါက်ခွဲခဲ့သည်။ ဤဖေါက်ခွဲမှုတွင် မိန်းမကလေးများ အပါအဝင် လူပေါင်း(၂၉)ယောက်သေဆုံးပြီးတရာနည်းပါးဒဏ်ရာရခဲ့သည်။ထိုသို့ပြုလုပ်ခဲ့ခြင်းမှာ ဆေမားလူထုက
အောက်တိုဘာ (၆) ရက်တွင် အ-မ အဖွဲ့တို့အား ဆန့်ကျင်ပြီး အကြီးအကျယ် ဆန္ဒပြရန်စီစဉ်နေသော
ကြောင့်ပြည်သူတွေ၏ အာရုံပြောင်းသွာစေရန်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။သူတို့အား ဆန့်ကျင်ဆန္ဒပြရန် စီစဉ်ခြင်းမှာအ-မအဖွဲ့ကအကုတော်ဆေမာအားလူမဆန်စွာရက်စက်ပြီးသတ်ခဲ့သောကြောင့် ဖြစ်သည်။
သူတို့သင်ယူလာခဲ့သော ပညာရပ်သည် နာဂတပ်မတော်အတွက်  အသုံးဝင်မည့်ပညာရပ်များဖြစ်သည်
မှာမှန်သော်လည်းအပြစ်မဲ့သော ပြည်သူတွေအားတမင်သက်သက် အသက်ဆုံးရှုံးအောင်ကြံစည်သော အကြမ်းဖက်မှုတွင် သုံးခဲ့ခြင်းသည် အင်မတန် မှားယွင်းသော လုပ်ရပ်ဖြစ်သည်။
(၂)   နအဆက(အ-မ) တို့၏ လူသတ်မှုကြီးများ
အထက်တွင် ဖေါ် ပြသည့်အတိုင်း အီဆက် မွေဝါတို့ အနောက်ဘက်သို့ ရောက်ရှိလာကြသော
အခါနာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (အီဆက်-မွေဝါ) အဖွဲ့ကိုဖွဲ့ပြီးနောက် သူတို့၏ခေါင်းဆောင်မှု
ကိုမထောက်ခံ ဆန့်ကျင်သူအားလုံးအား နိုင်ငံတော်သစ္စာဖေါက်ဟုသမုတ်ကာသတ်ခဲ့သည်။ သူတို့၏
ဆောင်ပုဒ်“နိုင်ငံရေးအာဏာပါဝါသည် သေနတ်ပြောင်းဝမှထွက်သည်”ဟု ဆိုသည့်အတိုင်းသူတို့အား
ဆန့်ကျင်သူ အားလုံးအား မညာမတာ ပစ်သတ်ခဲ့ကြသည်။သူတို့သတ်ခဲ့သည့် နာဂလူမျိုးများသည် သုံးထောင်ကျော် လောက်ရှိမည်ဖြစ်သည်။ သူတို့၏တပ်သားများက သူတို့၏ခေါင်းဆောင်တွေ UNPO
အဖွဲ့ဝင်ဖြစ်လာသောအခါ “အီဆက်-မွေဝါက အင်ဒို-နာဂ ပြဿနာကို နိုင်ငံတကာဇာတ်ခုံပေါ်သို့တင်
လိုက်ပြီး။သူတို့က ပြဿနာကိုဖြေရှင်းနိုင်တော့မယ်” ဟုကြွေးကြော်၍မြို့များရွာများတွင် လူသတ်မှုပိုပြီး ကျူးလွန်ခဲ့ကြသည်။သူတို့ Hebron စခန်းသည်လူတွေကိုဖမ်းလာပြီး သတ်ပစ်ရာနေရာဖြစ်လာခဲ့သည်။ ထို့ကြောင့်လည်းပြည်သူလူထုကသူတို့ စခန်းအားသချိုင်းကုန်းဟုခေါ်လာခဲ့သည်။ အရှေ့နာဂနယ်မြေ
တွင်မူကားမွေဝါအီဆက်တို့အားမောင်းထုတ်လိုက်ပြီးနောက်အချင်းချင်းသတ်ဖြတ်မှု အကြမ်းဖက်မှုမ
ရှိခဲ့ပါ။ အေးချမ်းစွာနေထိုင်လာခဲ့ကြသည်။ နအဆက(အ-မ) အဖွဲ့တို့သည်သူတို့ကိုယ်တိုင်နာဂလူမျိုး
များအား သတ်ဖြတ်နေခဲ့ကြသည့်အပြင် လူမျိုးစုတခုနှင့်တခုအကြား ရန်တိုက်ပေး၍ တိုက်ခိုက်စေခြင်း။ ဥပမာ-Chang လူမျိုးစုနှင့် Konyak လူမျိုးစု အကြား, Khiamniungan နှင့် Tekhrie အကြား Kuki  လူမျိုးစုနှင့် Naga လူမျိုးအကြား ရန်တိုက်ပေး၍ အချင်းချင်း တိုက်ခိုက်စေခြင်းစသည် တို့ကိုလည်း ပြုလုပ်ခဲ့သည်၊အမှန်အတိုင်း ပြောသူများ ရေးသူများကိုလည်းသတ်ပစ်မည်ဟု ခြိမ်းခြောက်၍သော်၎င်း။
သူတို့အမျိုး၏ အဖွဲ့အစည်းမှထုတ်ပယ်၍ တမျိုးအဖွဲ့အစည်းအဖြစ် ရေးပါက ထိုအဖွဲ့အစည်းကိုပိတ်ပင်၍ တဖုံအမှန်ကိုမထုတ်ဖေါ်နိုင်အောင်ပိတ်ပင်ခဲ့ကြသည်။ တဦးနှင့်တဦးအကြား ယုံကြည်မှုမရှိအောင် လိမ်ညာပြောဆိုခြင်းစသည်များလည်း ပြုလုပ်ကျူးလွန်ခဲ့ကြသည်။ ဤဟာသည်ကား နာဂလူမျိုးတို့၏ ရိုသားဖြောင့်မတ်မှုတို့ကို ပျက်ပြားအောင် လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။ထို့ပြင် ၁၉၉၇-ခုနှစ် ဩဂုတ်လ (၁) ရက်မှစ၍ အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင်းတွင် ရန်သူနှင့် ဗြောင်လက်တွဲပြီး ကိုယ်ရဲ့အမျိုးသားများကို တိုက်ခိုက်ခဲ့ကြ သည်။အမှန်မှာ ထိုငြိမ်းချမ်းရေးသည် ရန်သူနှင့်ပေါင်းပြီးနာဂအစိုးရကိုတိုက်၍ရလာခဲ့သောငြိမ်းချမ်းရေးသာဖြစ်သည်။ရန်သူကိုတိုက်၍ ရန်သူ
နှင့် ငြိမ်းချမ်းရေး ယူခဲ့ခြင်းမဟုတ်။ ဥပမာတခုလေးသာ တင်ပြမယ်ဆိုရင်-၁၉၉၆-ခုနှစ် ဇွန်လ (၄) ရက်မနက် တစ်နာရီလောက်အချိန်တွင် နအဆက (အ-မ) တပ်သား (အကုန်လုံး တန်ခွန်ဟု သူတို့အဖွဲ့ဝင်တစ်ယောက်ကဆို)တို့သည် ဦးတိုးဘူနာဂအမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး
အား သူ့အိမ်( Burma Camp Dimapur) တွင်လာ၍ ပစ်သတ်ခဲ့သည်။ ထိုပစ်သတ်သည့်ရက်မတိုင်မှီ တစ်ပတ်လောက်ရှေ့တွင်အိန္ဒိယတပ်သားတို့ည(၁ဝ)နာရီလောက်တွင်ရောက်လာပြီးတံခါးလာခေါက်ခဲ့သည်။ဘယ်သူလဲဟုမေးရာ-ကျွန်တော်တို့အိန္ဒိယတပ်ကပါ။လုံခြုံရေးကိစ္စနဲ့ခင်ဗျားတို့အိမ်ကိုစစ်ဆေးရန်
လာခဲ့တာပါဟုပြောသောကြောင့်တံခါးကိုဖွင့်ပေးခဲ့ရာသူတို့လည်းဝင်လာပြီးဖွယ်ဖွယ်ရာရာ မစစ်ဆေးဘဲ သဘောလောက်သာစစ်ဆေးပြီးပြန်သွားခဲ့ကြောင်း။ထို့နောက်တစ်ပတ်လောက်ကြာပြီးညသန်းခေါင်ယံတွင်တံခါးလာခေါက်ပြန်သည်။ဘယ်သူလဲဟုမေးရာကျွန်တော်တို့အိန္ဒိတပ်ကပါ။လုံခြုံရေးကိစ္စနဲ့ခင်ဗျားတို့အိမ်ကို စစ်ဆေးရန်လာခဲ့တာပါဟု ဟင်ဒီးစကားဖြင့် အရင်ကအတိုင်း ပြောသောကြောင့် ဒီကုလား
တွေ ခုလည်းလာခဲ့ပြန်ပြီထင်၍ တံခါးကိုဖွင့်ပေးခဲ့သည်။ သို့သော်ဤတစ်ခါသည် အိန္ဒိယတပ်က မဟုတ်ဘဲအီဆက်-မွေဝါအဖွဲ့ကတန်ခွန်တွေဖြစ်သည်။သူတို့အတင်းဝင်လာခဲ့ရာတိုးဘူလည်းသူ့သမီး
အခန်းထဲ ပြေးဝင်ပြီး တံခါးပိတ်သည်။သူ့သမီးအား ကြမ်းပြင်ပေါ်သို့ ဆွဲမှောက် အိပ်စေပြီး ပြူတင်းပေါက်မှသူ့အိမ်နီးနားရှိယောက်ဖအားရန်သူရောက်လာကြောင်းလှမ်းခေါ်နေစဉ်ပြူတင်းပေါက်ဘက်မှပစ်ရာတိုးဘူရင်ဘတ်တွင်မှန်ပြီး နှလုံးထိမှန်ကာ ပွဲခြင်း ပြီးသေသွားခဲ့သည်။ဤသို့ မိမိတို့၏နာဂ
ခေါင်းဆောင်ကို ပစ်သတ်ပြီး အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီဟု သုံးကြိမ်အော်၍ လူသတ်သမားတွေ ဝမ်းသာပျော်မြူးစွာ ပြန်သွားခဲ့သည်။ ထိုဟာသည် အောင်ပွဲဖြစ်သလော ခုအချိန်သူတို့ပြန်လည်စဉ်းစား
ကြည့်ပါက သိနိုင်မည်ထင်သည်။သူတို့ငြိမ်းချမ်းရေးရလာခြင်းသည်ရန်သူနှစ်ဦးအကြားတွင် ကြားနေ အဖွဲ့အစည်းတစ်ခုခုမှဖြန်ဖြေဆွေးနွေးပေး၍ ရလာခြင်းမဟုတ်။ အိန္ဒိယခေါင်းဆောင်များက သူတို့အား
လိုက်ရှာပြီးပေးခဲ့ခြင်းဖြစ်သည်။ ဖြစ်ပုံမှာ-သူတို့နိုင်ငံခြားသို့ ရောက်သွားသော အခါ အိန္ဒိယဝန်ကြီးချုပ်
ဟောင်းများ ဖြစ်ခဲ့ကြသော Mr. Narasimha Rao,Dev Gowda နှင့်အမတ် Rahesh Pilot တို့သည် မွေဝါး-အီဆက် တို့နှင့် လျှိ့ဝှက်စွာတွေ့ဆုံမှုပြုလုပ်ခဲ့ကြကြောင်း မွေဝါးက အိန္ဒိယ သတင်းထောက်  Deepak Dewan အား Bangkok တွင် တွေ့ဆုံသောအခါ ပြောခဲ့သည်။ ထိုပြောကြားချက်ကို ၁၉၉၈ ခုနှစ်ဩဂုတ်လတွင် ထုတ်ဝေသော Sun Magazine ၌ ဖေါ်ပြခဲ့သည်၊ ထိုသို့ တွေ့ဆုံခြင်း၏ရလဒ်မှာ အီဆက်-မွေဝါးအဖွဲ့တို့အားအိန္ဒိယအစိုးရက ငြိမ်းချမ်းရေးပေးပြီး။ အီဆက်-မွေဝါးသစ္စာခံ ရဲဘော်များကို ငြိမ်းချမ်းရေး အမည်ခံဖြင့် နာဂနယ်မြေ အရပ်ရပ်သို့ လွတ်လပ်စွာသွားလာစေပြီး အပြစ်မဲ့နာဂများကို သတ်ဖြတ်စေခဲ့ခြင်းဖြစ်သည်။ Chakhesang နယ်မြေတွင် နာဂဖက်ဒရယ် တပ်သားများနှင့်တိုက်ကြ
သောအခါအီဆက်-မွေဝါးသစ္စာခံတပ်များအားအိန္ဒိယတပ်မှကျည်ဆံများထုတ်ပေးခဲ့သည်။သူတို့အား ဖက်ဒရယ်တပ်များကဝိုင်းထားလိုက်ပါကအိန္ဒိယတပ်များလာညပီးလာကယ်ခဲ့သည်။သူတို့မဖေါက်ထွင်း
နိုင်သောနေရာ နာဂဖက်ဒရယ်တပ်များ ရှိရာနေရာသို့ အိန္ဒိယစစ်သား များ အရင်စေလွတ်ပြီးအီဆက်-မွေဝါးသစ္စာခံ တပ်သားတို့လာခဲ့ကြသည်။ အကြောင်းမှာ- နာဂတပ်သားများကိုအိန္ဒိယတပ်က အရင်မောင်းထုတ်ပြီးမွေဝါးသစ္စာခံတပ်ကိုလာစေခြင်းပင်ဖြစ်သည်။ Zeliangrong နှင့် Khiamniungan နယ်မြေတွင်မွေဝါးသစ္စာခံတို့သည်အိန္ဒိယစစ်တပ်နှင့် ဗြောင်လက်တွဲပြီး နာဂတပ်မတော်သားများအား တိုက်ခဲ့ကြသည်။ဥပမာ-၁၉၉၈-ခုနှစ်ဧပြီလမှာအီဆက်-မွေဝါးအဖွဲ့တို့သည် ခယမ်ညူးငန်းနယ်မြေတွင်
အိန္ဒိယတပ်သားများနှင့် အတူ ငြိမ်းချမ်းရေးစစ်ဆင်ရေး (Pace Operation) ဟုအမည်ပေးထားသော စစ်ဆင်ရေးတွင်ပါဝင်ပြီး ခယမ်ညူး ငန်းရွာ (၉) ရွာကို ဝင်ရောက်စီးနင်းခဲ့သည်။ ပန် (Pang) ရွာတွင် ယောင်္ကျားအားလုံးအား ခေါ်စုထားပြီး ရက်ရက်စက်စက်ရိုက်နှက်ခဲ့သည်။ တန်ဘိုးရှိသောရွာသားများ
၏ပစ္စည်းများကို လည်းယူသွားခဲ့ကြသည်။ Sanglao ကျေးရွာမှ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း အလှူငွေသေတ္တာဖေါက်ပြီးရူပီးငွေနှစ်သောင်း(၂ဝဝဝဝ)နှင့်ပန်ဆော(Pnaso)ကျေးရွာ မှ ဘုရားကျောင်း
အလှူငွေ သေတ္တာဖေါက်ပြီး ရူပီးငွေ ခုနစ်သောင်း (၇ဝဝဝဝ) များကို ဘုရားကျောင်းအလှူငွေများဖြစ်
သည်ဟု ပြောသော်လည်း နားမထောင် လုယူသွားခဲ့သည်။ ဤအီဆက်-မွေဝါအဖွဲ့နှင့် အတူပူးတွဲပြီး စစ်ဆင်ခြင်းကိုအိန္ဒိယ စစ်ဗိုလ်ချုပ်တပ်မ(၃)ဗျူဟာမှူးက ရုပ်မြင်သံကြာမှာ နာဂလန်းသတင်းစာဆရာ
များက ၁၉၉၈-အောက်တိုဘာလ(၉) ရက်တွင်အင်တာဗျူး တွေ့ဆုံမေးမြန်းသောအခါဟုတ်မှန်ကြောင်း
 ဝန်ခံခဲ့သည်။ ၂ဝဝ၅-ခုနှစ် ဖေဖော်ဝါရီလတွင် အီဆက်-မွေဝါ တို့အဖွဲ့ အယောက် (၅ဝ) တို့သည်
အိန္ဒိယစစ်သား(၁ဝဝ)တို့နှင့်အတူ Zeliangrong နယ်မြေတွင် နာဂ ဖက်ဒရယ်တပ်မတော်သားများအား
တိုက်ခိုက်ရန် စစ်ဆင်နွဲခဲ့သည်။ စစ်ဆင်ရေးမှူးမှာ အိန္ဒိယစစ်ဗိုလ် ဒုဗိုလ်မှူးကြီး မဟာဝီးရ် (Lt. Col. Mahavir) ဖြစ်သည်၊ ထိုအခါ Azuiram ရွာတွင်ရှိသော နာဂဖက်ဒရယ်တပ်သား ဗိုလ်ကြီး Lamkui ဦးဆောင်သော တပ်ဖွဲ့ကို ဖေဖေါ်ရီလ (၁၅)ရက် နံနက် (၁ဝ) နာရီအချိန်တွင် ဝိုင်း၍တိုက်ခဲ့သည်။ ဤတိုက်ပွဲမှာ အိန္ဒိယတပ်သား (၄) ယောက်နှင့် အ-မ အဖွဲ့မှ တစ်ယောက် (Shalumba) ပေါမိုင်အမျိုး
Bakuaram ရွာမှ ဦး Shangthonang ရဲ့သား ပွဲခြင်းပြီးကျဆုံးခဲ့ကြသည်။ စစ်ဆင်ရေးမှူး ဒုဗိုလ်မှူးကြီး မဟာဝီးရ်လည်း ဒဏ်ရာရပြီး တောင်တန်း (Eight mountain Division) တပ်မ (၈) ဌါနချုပ် Laimakhong သို့သယ်ဆောင်သွားခဲ့ရာ ဖေဖော်ရီလ (၁၇) ရက်တွင်ထိုဒဏ်ရာဖြင့် အသက်ဆုံးသွား
ကြောင်း သိခဲ့သည်။နအဆက ခေါင်းဆောင်များက သူတို့၏ ရဲဘော်များအား လူသတ်ရန် အာဏာကို
အပြည့်အဝပေးထားခဲ့သည်။ ထို့ကြောင့်မိမိတို့အား ဆန့်ကျင်သူများကို ရွာများနှင့်မြို့များတွင် တွေ့
ရာသင်ချိုင်းဓါးမဆိုင်းဘဲလက်နက်မဲ့သူများကိုသတ်ဖြတ်ခဲ့ကြသည်။ထိုသို့လူသတ်မှုအချို့ကိုစာဖတ်သူများသိရှိအောင် ဖေါ်ပြမည်ဆိုလျှင်-၁၉၉၂-ခုနှစ် အော်ဂုတ်လ (၁၂) ရက်တွင် နာဂလွတ်လပ်ရေးပွဲ ကျင်းပရန်သွားခဲ့သောဦး Joseph အဖွဲ့ အမျိုးသမီးတစ်ယောက်အပါအဝင် (၁၂) ယောက် လက်နက်မဲ့
သူများအား Chalkot ရွာမှ ဖမ်းစီးကာ သူတို့ကျေနပ်သည် အထိ ရိုက်နှက် ရက်စက်ကြပြီးအကုန်သတ်
ပစ်ခဲ့သည်။ ဤအကြင်နာတရားမဲ့စွာ သတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူမှာ ဗိုလ်ကြီး Marksin Tangkhul ဖြစ်သည်။ ၁၉၉၃-ခုနှစ်စက်တင်ဘာလ (၁၃) ရက်တွင် JoupiKuki ရွာသားများအားမနက်အစောကြီး
လာဝိုင်းပြီး အမျိုးသမီးတစ်ယောက် အသက် (၄ဝ) ကျော် အပါအဝင်လူပေါင်း (၈၅) ယောက်ကို ဖမ်းပြီးသတ်ပစ်ခဲ့သည်။ ၁၉၉၆-ခုနှစ် ဒီဇင်ဘာလ (၉) ရက်တွင် အထီဘုန်ရွာမှ ဒီမားပိုးသို့ ခရစ်မတ်စ်
ဈေးဝယ်ရန်သွားသူခရီးသည်များအားလမ်းတွင်ကီယားဝီးရွာနှင့်မှိုင်းနမ်ကြီး(Mhainamchi)ရွာကြားတွင် ပိတ်ရပ်ခိုင်းပြီးကားထဲသို့မောင်းပြန်သေနတ်များဖြင့်“လဇတ်ပစ်ထည့်ရာကူကီးရွာသားများထိုနေရာတွင် ပွဲခြင်းပြီး(၂၈)ယောက်သေဆုံးပြီးဒဏ်ရာဖြင့်ထိုနေ့မှာပင်ဒီမာပိုဆေးရုံတွင်တစ်ယောက်သေဆုံးခဲ့သည်။သုံးဆယ်(၃ဝ)ကျော်ဒဏ်ရာရခဲ့သည်။ ၁၉၉၈-ခုနှစ်ဩဂုတ်လ (၂၈) ရက် သောကြာနေ့တွင် ဦးခပ်လန် (ခ-အဖွဲ့)မှ ငူလော်နီအသက်(၂၆) အားအီဆက်-မွေဝါး(အ-မအဖွဲ့)မှ ရဲဘော်များက ကိုဟီးမားမြို့လယ်
ခေါင်ဘတ်စ်ကားဘူဒါရုံနားတွင် ပစ်သတ်ခဲ့သည်။ ဤသို့ လူထုများအကြား ရမ်းကားပစ်ခတ်ခဲ့ရာ အရပ်သားလေးယောက်လည်း ဒဏ်ရာရရှိခဲ့သည်။ ထိုသူတို့မှာ-Thungdemo Lotha, Amhalie Angami, LongphaPhom (ကောလိပ်ကျောင်းသား)နှင့်DanielPhom တို့ဖြစ်ကြသည်။၁၉၉၈-ဩဂုတ်
လ (၃၁) ရက် တနင်္လာနေ့တွင် အ-မ အဖွဲ့တို့သည် ခ-အဖွဲ့မှ Zoto Rengma ၏သား Sechito Rengma အားကိုဟီးမားမြို့လယ်ခေါင် Razhu လမ်းဆုံတွင်လူထုသွားလာနေသူများအကြားပစ်ခတ်ခဲ့
ရာ။ ဆေကျီတော် ညာလက်မောင်းမှာဒဏ်ရာရခဲ့ပြီး အရပ်သားသုံးယောက်လည်း ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့မှာ- Kezhalenuo, အသက် ၂၂ ဆရာဝန်  Murry  နှင့် ဆိုင်ရှင် Dadul Haque တို့ဖြစ်ကြသည်။ ၁၉၉၉-ခုနှစ် ဇူလိုင် (၇) ရက် ဗုဒဟူးနေ့တွင် အ-မ ရဲဘော်များက Moheson Anal နှင့် Meohenshing Anal(အသက်၂၆၊၂၇အရွယ်)တို့အား ကိုဟီးမားမြို့မေယာဆယ် ဟိုတယ်အနား လူစီကားရာနေရာတွင် ညနေ ၄ နာရီအချိန်လောက်၌ပစ်သတ်ခဲ့ရာကိုဟီးမားရွာမှဒေါ် Neilakuono Angami လည်းဒဏ်ရာရခဲ့
သည်။သူတို့နှစ်ယောက်မှာလက်နက်မပါမြို့ထဲလျှောက်လည်နေသူများဖြစ်သည်။၁၉၉၉-စက်တင်ဘလ (၂၅) ရက် တနင်္ဂနွေနေ့တွင် အ-မ အဖွဲ့တို့က ဆဲမားရွာသူကြီး သုံးယောက်အား အကြီးအကျယ် ရိုက်နှက်ခဲ့ရာဦးကာဟူတော်သည် ထိုရိုက်နှက်သည့် ညတွင်ရိုက်ဒဏ် ကြောင့်ဆေးရုံ၌ သေဆုံးသွားခဲ့
သည်။၁၉၉၉-နိုဝင်ဘာလ(၂၉)ရက်တွင်အ-မအဖွဲ့တို့ကရွာသားတစ်ယောက်ကျူးဘာခယမ်ညူးငန်းအား
လျှာလှီးအသားများလှီးပြီး အကြီးအကျယ်နှိပ်စက်ညှဉ်းပန်းကာသတ်ပစ်ခဲ့သည်။ ၂ဝဝဝ-ခုနှစ်ဇူလိုင်လ
တွင်အ-မအဖွဲ့တို့က ဦးကဲဝဲစတေရွာလူကြီး အားဖမ်းခေါ်သွားပြီး ဒီမာပို ညူလန်းတွင် သတ်ပစ်ခဲ့သည်။
၂ဝဝ၁-ခုနှစ် နိုဝင်ဘာလ (၁၅) ရက်တွင် အ-မ အဖွဲ့တို့က ကိုဟီးမားမြို့တွင် မာရူတီကား-၁၉၄၉တွင် လိုက်ပါလာသူများအား ပစ်ခတ်ခဲ့ရာ ဟဲကူတော်ဆဲမား ပွဲခြင်းပြီးသေဆုံးခဲ့ပြီး အမျိုးသမီးတဦး ဒေါ်ဟူတော်လီသည် ဒဏ်ရာဖြင့်သေဆုံးခဲ့သည်။ ၂ဝဝ၅-ခုနှစ်ဇွန်လတစ်ရက်တွင်အ-မအဖွဲ့မှလက်နက်
ကိုင်များသည်လက်နက်မဲ့သူဦး Imnungmar နာဂ ဖက်ဒရယ်အစိုးရမှ ပညာရေးဝန်ကြီး အား ကိုဟီး
မားမြို့ ဘီအော်စီရပ်ကွက်တွင် ပစ်ခဲ့သည်။ သူဒဏ်ရာဖြင့် ထွက်ပြေးရာ သူ့နောက်အတင်းလိုက်ပြီး
ပစ်သတ်ခဲ့သည်။ထိုနှစ် ၂ဝဝ၆-ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်တွင် အ-မ လက်နက်ကိုင် အဖွဲ့တို့က
ဦး L.Palang နာဂဖက်ဒရယ်အစိုးရဝန်ကြီး လက်နက်မပါပဲ ကိုဟီးမားမြို့တွင် သွားလာနေသူအား ဘတ်စ်ကားမှအဆင်းတွင်ပြည်သူလူထုရှေ့မှောက်၌ပစ်သတ်ခဲ့သည်။သူသည်သူ့သမီးအားသွားတွေ့ရန် အသွားတွင်ပစ်သတ်ခြင်းခံခဲ့ရသည်။၂ဝဝ၇-ခုနှစ်ဇန္ဒဝါရီလ (၁၂) ရက်တွင် အ-မ လက်နက်ကိုင်များက အသက်အရွယ်၃၁နှင့်၂၄နှစ်လောက်ရှိကြသောကော်ညက်(Konyak)လူငယ်နှစ်ယောက် Pongjai Konyak နှင့် Phoba Konyak ရိုးရိုးအရပ်သား တို့အား ကိုမားမြို့ အထူးဈေးတန်းမှဆွဲခေါ်သွားပြီး အများကြီးရက်စက်ပြီးနောက် နောက်တစ်ရက် (၁၃) ရက် နံနက်တွင်ပစ်သတ်ပြီး ကိုဟီးမားမြို့ဆေးရုံ
နောက်ဘက်ရှိ တံတားအောက်တွင် ပစ်ထားခဲ့သည်။ ၂ဝဝ၇-ခုနှစ် မတ်လ (၁၇) ရက်တွင် Imtishilu Ao အရပ်သား သူ့မိန်းမနှင့်အတူကားဖြင့်လာနေသူအား အ-မ လက်နက်ကိုင် အဖွဲ့တို့က ပစ်ခဲ့ရာ Imtishilu Ao ပွဲခြင်းပြီး သေဆုံးခဲ့သည်။ ၂ဝဝ၈-ခုနှစ် ဇွန်လ (၁၃) ရက်တွင် ကိန်ညူရွာက ဦး Mulai ရဲ့သား Lusang နှင့် ပန်ဆော်ရွာက ဦး Mutiu  ရဲ့သား Mushiu တို့နှစ်ယောက် (လက်နက်မဲ့) အားအ-မ လက်နက်ကိုင် အဖွဲ့တို့က ကိုဟီးမားမြို့ အထူးဈေးတန်းမှ ဖမ်းယူပြီး ထိုဈေးတန်းအနီးရှိမြို့လယ် ဘော်လုံးကွင်းသို့ဆွဲခေါ်သွားကာ သတ်ပစ်ခဲ့သည်။ ၂ဝဝ၈-ခုနှစ် စက်တင်ဘာလ (၂၈) ရက်တွင် ဟွယ်တော်အရဲ ရဲ့သား တော်ခဲတော် (ခ-အဖွဲ့မှ) လက်နက်မဲ့သည် အ-မ အဖွဲ့အားတွေ့ပြီး ပြေးသွားရာ အ-မလက်နက်ကိုင်များကသူ့အားတစ်မိုင်နီးပါးအတင်းလိုက်ပြီးဒီမာပိုမြို့ဒူကန်ဘော်စတီး ရပ်ကွက်တွင် ပစ်သတ်ခဲ့သည်။၂ဝဝ၈-ခုနှစ်အောက်တိုဘာ(၁၇)ရက်တွင် Khriebu Pochury အားအမလက်နက်ကိုင်
များက သူ့၏သားမယားရှေ့မှ ဆွဲခေါ်သွာပြီး ကိုဟီးမားမြို့လျှပ်စစ်ရုံရပ်ကွက်တွင် ပစ်သတ်ခဲ့သည်။ သူ့၏အလောင်းကို  အောက်တိုဘာ (၁၉) ရက်တွင်မှ တွေ့ရှိခဲ့သည်။ ၂ဝဝ၈-ခုနှစ် ဒီဇင်ဘာလ (၉) ရက်တွင် စော်ဆီးညူရွာမှဦး Khrisele ရဲ့သား Theja Kent Rengma (ခ-အဖွဲ့) အားသားမယားရှေ့
မှောက်တွင်အ-မလက်နက်ကိုင်များကပစ်သတ်ခဲ့သည်။ဤဟာသည်ကားရာနှင့်ချီသော ဖြစ်ရပ်များထဲမှ
အနည်းငယ်မျှကို ဥပမာအားဖြင့် ဖေါ်ပြခြင်းသာဖြစ်သည်။ ၁၉၉၇-ခုနှစ် နောက်ပိုင်း နေ့စဉ်လူသတ်မှု
မှတ်တမ်းကို (Nagaland and Th.Muivah’s terrorist) စာအုပ်ထဲတွင်တွေ့နိုင်သည်။ထိုစာအုပ်ထဲတွင် မှတ်တမ်းတင်ခဲ့သည့်စာရင်းမှာ- နာမည် အတိအကျဖြင့် ၁၆၁၄ ယောက်ရှိပြီး ၎င်းမှ ၃ဝဝ ကျော်သည် အိန္ဒိယနှင့်ငြိမ်းချမ်းရေးယူပြီးမှသတ်ခဲ့သူများဖြစ်သည်။ဤစာရင်းတွင်လိုင်းနောင်နယ်တွင် သတ်ခဲ့သော
ပြည်သူလူထု၏စာရင်းမပါရှိသေးပါ။နာမည်စာရင်း အတိအကျ မကောက်နိုင်ခဲ့သည့် အတွက်မထည့်နိုင်
ခဲ့ခြင်းဖြစ်သည်။အခြေအနေမကောင်းသောကြောင့်တန်ခွန်၊ကူကီး၊ဆေမား၊အာအူ၊ကော်ညက်၊ဟိုင်းမြေ ဆွမ္မရာ၊ ဖောမ်၊ လော်ထား စသည့် နယ်မြေများမှ လူသတ်မှုစာရင်းကိုလည်း အားလုံးမကောက်နိုင်ခဲ့ပါ။
 ထို့ကြောင့်အထက်ပါစာအုပ်တွင်တင်ပြသည့်စာရင်းမှာ ထက်ဝက်လောက်ပင် ရှိမည်မထင်ပါ။ သူတို့ သတ်ခဲ့သောနအကခေါင်းဆောင်များရဲဘော်များနှင့်အဖွဲ့ဝင်များသည်(၂ဝဝ)ကျော်ရှိသည်။နောက်ဆုံး
မှတ်တမ်းအရ နအဆက(အ-မ)အဖွဲ့မှ နာဂဖက်ဒရယ်တပ်မတော်အား နောက်ဆုံး တိုက်ခိုက်ခဲ့သည်မှာ ၂ဝ၁ဝ-ခုနှစ် ဇန္နဝါရီလ (၂) ရက်နေ့တွင်ဖြစ်သည်။ ထိုအချိန် တွင် နာဂတပ်မတော်သားများသည်(၄၇) ကြိမ်မြှောက် နာဂတပ်မတော်နေ့ကို  ဇန္နဝါရီလ (၃)ရက်တွင် ကျင်းပရန်အတွက် ကေချီမေတော်မား ရွာတွင်စုဝေးကာအစီအစဉ်ပြု့လုပ်နေ ကြစဉ် လာတိုက်ခြင်းဖြစ်သည်။ ထိုပစ်ခတ်မှုတွင် နာဂဖက်ဒရယ် တပ်မတော်မှ တပ်ကြပ်ကြီး ဝဲဆားယီ ကျဆုံးခဲ့သည်။ သူတို့ဘက်မှ အကျအဆုံးကို မူကားမသိရှိခဲ့ပါ။ ဤလုပ်ရပ်သည်နာဂတပ်မတော်နေ့ကို ဆန့်ကျင် သောလုပ်ရပ်ဖြစ်သည်။ထိုသို့ နာဂအမျိုးသားများ၏
အရေးကြီးသောနေ့ရက်များကို ဆန့်ကျင် တိုက်ခိုက်ခဲ့သည်မှာ ဤတကြိမ်သာ မဟုတ်ပေ။ ၁၉၈၅-ခုနှစ်တွင်လည်း(၃၈)ကြိမ်မြှောက်နာဂနိုင်ငံတော်လွတ်လပ်ရေးနေ့ပွဲကိုကျွေးလွန်ငြိမ်းချမ်းရေးစခန်းတွင် ကျင်းပနေသောနာဂပြည်သူ လူထုအားလာတိုက်ခဲ့၍ အပြစ်မဲ့ပြည်သူများ (၄) ယောက်သေဆုံးခဲ့သည်။ ဤတိုက်ခိုက်မှုတွင်အိန္ဒိယတပ်စခန်း(Manipur Rifle)မှအချက်ြပမီးပထမပစ်ဖေါက်ပြီးမှတိုက်ခဲ့ကြောင်း
အတိုက်ခံခဲ့ရသော ပြည်သူများက ပြောပြခဲ့သည်။ အထက်တွင်ဖေါ် ပြသည့်အတိုင်း ၁၉၉၂-ခုနှစ်တွင် လွတ်လပ်ရေးပွဲကျင်းပရန်သွားသူတို့(၁၂)ယောက်အားသတ်ခဲ့သည်။၂ဝဝ၄-ခုနှစ်တွင်ခေါင်းဆောင်ကြီး ဖီဇို၏ ရာပြည့်နေ့ မေလ (၁၆) ရက်တွင် ကျင်းပရန် စီစဉ်နေသောအချိန်တွင် ထိုပွဲကျင်းပရန် စီစဉ်ရေးကော်မတီအတွင်းရေးမှူးဦးကားကာအားမေလ(၁၄) ရက်တွင်ဖမ်းပြီး Hebron စခန်းသို့ခေါ် သွားခဲ့သည်။ထို့ပြင်ကော်မတီဥက္ကဌဦးအဝီးအားလည်းဖမ်းရန်ကြိုးစားခဲ့သည်။သို့သော်သူပုန်းလိုက်သ ဖြင့် မဖမ်းနိုင်ခဲ့ပါ။ ပြည်သူလူထုပွဲသို့မလာနိုင်အောင် ခြိမ်းခြောက်သည့် အနေဖြင့် ထိုပွဲကျင်းပမည့် မနက်(၇) နာရီလောက်တွင်လည်း ပွဲကျင်းပမည့်နေရာ အနီးတွင် ဗုံးတစ်လုံး ဖေါက်ခွဲခဲ့သည်။ ထိုပွဲသို့
မသွားကြရန် သွားပါက အန္တရာယ်နှင့် ကြုံရမည်ဖြစ်ကြောင်း ပြည်သူလူထုအားဖုန်းဖြင့်ခြိမ်းခြောက်ခဲ့
သည်။ သို့သော်သူတို့၏ ခြိမ်းခြောက်မှုကိုမမှုဘဲ ပြည်သူလူထုခြောက်ထောင်ကျော် ပွဲသို့လာရောက်ခဲ့
သည်။ ထို့ကြောင့်ပွဲကျင်းပနေစဉ်ပြည်သူ လူထုအားခြောက်လှန့်သည့်အနေဖြင့်ပွဲကျင်းပရာနေရာအ
နားတွင်တဖန်ဗုံးတစ်လုံးထပ်မံဖေါက်ကွဲခဲ့ပြန်သည်။ ထိုလုပ်ရပ်တွေကြောင့်ပြည်သူလူထုမတုန်လှုပ်ခဲ့ပါ။ ပွဲကို ကောင်းမွန်စွာ ပြီးစီးအောင်ကျင်းပခဲ့သည်။ ထိုပွဲတွင် ခယမ်ညူးငန်း ရိုးရာအကအဖွဲ့ (၁ဝဝ) လောက်သည်သူတို့၏နာဂဒိုင်းတွင်(NNC) ဟုရေးကာ ကခဲ့သည်။ ကြာခေဆန်တို့လည်း သူတို့၏ ရိုးရာ
အက ကခဲ့သဖြင့် ပွဲကိုစည်ကားစေခဲ့သည်။ထိုပြင် ၂ဝဝ၆-ခုနှစ် နာဂလန်း ဖက်ဒရယ် အစိုးရဖွဲ့စည်း
လာခဲ့သည့် (၅ဝ) နှစ်ပြည့်မြှောက် ရွှေရတုသဘင် (Golden Jubilee) ပွဲ မတ်လ(၂၂) ရက်တွင် မကျင်း
ပဖြစ်အောင်လည်းအမျိုးမျိုးအနှောက်အယှက်ပေးခဲ့သည်။သို့သော်အိန္ဒိယ၏နိုင်ငံတော်နေ့ပွဲများကိုကား
အနှောက်အယှက်ပေးမည် မဟုတ်ကြောင်း ကြေငြာခဲ့သည်။ အထက်တွင် တင်ပြသည့်လူသတ်မှုများ
အားစဉ်းစားကြည့်ပါက-က်နက်မဲ့သူများ မိမိညီအစ်ကိုများအားအဘယ်ကြောင့်သတ်ခဲ့ကြသနည်း။ထိုသို့
ပစ်သတ် ရန်အဘယ်ကြောင့် အမိန့်ပေးခဲ့ကြသနည်း။ ထိုသို့ ညီအစ်ကိုများကို ပစ်သတ်၍ ဘာအကျိုး
ကျေးဇူးခံစားခဲ့ ကြသနည်း။ နာဂညီအစ်ကိုများ အချင်းချင်း ရန်သူဖြစ်အောင် အဘယ်ကြောင့်လိမ်လည် ဟောပြောခဲ့ကြသနည်းဟု မိမိစိတ်ထဲတွင်မေးခွန်းထုတ်ကြမည်မှာ အမှန်ပင်၊ သူတို့သည်မိမိတို့၏လူမျိုး
များအားရက်စက်စွာ သတ်ဖြတ်ခြင်းအတွက် အကျိုးခံစားခဲ့ကြသည်မှာမှန်၏။ အဘယ်ကြောင့်ဆိုသော် ၁၉၉၇ခုနှစ်တွင် အိန္ဒိယအစိုရမှနအဆက(အ-မ)အဖွဲ့တို့အား ငြိမ်းချမ်းရေးပေး၍ ငြိမ်းချမ်းရေးဆုကြေး ရူပီးငွေ ကုသေုံးရာခြောက်ဆယ်ငါး(၃၆၅)ပေးခဲ့သည်။ ထိုရရှိသောဆုကြေးငွေများအပြင်ပြည်သူလူထု
ထံမှ အတင်းအဓမ္မတောင်းယူ ရရှိသောငွေများဖြင့် ငြိမ်းချမ်းရေးရရှိသည့်နောက်ပိုင်း နအဆက အရာရှိတိုင်းတိုက်အိမ်ကြီးများဆောက်လုပ်ပြီးဇိမ်ခံကားများဖြင့်အရှက်မရှိဇိမ်ခံ၍နေထိုင်လာခဲ့ကြသည်။
သူတို့မှာကိုယ်ကျိုးရှာသမားများ တကိုယ်ကောင်းဆန်သူများ ဖြစ်သည်ကို သူတို့၏လုပ်ရပ်ကသက်သေ
ပြသွားပြီဖြစ်သည်။ တကယ်တန်း တိုင်းပြည် နှင့်လူမျိုးကိုချစ်သော နာဂလူငယ်များအား သူတို့ကမိမိတို့
၏ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ခဲ့ကြသည်။ နအဆက ခေါင်းဆောင်များက ပြောတိုင်းယုံ ခိုင်းတိုင်းလုပ်သော နာဂလူငယ်များသည် မိမိတို့၏ညီအစ်ကိုများအား တိုက်ရင်း အလကားသက်သက် အသက်ဆုံးရှုံးသွားခဲ့ကြရရှာသည်။ ထို့ကြောင့်နှစ်ပေါင်း ၃ဝ (၁၉၈ဝ မှ ၂ဝ၁ဝ) အတွင်းသူတို့၏လုပ်ရပ်
အားလုံးကိုလေ့လာကြည့်သောအခါနာဂအမျိုးသားများအတွက်ကောင်းကျိုးမဆောင်ရွက်ဘဲဆိုးကျိုးကိုသာပြုလုပ်လာခဲ့ကြသည်။ ဤဟာသည်ကားနာဂအမျိုးသားရေးသမိုင်းတွင် အဆိုးဝါးဆုံးအရိုင်းစိုင်းဆုံး
သောလုပ်ရပ်များကိုနာဂအမျိုးသားဆိုရှယ်လစ်ခေါင်းဆောင်များကနှစ်ပေါင်းသုံးဆယ်လုံးလုံးအမြင်မှန်မရပဲ ကျူးလွန်ခဲ့ကြသော အမှားလုပ်ရပ်များဖြစ်သည်။ ယနေ့တိုင်သူတို့သည် မိမိတို့၏အမှားကို လုံးဝ ဝန်မခံလိုကြပါ။ အမှားကိုအမှန်ဖြစ်အောင် လုပ်ချင်ကြသေးသည်။ ထို့ကြောင့်လည်းနာဂညီအစ်ကိုများ
ကြား ပြ၏နာဖြေရှင်းရန် နာဂများအခက်ကြုံနေကြခြင်း ဖြစ်သည်။
(၃)  နအဆက (အ-မ) အဖွဲဏ္ဍ နှင့် အိန္ဒိယ နိုင်ငံရေး ဆွေးနွေးပုံ၊
ဆိုရှယ်လစ်ဝါဒီမွေဝါသည် သူ့အားအန်တုမည့်ခေါင်းဆောင်မှန်သမျှအား အခြားလူမျိုးများမှဖြစ်
စေသူ့၏တန်ခွန် အမျိုးထဲမှဖြစ်စေ အကုန်သတ်ပစ်ခဲ့သည်။  ထို့ပြင် ထောင်နှင့်ချှီု နာဂအမျိုးသားများ
အားသတ်ပစ်ခဲ့သည်။နောက်ဆုံးတွင်နာဂအမျိုးသားရေးကိုပါသတ်ပစ်ရန်ကြိုးစားလာသည်။ထိုသို့သောရည်ရွယ်ချက်ဖြင့် ၂ဝဝ၁-ခုနှစ်တွင် အချက် (၃၁)ပါချာတာကို အိန္ဒိယအစိုးရအား တင်သွင်းကာ အထူးပြည်နယ်အတွက် ဆွေးနွေးလာခဲ့ကြသည်။ ထို (၃၁) ချာတာသည်ဆွယ်ဆား၏ အဆိုပြုချက်ဖြစ်
သောကာကွယ်ရေး၊နိုင်ငံခြားရေး၊ဘာရေးကိုဗဟိုအစိုးရကချုပ်ကိုင်၍ကြံသောအာဏာကိုပြည်နယ်သို့ခွဲဝေရန်ဟူသောအဆိုပြုချက်ပင်ဖြစ်သည်။ထိုချာတာတွင်အနောက်ဘက်တွင်ရှိသောနာဂလူမျိုးများ၏နယ်မြေ (မာနီပို၊အာရို နာကြာ၊ အာသန်) ပြည်နယ်များမှ နာဂနယ်မြေများအား နဂလန်းပြည်နယ်နှင့်
ပေါင်းစည်းကာ ကြီးမားသောနာဂလန်းပြည်နယ် ထူထောင်ရန်အတွက် တင်ပြထားခဲ့သည်။ အရှေ့နာ
ဂနယ်မြေများအတွက်မှာမူကား ထိုအဆိုပြုချက်နှင့် ပတ်သက်မည်မဟုတ်ကြောင်းရေးသားထားသည်။
 သူတို့၏ အဆိုပြုချက်ကို မာနီပို၊ အာသန်၊ အာရိုနာကြာပြည်နယ်များမှ အကြီးအကျယ် ကန့်ကွက်လာ
ခဲ့သည်။ အိန္ဒိယဗဟိုအစိုးရမှ လည်း ပြည်နယ်နယ်စပ်ကိုထပ်မံ၍ မရေးဆွဲနိုင်ကြောင်း။ ထပ်ခါတလဲလဲ ပြောခဲ့သည်။ သို့သော် မွေဝါ အီဆက်တို့ကျေနပ်အောင် သူတို့အချင်းချင်း သဘောတူခဲ့သည့်အတိုင်း ဆွေးနွေးပွဲများကိုနိုင်ငံခြားတွင်လုပ်လိုက်အိန္ဒိယတွင်လုပ်လိုက်ဖြင့်ဆယ်နှစ်ကျော်ကြာအောင်ဆွေးနွေး
လာခဲ့ကြသည်။
၂ဝဝ၇-ခုနှစ်ဖေဖေါ်ရီလတွင်ဒေလီမြို့တော်တွင်မွေဝါကဦးဆောင်၍လာသောနအဆက(အ-မ)
ခေါင်းဆောင်များနှင့်အိန္ဒိယခေါင်းဆောင်များဆွေးနွေးကြသောအခါအိန္ဒိယခေါင်းဆောင်များက အိန္ဒိယ
နိုင်ငံ၏ခြေခံဥပဒေစာအုပ်ကိုအစည်းအဝေးစားပွဲသို့ယူဆောင်လာပြီးထိုအစည်းအဝေးတွင်“ခင်ဗျားတို့လိုချင်သော ဥပဒေပုဒ်မကို ဘယ်မှာထည့်လို့ရမလဲ။ ဒီအိန္ဒိယအခြေခံဥပဒေ စာအုပ်ကိုယူသွားပြီး လေ့လာပြီးတော့ ထည့်ကြည့်ပါ”ဟုပြောကာ ဦးမွေဝါအားပေးခဲ့သည် ဆိုသည်။ ထိုစာအုပ်ကို မွေဝါကလက်ခံပါက နိုင်ငံရေးအရ မွေဝါအနေဖြင့် အိန္ဒိယအခြေခံဥပဒေကို လက်ခံလိုက်ပြီဟု အဓိပါယ်ရှိသည်။လက်မခံပါက-ဒါဆိုရင်ဘာဖြစ်လို့အထူးပြည်နယ်တောင်းနေသလဲဟုမေးခွန်းမေးလာ
မည်။ထို့ကြောင့်မွေဝါလည်းထိုစာအုပ်ကိုလက်ခံပြီး လာခဲ့သည်။ နာဂလန်းသို့ရောက်လာသောအခါ
ဦးအန်ဂျေလာစ် တန်ခွန်အား အိန္ဒိယ အခြေခံဥပဒေကို လေ့လာပြီး သူတို့လိုချင်သောပုဒ်မကို
ထည့်သွင်းရန် တာဝန်ပေးခဲ့သည်။ သို့သော် ထိုတာဝန် မစခင် ဦးအန်ဂျေလာစ် ၂ဝဝ၇-ခုနှစ် ဧပြီလ (၂၉) ရက် တွင်ဆုံးသွားခဲ့သည်။ ၂ဝ၁ဝ-ခုနှစ်သိုဏ္ဍရောက်လာသော အခါ မတ်လတွင် ဒေလီမြို့တော်
တွင် အစည်းအဝေး ပြန်လုပ်ကြသည်။ ဒီတခါတွင် အိန္ဒိယအစိုးရက “ခင်ဗျားတို့ အထူးပြည်နယ်လိုချင်
တယ်ဆိုရင် အိန္ဒိယအခြေခံဥပဒေပုဒ်မ 71/A ကိုလက်ခံပါ ”ဟု ပြောလာခဲ့ပြန်ကြောင်း။ထိုပုဒ်မသည် ယခုလက်ရှိ နာဂလန်းပြည်နယ်ကို ၁၉၆၃-ခုနှစ်တွင် ပေးခဲ့သော ဥပဒေပုဒ်မဖြစ်သည်။ ထိုထက်ပို၍ ပေးနိုင်သော အထူးပြည်နယ် အိန္ဒိယအခြေခံဥပဒေမှာ မရှိကြောင်း ပြောလိုက်ခြင်းပင် ဖြစ်သည်။အင်ဒို
နာဂပိပက္ခသည် နာဂအမျိုးသားများက အိန္ဒိယထံမှ လွတ်လပ်ရေးတောင်း၍ ဖြစ်ပေါ်လာခြင်းမဟုတ်။
အိန္ဒိယကနာဂနိုင်ငံအားကျုးကျော်ဝင်ရောက်တိုက်ခိုက်လာသောကြောင့်ဖြစ်ပေါ်လာသောပိပက္ခဖြစ်
သည်။ ထို့ကြောင့်ထိုပြဿနာသည်အိန္ဒိယနိုင်ငံ၏ ပြည်တွင်းရေးမဟုတ်။ နိုင်ငံနှစ်နိုင်ငံကြားစစ်ဖြစ်နေ
သောကျုးကျော်ရေးစစ်ဖြစ်သည်။ သို့သော်အိန္ဒိယနိုင်ငံသည် ကျူးကျော်ရေးစစ်ကိုဖုံးကွယ်လို၍ပြဿ
နာကိုကမ္ဘာကအိန္ဒိယနိုင်ငံ၏ပြည်တွင်းရေးအဖြစ်မြင်လာအောင်နိုင်ငံရေးကစားလာခဲ့သည်။ထို့ကြောင့်
လည်း ၁၉၆ဝ-ခုနှစ်တွင် အချက်(၁၆)ချက်ပါစာချုပ်ကို နာဂတို့အား ဆိုင်းထိုးခိုင်းပြီး နာဂတို့ကအထူး
ပြည်နယ်တောင်းနေသောကြောင့်အထူးပြည်နယ်ပေးလိုက်ပြီဟုကမ္ဘာသို့ကြေငြာခဲ့သည်။သို့သော်နာဂအမျိုးသားများက ထိုအထူးပြည် နယ်ကို လက်မခံဘဲ အိန္ဒိယအားဆက်လက်၍ ခုခံတိုက်ခိုက်လာခဲ့ရာ ကမ္ဘာက အထူးပြည်နယ်သည် နာဂအတွက်အဖြေမဟုတ်ကြောင်း သိလာခဲ့ပြန်သည်။ သို့ရာတွင် ခုမွေဝါ အီဆက်တို့က အထူးပြည်နယ် ထပ်မံ၍တောင်းနေကြပြန်သဖြင့် အင်ဒို-နာဂပြဿနာသည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းရေးပြဿနာသာဖြစ်သည်ဟု ကမ္ဘာက ယူဆလာအောင်လုပ်နေပြန်သည်။ ထို့ကြောင့် သူတို့၏အလုပ်သည် နာဂတို့အား ကမ္ဘာက မထောက်ခံအောင် လုပ်နေခြင်း ဖြစ်သည်။ သူတို့ကအင်ဒို-နာဂပြဿနာကိုမသိ၍လုပ်နေခြင်းမဟုတ်။ သိလျက်နှင့်အိန္ဒိယနိုင်ငံအတွက်လုပ်ဆောင်
ပေးနေခြင်း။အိန္ဒိယတောင်ယာသို့သွားပြီး လုပ်နေခြင်း ဖြစ်သည်။
(၄)  လိမ်လည်သော နိုင်ငံရေး
နာဂအမျိုးသားရေးသည် နိုင်ငံရေးအဖွဲ့အစည်းမြောက်များစွာဖွဲ့စည်းပြီးမှ တိုက်လို့ရမည့်အမျိုး
သားရေးမဟုတ်ပါ။နိုင်ငံရေးအဖွဲ့အစည်းမြောက်များစွဖွဲ့စည်းခြင်းသည်လည်းကျွန်တော်တို့ရ လိုသော
အဖြေမဟုတ်။ လိမ်လည်၍နိုင်ငံရေးကစားခြင်းသည် လည်းကျွန်တော်တို့၏ နာဂထုံးစံမရှိပါ။ အမှန်ပြော
မည်ဆိုပါကကမ္ဘာတွင်မင်းလုပ်လို၍ ခေါင်းဆောင်ဖြစ်ချင်၍ စစ်တိုက်ခဲ့သည်ဆိုသည့် သမိုင်းရေတွက်၍
မကုန်နိုင်ရှိခဲ့သော်လည်းကျွန်တော်တို့နာဂမှာမရှိခဲ့ပါ။သို့ဖြစ်လျှင် အဘယ်ကြောင့် အဖွဲ့အစည်းသစ်တွေ
 ဖွဲ့စည်းလာခဲ့ကြသနည်း။အဘယ်ကြောင့်လိမ်လည်၍နိုင်ငံရေးကစားလာခဲ့ကြသနည်း။လူ့ရဲ့အသက်
သွေးတွေအမြောက်အများစွန့်ပြီး မိမိကိုယ်ကြိုးအတွက် နိုင်ငံရေး ကစားခဲ့ကြခြင်းသည် မှန်ကန်သော
လမ်းစဉ်တိုင်းပြည်အတွက်အကြိုးပြုမည့်လမ်းစဉ်ဖြစ်သလော။စာဖတ်သူတွေစဉ်းစားနိုင်ရန်ဖြစ်ခဲ့ပုံတွေကိုကျွန်တော်ဖေါ်ပြမည်ဆိုလျှင်-၁၉၆၅-ခုနှစ်တွင်ဦးဆွယ်ဆားသည်သူ့၏ အဆိုပြုချက်ကို ဖီဇိုအားတင်
ပြရန် လန်ဒန်သို့ သွားခဲ့ရာ ဖီဇိုကသူ့အားကြိမ်းမောင်းခဲ့ကြောင်း။ ထို့ပြင် ထိုအဆိုပြုချက်ကို ဆက်လက်
၍မဆောင်ရွက်တော့ပါဟူ၍ဆိုင်းထိုးခိုင်းခဲ့သည်ဆိုသည်။ထိုသို့သူ၏မျှော်လင့်ချက် မပြည့်ဝသည့်အပြင်
အဆူခံရ၍ပြန်လာသောဆွယ်ဆားသည်မိမိနယ်မြေသို့ရောက်လာသောအခါ“ဖီဇိုကလွတ်လပ်ရေးရလာခဲ့ရင်ကျွန်တော်သေနေခဲ့သော်လည်း မြှုပ်နှံထားရာမှ ပြန်ထပြီး ဖီဇိုအားအလေးပြုမည်။ မွေဝါ၏ ဦးခေါင်းသည် ရမ်ယော၏ ခေါင်းထက် ပိုကြီးသည်။ မွေဝါက ကမ္ဘာကိုတုန်လှုပ်စေလိမ့်မည်”ဟု ဟောကိန်းထုတ်ခဲ့ကြောင်း။ဤဟာသည်ကား မွေဝါ (သူ့၏တပည့်)က ဖီဇိုအားဆန့်ကျင်ပြီး လုပ်သွားရန် မျိုးစေ့ချပေးခဲ့ခြင်းဖြစ်သည်။ မွေဝါ (MA) နှင့် ရမ်ယော(BA.LLB) တို့အား ဆွယ်ဆားက နအကတွင် ပါဝင် လုပ်ကိုင်ရန် ပို့ခဲ့ရာ ရမ်ယောက နအကသို့ အရင်ဝင်လာခဲ့ပြီး မွေဝါက ၁၉၆၄- ဒီဇင်ဘာလမှ ဝင်လာခဲ့သည်။၁၉၆၅-ဖေဖေါ်ရီလတွင်မွေဝါအား နအက အထွေထွေအတွင်းရေးမှူး အဖြစ်ရွေးခဲ့သည်။
ကျွန်တော်တို့၏ လုပ်ဖေါ်ကိုင်ဖက် တန်ခွန်မိတ်ဆွေများ၏ ပြောဆိုချက်အရ ဦးဆွယ်ဆားသည် တန်ခွန်လူမျိုးများ၏ များစွာ လေးစားခြင်းခံရသော ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သည်သာမက သူ့၏ဟောကိန်းကိုလည်း အများကယုံကြည်ခဲ့ကြသည်ဆိုသည် များသောအားဖြင့်သူ့၏ ဟောကိန်းအ
တိုင်း ဖြစ်လာသောကြောင့် သူ၏ဟောကိန်းအား ယုံကြည်ခဲ့ကြကြောင်း။ ထို့ကြောင့်လည်း မွေဝါသည် သူ့ဆရာကြီး၏ဟောကိန်းအရနိုင်ငံတော်၏ဖခင်တစ်ယောက်ဖြစ်လာနိုင်ကြောင်းယုံကြည်ခဲ့ဟန်တူသည်။သို့သော်နာဂအမျိုးသားကောင်စီအမည်ခံ၍သာ လုပ်မည်ဆိုပါက ကမ္ဘာကို တုန်လှုပ်အောင်စွမ်းဆောင်
လုပ်နိုင်ခဲ့သော်လည်း အကျိုးဆက်နာမည်ခံသည် ဖီဇိုသာဖြစ်မည်။ ကျွန်တော်ကိုယ်တိုင် နိုင်ငံရေး အဖွဲ့အစည်းအသစ်တစ်ခုဖွဲ့စည်းပြီးလုပ်မှသမိုင်းတွင်နာမည်ရမည်ဟုမွေဝါစဉ်းစားကောင်းစဉ်းစားခဲ့မည်မှာ မလွဲပေ။ထို့ကြောင့်လည်း ၁၉၆၇-ခုနှစ်တွင် သူက ခေါင်းဆောင်ပြီး ဗိုလ်မှူးချုပ် ထင်နိုဆဲလေနှင့် တပ်သား (၁၅ဝ) တို့နှင့်အတူ ပထမဦးဆုံး တရုတ်ပြည်သို့ သွားသောအခါ ဖီဇို၏ပေါ်လစီကို စတင်ဆန့်ကျင်လာခဲ့သည်။ ထင်နိုဆဲလေကဖီဇို၏ ပေါ်လစီကိုကာကွယ်ပြော ဆိုသောအခါသူအားကြိမ်
မောင်းခဲ့ကြောင်း။ထင်နိုဆဲလေကလည်း ကိုယ့်ခေါင်းဆောင်ကို ထောက်ခံ ပြောဆိုတာမှားသလားဟု စကားများခဲ့ကြကြောင်း ၂ဝဝ၃ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်တွင် ဒုဗိုလ်ချုပ်ကြီးထင်နိုဆဲလေကစာရေးသူ
အားပြောခဲ့သည်။မွေဝါသည် တရုတ်ပြည်တွင် နေခဲ့ပြီး ၁၉၇၂-ခုနှစ်မှ နာဂလန်းသို့ ပြန်လာခဲ့သည်။ ထိုအခါဖီဇိုအား ဆန့်ကျင်ဝေဖန်မှု ပိုမိုလုပ်လာခဲ့သည်။ ၁၉၇၄-စက်တင်ဘာလတွင်သူသည်တရုတ်ပြည်
သို့ပြန်သွားခဲ့သည်။ တရုတ်ပြည်တွင် ရှိနေစဉ် ၁၉၇၅-ခုနှစ်တွင် ဦးတီဝဲနူ နှင့်ဗိုလ်မှူးချုပ် ငမ်လောင် (Ngamlao) တို့ကသူ့၏ပေါ်လစီကိုဆန့်ကျင်ခဲ့သဖြင့် သူတို့နှင့်မတေ့ဖြစ်လာခဲ့သည်။ အထက်တွင်ဖေါ်
ပြသည့်အတိုင်းသူ့၏ပေါ်လစီကိုဆန့်ကျင်သောကြောင့်ငမ်လောင်အားကချင်ပြည်တွင်ပစ်သတ်ခဲ့သည်။
ထိုနှစ် ၁၉၇၅-ခုနှစ်တွင် ရှီလောင်စာချုပ်ဆိုင်းထိုးခဲ့သဖြင့် တောမီးလောင်တောကြောင်လက်ခမောင်း
ခတ်ဆိုသလိုထိုစာချုပ်ကိုအကြောင်းပြပြီးသူ့၏ပေါ်လစီကိုအကောင်အထည်ဖေါ်ရန်ဆုံးဖြတ်လာခဲ့သည်။ထိုကြောင့်လည်း ထိုစာချုပ်.အကောင်းအဆိုးကို တရုတ်ပြည်ပြန်အရာရှိများ ရဲဘော်များမသိအောင် ပိတ်ပင်မှုရှိခဲ့သည်။ထိုစာချုပ်သည်အလင်းဝင်စာချုပ်ဖြစ်သည်။ထိုစာချုပ်ကိုနအက/နဖစတို့ကလက်ခံလိုက်ပြီ ဖီဇို၊ ရမ်ယော၊ ယားလေတို့သည် နိုင်ငံတော် သစ္စာဖေါက်များ ဖြစ်သည်။နအကရှုံးပြီ။တိုင်းပြည်
ကယ်တင်ရန်ဆိုရှယ်လစ်အစိုးရဖွဲ့စည်းရမည်။ထိုမှလွဲ၍ အခြားနည်းလမ်းမရှိဟူသော အချက်များကိုသာ အရှေ့ဘက်တွင်ရှိခဲ့ကြသောနာဂရဲဘော်များ၏ဦးနှောက်ထဲတွင်ပုံသွင်းခဲ့သည်။ပြီးတော့သူ့၏ပေါ်လစီကို ဆန့်ကျင်သူများ အားလုံးအား သတ်ပစ်ပြီးနောက် ရှီလောင်စာချုပ် ထောက်ခံသူများဟူ၍ မဟုတ်မတရား စွပ်စွဲခဲ့သည်။ သေသူများသည်သူတို့ထိုစာချုပ်လက်ခံသူများ မဟုတ်ကြောင်း ချေပပြောဆိုနိုင်တော့မည်မဟုတ်ဟု သူတို့သိ၍ သတ်ပြီးမှ သူတို့အပေါ်စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။  အနောက်ဘက်တွင်ရှိသောခေါင်းဆောင်များအားလုံးအားလည်းထိုစာချုပ်လက်ခံသူများဟု သမုတ်ကာ ပယ်ချခဲ့သည်။ဆိုရှယ်လစ်ဝါဒီပီပီ မွေဝါသည် လိမ်လည်ဟောပြောခြင်းဖြင့် ကိုယ့်ထက်အင်အားကောင်း
သော ဆန်ပကျင်ဘက် နိုင်ငံရေးပါတီအား ပြည်သူတွေက အယုံအကြည်မရှိ ဖြစ်လာအောင်လုပ်ပြီး ဖျက်ဆီးနိုင်သည်ဟူသော ဆိုရှယ်လစ်မူ “you can demolist the super-power of your political opponents by raising and shouting with the political weapon of outright falsehood against them”ကိုသုံးချလာခဲ့သည်။ထို့ပြင် “တံတားဖြတ်မကူးခင် နတ်ဆာတန်နှင့်လည်းပေါင်းရမည်” “ Take even the devil with you before you cross the bridge နအဆက-စာအုပ် Cry for Justice စာမျက်နှာ ၇၅-မှကောက်နှုတ်ချက်)ဟူသောမူကိုလည်း ကျင့်သုံးခဲ့သည်။ ထို့ကြောင့်လည်း လိမ်လည်ပြောဆိုရန်လူသတ်ရန်ဝန်မလေးခဲ့ပါ။ ဤသို့ဖြင့်နာဂအမျိုးသားကောင်စီနှင့် နာဂလန်းဖက်ဒ
ရယ်အစိုးရသည်ရှီလောင်စာချုပ်ကိုလက်ခံလိုက်ပြီ၊အလင်းဝင်ပြီ၊အိန္ဒိယငွေကုနှေင့်ချီ၍စားနေသည်ဟု
လိမ်လည် ဟောပြောကာ ပြည်သူများက နအက/နဖစ အပေါ် အယုံအကြည်မရှိအောင်ပြုလုပ်လာခဲ့
သည်။ သူတို့၏ပြောဆိုဟောပြောချက်များမှာ-မွေဝါးနှင့်အီဆက်တို့ကရှီလောင်စာချုပ် ကိုပယ်ချခဲ့သည်။
 သို့သော် ဦးဖီဇိုက ထိုစာချုပ်ကိုပယ်ချရန်ငြင်းဆန်ခဲ့သည်။နအက အနေဖြင့် ရှီလောင်စာချုပ်ကို လက်မခံလျှင်အဘယ်ကြောင့်ငြိမ်းချမ်းရေးစခန်းတွင်နေသနည်း။ထိုစာချုပ်သည်တရားဝင်စာချုပ်မဖြစ်လျင်(ဝါ)တရားဝင်စာချုပ်အဖြစ်မသတ်မှတ်လျှင် အဘယ်ကြောင့် ထိုစာချုပ်အရ လက်နက်ချခဲ့သနည်း။ စသည့် ငြင်းချက်များဖြင့် မသိနားမလည်သူများအား စည်းရုံးခဲ့သည်။ အပေါ်ယံ သဘောတရားကိုသာ
မြင်သူများအနေဖြင့် သူတို့ပြောသည့် အတိုင်းမှန်သည်ဟု ခံယူခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လက်နက်အပ်ခဲ့သည်မှာလည်းမှန်၏။ ငြိမ်းချမ်းရေးစခန်းတွင်နေသည်မှာလည်း မှန်သောကြောင့်ဖြစ်
သည်။ မွေဝါတို့မှာ ငြိမ်းချမ်းရေးစခန်းတွင်မနေ လက်နက်ကိုင်ထားကြသည်။ သို့သော်အမှန်ကို ပြောမည်ဆိုရင်မွေဝါ-အီဆက်တို့သည် ထိုရှီလောင်စာချုပ်ကိုမပယ်ချ၊ မရှုံ့ချခဲ့ပါ၊ ဦးဇာရှေး ဟွေးရယ်၏
 အစိုးရဝန်ကြီးအဖွဲ့ကိုသာ ပယ်ချ ရှုံ့ချခဲ့သည်။သူတို့၏ စာတမ်းတွင် စာချုပ်ကိုလက်မခံကြာင်း။ ရှုံ့ချကြောင်းမရေးခဲ့ပါ။ ထိုစာချုပ်ကိုလက်ခံသောအစိုးရအဖွဲ့သည် သစ္စာဖေါက်အဖွဲ့ဖြစ်သောကြောင့် ထိုပါတီနှင့်ပေါင်းရန် နာဂ ပြည်သူလူထုသည် ငြင်းပယ်ပါကြောင်းသာရေးခဲ့သည်။ ထိုစာတမ်းသည် အောက်ပါအတိုင်း ဖြစ်သည်-
“ It is the sacred law of the national trust that when a ministry betrays the nation, they are traitors and the traitors do not represent the people. What is made is more, their brazen attempt to gloss over such act of treason in the name of humanity shall remain as boundless vanity. The most is made to loath upon their prostrate fall. Ministry of this kind is the most treacherous guest of history. Their mission now is, actively preach servility to the people of freedom. It is volte-face, it is a complete fall from the sublime to the ridiculous, from the Kuknalim to the Jai-Hind!”
“The people of Nagaland flatly refuse to be a party to any accord that entails loss of their sovereign existence. We will, at time bid defence to any betrayal of Nagaland’s trust. We shall not brook any of treason. We know the stuff we are of, we are the proud sons and daughters of freedom. We will be true to die, Nagaland will never put her hands up. History shall withness.”
Sd/-                                                                       Sd/-
1.    Isak Chishi Swu, Chairman,                                     2. Th. Muivah,
Executive Council, NNC.                                    General Secretary, NNC.
ထိုစာချုပ်ကိုပယ်ချသည်ဆိုခဲ့ရင်လည်းထိုဟာသည်နာဂအမျိုးသားကောင်စီနာမည်ဖြင့်ပယ်ချခဲ့
ခြင်းမဖြစ်နိုင်ပါ။ ၁၉၇၆-ခုနှစ်တွင် ဖြစ်သဖြင့် မွေဝါက အထွေထွေအတွင်းရေးမှူး အီဆက်က နအက အလုပ်အမှုဆောင်ဥက္ကဌ နာဂအမျိုးသားကောင်စီဟု ဆိုင်းထိုးခဲ့သည်။ ထို့ကြောင့် ထိုဟာသည် နအက ကရှုံ့ချခဲ့ခြင်းသာဖြစ်သည်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက ရှုံ့ချခဲ့ခြင်းမဟုတ်။ နအဆကဖွဲ့
စည်းပြီးနောက်ထိုစာချုပ်ကိုရှုံ့ချကြောင်းအရေးအသားဖြင့် တရားဝင် ကြေငြာခဲ့ခြင်းမရှိပါ။နောင်တွင်သူ
တို့က ထိုစာချုပ်ကို မရှုံ့ချကြောင်း သူတို့၏လုပ်ဆောင်မှုကသက်သေထူလာခဲ့သည်။ ၂ဝဝ၁-ခုနှစ်တွင် အချက်(၃၁)ပါ စာတမ်းကိုအိန္ဒိယအစိုးရအားတင်သွင်း၍ အထူးပြည်နယ်တောင်းခြင်းနှင့် အိန္ဒိယအစိုးရ
၏ ရွေးကောက်ပွဲတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့ခြင်း။ သူတို့၏ကိုယ်စားလှယ်များအထိ စေလွတ်၍ အိန္ဒိယရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်စေခြင်းတို့သည်သူတို့က ရှီလောင်စာချုပ်ကို မရှုံ့ချကြောင်း သက်သေသာဓက ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လုပ်ရပ်သည်လည်း အိန္ဒိယ၏
အခြေခံဥပဒေကိုလက်ခံမည်ဟူသော လုပ်ရပ်သာဖြစ်သည်။ ထို့ကြောင့်သူတို့၏လုပ်ရပ်မှာ-နာဂဖက်ဒ
ရယ်  အစိုးရမှ ပယ်ချခဲ့သော ရှီလောင်စာချုပ်ကို ဖေါ်ဆောင်နေခြင်းသာဖြစ်သည်။ သူတို့လက်ထဲမှာ လက်နက်ရှိသည်မှာမှန်၏။ သို့သော် သူတို့ကိုင်ဆောင်ထားသောလက်နက်သည် အိန္ဒိယတပ်သားများ
နှင့်လက်တွဲပြီး ကိုယ့်နာဂလူမျိုးတို့အား တိုက်ခိုက်ရန်ကိုင်ဆောင်ထားသော လက်နက်သာဖြစ်လာခဲ့
သည်။ ဦးဖီဇိုအား အချို့သော နာဂခေါင်းဆောင်များက ရှီလောင်စာချုပ်ကို ရှုံ့ချပါဟုပြောခဲ့ကြသည်မှာ
မှန်၏။ သို့သော်ဦးဖီဇိုပြန်၍ပြောခဲ့သည်မှာ-ရှီလောင်စာချုပ်သည်တရားဝင်စာချုပ် မဟုတ်သောကြောင့် ရှုံ့ချသည် ပယ်ချသည် ဟူ၍ နာဂအမျိုးသားကောင်စီမှ ထုတ်ပြန်ကြေငြာရန်မလို။ အကယ်၍ ထိုစာချုပ်ကိစ္စနှင့်ပတ်သက်၍ ပြောစရာရှိပါကအိန္ဒိယကအရင်ပြာပါစေ။ ထိုအခါမှသာကျွန်တော်တို့နာဂ
တွေကပြောမည်ဟု ပြန်ပြောခဲ့ကြောင်း သိရသည်။ ဥက္ကဌကြီး ပြောသည့်စကားမှန်၏။ ထိုစာချုပ်သည် အိန္ဒိယခေါင်းဆောင်များကရေးဆွဲပြီး နာဂတို့အား ဆိုင်းထိုးစေခဲ့သော စာချုပ်ဖြစ်သဖြင့် အမှန်အားဖြင့်
ထိုစာချုပ်တရားဝင်ဖြစ်ခဲ့သည်မှန်လျှင် အိန္ဒိယအစိုးရအနေဖြင့် ထိုစာချုပ်အရသာလျှင်အင်ဒို-နာဂ ပြဿနာကိုဖြေရှင်းရမည်ဟုအမြဲပြောရန်လိုသည်။သို့သော်အိန္ဒိယအစိုးရအနေဖြင့်ထိုစာချုပ်အကြောင်း လုံးဝမပြောသည်မှာ နှစ်ပေါင်း (၃ဝ) ကျော်ခဲ့ပြီဖြစ်သည်။မွေဝါး-အီဆက်တို့ကသာလျှင် ထိုစာချုပ်သည် နာဂတို့ အိန္ဒိယထံအလင်းဝင် သည့်စာချုပ်ဖြစ်သည်ဟု ပြောကာ နိုင်ငံရေးကစားနေခြင်းဖြစ်သည်။   သို့သော်ထိုစာချုပ်တွင်အိန္ဒိယအစိုးရကိုယ်စားဆိုင်းထိုးခဲ့သောအိန္ဒိယဘုရင်ခံဦးL.P.Singh ပြောခဲ့သည် မှာထိုစာချုပ်သည် အလင်းဝင်စာချုပ်မဟုတ်ဟု ပြောခဲ့သည်။ ထို့ပြင် ထိုအချိန်အခါ နာဂလန်းတွင်စစ်
ဆင်ရေးမှူးဖြစ်ခဲ့သော Lt. Gen.Dutt သည် ရှီလောင်စာချုပ်ကို တွေ့သောအခါ ဟေလီကော်ပတာဖြင့် ချက်ခြင်းရှီလောင်သို့သွားကာဘုရင်ခံ L. p.Singh အားဒေါသဖြင့်ပြောခဲ့သည်ဆိုသည်မှာ-ကျွန်တော့်ကို
သာ နှစ်ပတ်လောက်  အချိန်ပေးခဲ့ရင်နာဂတွေကိုကျွန်တော် အပြတ်နိုင်ပြီးသား။ ဒါပေမဲ့ ခင်ဗျားက ရှီလောင်စာချုပ်ဆိုင်းထိုးလို့ကျွန်တော်နိုင်မည့် ဆဲဆဲမှာ ခင်ဗျားက သူတို့ကိုလွတ်မြောက်စေခဲ့တယ်။ ခင်ဗျား ဒီစာချုပ်နှင့်ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ ဒီစာချုပ်က အလကားဘဲ။ ခင်ဗျားက နာဂတွေကို လွတ်လပ်ရေးပေးလိုက်ပြီ။”ဟုပြောခဲ့သည်ဆိုသည်။ရှေ့အခန်းတွင်ဖေါ်ပြသည့်အတိုင်း ထိုစာချုပ်သည်
နာဂလွတ်တော်နှင့်အိန္ဒိယပါလီမန်လွတ်တော်တို့မှလည်းအတည်မပြုခဲ့သဖြင့်တရားမဝင်သောစာချုပ်သာဖြစ်ခဲ့သည်၊ ထို့ကြောင့်လည်း ဖီဇိုက နအက အနေဖြင့် ထိုစာချုပ်အားပယ်ချကြောင်းကြေငြာရန် မလိုကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။သို့ရာတွင် ၁၉၇၆-ခုနှစ် ဇန္နဝါရီလ (၅) ရက်နေ့တွင် နှစ်ဦးနှစ်ဖက်သဘောတူ၍ဆိုင်းထိုးခဲ့သော ပြန်လည် ဖြည့်စွက်သည့်စာချုပ် (Supplementary agreement)အရနဖစကငြိမ်းချမ်းရေးအတွက်လက်နက်များ ၁၅ဝ လောက်ကို တတိယ ပါတီဖြစ်သော
နာဂလန်း ငြိမ်းချမ်းရေးကောင်စီ- နငက (Nagaland Peace Council) လက်ထဲသို့အပ်နှံခဲ့သည်။ ထိုလက်နက်များယနေ့တိုင် ကျေဒေးမား ငြိမ်းချမ်းရေးစခန်းတွင်ရှိသည်။ နိုင်ငံရေးဝေါဟာရအရ လက်နက်များကိုရန်သူ၏လက်ထဲအပ်နှံပါက-အလင်းဝင်သည်ဟုခေါ်သည်။ သို့သော်ကြားနေအဖွဲ့အ
စည်းသည် ရန်သူမဟုတ်သောကြောင့် ကြားနေအဖွဲ့အစည်းလက်ထဲ လက်နက်ပေးအပ်ခြင်းသည် အလင်းဝင်ခြင်းမဟုတ်အပ်နှံထားခြင်းသာဖြစ်သည်။ ထိုသို့ ကြားနေအဖွဲ့အစည်း တစ်ခုလက်ထဲ ငြိမ်းချမ်းရေးအတွက် လက်နက်အပ်နှံခြင်းသည် စစ်ဘေးစစ်ဒဏ် အကြီးအကျယ်ခံနေရသော ပြည်လူထု စိတ်ငြိမ်းချမ်းသာမှုရရှိရန်နှင့် နာဂနိုင်ငံရေး ဆက်လက် ရှင်သန်နိုင်ရန် အတွက်ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။ထိုသို့မပြုပါက အိန္ဒယ အစိုးရမှ နာဂအမျိုးသားရေးလှုပ်ရှားမှုအား အပြုတ်ချေမှုန်းလိုက်ပြီ(ဝါ) အားလုံး အလင်းဝင် လိုက်ပြီဟု ကြေငြာတော့မည်သာဖြစ်သည်။ ထိုသို့ အပြုတ်ချေမုန်းလိုက်ပါကနာဂလူမျိုးများအနေဖြင့် ယနေ့မိမိအမျိုးသားရေးအတွက် လှုပ်ရှားနိုင်တော့
မည်မဟုတ်ပေ။ ထို့ကြောင့်နာဂအမျိုးသားရေး ဆက်လက်အသက်ရှင်သန်နိုင်ရေးအတွက် မလွဲမရှောင်
သာ လုပ်ခဲ့သော အလုပ်တစ်ခုအား အလင်းဝင်သည်ဟု ခေါ်ဝေါ်ခြင်းသည်လုံးဝမှားသည်။ နာဂ အမျိုးသားအစိုးရ အလင်းမဝင်သော်လည်း အလင်းဝင်ပြီဟု ပြောနေခြင်းသည် နာဂအမျိုးသားများအား အသရေပျက်အောင်လုပ်နေခြင်းသာ ဖြစ်သည်။ထို့ပြင် ထို Supplementary စာချုပ်အရ နာဂလန်းတွင် ငြိမ်းချမ်းရေးစခန်းများကို ဆောက်လုပ်ခဲ့သည်၊ ငြိမ်းချမ်းရေး စခန်းထောက်ပံ့ရန်အတွက် ရန်ပုံငွေကို  နငကမှတာဝန်ယူရှာဖွေရန်။ အလင်းဝင်သူမျာနှင့်အိန္ဒိယအစိုးရမှ ထောက်ပံ့ကြေးငွေလက်ခံရရှိသူများ
အား ငြိမ်းချမ်းရေးစခန်းတွင် နေခွင့်ပြုမည်မဟုတ်ကြောင်း။ အိန္ဒိယအစိုးရမှထုတ်ပေးသောထောက်ပံ့
ကြေးရူပီးငွေ၇၅-ကုအေား လက်နက်ချအလင်းဝင်သူများနှင့်ထောင်မှထွက်လာသူများ အားသာလျှင် ပေးမည်ဖြစ်ကြောင်းအိန္ဒိယအစိုးရမှထုတ်ပြန်ခဲ့သည်။နာဂဖက်ဒရယ်အစိုးရ မှလည်း အိန္ဒိယအစိုးရထံမှ ထောက်ပံ့ကြေးငွေလက်မခံကြရန်။ လက်ခံသူများသည်အလင်းဝင်သူများဖြစ်သဖြင့် နာဂတိုင်းပြည်တာ
ဝန်ထမ်းဆောင်ရန်ပြန်လည်၍လက်ခံမည်မဟုတ်ကြောင်း။ ငြိမ်းချမ်းရေးစခန်းများတွင်လည်း နေခွင့်ပြု
မည်မဟုတ်ကြောင်းနဖစသမ္မတမှ ထုတ်ပြန်ကြေငြာခဲ့သည်။နာမည်ကြီး စစ်ဗိုလ်ချုပ်များဖြစ်ခဲ့ကြသော
Gen. Mowu နှင့် Lt. Gen. Thinoselie တို့သည် ထောက်ပံ့ကြေးငွေများလက်ခံခဲ့ကြသဖြင့် နာဂတပ်မတော် တွင် ဆက်လက်၍ လက်မခံခဲ့တော့ပေ။ ဤဟာသည်လည်း မွေဝါဂိုဏ်းတို့က နာဂဖက်ဒရယ်အစိုးရသည် အိန္ဒိယငွေ ကုေ နှင့်ချီပြီးစားနေသည်ဟု စွပ်ဆွဲခဲ့ခြင်းသည် မမှန်ကြောင်း သက်သေဖြစ်သည်။အိန္ဒိယအစိုးရက  ထောင်မှလွတ်လာသူ နာဂစစ်သည်တော်အားလုံးအားထောက်ပံ့
ကြေးငွေပေးပြီး အလင်းဝင်စေခဲ့ခြင်းသည် နာဂတပ်မတော် ပြန်လည်၍ အင်အားကောင်းမလာအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ နဖစ၏အင်းအားကိုဖြိုခွဲပစ်ခဲ့ခြင်းပင်တည်း။ ထို့ကြောင့်ငြိမ်းချမ်းရေးစခန်းတွင်နေ
ခြင်းသည်အလင်းဝင်၍နေခြင်းမဟုတ်။ မွေဝါးတို့ပြောသည့်အတိုင်းရှီလောင်စာချုပ်လက်ခံ၍နေခြင်း
လည်းမဟုတ်။ငြိမ်းချမ်းရေးအတွက်ယာယီအားဖြင့်နေခြင်းသာဖြစ်သည်။အကယ်၍ထိုစာချုပ်သာလက်ခံခဲ့သော်။ နအက၊ နဖစအဖွဲ့ဝင်များအားလုံးသည် အိန္ဒိယအစိုးရ အမှုထမ်းများဖြစ်လာကြပြီး ငြိမ်းချမ်းရေးစခန်းတွင်နေကြတော့မည်မဟုတ်ပေ။နအကမှာလည်းနာဂလန်းပြည်နယ်တွင်အိန္ဒိယအစိုးရမှအသိအမှတ်ပြုသော ပြည်နယ်နိုင်ငံရေးပါတီ တစ်ခုသာဖြစ်လာမည်။ ဥပမာ- မီဇိုရမ်(Mizoram) တွင်၁၉၈၅-ခုနှစ့်မီဇိုရမ်အမျိုးသားတပ်ဦး-မအတ (Mizo National Front- NF) သည်နယူးဒေလီစာချုပ်
ကိုလက်ခံခဲ့သဖြင့် မအတ ခေါင်းဆောင် Laldenga သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး သူ၏အပေါင်းပါ ခေါင်းဆောင်များသည် ဝန်ကြီးများ ဖြစ်လာခဲ့ကြသည်။ သူ၏ရဲဘော်ရဲဘက်များ အားလုံးသည်လည်း အိန္ဒိယအစိုးရအမxထမ်းများ ဖြစ်လာခဲ့ကြသည်။ ငြိမ်းချမ်းရေး စခန်းဖွင့်ပြီး ထိုင်မနေကြတော့ပါ။မအတလည်းပြည်နယ် နိုင်ရေးပါတီ ဖြစ်လာပြီး အိန္ဒိယမဲရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လာခဲ့သည်မှာယနေ့တိုင်ဖြစ်သည်။အကယ်၍နအက၊နဖစတို့သည်လည်း ရှီလောင်စာချုပ်
သာ လက်ခံခဲ့သော် မအတ ဖြစ်သကဲ့သို့ ဖြစ်မည်မှာမလွဲပေ။ ငြိမ်းချမ်းရေးစခန်းတွင်နေကြတော့မည် မဟုတ်ပေ။ အိန္ဒိယအစိုးရလည်း မွေဝါးဂိုဏ်းကို မြှောက်စားပြီး နှစ်ပေါင်း(၃ဝ) တိုင်အောင် ငွေမြောက်များစွာ အရှုံးခံကာ နအကကို တိုက်နေတော့မည် မဟုတ်ပေ။ထိုသို့တိုက်မည့်အစား တကယ်အမှန် ရှီလောင်စာချုပ်သည် တရားဝင်ဖြစ်ခဲ့ပါကထိုစာချုပ်ကို ပယ်ချသည်ဟု အသံကုန်အော်နေသော မွေဝါးတို့အဖွဲ့အား တိုက်မည်ဖမ်းမည်ဟု အိန္ဒိယအစိုးရသည် ကြိမ်းဝါးပြောဆို
မည်သာဖြစ်သည်။မွေဝါတို့က ရှီလောင်စာချုပ်ကို ရှုံ့ချခဲ့သည်ဟု ဂုဏ်ယူပြီးပြောနေကြမည်မဟုတ်ပေ။ သူတို့နှင့်လည်း ငြိမ်းချမ်းရေး စာချုပ်အသစ်လုပ်မည် မဟုတ်။ ရှီလောင်စာချုပ်အရသာ ဆွေးနွေးမည်။ ရှီလောင်စာချုပ်ကိုလက်ခံပါဟုအကြပ်ကိုင်ပြောဆိုနေမည်ဖြစ်သည်။ Jamu နှင့် Kashmir တော်လှန် ရေးသမားတို့နှင့် အိန္ဒိယအစိုးရအကြား ၁၉၇၁-ခုနှစ်တွင်ချုပ်ဆိုခဲ့သော ရှိမ်လာ(Shimla) စာချုပ်သည် တရားဝင်ဖြစ်သည်။ ထို့ကြောင့် Jamu နှင့် Kashmir ပြဿနာကို ရှီလောင်စာချုပ်အရသာ ဖြေရှင်းမည်
ဟုအိန္ဒိယအစိုးရသည်နှစ်တိုင်းပြောလျက်ရှိသည်။အစိုးရအသစ်ဖွဲ့စည်းတိုင်းလည်းထိုရှီလောင်စာချုပ်ကိုသာပြောပြီး Jamu နှင့် Kashmir တော်လှန်ရေးသမားများအား အကြပ်ကိုင်လျက်ရှိသည်။ထိုစာချုပ်ကို
အကြပ်ကိုင်ပြောဆိုနေသည်မှာယနေ့နှစ်ပေါင်း (၃၉) နှစ် ရှိလာပြီဖြစ်သည်။သို့သော် ရှီလောင်စာချုပ်ကို မူကားလုံးဝ မြွတ်ဟခြင်းမပြုပါ။ ထိုသို့ပြုမည့်အစားအိန္ဒိယဝန်ကြီးချုပ်သည် ၁၉၉၇-ခုနှစ်တွင် အင်ဒို-နာဂ ပြဿနာ ဖြေရှင်းရန်အတွက်နာဂအမျိုးသားခေါင်းဆောင်များနှင့် စည်းကမ်းသတ်မှတ်ချက်မရှိပဲ ဆွေးနွေးမည်( unconditional talk) ဟုတရားဝင်ကြေငြာခဲ့သည်။ ဤကြေငြာချက်သည်အိန္ဒိယအစိုးရ
အနေဖြင့်နှစ်ပေါင်း(၂ဝ)ကျော်ကြာမှရှီလောင်စာချုပ်သည်တရားဝင်စာချုပ်မဟုတ်ကြောင်းဝန်ခံခဲ့သည်ဟုကမ္ဘာကမှတ်ယူခဲ့သည်။၁၉၇၇ခုနှစ်နအကဥက္ကဌကြီးဦးဖီဇိုနှင့်ဆွေးနွေးသောအခါအိန္ဒိယဝန်ကြီးချုပ်က ထိုစာချုပ်အရ အင်ဒို-နာဂ ပြဿနာဖြေရှင်းရန် လုံးဝပြောခဲ့ခြင်းမရှိ။ အီဆက်-မွေဝါ တို့နှင့်လည်း ထိုစာချုပ်အရဆွေးနွေးရန်မပြောပဲ၁၉၉၇ခုနှစ်တွင်သူတို့နှင့်ငြိမ်းချမ်းရေးစာချုပ်ထပ်မံ၍လုပ်ခဲ့ခြင်းသည်လည်းအိန္ဒိယအစိုးရုံးတွင်ထိုရှီလောင်စာချုပ် မရှိကြောင်း သက်သေဖြစ်ခဲ့ပြန်သည်။ ထိုစာချုပ်ကိုအိန္ဒိယ
အစိုးရက မပြောလျှင် နာဂအမျိုးသားတို့က မပြောရန် ဥက္ကဌ ကြီးဖီဇို၏ ညွန်ကြားချက်သည် မှန်ကန်
သောညွန်ကြားချက် ဖြစ်ခဲ့သည်။ သို့သော် ထိုညွန်ကြားချက်ကို မလိုက်နာဘဲမွေဝါအဖွဲ့တို့ကသာ ပြောနေခဲ့ကြသည်။၁၉၅ဝ-ခုနှစ် နောက်ပိုင်း အိန္ဒိယအစိုးရက နာဂအမျိုးသားများအပေါ် စစ်ခင်းလာ
သည်မှစ၍ နအကသည် အိန္ဒိယ၏ရန်သူဖြစ်သည်။ သို့ဖြစ်၍ နအကကို အပြုတ်တိုက်ရန်အိန္ဒိယသည် နိုင်ငံရေးပရိယာယ်အမျိုးမျိုး၊ငွေအင်အား၊လက်နက်အင်အားတို့ဖြင့်တိုက်လာခဲ့သည်။မွေဝါးတို့အဖွဲ့ပြောသည့်အတိုင်းအကယ်၍နအကအနေဖြင့် အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို ရှီလောင်စာချုပ်ဆိုင်းထိုးပြီး လက်ခံခဲ့ပြီဖြစ်သော် အိန္ဒိယတို့က စစ်နိုင်သွားပြီဖြစ်သည်။ မွေဝါးဂိုဏ်းကို မြှောက်ပင့်ပြီး နအကကို တိုက်နေရန်အိန္ဒိယအနေဖြင့်လိုတော့မည်မဟုတ်ပေ။နအကကို မွေဝါးတို့ဂိုဏ်းက တိုက်နေခြင်းသည် အိန္ဒိယအားကူညီနေခြင်းဖြစ်သောကြောင့်အိန္ဒိယအစိုးရသည်လည်းမွေဝါးဂိုဏ်းအားကျေးဇူးတင်သည့်အနေဖြင့်ငွေကြေးအမြောက်အများပေးခဲ့သည့် အပြင်နိုင်ငံတကာသို့သွားလာနိုင်ရန်နိုင်ငံခြားကူးလက်
မှတ်များပင်လျှင် ထုတ်ပေးခဲ့သည်။ ထိုသို့ ဖြစ်လျက်ပင်။ မွေဝါ နအဆက ဂိုဏ်းတို့ သည်-နအက ရှုံးပြီဟု အမြဲပြောနေခဲ့သည်။ ထို့ကြောင့် ၂ဝဝ၈-ခုနှစ် မွေဝါး နိုင်ငံခြားမှရောက်လာပြီး ဒီမာပို Hebron
Camp တွင်ရှိနေသောအခါသတင်းစာမေဒီယာမှတဆင့်မွေဝါးအားကျွန်တော်မေးခွန်းများမေးခဲ့ဘူးသည် မေးခွန်းမှာ-ခင်ဗျားသည်၁၉၆၅မှစပြီး ၁၉၈ဝ-ခုနှစ် ဇန္နဝါရီလ(၃ဝ)ရက်နေ့အထိ နာဂအမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ထိုသို့ခင်ဗျားကိုယ်တိုင် နအက  ခေါင်းဆောင် ဖြစ်နေသောအချိန် ၁၉၇၅-ခုနှစ်တွင်နာဂအမျိုးသားကောင်စီက အိန္ဒိယအခြေခံဥပဒေကို လက်ခံခဲ့ပြီဆိုလျှင် ခင်ဗျားယခုအိန္ဒိယအခြေခံဥပဒေတွင် အထူးပုဒ်မ (Special provision) ကို ထည့်သွင်းပေးပါကအိန္ဒိယအခြေခံဥပဒေကိုလက်ခံမည်ဟုအဘယ်ကြောင့်ထပ်မံ၍တောင်းဆိုနေပြန်သနည်း။ခင်ဗျားတို့ ပြောသည့်အတိုင်း ၁၉၇၅-ခုနှစ်တွင် နအက ရှုံးသွားပြီ သေသွားပြီဆိုပါက နအကအ
ထွေထွေအတွင်းရေးမှူး တာဝန်ကို ၁၉၈ဝ-ခုနှစ်အထိ ခင်ဗျားအဘယ်ကြောင့်ထမ်းဆောင်ခဲ့သနည်း။ အိန္ဒိယနှင့်လက်တွဲပြီးနှစ်ပေါင်း(၃ဝ)နည်းပါးကြာအောင်နအကအားအဘယ်ကြောင့်တိုက်နေပြန်သနည်း။ စာချုပ်ကိုဆိုင်းထိုးခဲ့သောအချိန် ၁၉၇၅- ခုနှစ်တွင်နအက ထိပ်ဆုံးခေါင်းဆောင်များမှာ ဥက္ကဌကြီး ဦးဖီဇို ဒု-ဥက္ကဌ ဦး အင်မ်းကုန်မရေန်(Imkongmeren) အထွေထွေအတွင်းရေးမှူး ဦးမွေဝါး ခင်ဗျားတို့ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ခင်ဗျားတရုတ်ပြည်မှာရှိခဲ့သည်။  ဥက္ကဌသည် လန်ဒန်မှာ ရှိနေခဲ့၍ ဒု-ဥက္ကဌမှာ အိန္ဒိယထောင်ထဲမှာကျနေခဲ့သည်။ သို့ဖြစ်လျှင် နအက ခေါင်းဆောင် အဘယ်သူက ရှီလောင်စာချုပ်မှာဆိုင်းထိုးပြီး ထိုစာချုပ်ကို လက်ခံခဲ့သနည်း။ ဥက္ကဌ နှင့် ဒု-ဥက္ကဌ တာဝန်ထမ်းဆောင်
ခဲ့သူနှစ်ဦးမှာ ယခု ဤကမ္ဘာတွင် ကျွန်တော်တို့နှင့် အတူမရှိ တော့ပါ။ (ဒု-ဥက္ကဌ ၁၉၇၉- ဇန္နဝါရီလတွင် ကွယ်လွန်။ဥက္ကဌ၁၉၉ဝ-ဧပြီလ(၃ဝ)ရက်နေ့တွင်လန်ဒန်၌ကွယ်လွန်)။ခင်ဗျားအထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ သူသာလျှင် ယခုအသက်ရှင်လျက်ရှိသည်။ ကွယ်လွန်သွားကြပြီဖြစ်သော ခေါင်းဆောင်ကြီးနှစ်ဦးတို့က နာဂအမျိုးသားကောင်စီ ရှုံးပြီဖြစ်ကြောင်း တခါမှ မပြောခဲ့ပါ။  ခင်ဗျား အသက်ရှင်လျက်ရှိသူကသာလျှင် နအက ရှုံးပြီဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောနေသည်။ ထိုအကြောင်းနာဂပြည်သူများနားမလည်နိုင်ပါ။ထို့ကြောင့်ခင်ဗျားကိုယ်တိုင်ခေါင်းဆောင်လုပ်နေခဲ့သော
အချိန်တွင်နအကမည်ကဲ့သို့ အရှုံးနှင့်ရင်ဆိုင်ခဲ့ရကြောင်းကို နာဂပြည်သူလူထုအား ရှင်းပြရန်ခင်ဗျားမှာ တာဝန်ရှိသည်။  ထိုသို့မရှင်းပြပဲ နအက ရှုံးပြီဟုသာပြောနေခြင်းသည် မပြည့်စုံ။ မှားသည်ဟု ကျွန်တော်ရေးခဲ့သည်။မွေဝါးကဘာမှလည်းမပြောခဲ့ပါ။ထိုသို့(၂၅)နှစ်ပတ်လုံး သူတို့၏ခေါင်းဆောင်မှု အားကောင်းလာအောင်နအဆကရှင်သန်လာအောင်လိမ်လည်ပြောဆိုပြီးနိုင်ငံရေးကစားလာခဲ့ကြသော်လည်း တိုင်းပြည်အတွက် အကျိုးမရှိ။ နအဆက အတွက်အောင်မြင်ရန် လမ်းစမတွေ့ ဖြစ်လာသောအခါ မွေဝါသည် ၂ဝဝ၅-ခုနှစ်မှစပြီး နာဂအမျိုးသားကောင်စီကို ချီးမွမ်းလာခဲ့သည်။ ဖီဇိုသည်ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင် ( Phizo is oeur great leader) ဖြစ်သည်ဟုချီးမွမ်း
လာခဲ့သည်။ ၂ဝဝ၅-ဇန္နဝါရီလ (၂ဝ-၂၁) ရက်တွင် Hebron စခန်း၌ ပြည်သူတို့နှင့်ဆွေးနွေးပွဲပြု လုပ်သောအခါ မွေဝါပြောခဲ့သည်မှာ-“It is the NNC that gave us the leeway, not me nor Isak. It was the NNC, it was Phizo. And who can deny that. The NNC leaders had laid the foundation. “ကျွန်တော်တို့အတွက် လမ်းစဉ်ချပေးခဲ့တာက နအကဘဲ။ ကျနော်နဲ့ အီဆက်မဟုတ်ဘူး။ ဖီဖိုနှင့်နအကတို့သာဖြစ်တယ်။ နအကခေါင်းဆောင်တွေကအခြေခံအုတ်မြစ်ကိုချခဲ့တယ်။ ဒါဘယ်သူက
ငြင်းနိုင်မလဲ”။သူဆက်ပြီးပြောခဲ့သည်မှာ-“ကျွန်တော် နအဆကရဲ့ မှားယွင်းချက်ကို ဝန်ခံရဲပါတယ်။ ကျွန်တော်တို့ရဲ့မှားယွင်းချက်ကို ဝန်ခံရဲရမယ်။ ဒါမှလည်းကျနော်တို့လွတ်မြောက်ဖို့ လမ်းစရဦးမှာဖြစ်
ဆီးပစ်မယ်။ကျွန်တော်တို့အကုန်လုံးနအဆကနှင့်အတူတကွပျက်စီးကြမလား။မဟုတ်ဘူး။အဲဒီလိုမဖြစ်ရဘူး။ ဒါဆိုရင်ဘယ်သူက ကျွန်တော်တို့ကိုကယ်မလဲ”ဟု ပြောခဲ့သည်။ ထိုပြင် ၂ဝ၁ဝ-ဇွန်လိုင်လ (၁၁) ရက်တွင်ဖီဇို၏အုတ်ဂူသို့သွား၍ဖီဇိုအားဂါရဝပြုခဲ့သည်။“ဇီဇိုသည်နာဂလူမျိုးများအတွက်လမ်းညွန်ကြယ်
ဖြစ်သည်”။ (A.Z.Phizo is the guiding star of the Naga nagation)  ဖီဇို၏ခေါင်းဆောင်မှုဖြင့် နာဂ
အမျိုးသားကောင်စီက မှန်ကန်သော ဆုံးဖြတ်ချက်ချကာ နာဂတိုင်းပြည်ကို ကယ်တင်ခဲ့ပြီး။တိုင်းပြည်၏ အခြေခံအုတ်မြစ်ကိုချခဲ့သည။်ထိုထက်ကြီးမားသောအရာမရှိဟုပြောခဲ့သည်။ဤဟာသည်ကား မွေဝါက “နအက ရှုံးပြီ။ ဖီဇိုက နိုင်ငံတော် သစ္စာဖေါက်ဖြစ်သည်”ဟု ကြေငြာခဲ့ခြင်းသည် မှားယွင်းခဲ့ကြောင်း ဝန်ခံခဲ့ခြင်းပင်ဖြစ်သည်။ ရှီလောင်စာချုပ်သည် အလင်းဝင်စာချုပ် မဟုတ်ကြောင်း ဝန်ခံခြင်းလည်း ဖြစ်သည်။ ထိုပြင် “ကျွန်တော်တို့အကုန်လုံး နအဆက နှင့် အတူတကွ ပျက်စီးကြမလား” ဟုမေးခြင်းအား ဖြင့် နအဆကဖွဲ့စည်းခဲ့ခြင်းသည် မှားခဲ့ကြောင်း ဝန်ခံရာလည်းရောက်သည်။ ထိုဟာသည် သူ့အနေဖြင့်သူ့၏မှားယွင်းချက်ကို၉၅% အထိဝန်ခံလာခဲ့ခြင်းဖြစ်သည်။သို့သော်လည်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကိုဖျက်သိမ်းကြောင်းကြေငြာရန် သူ့မှာသတ္တိ လုံးဝမရှိသည်မှာကား
အံ့ဩစရာမဟုတ်ပါ။ ထို့သူမှားယွင်းကြောင်း သိရှိလာသော်လည်း အမှားကို ရာနှုန်းပြည့်ဝန်ခံပြီး နအဆကကို ဖျက်သိမ်းကာနာဂအမျိုးသားများပြန်လည် စည်းလုံးညီညွတ်ရေးအတွက် မလုပ်ဆောင်
သည်မှာ အမှားကိုသိလျက်နှင့် ထပ်မံ၍ကျူးလွန်နေခြင်းသာဖြစ်သည်။ထိုပြင်နိုင်ငံရေးမှာ သတ္တိရှိရှိဖြင့် ဆုံးဖြတ်ချက်မချနိုင်ခြင်းကိုပေါ်လွင်စေသည်။ထိုသို့သတ္တိရှိရှိနှင့်နိုင်ငံရေးမှာဆုံးဖြတ်ချက်မချနိုင်သူသည်။သူရဲဘောကြောင်သူဖြစ်သည်။ဆိုရှယ်လစ်အစိုးရဖွဲ့စည်းပါကအမျိုးသားစည်းလုံးညီညွတ်ရေးပျက်စီး
မည်ဟုကျွန်တော်တို့က တင်ပြခဲ့ခြင်းကို လက်မခံပယ်ချပြီး ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်းခဲ့သည်။ ခုလည်း
ထိုဟာကို မဖျက်သိမ်းပါက အမျိုးသားပြန်လည်ပေါင်းစည်းရေး မဖြစ်နိုင်ဆိုသည်ကိုသိလျက်နှင့် လုပ်နေသည်။ ထို့ကြောင့် နာဂအမျိုးသား စည်းလုံးညီညွတ်ရေးကိုပျက်ပြားအောင် တမင်တကာ လုပ်လာခဲ့သလော။ လုပ်နေကြသလော။ ထိုဆိုရှယ်လစ်အစိုးရဖွဲ့စည်းခဲ့ခြင်းသည် နာဂအမျိုးသားများ
အတွက်တကယ်လိုအပ်သောလုပ်ရပ်တစ်ခုဖြစ်ခဲ့သလော။တိုင်းပြည်တည်ထောင်ရန်ဆိုရှယ်လစ်အစိုးရမှာလမ်းစပျောက်နေသော်လည်း ထိုအစိုးရကိုဆက်လက်ထားရှိသွားမည်လော။ ယနေ့လူငယ်များအနေ
ဖြင့်စဉ်းစားစရာပင်။ကျနော်နိုင်ငံခြားသို့ရောက်လာပြီးနိုင်ငံခြားခေါင်းဆောင်များနှင့်ဆွေးနွေးကြသောအခါခေါင်းဆောင်တစ်ယောက်ကကျနော်အားမေးခဲ့သည်မှာ-နာဂတို့အတွက်ဆိုရှယ်လစ်အစိုးရဖွဲ့စည်းဖို့
တကယ်လိုလားခဲ့သလားဟုမေးခဲ့သည်။ထိုအဖြေကိုယနေ့လူငယ်များမည်သို့ဖြေကြမည်နည်း။ မလို
လားပါက နာဂအမျိုးသားကောင်စီနှင့် အဘယ်ကြောင့် ပြန်လည်၍မပေါင်းစည်းနိုင်သနည်း။ပထမတွင် ကွန်မြူနစ်ဆိုရှယ်လစ် နိုင်ငံမှအပြည့်အဝထောက်ခံမှုကို ရရှိရန်အတွက်ဆိုရှယ်လစ်အစိုးရဖွဲ့စည်းရန် လိုသည်ဟုစည်းရုံးခဲ့သည်။သို့သော်ဆိုရှယ်လစ်အစိုးရဖွဲ့စည်းခဲ့သောနေ့တွင် နာဂအမျိုးသားကောင်စီ ရှုံးပြီဖြစ်သောကြောင့် တိုင်းပြည်ကယ်တင်ရန် အတွက်ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်းခြင်းဖြစ်သည်ဟု ကြေငြာခဲ့သည်။ သို့ရာတွင် ထိုအချက်သုံးခုစလုံး တစ်ခုမှမမှန်ပါ။ အပြည့်အဝထောက်ခံမှုလည်းမရ။ နအက ရှုံးပြီဆိုသည်မှာလည်းမမှန်။ နအဆက ဖွဲ့စည်း၍ တိုင်းပြည်ကို ကယ်တင်လိုက်သည် ဆိုသည်မှာလည်းမုသားစကားသာဖြစ်လာခဲ့သည်။နအဆကဖွဲ့စည်း၍တိုင်းကိုပျက်စီးစေခဲ့သည်ဆိုသည့်
မှတ်တမ်းသာ သမိုင်းတွင်တင်ခဲ့သည်။ယနေ့လူငယ်တွေ အားလုံးသိသည့်အတိုင်း ကမ္ဘာတွင် စနစ်ဆိုးများဖြစ်ခဲ့ကြသောသက်ဦးဆံပိုင်ဘုရင်စနစ်။ အရင်းရှင်ဝါဒ။ လူတန်းစားခွဲခြားရေးစနစ်။  မြေပိုင်ယာပိုင်ရှင်စနစ်စသည်တို့ကိုဖယ်ရှားပြီးတန်းတူညီမျှသောလူမှုရေးစနစ်နှင့်အလုပ်သမားလူတန်းစား(ဝါ)အစိုးရကပိုင်ဆိုင်သောစက်မှုလုပ်ငန်းများ။စီးပွါးရေးလုပ်ငန်းများဖြစ်လာစေရေးအတွက်ဆိုရှယ်လစ်ကွန်မြူနစ် မူဝါဒ (Manifesto) ကို ကားလ်မတ်စ် (Kalr Marx) သည်လွန်ခဲ့သောနှစ်ပေါင်း ၁၆ဝ ကျော်။ ၁၈၄၈-ခုနှစ်တွင်ထုတ်ဝေခဲ့သည်။  ထိုမူဝါဒကို ဆိုဗီယက်ရုရှား နိုင်ငံတွင်လီနင်ဝါဒ။ စတာလင်ဝါဒဟု ခေါ်ဝေါ်ကာ ပထမဦးဆုံး ကျင့်သုံးခဲ့သည်။ သို့သော်မအောင်မြင်ခဲ့ပါ။နှစ်ပေါင်း ၇ဝ-ကျော်တွင် ဆိုဗီယက်ရုရှားနိုင်ငံ၏ ဆိုရှယ်လစ်ယန္တရားပျက်သုဉ်းသွားခဲ့ပြီး ဆိုဗီယက်နိုင်ငံသည်လည်း ပြိုကွဲသွားခဲ့သည်။ဤဖြစ်ရပ်ကြောင့်ဥရောပတွင်ဆိုရှယ်လစ်နိုင်ငံများအားလုံးချက်ခြင်းပျက်သုဉ်းကုန်ပြီး ဒီမိုကရေစီနိုင်ငံများဖြစ်လာခဲ့ကြသည်။မြန်မာနိုင်ငံတွင်ဗိုလ်နေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လည်း မအောင်မြင်ခဲ့ပါ။မြန်မာနိုင်ငံအား အဆင်းရဲဆုံးနိုင်ငံ အဖြစ်သို့တွန်းပို့ခဲ့ခြင်းသာ အဖတ်တင် ခဲ့သည်။ ၁၉၈၈-ခုနှစ်တွင်သူ့၏ဆိုရှယ်လစ်လမ်းစဉ် ကုန်ဆုံးခဲ့သည်။ ယခုလက်ရှိ ဆိုရှယ်လစ်နိုင်ငံတွေမှာလည်း
ဆိုရှယ်လစ်ဝါဒ၏အဓိကမူ(Principle)သုံးရပ်ဖြစ်သော(၁)တစ်ပါတီအာဏာရှင်စနစ်။(၂)ဗဟိုမှချုပ်ကိုင်သော အုပ်ချုပ်ရေးစနစ်နှင့် (၃) အစိုးရထိန်းချုပ်သော ဈေးကွက်စီးပွါးရေးစနစ်စသည်တို့ကို အပြောင်းအလဲများစွာပြုလုပ်လာပြီး ဗဟိုမှချုပ်ကိုင်သော စနစ်လျှော့ပေါ့လာခြင်း။  ဈေးကွက်စီးပွါးရေး
စနစ်ကို ထူထောင်လာခြင်းစသည် တို့ကို တွေ့ရသည်။ွှသို့ကမ္ဘာတွင် ဆိုရှယ်လစ်မူဝါဒသည်အပြောင်း
အလဲဖြစ်လာနေသောအချိန်တွင်။ဦးမွေဝါးသည်တစ်ပါတီအဏာရှင်စနစ်ဖြစ်ရမည်။ဗဟိုမှထိန်းချုပ်သောအစိုးရစနစ် ထူထောင်ရမည်ဟု ကြွေးကျော်၍ ဆိုရှယ်လစ်မူဝါဒ လက်မခံသူမှန်သမျှကို သတ်ပစ်ကာ ဆိုရှယ်လစ်အစိုးရဖွဲ့စည်းလာခဲ့သည်။ ဤသို့ပြုလုပ်ခြင်းသည် မှန်ကန်သောခြေလှမ်း ဖြစ်သည်ဟု ထင်မြင်ယူဆနိုင်ဘွယ်ရာ အကြောင်းလုံးဝမရှိပါ။ အဘယ်ကြောင့်ဆိုသော် (၁) အချက်အနေဖြင့်-ကျွန်တော်တို့သည်မူဝါဒအတွက်တော်လှန်ရေးဆင်နွှဲနေခြင်းမဟုတ်။တိုင်းတပါးမှကျူးကျော်လာခြင်းကို ခုခံတိုက်ခိုက်ပြီး မိမိနိုင်ငံ၏အချုပ် အခြာအာဏာ။ လွတ်လပ်ရေးကို ကမ္ဘာမှအသိအမှတ်ပြုလာရန် တိုက်ပွဲဝင်နေခြင်းသာဖြစ်သည်။ ထိုသို့ တိုက်ခိုက်ရာတွင်  ဆိုရှယ်လစ်မူဝါဒ လက်ခံမှသာလျှင် နာဂအမျိုးသားများသည် လျင်မြန်စွာ အောင်ပန်းဆွတ်ခူးနိုင်မည်ဟုမွေဝါတို့ ယုံကြည်ခဲ့ကြသည်။ သို့သော် ထိုယုံကြည်ချက်သည် လုံးဝမှားကြောင်း သူတို့၏ဆိုရှယ်လစ် သက်တမ်း နှစ်ပေါင်း (၃ဝ) အတွင်း သက်သေထူခဲ့ပြီဖြစ်သည်။အချက် (၂) အနေဖြင့်ပြောမည်ဆိုလျှင် နာဂနိုင်ငံတွင် သက်ဦးဆံပိုင်ဘုရင်စနစ်။လူတန်းစားခွဲခြားသောစနစ်။ မြေပိုင်ယာပိုင်ရှင်စနစ် စသည့်စနစ်ဆိုးများ မရှိသောကြောင့်။အခြားသော ကမ္ဘာ့နိုင်ငံများမှာလို ဆိုရှယ်လစ်မူဝါဒကိုလက်ခံပြီး နိုင်ငံရေး လူမှုရေး စနစ်ဆိုးများကိုတိုက်ဖျက်သွားမည်ဟူ၍ကြွေးကျော်ပြီးမူဝါဒတော်လှန်ရေးဆင်နွှဲရန်အကြောင်းလုံးဝမရှိပါ။နောင်တွင်ထိုစနစ်ဆိုးများနာဂနိုင်ငံတွင်လည်းဖြစ်ပေါ်လာနိုင်သောကြောင့်ခုမှစပြီးဆိုရှယ်လစ်မူဝါဒကို ကျင့်သုံးရမည်ဟု သူတို့ကဆင်ခြေပေးခဲ့သည်။ သို့သော်ထိုဟာသည် လက်ခံနိုင်ဘွယ်ရာမရှိပါ။ အပြစ်မရှိသော ကလေးငယ်အား ကြီးလာသောအခါလူဆိုးဖြစ်မည်ဟု ယူဆကာ သတ်ပစ်သော လုပ်ရပ်မျိုးသာဖြစ်သည်။ရှေးပဝေသဏီမှစ၍နာဂလူမျိုးများသည်အာဏာရှင်များဖြင့် အုပ်ချုပ်ခဲ့သည်ဟူ
၍မရှိ။ အင်္ဂလိပ်လူမျိုးများပင်လျှင် နာဂလူမျိုးများ၏ အုပ်ချုပ်ရေးစနစ်သည်  အင်မတန်မှ သန့်စင်သော ဒီမိုကရေစီ (Pure democracy) ဖြစ်သည်ဟု အံ့အားသင့်စွာ  မှတ်တမ်းတင်သွားခဲ့သည်။ နာဂလူမျိုးများသည် အာဏာရှင်စနစ်ကင်းသော။ လူတန်စားခွဲခြားမှုကင်းသောတန်းတူညီမျှသော လူမှုရေးစနစ်တွင် ပျော်မြူးနေထိုင်လာခဲ့သော လူမျိုးများဖြစ်သည်။ထို့ကြောင့် မွေဝါး၏ဆိုရှယ်လစ် အာဏာရှင်စနစ်သည် နာဂလူမျိုးများအတွက် သူစိမ်းဖြစ်သည်။ စနစ်ဆိုးကြီးဖြစ်သည်။ ထိုစနစ်ဆိုးကို နာဂပြည်သူလူထု လက်မခံ တွန်းလှန်လာခဲ့ကြသည်။ ထိုအခါ အကြမ်းနည်းဖြင့် ပြည်သူများ၏ စိတ်နှလုံးသားထဲသို့သူတို့၏မူဝါဒကိုသွတ်သွင်းရန်ကြိုးစားလာခဲ့ကြသည်။သို့သော်မအောင်မြင်ခဲ့ပါ။ဤသို့နာဂလူမျိုးတို့မလိုအပ်သော ဆိုရှယ်လစ်စနစ်ကို ယူဆောင်လာသောအခါ နာဂညီအစ်ကိုများအချင်း
ချင်းရန်သူဖြစ်လာခဲ့ကြသည်။ထို့ကြောင့်နာဂအချင်းချင်းငြိမ်းချမ်းစွာနေထိုင်ရေး လုံးဝပျက်ပြားသွားစေခဲ့
သည်။ ထို့ပြင်နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ဖွဲ့စည်းသည့်နောက်ပိုင်း နာဂတိုင်းပြည်တွင်စနစ်ဆိုး
များစွာပေါ်ပေါက်ခဲ့သည်။ဥပမာ-ပြည်သူများအားခြိမ်းခြောက်ပြီးငွေတောင်းစားခြင်း။ခရီးသည်မော်တော်
ကားများကိုဓါးပြ (သေနတ်ပြ) တိုက်ခြင်း။ ဓါးစာခံဖမ်းပြီး ငွေတောင်းစားခြင်း။ လိမ်လည်လှည့်ဖြားခြင်း။
လူ့အသက်ကို တန်ဖိုးမထားပဲ သတ်ဖြတ်ခြင်း။ လွတ်လပ်စွာ ရေးသားခွင့် ပြောဆိုခွင့်များပိတ်ပင်ခြင်း စသည့်စနစ်ဆိုးများပေါ်လာခဲ့သည်။ထိုကြောင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီဖွဲ့စည်းခြင်းသည်
နာဂလူမျိုးများအတွက် မလိုလား မအပ်စပ်သော လုပ်ရပ်သာဖြစ်သည်သာမက မဟာအမှားကြီးကို ကျူးလွန်ခဲ့သည်။
(၅)  သစ္စာဖေါက် လုပ်ရပ်များ
(က) နာဂအမျိုးသားကောင်စီမှ ခွဲထွက်ပြီး အခြားပါတီများထူထောင်ခြင်းသည် ၁၉၅၅ ခုနှစ် ဧပြီလ (၂၇) ရက်တွင်ပြဌါန်းခဲ့သော နာဂအမျိုးသားရေးဥပဒေ (Naga national Law) ကိုချူးဖေါက်ရာ
ရောက်သဖြင့် ထိုသို့ပါတီသစ် ထူထောင်ခြင်းသည် မှားသည်။ သစ္စာဖေါက် လုပ်ရပ်ဖြစ်သည်။ ထိုဥပဒေမှာအောက်ပါအတိုင်းဖြစ်သည်။ “မည်သူတဦးတယောက်ဖြစ်စေ၊ အများဖြစ်စေ၊နာဂအမျိုးသား
များ၏စည်းလုံးညီညွတ်ရေးနှင့်နာဂလန်း၏ကောင်းရာကောင်းကျိုးကိုဖျက်ဆီးခြင်းအလို့ငှါလုပ်ဆောင်မှု (ဝါ)အားပေးကူညီမှု သော်လည်းကောင်း။ အဖွဲ့အစည်း ဖွဲ့စည်း၍ အမျိုးသားနိုင်ငံရေး ယန္တရားနှင့် အမျိုးသားများ၏ ထုံးတမ်းစဉ်လာကို ဆန့်ကျင်ရန် အခြားနိုင်ငံတစ်နိုင်ငံ (ဝါ) နိုင်ငံအများ၏အကူအညီ
ကိုယူ၍သော်လည်းကောင်း။မယူ၍သော်လည်းကောင်း။လုပ်ဆာင်ပြုမူပါကထိုသူတို့အားနိုင်ငံတော်သ
စ္စာဖေါက်ဟုသတ်မှတ်မည်။
”(ခ)နာဂတိုင်းပြည်သည်လွတ်လပ်သောနိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျှောက် ၁၉၅၆ ခုနှစ်တွင် အခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး ထိုနှစ် မတ်လ(၂၂)ရက်နေ့တွင် ထိုဥပဒေကိုနာဂတား
တာဟော်ဟော-Tatar Hoho (ပါလီမန်လွတ်တော်)မှ အတည်ပြုခဲ့သည်။ထိုအခြေခံဥပဒေသည် နာဂလူမျိုးတို့၏ဖိုးဖွားစဉ်ဆက် ကျင့်သုံးလာခဲ့သော ဒီမိုကရေစီမူကိုအခြေခံပြီး ရေးဆွဲခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ဖက်ဒရယ်မူကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်။ ထို့ကြောင့် လူမျိုးစုတိုင်းသည်  မိမိတို့၏ လူမျိုးစုအလိုက် အထူးအုပ်ချုပ်ခွင့်အာဏာကို ရရှိကြသည်။ ဤအခြေခံ ဥပဒေတွင် နိုင်ငံရေးပါတီဖွဲ့စည်းရန် ပုဒ်မ မပါရှိပါ။နာဂအမျိုးသားကောင်စီသည်သာလျှင် တခုတည်းသော အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ဖြစ်သည်။ ထို့ကြောင့် ဆိုရှယ်လစ် အစိုးရဖွဲ့စည်းခြင်းသည် ဤအခြေခံဥပဒေကို ချိုးဖေါက်သဖြင့် ထိုလုပ်ရပ်သည် တိုင်းပြည်အပေါ် သစ္စာဖေါက်သော လုပ်ရပ်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် အခြေခံဥပဒေ တစ်ခုစီသာရှိသည်။ ထိုဥပဒေအရသာ အစိုးရကို ဖွဲ့စည်းကြပြီး။ ထိုဥပဒေဘောင်၏ အပြင်ဘက်တွင် ဖွဲ့စည်းသောအစိုးရသည် တရားမဝင်သော အစိုးရဖြစ်သည်။
(ဂ) ထို့ပြင် နာဂတပ်မတော်မှာလည်း စစ်သည်တော်များလိုက်နာရန် စစ်ဥဒေကိုရေးဆွဲထား
သည်။ ထို့ကြောင့်ထိုဥပဒေကို မလိုက်နာသောသူများသည် သစ္စာဖေါက်များဖြစ်သည်။
(ဃ) ရန်သူနှင့် လက်တွဲခြင်းသည် သစ္စာဖောက်သည့် လုပ်ရပ်ဖြစ်သည်။
ရှေ့စာမျက်နှာများတွင် ခယမ်ညူးငန်း နယ်မြေ၊ ကြာခေဆန်နယ်မြေ၊ Zeliangrong နယ်မြေများတွင် ရန်သူနှင့်လက်တွဲပြီး အီဆက်-မွေဝါအဖွဲ့တို့က မိမိနာဂ အမျိုးသားများကို မည်သို့မည်ပုံ တိုက်ခိုက်လာခဲ့ကြသည်ကို ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ထို့ပြင် ရံဖန်ရံခါအိနိယြစစ်တပ်ကားများ
ဖြင့်လည်း သူတို့အားပို့ဆောင်ပေးခဲ့သည်။ ဥပမာ-ဦးခပ်လန်အဖွဲ့အားတိုက်ရန်အတွက် Nukte နှင့် Tangsa နယ်မြေ (Khunsa and Changlang areas) သို့ အိန္ဒိယစစ်တပ်ကားများဖြင့် အီဆက်-မွေဝါ လက်နက်ကိုင်တပ်ဖွဲ့တို့အား ပို့ဆောင်ပေးခဲ့သည်။ ထိုသို့မပို့ပါက သူတို့သည်အာသန်ပြည်နယ်နှင့်
Konyak နယ်မြေကို ဖြတ်ကျော်ပြီး Nukte နှင့် Tangsa နယ်မြေသို့ လက်နက်အပြည့်အစုံဖြင့် ရောက်နိုင်ရန်လမ်း လုံးဝမရှိပေ။မွေဝါးအား၂ဝဝဝ ခုနှစ်ဇန္နဝါရီလတွင် ယိုးဒယား (Thai) အစိုးရက Passport အတုကိုင်ဆောင်မှုဖြင့် ဖမ်း၍ထောင်ချခဲ့သည်။ ထိုအခါ အိန္ဒိယ ထောက်လှမ်းရေး RAW တို့
ကကယ်တင်ပြီး မွေဝါး-အီဆက်တို့အား အိန္ဒိယ passports (နိုင်ငံ ခြားကူးလက်မှတ်)များထုတ်ပေးခဲ့
သည်။ ထိုလက်မှတ်ကိုင်ဆောင်ပြီး တကမ္ဘာလုံးသို့ သွားလာနိုင်ခဲ့ကြသည်မှာဂုဏ်ယူစရာမဟုတ်ပေ။ ထို့ပြင်မွေဝါးသစ္စာခံ ခေါင်းဆောင်များ အားလုံးအားလည်း India passport နှင့် မှတ်ပုံတင်ကပ်များကို ထုတ်ပေးခဲ့သည်။ ထို့ကြောင့် သူတို့သည် Thailand သို့မဟုတ် အခြားနိုင်ငံများသို့ မကြာခဏ သွားခဲ့ကြသည်။
၂ဝဝ၄-ခုနှစ် ဒီဇင်ဘာလ(၁၄) တွင် မွေဝါး-အီဆက်တို့ အိန္ဒိယမြို့တော် နယူးဒေလီမှနာဂလန်း
သို့ရောက်လာသောအခါအိန္ဒိယအစိုးရကသူတို့အခေါ် Z+ full proof security (အာဏာကုန်လုံခြံရေး) ပေးပြီး မွေဝါး-အီဆက်တို့အား ကာကွယ်စောင့်ရှောက်ခဲ့သည်။ Dimapur မှ Hebron Camp သို့ သူတို့ နှစ်ဦးအား အိန္ဒီစစ်တပ်ကကျည်ဆံခံ (bullet proof) ကားများဖြင့် သယ်ဆောင်သွားခဲ့ကြသည်။ အကြောင်းမှာနာဂမျိုးချစ်တပ်သားများကသူတို့အားသစ္စာဖေါက်ဟူ၍လုပ်ကြံမည်ကို စိုးရိမ်သောကြောင့်
ထိုသို့အဆင့်အမြှင့်ဆုံးသောလုံခြုံရေးကိုပေးခဲ့ခြင်းဖြစ်သည်။ (စကားချပ်- အိန္ဒိယအစိုးရ၏အာဏာကုန်
လုံခြုံရေးဆိုသည်မှာ နိုင်ငံတော် သမ္မတနှင့် ဝန်ကြီးချုပ်တို့ကိုသာ ပေးရသောလုံခြုံရေးဖြစ်သည်)။ ဤအချက်ကို ကြားသိရသောအခါ ကမ္ဘာက အီဆက်-မွေဝါတို့သည်အိန္ဒိယအစိုးရ၏ လက်ပါးစေ (lackey) များဖြစ်ကြာင်း သိလာခဲ့ကြသည်။အထက်တွင်ဖေါ်ပြသော အချက်များသည်အီဆက်-မွေဝါး
အဖွဲ့တို့အိန္ဒိယအစိုးရနှင့်မည်သို့မည်ပုံ လက်တွဲလုပ်ဆောင်လာခဲ့ကြသည်ကို အသေးစိပ်ဖေါ်ပြခြင်း မဟုတ်ပဲအဓိက အချက်ကြီးများကိုသာ ဖေါ်ပြခြင်းဖြစ်သည်။ ဤအချက်များသည်ပင်လျှင် အီဆက်-မွေဝါးအဖွဲ့သည် ရန်သူနှင့်လက်တွဲသော ရန်သူ၏ လက်ပါးစေများ၊ သစ္စာဖေါက်များဖြစ်ကြောင်း သိသာခိုင်လုံပြီဖြစ်သည်။
(၆) နအကကို ခွဲပစ်ရန် ရန်သူ၏ ကြိုးပမ်းချက်
အိန္ဒိယခေါင်းဆောင်များ၏ပေါ်လစီမှာမွေဝါတို့ကနအဆကကိုဖွဲ့စည်းပြီးနာဂအမျိုးသားကောင်စီအားအပြတ်ရှင်းရန် ဖြစ်ခဲ့သည်မှာ ယုံမှားသံသယရှိစရာမလိုပေ။သို့သော် နအဆက အနေဖြင့် နာဂအမျိုးသားကောင်စီအားအပြတ်မရှင်းနိုင်ခဲ့သည့် အပြင်နအဆကအဖွဲ့သည် သီးသန့်အဖွဲ့အဖြစ်သာ
ရပ်တည်လာခဲ့သည်။ ထိုဏ္ဍကြောင့် အိန္ဒိယအစိုးရသည် နအက အားခွဲပစ်ရန် ကြိုးပမ်းလာခဲ့ပြန်သည်။ ဤသို့ပြုလုပ်ရန်၁၉၉ဝ-ခုနှစ်နအကဥက္ကဌကြီးဦးဖီဇိုကွယ်လွန်သွားသောအခါစတင်ခဲ့သည်။အထက်တွင်
ဖေါ်ပြသည့်အတိုင်းဦးဖီဇိုသည်အသက် ၈၆-နှစ်(၁၉ဝ၄-မေလ ၁၆ မှ ၁၉၉ဝ-ဧပြီလ-၃ဝ)တွင်လန်ဒန်မြို့
သူ့၏နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ထိုသို့ကွယ်လွန်ပြီး သုံးနာရီ အတွင်း ဖီဇိုနှင့်အတူစေလွတ်ခဲ့သော ဝါရင့်ခေါင်းဆောင်နှစ်ဦးဖြစ်ခဲ့ကြသည့်ဦးKhudau Yanthan နှင့် ဦး Yongkong (နှစ်ဦးစလုံးကွယ်လွန်) သူတို့က ဖီဇို၏သမီး Ms.Adinno အား ယာယီအားဖြင့် နအက ဥက္ကဌ တင်မြောက်ခဲ့သည်။ ထို့ပြင် ပြည်တွင်းရှိခေါင်းဆောင်များကလည်း တညီတညွတ်တည်း မေလ (၁) ရက် မနက်တွင် Ms.Adinno အားယာယီဥက္ကဌအဖြစ်တင်မြောက်ခဲ့သည်။ ထိုဟာသည် လန်ဒန်တွင်ခေါင်းဆောင်နှစ်ဦး၏လုပ်ဆောင်
ချက်ကို မသိပဲပြုလုပ်ခဲ့သော်လည်း တူညီသောလုပ်ရပ်ကို နာရီအနည်းငယ်ခြားပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ွှသို့ဝမ်းနည်းသောသတင်းကို ရရှိပြီး နာဂအမျိုးသားကောင်စီမှ နာဂပြည်သူလူထုအား မေလတစ်ရက်နေ့တွင် နာဂကလပ်(Naga Club building) အဆောက်အအုံတွင်အစည်းအဝေးလာကြ
ရန် ဖိတ်ခေါ်ခဲ့သည်။ ထိုဖိတ်ခေါ်စာကို ကိုဟီးမာရွာမှ လူငယ်အယောက် (၄ဝ)ကျော်တို့သည် သူတို့၏ဆိုင်ကယ်များဖြင့် ချက်ခြင်း ဝေပေးခဲ့ရာ  လူမျိုးစုပေါင်းစုံမှ နာဂများသည် ထိုဝမ်းနည်းသော သတင်းကိုကြားရ၍ ရာနှင့်ချီပြီး ထိုအစည်းအဝေးသို့ လာရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် နာဂ အမျိုးသားကောင်စီမှ ကျနော်တို့၏ ခေါင်းဆောင်ရုပ်အလောင်းအား လန်ဒန်တွင်မြှပ်နှံမည်လော သို့မဟုတ် အမိနိုင်ငံသို့ယူဆောင်လာပြီး ကြီးကျယ်ခမ်းနားစွာဖြင့်နိုင်ငံတော်ဈာပန ပြုလုပ်ကာသင်္ဂြိုလ်
မည်လောဟုမေးလိုက်ရာ အလုပ်ပေါင်းစုံမှ နာဂများသည်တညီတညွတ်တည်း ရုပ်အလောင်းကို အမိနိုင်ငံသို့ယူဆောင်လာရန်ဆုံးဖြတ်ခဲ့ကြသည်။သို့သော်ရန်သူ့လက်ပါးစေများက ထို ဆုံးဖြတ်ချက်ကို
ဆန့်ကျင်ခဲ့ပြီး ရုပ်အလောင်းကို လန်ဒန်၌သာ မြှုပ်နှံသင့်ကြောင်း စောဒက တက်ခဲ့သည်။ နာဂပြည်သူ
လူထု၏ လိုလားချက်အတိုင်း ရုပ်အလောင်းကို သယ်ဆောင်လာနိုင်ရန်အတွက် ပထမဦးဆုံး ဆေမားခေါင်းဆောင်တစ်ယောက်ကရူပီငွေတစ်သိန်းငါးသောင်းလှူဒါန်းခဲ့သည်။ထိုသို့အလှူငွေထည့်
ဝင်လာခဲ့ကြရာသိန်းလေးဆယ်ကျော်ခေါင်းဆောင်ကြီး၏ဈာပနအတွက်ကောက်ခံရရှိခဲ့သည်။ ဤသို့ဖြင့်
နာဂခေါင်းဆောင်များကိုလန်ဒန်သို့ ထိုနေ့ မေလ (၁)ရက်နေ့တွင်ပင် ချက်ခြင်းစေလွတ်ခဲ့သည်။ အလောင်းကိုမပုပ်မသိုးစေရန် (embalm) ဆေးစီရင်မှုမှာ အချိန်ကြာခဲ့သဖြင့် မေလ(၁ဝ) ရက်နေ့မှထို
အလောင်းကို သယ်ဆောင်လာနိုင်ခဲ့သည်။ လန်ဒန်အစိုးရမှ အလောင်းကို ပစ္စည်းပို့သည့်အလား ဦးနီးဒေလို (Baptist ကောလိပ်ကျောင်းအုပ်ဆရာ၊ ဖီဇို၏ သားမက်) ၏လိပ်စာဖြင့်ပို့ခဲ့ခြင်းဖြစ်သည်။ အလောင်းမှာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီသို့ ရောက်လာသောအခါအိန္ဒိယစစ်အရာရှိများ ရောက်လာပြီးဦးဖီဇို၏ passport ကိုအလင်းဝင်စေရန်တောင်းခဲ့ကြောင်း။ ထိုအခါအလောင်းသယ်
ဆောင်လာသူ နာဂခေါင်းဆောင်များက ကျနော်တို့ သူ့ရဲ့ passport ယူမလာခဲ့ဘူး။ ကျနော်တို့ ခေါင်းဆောင်ကြီးကွယ်လွန်ပြီဒါဟာအလောင်းကောင်ပဲ။ဒီအလောင်းကိုခင်ဗျားတို့ဘာလုပ်ချင်သေးတာလဲ။ ခင်ဗျားတို့လုပ်ချင်ရာလုပ်နိုင်တယ်။ ခင်ဗျားတို့ယူမယ်ဆိုရင်လည်း ကျနော်တို့ပေးထားခဲ့မယ်ဟု ခပ်
တည်တည်သာပြောခဲ့ကြောင်း။ထိုအလောင်းအတွက်ပြဿနာလုပ်ပါကကမ္ဘာမှာအိန္ဒိယသာအရှက်ကွဲ
မည်ဖြစ်သောကြောင့် အလောင်းကို နာဂလန်းသို့ သယ်ဆောင်ခွင့်ပေးခဲ့သည်။ အလောင်းနယူးဒေလီမှ နာဂလန်းသို့ သယ်ဆောင် လာရန်အတွက် အိန္ဒိယလေယာဉ်ပျံတစ်စင်း ရူပီးငွေနှစ်သိန်း (၂ဝဝဝဝဝ) ဖြင့်ငှါးခဲ့သည်။ခေါင်းဆောင်ကြီး၏ ရုပ်အလောင်းကို  ကြိုဆိုရန်အတွက် ဒီမာပို လေဆိပ်တွင်မနက်
(၁ဝ) နာရီမှစပြီး နာဂလူမျိုးများသောင်းနှင့် ချီပြီးစုရုံးခဲ့ကြသည်။ စာရေးသူလည်း အပါအဝင်ဖြစ်သည်။ မေလရှစ်ရက်နှင့် ကိုးရက်နေ့များတွင် မိုးတနေကုန် ရွာခဲ့သော်လည်း မေလဆယ်ရက်နေ့ တွင် မိုးသားကင်းသဖြင့် နေခြစ်ခြစ်တောက်ပူခဲ့သည်။ အထက်တွင်ဖေါ်ပြသည့်အတိုင်း အိန္ဒိယတို့၏ အနှောက်အယှက်ကြောင့် ရုပ်အလောင်းသယ်လာသော လေယာဉ်ပျံသည် မှန်းထားသည့်အချိန်တွင် မရောက်နိုင်ခဲ့ပါ။အင်မတန်ပူပြင်းသောနေပူထဲတွင်စောင့်နေခဲ့ကြသည်။သို့သော်ညနေသုံးနာရီကျော်အချိန်တွင်မိုးကောင်းကင်ချက်ခြင်းမှောင်မည်း၍လာခဲ့သည်။ထိုအခါလေလည်းတိုက်သည်။မိုးလည်းရွာချသည်။ မိုးကြီးလေကြီးတော့မဟုတ်ပါ။ အားလုံးစိုရွှဲအောင်ရွာသော မိုးမဟုတ်သဖြင့် အပူဒဏ်ခံပြီး စောင့်နေသူများ အဖို့တော်ရုံသာဖြစ်သွားသည်။ ထိုသို့ ငါးမိနစ်လောက် လေတိုက် မိုးရွာလိုက်ပြီး ချက်ခြင်းမိုးသားကင်းစင်သွားပြန်သည်။ ထိုအခါခေါင်းဆောင်ကြီး၏ ရုပ်အလောင်းသယ်ဆောင်လာ
သောလေယာဉ်ပျံဝင်လာမည့်ဘက် တောင်ခြေရင်းမှ တောက်ပသော သက်တံပေါ်ခဲ့သည်။ ကျွန်တော်
တို့၏ခေါင်းဆောင်ကြီးအား နောက်ဆုံးဂါရဝပြု ကြိုဆိုသည့်အလားဖြစ်ခဲ့သည်။ ထိုသက်တံအား သ
တင်းထောက်များနှင့် စောင့်နေကြသူများက ဓါတ်ပုံရိုက်ကြ ရုပ်ရှင်ရိုက်ကြ အပြီးတွင် ရုပ်အလောင်း
သယ်ဆောင်လာသောလေယာဉ်ပျံဝင်လာပြီးခေါင်းဆောင်ကြီးအင်မတန်ချစ်မြတ်နိုးသောအမိမြေသို့
ဆင်းသက်လာခဲ့သည်။ဤဟာသည်ကားသူ၏နောက်ဆုံးခရီးပင်တည်း။နာဂလူမျိုးများနှင့်အိန္ဒိယလူမျိုးများအားလုံးမိမိတို့လူမျိုးစုအလိုက် ပန်းကုံးများချပြီး ဂါရဝပြုခဲ့ကြသည်။ ဥက္ကဌကြီး၏ ရုပ်အလောင်းအား ကိုဟီးမားမြို့တော်သို့ ထိုနေ့ညနေငါးနာရီလောက်မှစပြီး သယ်ဆောင်လာရာ ည (၁၁) နာရီ လောက်မှ ကိုဟီးမားမြို့တော်သို့ရောက်ခဲ့သည်။(တစ်နာရီခွဲမောင်းရသောလမ်းခရီး)။ခရီးတွင် ဂျစ်ကားအစီးပေါင်း ငါးရာကျော်ပါဝင်ခဲ့သည်။လမ်းဘေးရှိရွာများမှရွာသူရွာသားများသည်ဖယောင်းတိုင်မီးထွန်းပြီးငိုယိုလျက်
 ခေါင်းဆောင်ကြီးအားကြိုဆိုခဲ့ကြသည်။အလောင်းကိုဇနီးသည်၏အိမ်တွင်နှစ်နာရီလောက်သာထား
ပြီး ပြည်သူအများ ဂါရဝ ပြုနိုင်ရန် ကိုဟီးမားမြို့လယ်ကွင်းတွင်ထားခဲ့သည်။ ထိုနေ့ညမှစပြီး မေလ (၁၁)ရက်နေ့မွန်းလွဲ(၂)နာရီအထိသိန်းဂဏန်းနှင့်ချီသောပြည်သူများကမိမိတို့၏ခေါင်းဆောင်ကြီးအား နောက်ဆုံးဂါရဝ ပြုခဲ့ကြသည်။ ဤဟာသည် မွေဝါတို့က ဖီဇိုအား သစ္စာဖေါက်ဟု ကြေငြာခဲ့ခြင်းနှင့် လုံးဝကွာခြားခဲ့သည်။  ထိုနေ့ညနေ ငါးနာရီလောက်တွင် ကြီးကျယ်ခန်းနားစွာဖြင့် နာဂလန်း အတွင်းဝန်ရုံးဘေးရှိတောင်ပုတစ်ခုတွင် သင်ဂြိုလ်ခဲ့သည်။ဤသို့ခေါင်းဆောင်ကြီး၏ ရုပ်အလောင်းအား သဂြိုင်္လ်နေချိန်တွင်ရန်သူ၏လက်ပါးစေများသည်ဒီမာပိုတွင်စုဝေးကြပြီးဖီဇိုအားဆက်ခံရန်ခေါင်းဆောင်သစ်အား ၁၉၉ဝ-ခုနှစ် ဇူလိုင်လ (၇) ရက်တွင်ရွေးချယ်မည် ဖြစ်ကြောင်း သတင်းမီဒီယာမှ တဆင့် ဖေါ်ပြခဲ့သည်။ သို့သော်နာဂအမျိုးသားကောင်စီအထွေထွေအတွင်းရေးမှူး ဦးတိုးဘူကနာဂအမျိုးသား
များအား နာဂအမျိုးသားကောင်စီအစည်းအဝေး မေလ(၁၂)ရက်တွင် ပြုလုပ်မည်ဖြစ်သောကြောင့် ထိုအစည်းအဝေးသို့ လာကြပါရန် ဥက္ကဌကြီး၏ ဈာပန အခမ်းအနားတွင် တရားဝင်ဖိတ်ကြားခဲ့သည်။ ထိုသို့အချိန်ဆွဲမနေဘဲပြုလုပ်ခဲ့ခြင်းမှာရန်သူလက်ပါးစေများအား လက်ဦးမှုမပေးရန် အတွက်ဖြစ်သည်။  အစည်းအဝေးကျင်းပခြင်းမှာဖီဇိုအားဆက်ခံမည့် ခေါင်းဆောင်ကိုရွေးချယ်ရန်ဖြစ်သည်။ ခေါင်းဆောင်
ရွေးချယ်ရာတွင်နာဂနိုင်ငံရေးအကြောင်းကောင်းကောင်းနားလည်သူ။တိုင်းပြည်အပေါ်သစ္စာရှိမည့်သူ။
ပြင်ပနိုင်ငံတွင်ရှိနေသည့်သူ။ စိတ်မပြောင်းမလဲပဲ နိုင်ငံတော်၏အခြေခံမူနှင့် ရပ်တည်ချက်ကိုစွဲမြဲစွာ ဆုပ်ကိုင်ထားပြီးတာဝန်ထမ်းဆောင်မည့်သူကိုအဓိကထားစဉ်းစားပြီးရွေးချယ်ခဲ့သည်။ခေါင်းဆောင်သုံးဦး Khudau Yanthan, Yongkong နှင့် Ms. Adinno တို့အထဲမှ တဦးကို ရွေးချယ်ရန်ဖြစ်သည်။  ထိုအစည်းအဝေးတွင်နာဂလူမျိုး(၁၅)မျိုးမှခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အစည်းအဝေးတက်ရောက်လာသူအားလုံးမှ Ms.Adinno Phizo သာလျှင် အထက်ပါအရည်အချင်းနှင့်
ပြည့်စုံသည်ဟု သူမအား နာဂအမျိုးသားကောင်စီ ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြသည်။ဤသို့ဖြင့်နာဂ
အမျိုးသားသမိုင်းတွင် Ms.Adinno သည် ပထမဦးဆုံးသော အမျိုးသမီးခေါင်းဆောင် ဖြစ်လာခဲ့သည်။
နာဂအမျိုးသားများ၏ လုပ်ထုံးလုပ်နည်းအရ နာဂအမျိုးသားကောင်စီ ထိပ်တန်းခေါင်းဆောင်တစ်
ယောက်ယောက်မှ နာဂအမျိုးသားညီလာခံကို ခေါ်ယူပြီး ခေါင်းဆောင်အသစ်ကို ရွေးချယ်လေ့ရှိသည်။ ထိုသို့တရားဝင်ရွေးချယ်သော ခေါင်းဆောင်မဟုတ်ပါကအမျိုးသားညီလာခံ မခေါ်နိုင်ပါ။ ဦးတိုးဘူသည် ၁၉၈၂-ခုနှစ်တွင်နာဂအမျိုးသားညီလာခံမှနအကအထွေထွေအတွင်းရေးမှူးအဖြစ်တရားဝင်ရွေးချယ်ခဲ့
ပြီး နာဂအမျိုးသားကောင်စီဥက္ကဌကြီး ဦးဖီဇိုမှ လုပ်ပိုင်ခွင့်အာဏာကို ပေးအပ်ခဲ့သောခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့်ထိုအချိန်တွင် နအက အထွေထွေအတွင်းရေးမှူး ဦးတိုးဘူ မဟုတ်ပါက နာဂအမျိုးသားညီလာခံ ခေါ်ယူပြီး နအက ဥက္ကဌကို ရွေးချယ်ရန် တရားဝင်လုပ်ပိုင်ခွင့်ရှိသူ မည်သူမျှ မရှိခဲ့ပါ။သို့သော်ဘာမှလုပ်ပိုင်ခွင့်မရှိသောရန်သူ၏လက်ပါးစေများသည် နာဂပြည်သူလူထုမှတရားဝင်
ရွေးချယ်သော ခေါင်းဆောင်ကို လက်မခံဘဲ သူတို့ကြိုက်သော ခေါင်းဆောင်ကို တင်မြောက်ရန် မဆိုင်းမတွ လုပ်ခဲ့ကြသည်။ ရန်သူကလည်းသူတို့၏ လက်ပါးစေများလိုလားသော ခေါင်းဆောင် ဦး Khudar အား လန်ဒန်မှနာဂလန်းသိုဏ္ဍ စေလွတ်ခဲ့သည်။သူမည်ကဲ့သို့ လန်ဒန်မှ နာဂလန်းသို့ လာနိုင်ခဲ့ကြောင်းကို ဦးယားလေက မေးသောအခါ Khudau က လန်ဒန်တွင်ရှိသော အိန္ဒိယသံရုံးမှ သူ့အားခေါ်ယူပြီး သူ့အတွက် နိုင်ငံကူးလက်မှတ်နှင့် ဗိဆာတို့အားလုံး လုပ်ပေးပြီး ငွေပါထုတ်ပေးကာ နာဂလန်းသို့ စေလွတ်ခဲ့ ကြောင်းမဖုံးမကွယ်ပြောပြခဲ့သည်။ရန်သူ့လက်ပါးစေများက သူတို့ စီစဉ်သည့်အတိုင်း အစည်းအဝေးကို ၁၉၉ဝ-ဇူလိုင်လ(၇) ရက်တွင်မလုပ်နိုင်ခဲ့ပါ။ (၁၄) ရက်မှ ထိုအစည်းအဝေးကို မကောက်ကြုံးမြို့တွင်ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် အလင်းဝင်သူများသာ စုဝေးခဲ့ကြသဖြင့်ဆေမားအလင်းဝင်ခေါင်းဆောင်တစ်ယောက်က“ကျနော်တို့က အလင်းဝင်သမားတွေ။ ဒါကြောင့်နာဂနိုင်ငံရေးအတွက်ပြောပိုင်ဆိုပိုင်ခွင့်မရှိတော့ဘူး။နာဂခေါင်းဆောင် ရွေးပိုင်ခွင့်တင်မြောက်
ပိုင်ခွင့်မရှိဘူး။ အလင်းမဝင်တဲ့ နာဂခေါင်းဆောင်များကသာ လုပ်ပိုင်ခွင့်ရှိတယ်။ဟုပြောခဲ့ကြောင်း”၊ သို့သော်သူ့၏အကြံပေးချက်ကိုလက်မခံပဲ၊ Khudau အားသူတို့၏နအကဥက္ကဌ အီဆက်နှင့် ခပ်လန်တို့
က ဒု-ဥက္ကဌ၊ မွေဝါက အထွေထွေအတွင်းရေးမှူးစသည်ဖြင့် တင်မြောက်ခဲ့သည်။ သို့သော် အီဆက် မွေဝါ၊ ခပ်လန်တို့ကလက်မခံခဲ့ကြပါ။ Khudau အလာနောက်ကျခဲ့သဖြင့် ထိုအစည်းအဝေးသို့မတက်
ရောက်နိုင်ခဲ့ပါ။ သူ့အားဟန်ဆောင် နအက ဥက္ကဌ တင်မြောက်ပြီး နာဂလန်းတွင် ကြာကြာမနေပဲ
Khudau လန်ဒန် သို့ပြန်သွားခဲ့သည်။ ထို့နောက် မွေဝါ အီဆက်တို့နှင့် ပူးပေါင်းသွာခဲ့သည်။ ထိုအခါ
အလင်းဝင်သမားများက သူတို့၏ နအက ဥက္ကဌ အဖြင့် Mahrupfu (Rengma လူမျိုး) ကို ၁၉၉၃-ခုနှစ်တွင် အန်ဂါမီ အာအူ လော်ထား (၁၂) ယောက်လောက် ဝေါ်ခါးမြို့တွင် စုရုံးပြီး တင်မြောက်ခဲ့ကြ
ပြန်သည်။ Mahrupfu ဆုံးသွားသောအခါ Dr. Senka Yaden အား ၂ဝဝ၇-ခုနှစ်တွင် လူစုစုပေါင်း(၁၄) ယောက် (အန်ဂါမီ လော်ထား အာအူ)တို့ မာပုန်းကြူးဂိတ်ရွာ (အာအူနယ်မြေ) တွင် စုရုံးကြပြီး တင်မြောက်ခဲ့ာကသည်။ထို့ပြင်၂ဝဝ၅-ခုနှစ်တွင်အချို့သော ခယမ်ညူးငန်းနှင့် ကြာခေဆန်တို့က တရား
မဝင်သော ဖက်ဒရယ်အစိုးရကို နာဂတပ်သား အယောက် (၂ဝ) လောက် Noklak တွင်စုရုံးကြပြီး ဖွဲ့စည်းခဲ့ကြသည်။ ဤလုပ်ရပ်များ အားလုံးသည် ရန်သူက နအကနှင့် နဖစကိုခွဲပစ်ရန်လုပ်ဆောင်ချက်
များ ဖြစ်သည်။
(၇)  အမှားကိုအမှန်ထင်၍  အမှန်ကိုအမှားထင်ခဲ့သူများ
နာဂလန်းတွင်လူထုခေါင်းဆောင်များအဖြစ် လူမှုရေးရာများတွင် ပါဝင်ဆောင်ရွက်နေကြသူ
များအစိုးရမဟုတ်သော အဖွဲ့များ(None Governmental Organization-NGO) တို့သည် နအဆက
(အ-မ)အဖွဲ့ကိုအကြွင်းမဲ့ထောက်ခံခဲ့ကြသည်။အဘယ်ကြောင့်ဆိုသော်သူတို့၏ လိမ်လည်ပြောဆိုမှုကို ယုံခဲ့ကြ၍ဖြစ်သည်။ ထိုကြောင့်လည်းအီဆက်-မွေဝါးတို့က ယိုးဒယားသို့ အစည်းအဝေးခေါ်တိုင်း သွားခဲ့ကြသည်။ ၂ဝဝ၂-ခုနှစ်တွင် ယိုးဒယား ဘန်ကောက်မြို့တော် သို့ အီဆက်-မွေဝါးတို့ ခေါ်သော အစည်းအဝေးသို့ တက်ရောက်ပြီး ပြန်လာခဲ့သော နာဂမိခင်အဖွဲ့အစည်း ခေါင်းဆောင်အား သွားရောက်တွေ့ဆုံခဲ့ဖူးသည်။သူမကကြွားဝါစွာဖြင့်ပြောခဲ့သည်မှာ-ရှင်တို့ကလူများနှင့်တွေ့ဆုံဆွေးနွေး
ခြင်းလည်းမရှိ။ နာဂအမျိုးသားရေးကို ကမ္ဘာသိအောင် လည်းမကြိုးစားကြ။ ရှင်တို့ဘာလုပ်နေတာလဲ။  ရှင်တို့လည်း NGO  အဖွဲ့အစည်းများကိုခေါ် ပြီးအစည်း အဝေးလုပ်ပါလားဟူ၍ အောင်မြင်မှုတခုခုကို ရရှိ၍ပြန်လာခဲ့သည့်အလား ပြောခဲ့သည်။ ထိုအခါ ကျွန်တော်ကသူမအား မေးခွန်းတစ်ခုကိုမေးခဲ့သည်။ မေးခွန်းမှာ-အီဆက်-မွေဝါးတို့ကအိန္ဒိယအစိုးရနှင့်ဆွေးနွေးနေသည်ကိုအပြည့်အဝ ထောက်ခံကြောင်း ခင်ဗျားတို့၏အစည်းအဝေးမှ ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုသို့ ကြေငြာခဲ့ခြင်းမှာ ခင်ဗျားတို့ အနေဖြင့် အီဆက်-မွေဝါးတို့က မည်သည့်နိုင်ငံရေး ရပ်တည်ချက်ကို အဓိက အခြေခံထားပြီး အိန္ဒိယအစိုးရနှင့် ဆွေးနွေးမည်ကိုအတိအကျသိ၍ ကြေငြာခဲ့သလောဟု မေးလိုက်ရာ ဘာမှမပြောနိုင်ဘဲ ပြာတိပြာယာ အရှက်တကွဲဖြစ်ခဲ့သည်။အချို့သော လူမှုအဖွဲ့အစည်း (NGO) ခေါင်းဆောင်များက နအဆက(အ-မ)
အဖွဲ့ဝင်များ၏ လိမ်ညာပြောဆိုမှုကို အကြွင်းမဲ့ယုံကြည်၍ နအဆက တို့ပြောသည့် အတိုင်းနာဂညီ
အစ်ကိုများအကြား သဘောထားကွဲလွဲခဲ့ရခြင်းနှင့် နာဂအချင်းချင်း သတ်ဖြတ်မှုစတင်လာခဲ့ခြင်းသည် ရှီလောင်စာချုပ်ကြောင့်ဖြစ်သည်ဟု ပြောလာခဲ့ကြသည်။ အချို့သောဘာသာရေးဆရာများပင်လျှင် ထိုသို့မုသားစကားကို လိုက်၍ပြောခဲ့ကြ ရေးခဲ့ကြသည်။နအဆကတို့ ပြောသည့်အတိုင်း လိုက်၍ပြောနေခြင်း၏ အဓိပါယ်သက်ရောက်မှုမှာ နအဆကမှန်သည် နအက မှားသည်ဟုဆိုရာရောက်
ခဲ့သည်။အမည်းကို အဖြူဟု မြင်ပြီး အဖြူကိုအမည်းဟု မြင်ခြင်းပင်တည်း၊ ထို့ကြောင့် သူတို့၏ပြောဆို ရေးသားချက်များသည် နာဂ ညီအစ်ကိုများအကြား စစ်မီးတောက်လောင်နေခြင်းကို လောင်စာဆီများ ထပ်ခါတလဲလဲထည့်ပြီးပို၍ပို၍တောက်လောင်စေသည့်အလားဖြစ်စေခဲ့သည်။အဘယ်ကြောင့်ဆိုသော်
နအဆက (အ-မ) အဖွဲ့ဝင်များတွင် ဘာမှလည်းမသိရှာသော နာဂလူငယ်များကသူတို့သာမှန်သည်။ နအက မှားသည်။ ထို့ကြောင့် နာဂ NGO အဖွဲ့အစည်းတို့ကလည်းရှီလောင်စာချုပ်ကြောင့် သဘောထား ကွဲလွဲခဲ့ကြောင်းပြောသည်။ သူတို့ကိုသာ ထောက်ခံသည်ဟု ထင်မြင်ယူဆစေခဲ့ပြီး သူတို့ (အ-မ) အဖွဲ့အား ဆန့်ကျင်သောသူများကိုတိုက်ခိုက်ရာတွင် ပိုပြီးအရှိန်မြှင့်၍ ဆောင် ရွက်ခဲ့ကြသဖြင့် လူသတ်မှုကိုပိုပြီး ကျူးလွန်ခဲ့ကြသည်။ သို့သော် ထို NGO အဖွဲ့များနှင့် အချို့သောဘာသာရေးဆရာများသည် သူတို့ကိုယ်တိုင် လူသတ်မှုကို အားပေးနေသည်ဟု မသိခဲ့ကြပေ။ ဤကဲ့သို့ဖြစ်ခဲ့ရခြင်းမှာ- အမှားကိုအမှန်ဟုထင်ပြီး အမှန်ကိုအမှားဟု ထင်ခဲ့ာကသောကြောင့်ဖြစ်သည်။ သူတို့ကလူသတ်မှုကိုဆန့်ကျင်ပြီး ဆန္ဒပြခဲ့ကြသည်။ တဘက်တွင် လူသတ်သမားများ အီဆက်-မွေဝါး အဖွဲ့ကိုအာဏာကုန် ထောက်ခံခဲ့ကြပြန်သည်။ သူတို့သည် အမှားအမှန်ကို မခွဲခြားနိုင်သဖြင့် သူတို့ဘာလုပ်နေသည်ကိုလည်း မသိနိုင်ခဲ့ကြပေ။ အမှားအမှန်ကိုသိအောင်လည်း မကြိးစားခဲ့ကြပါ။သူတို့သာ အသိဆုံးဟု ထင်ခဲ့ကြသည်။ထို့ကြောင့်သူတို့နှင့်တွေ့ဆုံဆွေးနွေးသောအခါ ခင်ဗျားတို့က မုသားသက်သေခံများ ဖြစ်သည်ဟုကျွန်တော် အတိအလင်းပြောခဲ့သည်။ ဘုရားသခင်၏ပညတ်တော် ဆယ်ပါးတွင် မုသားသက်သေ မခံရန်ပြောထားသည်ကို ခင်ဗျားတို့ ကိုယ်တိုင်ဟောကြား နေသည်မဟုတ်လောဟု ပြောခဲ့ရာ။ နာဂလန်း နှစ်ခြင်းခရစ်ယာန်တင်းအုပ်ဆရာ တစ်ယောက် က-ရှီလောင်စာချုပ်ကြောင့် သဘောကွဲလွဲမှုဖြစ်လာခြင်း မဟုတ်ဟု ပြောနိုင်ရန်အကြောင်းမရှိ။အဘယ်ကြောင့်ဆိုသော် ဤမျှထိုစာချုပ်ကြောင့် သဘောကွဲလွဲခဲ့သည်ဟု ဝါဒဖြန့်ပြီးလူသတ်နေကြသည်မှာ လူတိုင်းအသိပင် ဖြစ်သည်ဟု ၂ဝဝ၆-ခုနှစ် နိုဝင်ဘာလ (၂၃)ရက်တွင် ကျွန်တော်တို့နှင့် တွေ့ဆုံဆွေးနွေးရန် လာသောအခါ ပြောခဲ့သည်။ ထိုအခါကျွန်တော်ပြောခဲ့သည်မှာ-၁၉၈ဝ-ခုနှစ်မှစ၍ ထို့သို့ဝါဒဖြန့်ခဲ့သည်မှာမှန်၏။ သို့သော် ထိုဝါဒသည် မုသာဝါဒသာ ဖြစ်သည်။ ထိုသို့ဖြန့်ခဲ့ခြင်းသည် သူတို့၏အမှားကို ဖုံးကွယ်ရန် အလို့ငှာပြောနေခြင်းဖြစ်သည်။ သူတို့၏ ဆိုရှယ်လစ် မူဝါဒကြောင့် သဘောကွဲလွဲခဲ့ခြင်းကို ဖုံးကွယ်ရန်နှင့် ဆိုရှယ်လစ်မူဝါဒကို လက်မခံသူများအား ဖမ်းဆီးပြီး ၁၉၇၉- ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သော လူသတ်မှုကြီးကို ဖုံးကွယ်ရန်လိမ်ညာပြောဆိုခြင်းသာဖြစ်သည်ဟုသူတို့အားရှင်းပြခဲ့သည်။အကယ်၍သူတို့ပြောသည့်အတိုင်း ရှီလောင်စာချုပ်ကြောင့် သဘော ကွဲလွဲခဲ့သည်မှန်လျှင်-အဘယ်ကြောင့် ထိုစာချုပ်ကို လက်မခံသော နာဂစစ်ဗိုလ်ကြီးများနှင့် NNC/FGN ခေါင်းဆောင်များကို အရှေ့နာဂနယ်မြေတွင် သတ်ခဲ့ကြသနည်း။ အရှေ့နာဂရွာများ နှင့်စပါးကျီများကို မီးရှု့ဖျက်ဆီးပြီးထိုစာချုပ်နှင့်ဘာမှမဆိုင်သော ရွာသူရွာသားများအားအဘယ်ကြောင့် သေကြေပျက်စီးစေခဲ့သနည်း။ သူတို့က ရှီ လောင်စာချုပ်ကို အချိန်မှီရှု့ချ၍နာဂတိုင်းပြည်ကို ကယ်တင်ခဲ့သည်ဟု ကြွားဝါပြောဆို ဝါဒဖြန့်ခဲ့ကြသည်။ သူတို့၏အချက်(၃၁)ချာတာကို အိန္ဒိယအစိုးရ အားတင်သွင်း၍ အထူးပြည်နယ်တောင်းခြင်းနှင့်  အိန္ဒိယနိုင်ငံ၏ မဲရွေးကောက်ပွဲတွင် သူတို့အင်နှင့်အားနှင့် ပါဝင်နေခြင်းသည် တိုင်းပြည်ကို ကယ်တင်သောလုပ်ရပ်ဖြစ်သလောဟု မေးခဲ့သည်။ဤအချက်များနှင့် အရှေ့နာဂနယ်မြေတွင် မွေဝါ၏
မူဝါဒကြောင့်သဘောထားကွဲလွဲခဲ့သည့် အဖြစ်အပျက်အားလုံးကို ပြောပြခဲ့ရာ လော်ထာအမျိုးသမီးတစ်
ယောက် (အမျိုးသမီး ခေါင်းဆောင်) က ခုမှ အဖြစ်မှန်ကို သိရကြောင်း ဝမ်းသာအားရစွာဝန်ခံ ပြောဆိုခဲ့သည်။ NGO ခေါင်းဆောင်များသော်၎င်း။ ဘာသာရေးဆရာများသော်၎င်း။ ဆိုရှယ်လစ်မူဝါဒ
ကြောင့် နာဂအမျိုးသားများအကြား သဘောထားကွဲလွဲခဲ့သည်ဟု အမှန်ကို အမှန်အတိုင်း ပြောခဲ့သူမရှိခဲ့ပါ။ ထို့သို့အမှန်ကိုပြောရန် သူတို့ကြောက်ခဲ့ကြသည်မှာမှန်၏။ သို့သော်ထိုသို့ကြောက်
သောကြောင့်မွေဝါတို့အဖွဲ့ပြောသည့် မုသားစကားကို အဘယ်ကြောင့်လိုက်၍ ပြောခဲ့ကြသနည်း။တဖန်
အမှားကိုအမှန် ထင်သူများက။ နာဂများ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးစခန်းကို ဖျက်သိမ်းရမယ်ဟု ကျွန်တော်တို့အား ဖိအားပေး ပြောလာခဲ့ကြပြန်သည်ဒ ထိုအခါ နာဂအမျိုးသားများ ပြန်လည်ပေါင်းစည်းရေး အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ကိုဖျက်သိမ်းရမယ်လို့ ခင်ဗျားတို့ဘာကြောင့် နအဆက ခေါင်းဆောင်းများကို ဖိအားပေးမပြောတာလဲ။ အနာကိုဆေးကြောပြီး ဆေးမလိမ်းပဲ အနာမရှိတဲ့နေရာမှာ ဘာဖြစ်လို့ဆေးလိမ်းချင်နေကြတာလဲဟု ပြောခဲ့ပြန်သည်။ အချို့သော နာဂနိုင်ငံရေးအဖွဲ့အစည်းများက ရန်သူကို အကြီးအကျယ် တိုက်နေ၍ ငြိမ်းချမ်းရေးစခန်းကို ဖျက်သိမ်းပါဟုဆိုပါက မှန်သောအဆိုပြုချက် ဖြစ်နိုင်သည်။ သို့သော် အခြားအဖွဲ့အစည်း (နအဆက)များသည်လည်း အိန္ဒိယအစိုးရက ချပေးထားသော (designated) စခန်းတွင် နေပြီးရန်သူကို မတိုက်သည်သာမက ရန်သူနှင့်လက်တွဲပြီး မိမိနာဂတို့ကိုသာတိုက်နေကြသည်။ထို့ကြောင့်လည်း နအက ဥက္ကဌကြီး ဒေါ်အဒီးနူက-ခင်ဗျားတို့ ပြောတဲ့စကားဟာ ရန်သူကချပေးထားတဲ့ (Designated Camp) စခန်းကိုထားရမယ် ငြိမ်းချမ်းရေး စခန်းကိုတော့ဖျက်သိမ်းရမယ်လို့ပြောနေတဲ့စကားဖြစ်တယ်။ကမ္ဘာမှာငြိမ်းချမ်းရေးစခန်းကိုဖျက်သိမ်းပါ။ရန်သူကချပေးထားတဲ့ စခန်းကိုတော့ထားပါလို့ ပြောတဲ့  နိုင်ငံဘယ်မှာမှ မရှိဘူးလို့ ၂ဝဝ၈-ခုနှစ်မှာ အချို့သော ကြာခေဆန် တရားဟောဆရာများ သူနှင့် လာတွေ့ဆုံသောအခါ ပြောခဲ့သည်။ထို့ကြောင့် အမှားကိုအမှန်ထင်ပြီး အမှန်ကို အမှားထင်၍ နအဆက အဖွဲ့ကိုထောက်ခံခဲ့ကြသူများ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) ခေါင်းဆောင်များနှင့်အချိုဏ္ဍသောဘာသာရေးဆရာများသည်
လည်း သမိုင်းတွင် အမှားလမ်းကြောင်းပေါ် လျှောက်ခဲ့ကြသူများဖြစ်ခဲ့သည်။
(၈)  နာဂအမျိုးသားများပြန်လည် မပေါင်းစည်းနိုင်ရန် လုပ်ရပ်များ၊
အိန္ဒိယအစိုးရ၏ ပေါ်လစီကြောင့် ၁၉၈၈ ခုနှစ်မေလတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-နအဆက သည် ဦးခပ်လန်၏ နအဆက(ခ) အဖွဲ့နှင့် အီဆက်-မွေဝါးတို့၏ နအဆက(အ-မ) အဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲခဲ့ရသည်။ ထို့နောက် ဤနှစ်ဖွဲ့အကြားအကြီးအကျယ် တိုက်ခိုက်လာခဲ့ကြသဖြင့် အချင်းချင်းတိုက်ကြရင်း နာဂလူငယ်များအမြောက်အများသေကြေခဲ့ကြသည်။ နအဆက အကြားပါတီနှစ်ဖွဲ့ကွဲပြီးနောက်။ရှေ့စာမျက်နှာတွင် ဖေါ်ပြသည့်အတိုင်း နာဂအမျိုးသားကောင်စီ-နအက နှင့် နအဆက-(ခ) အဖွဲ့ကြားတွင်မူ အချင်းချင်းမတိုက်ကြရန် ကျွန်တော်ကိုယ်တိုင် သွားရောက်ဆွေးနွေးပြီး၁၉၉၁-ခုနှစ် ဇန္နဝါရီလ (၁ဝ) ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသဖြင့် အချင်းချင်းမတိုက်ကြပါ။ သို့ရာတွင် နအဆက-(ခ)အဖွဲ့သည် နာဂအမျိုးသား ကောင်စီနှင့် မပေါင်းစည်းနိုင်အောင် နာဂလန်းပြည်နယ်နိုင်ငံရေးအဖွဲ့ ကွန်ဂရက်စ် (Congress) ပါတီက ငွေကုနှေင့်ချီ၍ ပေးပြီးသူတို့၏ လက်ပါးစေများအဖြစ် အသုံးချခဲ့သည်(သို့သော် ဤငွေများအကြောင်း ဦးခပ်လန် သိရှိမည်မထင်ပေ)။ ထိုငွေဖြင့် အနောက်ဘက်တွင် ရှိကြသော ဦးခပ်လန်အဖွဲ့ ခေါင်းဆောင်များသည် တိုက်အိမ်ကြီးများ ဆောက်ခဲ့ကြသည်။ ဇိမ်ခံကားများဝယ်ခဲ့ကြသည်။ မကေါက်ကျုန်းမြို့တွင် ပြည်သူတို့ နှင့် နအဆက-(ခ) အကြား ပြဿနာဖြစ်ခဲ့သောအခါထိုတိုက်အိမ်ကြီးများနှင့် ဇိမ်ခံကားများကို ပြည်သူများက ၂ဝဝ၃-ခုနှစ် ဩဂုတ်လ (၂၄)ရက်တွင် မီးရှု့ဖျက်ဆီးခဲ့သည်။ သန်းနှင့်ချီသော ငွေများကိုလည်း ပြည်သူများကလုံးဝမယူပဲဖျက်ဆီးပစ်ခဲ့ကြသည်ဟုဆိုသည်။ဤသို့ဖြင့် အနောက်ဘက်တွင်ရှိကြသော နအဆက-(ခ) အဖွဲ့သည် ပြည်နယ် ရွေးကောက်ပွဲတွင် အမြဲတမ်း ကွန်ဂရက်စ်ပါတီအား ထောက်ခံမှု
ပေးသဖြင့် ကွန်ဂရက်စ်ပါတီ မဲအနိုင်ရစေခဲ့သည်။ နအဆက(အ-မ) တို့၏ ရန်ဘက်ပါတီနအဆက-(ခ) အား နာဂလန်းပြည်နယ် ကွန်ဂရက်စ်ပါတီက အင်တိုက်အားတိုက် ထောက်ခံမှုပေးနေသောကြောင့်  ကွန်ဂရက်စ်ပါတီမှာ နအဆက (အ-မ) အဖွဲ့၏ရန်သူ ဖြစ်လာခဲ့သည်။သို့ဖြစ်၍ ကွန်ဂရက်စ်ပါတီ ခေါင်းဆောင်ကြီး S.C.Jamir အား လေးကြိမ်တိုင်အောင် အ-မ အဖွဲ့တို့ကလုပ်ကြံ သတ်ဖြတ်ရန် ဿကိးစားခဲ့သည်။ သို့သော် သူတို့၏ ကြိးစားမှုအားလုံးမအောင်မြင်ခဲ့ပါ။ နောက်ဆုံး ၂ဝဝ၃ ခုနှစ်မတ်လတွင် နအဆက (အ-မ) အဖွဲ့သည် ကွန်ဂရက်စ်ပါတီ၏ နိုင်ငံရေးပြိုင်ဘက်ဖြစ်သော နာဂလန်းပြည်သူ့တပ်ဦး (Nagaland Peoples’ Front-NPF ) အားထောက်ခံ၍ သူတို့ နအဆက(အ-မ) ၏တပ်သားများအလုံးအရင်းဖြင့် အိန္ဒိယနိုင်ငံ၏  မဲရွေးကောက်ပွဲတွင်ပါဝင်ပြီး ပြည်သူတို့အားခြိမ်းခြောက်ကာ NPF အတွက်မဲပေးစေခဲ့သည်။ ဤနည်းဖြင့် ကွန်ဂရက်ပါတီအား ၂ဝဝ၃ ခုနှစ်တွင်အာဏာမှဖယ်ရှားနိုင်ခဲ့သည်။ ထို့ပြင် ၂ဝဝ၈ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အ-မ အဖွဲ့တို့က NPF ပါတီအားထောက်ခံပြီး ရွေးကောက်ပွဲတွင် ကိုယ်ထိ လက်ရောက်ပါဝင်ခဲ့သဖြင့် NPF ပါ
တီပြန်လည်၍ မဲအနိုင်ရရှိခဲ့သည်။ နအဆက-(ခ) အဖွဲ့လည်း ကွန်ဂရက်စ် ပါတီအားထောက်ခံပြီး ရွေးကောက်ပွဲတွင် ပါဝင်မြဲပါဝင်ခဲ့သည်။ သို့သော် သူတို့ထောက်ခံသောပါတီ မဲမအောင်နိုင်ခဲ့တော့ပေ။ ဤသို့ဖြင့် နာဂနိုင်ငံ၏ လွတ်လပ်ရေးအတွက် မိမိ၏ဘဝကို တိုင်းပြည်နှင့်”လူမျိုးအတွက် ပေးဆပ်လှူဒါန်းပြီးလုပ်သည် ဆိုသူများသည် နောက်ဆုံးတွင်အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်များ၏ လက်ပါးစေ။ ထိုသူတို့၏ အိပ်ဆောင်ရဲဘော်များ ဖြစ်လာခဲ့ကြသည်မှာ  အံ့ဩစရာ ရွံမုန်းစရာ မဟုတ်ပါလော။တဘက်တွင် ပြည်နယ်နိုင်ငံရေးသမားများသည် နာဂအမျိုးသားအချင်းချင်းတိုက်ခိုက် သတ်ဖြတ်ကြသည်ကို အရူးအလုပ်ပဲဟူ၍ ရှုံ့ချခဲ့ကြသည်။ အချင်းချင်းမတိုက်ကြနဲ့ပေါင်းစည်းကြပါဟူ
၍ သူတော်ကောင်းစကား ပြောကြပြန်သည်။ ငြိမ်းချမ်းရေးကော်မတီ(Peace Committee) ဖွဲ့စည်းပြီး ပါတီတခုတည်းအဖြစ်ပေါင်းစည်းကြပါဟူ၍ နအက၊ နအဆက-(ခ) နအဆက(အ-မ) တို့အားလုံးနှင့်
တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြသည်။ သို့သော်တဘက်တွင် အချင်းချင်း မပေါင်းနိုင်အောင် ငွေထိုးပြီးကစားကြသည်။ အဘယ်ကြောင့်ဆိုသော် နာဂအမျိုးများအားလုံး နာဂအမျိုးသားကောင်စီ၏ အလံတော် အောက်တွင်ပြန်လည်၍ ပေါင်စည်းမည်ဆိုပါ သူတို့ လုံးဝလက်မခံနိုင်ကြပေ။ အကြောင်းမူကား နအကသည် အိန္ဒိယအစိုးရ၏ ရန်သူ ဖြစ်သောကြောင့်ပင်တည်း။ ထိုငြိမ်းချမ်းရေး
ကော်မတီကို ပြည်နယ်နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းထားခဲ့သည်။ထိုကော်မတီက နအက နှင့် နဖစ ခေါင်းဆောင်များအား ၂ဝဝ၃-နိုဝင်ဘာ (၁ဝ) ရက်တွင်ဖိတ်ခေါ် ပြီးဆွေနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးရာတွင် ဥက္ကဌ ဖြစ်သူက ပြောခဲ့သည်မှာ-နာဂနိုင်ငံရဲ့လွတ်လပ်ရေးကို ကမ္ဘာကအသိအမှတ်ပြုနိုင်မှာ မဟုတ်ဘူး။ နာဂတွေဟာ တိုးတက်ရေးအတွက်သာလုပ်ရမယ်ဟု ပြောခဲ့သည်။ ကျွန်တော်ပြန်ပြောခဲ့သည်မှာ-၁၉၉၁ ခုနှစ်ဩဂုတ်လမှာ ဘာလ်တိတ် (Baltic) နိုင်ငံတွေက လွတ်လပ်ရေး ကြေငြာခဲ့တဲ့အခါကမ္ဘာကချက်ခြင်း အသိအမှတ်ပြုခဲ့ာကတယ။် ၂ဝဝ၂-ခုနှစ်မေလ မှာလည်း အရှေ့တီမော်လူဦးရေ ငါးသိန်ကျော်လောက်သာရှိသော နိုင်ငံငယ်လေးရဲ့ လွတ်လပ်ရေးကို ကမ္ဘာကအသိအမှတ်ပြုခဲ့ကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ လေးသန်းကျော်ရှိတဲ့ နာဂနိုင်ငံရဲ့လွတ်လပ်ရေးကို ဘာကြောင့် ကမ္ဘာကအသိ အမှတ်မပြုနိုင်ရမှာလဲ။ ကျွန်တော်တို့ အရှေ့ဘက်က နာဂတွေဟာ ပညာရေးမှာ နောက်ကျနေသေးပေမဲ့ ခင်ဗျားတို့ အနောက်ဘက်ကနာဂ
တွေဟာ ပညာရေးမှာ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်တဲ့ အဆင့်အတန်းမှာ ရောက်နေပြီ။နာဂနိုင်ငံတိုး
တက်ရေး အတွက် ခင်ဗျားတို့ အိန္ဒိယကိုပဲ အားကိုးနေရမှာလား။ တကယ်လို့ခင်ဗျားတို့ပညာရှိတွေက ၁၉၆ဝ-ခုနှစ်မှာ အိန္ဒိယကပေးတဲ့ပြည်နယ်ကို လက်မခံခဲ့ရင်နာဂနိုင်ငံရဲ့လွတ်လပ်ရေးကို ကမ္ဘာက ၁၉၆ဝ-ခုနှစ်ကျော်လောက်တုန်းက အသိအမှတ်ပြုခဲ့ပြီးသားဖြစ်မယ်။ ထိုအချိန်လောက်ကစပြီး နာဂဟာလွတ်လပ်တဲ့ နိုင်ငံအဖြစ်နဲ့ရပ်တည်လာခဲ့ရင်။ ခုနာဂနိုင်ငံဟာ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ စင်ကာပူ နိုင်ငံတို့လို တိုးတက်ပြီးသားဖြစ်မယ်။ ခုခင်ဗျားတို့ဘာတိုးတက်ရေး လုပ်နိုင်ခဲ့တာလဲ။ တခြား
လမ်းတွေ မပြောနဲ့နာဂလန်မြို့ တော် ကိုဟီးမားမြို့ လမ်းတွေဟာ ဖုံတထောင်းထောင်းဖြစ်နေတာ ခင်ဗျားတို့အသိဆုံးဖြစ်သည် ဟုပြောခဲ့သည်။
(၉)  ပြန်လည်ပေါင်းစည်းရေး အတွက်လှုပ်ရှားမှု (Reconciliation movement)
အရှေ့ဘက်နာဂနေမြေတွင်မွေဝါး-အီဆက်တို့ကလူသတ်မှုကျူးလွန်ကြောင်းကြားသိရသော
အခါနာဂပြည်သူလူထု အားလုံးဝမ်းနည်းခဲ့ကြသည်။ သို့သော်အချို့ သောနာဂပညာရှိများက ရှီလောင်စာချုပ်ကိုရှုံ့ချပြီး နအဆက ဖွဲ့စည်းခြင်းသည် မှန်သည်ဟုထောက်ခံခဲ့ကြသည်။ နအက ကိုဆန့်ကျင်သော ပြည်နယ်နိုင်ငံရေးသမားများသည် နအဆကဖွဲ့စည်းခြင်းကို ကြိုဆိုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယ၏ရန်သူ နအကကိုတိုက်ပေးရန်း နာဂအဖွဲ့ပေါ် လာခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ဤသို့ဖြင့် ပြည်နယ်အစိုးရက နအဆက အားကောင်းလာအောင် နည်းအမျိုးမျိုးဖြင့် သွယ်ဝှိက်၍ကူညီခဲ့ကြသည်။ သို့သော်ထိုသို့ အားကောင်းလာသောအခါ ၁၉၈၈ ခုနှစ်တွင် နအဆက နှစ်ဖွဲ့ကွဲအောင် ပြည်နယ်နိုင်ငံရေးသမားများက ပြန်ပြီးလုပ်ခဲ့သည်။ ထိုအခါ နာဂအချင်းချင်းတိုက်ခိုက်မှုသည်ပိုပြီးအရှိန်မြှင့်လာခဲ့သည်။ထို့ကြောင့် နာဂအမျိုးသားများအကြားတွင် ငြိမ်းချမ်းရေးထား ရှိရန်နှင့် ပြန်လည်ပေါင်းစည်းရန်အတွက် ၁၉၉၂ ခုနှစ် မေလတွင် Rev.V.K. Nuh က
နအက နှင့် နအဆက နှစ်ဖွဲ့စလုံးအားဖိတ်ခေါ်၍ ဒီမာပိုတွင်အစည်းအဝေး လုပ်ခဲ့သည်။ထိုအစည်းအ
ဝေးသို့ နအကမှ ကိုယ်စားလှယ်စေလွတ်၍တက်ခဲ့သည်။ သို့သော် အခြားနှစ်ဖွဲ့မှ ကိုယ်စားလှယ်အဖြစ်မဟုတ်ပဲ မိမိသဘောအရသာ တက်ရောက်လာခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် အစည်းအဝေးမှာ ဘာမှအရာမရောက် ဖြစ်ခဲ့သည်။ထို့နောက် ၁၉၉၅ ခုနှစ်တွင် အမေရိကန် နှစ်ခြင်းခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များက အဖွဲ့အသီးသီးမှ နာဂအမျိုးသားခေါင်းဆောင်များကိုခေါ်ပြီး ပြန်လည်ပေါင်းစည်းရေးအတွက် နီပေါနိုင်ငံမြို့တော် ကတ်မန်ဒိုမြို့တွင်  အစည်းအဝေး ခေါ်ရန်စီစဉ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ကျွန်တော်လည်း အပါအဝင်သွားရန်အတွက် နအက ဘက်မှပြင်ဆင်ခဲ့သည်။ သို့သော် အီဆက်-မွေဝါ တို့က ထိုအစည်းအဝေးသို့ သူတို့တက်ရောက်မည်မဟုတ်ကြောင်း အကြောင်းကြားခဲ့သဖြင့် အစီအစဉ်ဖျက်သိမ်းခဲ့ရကြောင်းသိရှိခဲ့သည်။ တဖန် ၁၉၉၇-ခုနှစ် ဩဂုတ်လတွင် Rev.Dr.V.K. Nuh ၏အကြံပေးချက်အရ အမေရိကန် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များက နာဂအမျိုးသားခေါင်းဆောင်များကို အမေရိကန်နိုင်ငံ အတ်လန်တာမြို့သို့ အစည်းအဝေး ခေါ်ခဲ့ပြန်သည်။ ထိုအစည်းအဝေးသို့ နအက မှကိုယ်စားလှယ်မစေလွတ်ရန် ဆုံးဖြတ်ခဲ့သည်။ အကြောင်းမှာ passport များကိုအိန္ဒိယအစိုးရမှလိုလေသေးမရှိအားလုံး စီစဉ်ပေးမည်ဟုဆိုသောကြောင့် ထို passport ကို  လက်ခံယူခြင်းသည် အိန္ဒိယနိုင်ငံသားအဖြစ် ခံယူခြင်း ဖြစ်သောကြောင့်တကြောင်း နာဂလန်းပြည်နယ်အစိုးရ ကိုယ်စားလှယ်များကိုလည်း ထိုအ
စည်းအဝေးသို့ဖိတ်ခေါ်သောကြောင့် ထိုကိုယ်စားလှယ်များနှင့် အတူ အစည်းအဝေးတက်ခြင်းသည် နအကအနေဖြင့်မည်သည့်အခါမှ အသိအမှတ်မပြု့ခဲ့သော နာဂလန်းပြည်နယ်အစိုးရကိုအမေရိကန်နိုင်
ငံသို့သွား၍ အသိအမှတ်ပြုရာရောက်မည် ဖြစ်သောကြောင့်တကြောင်း။ ထိုအစည်းအဝေးသို့ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအစည်းအဝေးသို့ အီဆက်-မွေဝါး အဖွဲ့တို့လည်း ကိုယ်စားလှယ် မစေလွတ်ခဲ့သဖြင့် အစည်းအဝေးမအောင်မြင်ခဲ့ပါ။ဤသို့နာဂအချင်းချင်းတိုက်ခိုက်ကြ၍ နာဂလန်းမြို့ပေါ်များတွင် နေ့စဉ်နှင့်အမျှလူသတ်မှုများဖြစ်ခဲ့သည်။ နာဂအမျိုးသား အဖွဲ့များအကြားတွင် ငြိမ်းချမ်းရေးထားရှိရန်အီဆက်-မွေဝါးအဖွဲ့တို့က လုံးဝလက်မခံခဲ့ပါ။ ထိုသု့ပြုမည့်အစား သူတို့ကအိန္ဒိယအစိုးရနှင့်ငြိမ်းချမ်းရေးယူပြီး ရန်သူနှင့်ဗြောင်လက်တွဲကာ နအက နှင့် နအဆက-ခပ်လန် အဖွဲ့တို့ကိုပို၍တိုက်လာခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး (Peace and reconciliation) ဟု ပြည်သူလူထုမှအော်ဟစ်သော အသံသည်လည်း ပိုမို၍ကျယ်လောင်လာခဲ့
သည်။ ထိုအခါ အီဆက်-မွေဝါး အဖွဲ့တို့က Peace and reconciliation ဆိုသည့် စကားကို အသုံးချ၍ နာဂတိုင်းပြည်နှင့် ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့သော သူတို့၏ပြစ်မှားမှုကို ဖုံးကွယ်ရန် ဿကိးစားလာခဲ့ပြန်သည်။ ထို့ကြောင့်သူတို့၏ဩဇာကို ခံယူပြီး ဘာသာရေး ခေါင်းဆောင်များနှင့် NGO ခေါင်းဆောင်များက-ယိုးဒယားပြည် Chiang Mai မြို့နှင့် Nagaland မြို့များတွင်ကျင်းပခဲ့သော
ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး အစည်းအဝေးများသို့ သူတို့(အီဆက်-မွေဝါးအဖွဲ့)ကဦးဆောင်
ပြီး အမြဲတမ်းတက်ရောက်ခဲ့သည်။ သို့သော် အစည်းအဝေးပြီးတိုင်း ကိုယ့်ညီအစ်ကိုများကို ပြန်၍တိုက်ခဲ့သည်။ ဥပမာ-ယိုးဒယားပြည် ချိန်းမိုင် (Chiang Mai) မြို့တွင် ပြန်လည်ပေါင်းစည်းရေးအ
စည်းအဝေးမှာ နအဆက(အ-မ) ခေါင်းဆောင်များ။ နအဆက(ခ) ခေါင်းဆောင်များ။ဘာသာရေးဆရာ
များနှင့် လူထုခေါင်းဆောင်များ ဝမ်းသာအားရစွာ တက်ကြပြီး ပြန်လာသောအခါ နအဆက(အ-မ) အဖွဲ့တို့က၂ဝဝ၈-ခုနှစ် မေလ (၁၆) ရက် (နာဂအမျိုးသားများက လက်မနှိပ် ဆိုင်းထိုးခဲ့သောနေ့) တွင် နအဆက (ခ) အဖွဲ့တို့အား ဒီမာပိုပတ်ကိုင်ကောလိပ်ကျောင်းနား၌ အားရးပါးရ တိုက်ခဲ့ရာ နအဆက(ခ) ရဲဘော် (၁၄) ယောက်နှင့်အရပ်သား (Konyak)  တစ်ယောက်ကျဆုံးခဲ့သည်။ ၎င်းတို့၏ အမည်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
1.    Capt. Atoyi Sumi of Yehemi Village.
2.    Lieut. Nokshamba Yimchunger of old Showuba Village.
3.    2/Lieut. /Vikishe Sumi of Saghemi Village.
4.    2/Lieut. Khetoshe Sumi of Saghemi Village.
5.    2/Lieut. Moa Yimchunger of old Showuba Village.
6.    Sgt. Maj. Kiuthro Yimchunger of Longkonger Village.
7.    Sgt. Maj. Hokheyi Sumi of Phis ami Village.
8.    Sgt. Maj. David Dimasa of Ghaneshnagar Village.
9.    Sgt. Maj. Hekiye Simi if Lotovi Village.
10. Sgt. Maj. Samuel Sumi of R.Hovishe Village.
11.  Sgt. Lokho of Kalinami Village.
12.  Sgt. Mughalu Sumi of Shikavi Village.
13. Corp!. Mughato Sumi of Ghakuto Village.
14. Pte. Akito Sumi of Kuhoxu Village.
15. Civil Avi Kinyak of Hoyal Village.
တဖန် ၂ဝဝ၈-ခုနှစ် ဇွန်လ (၄) ရက်တွင် ဒီမာပို အနားရှိ ဇယ်လော်ရှယ်ရွာမှာ နအဆက(အ-မ) တို့ကနအဆက(ခ)အဖွဲ့အားတိုက်ခဲ့ပြန်ရာ(ခ)ဖွဲ့မှ(၁၂)ယောက်နှင့်(အ­-မ)ဖက်မှနှစ်ယောက်ကျဆုံးခဲ့
ပြန်သည်။ (ခ) ဘက်မှကျဆုံးသူများ၏ အမည်မှာအောက်ပါအတိုင်းဖြစ်သည်၊
Cadres from k-group were
1.Capt. Hekuto of Yemishe village.
2.Lieut. Hokuto of Hoghuzhe village.
3.2/Lieut. Kughato of Kithara village.
4.2/Lieut. Kitovi of Satakha village.
5.Sgt. Maj. Avika from Zuheshe village.
6.Sgt. Vikheto from Kathra village.
7.Sgt. Huka from Luvishe village.
8.Corp!. Ikato from Hokhuzhe village.
9.Corp!. Samphu from Zuheshe village.
10.Corp!. Shitoba from old Showuba village.
11.Corp!. Viloto from Shenakusa village.
12.Corp!. Zakato from Achikuahu village.
နောက်ထပ်ဒုတိယအကြိမ်အစည်းအဝေးကိုဇွန်လ (၂၂) ရက်မှ (၂၆) အထိချိန်းမိုင်မြို့တွင်
ကျင်းပနေစဉ် (အ-မ) အဖွဲ့တို့က ဒီမာပိုနယ်မြေ ဝီဟိုခူးရွာမှာရှိသော (ခ)အဖွဲ့တို့၏ ငြိမ်းချမ်းရေးစခန်းကို ဇွန်လ (၂၃) ရက်မှစပြီး ဝိုင်း၍တိုက်ခဲ့ရာ သုံးရက်အကြာတွင်ထိုစခန်းကို (အ-မ) အဖွဲ့တို့က ဇွန်လ(၂၆) ရက်တွင် သိမ်းပိုက်ခဲ့သည်။ လူသေအလောင်း(၇) လောင်းတွေ့ခဲ့ရပြီး မော်တော်ကား (၄၃) စီးနှင့် ဘူဒိုဇာတစ်စီး မီးရှုံ့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။ ထိုစခန်းတွင်ကျဆုံးခဲ့သော (ခ) အဖွဲ့တို့၏ အမည်မှာ အောက်ပါအတိုင်းဖြစ်သည်။
1.Berlhel s/o Holom
2.Vitoho s/o Asukhu
3.Viyiho s/o Vishihe
4.Joshua Pochury
5.Pte. Petok Konyak s/o Chingkam of Chingkha village
6.John Mansang from IM group Joshua
7.One body could not be identified.
ဤသို့အတုအယောင်ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး အစည်းအဝေးသို့ နအကသည် လုံးဝပါဝင် ပတ်သက်ခြင်းမရှိခဲ့ပါ။ ထိုသို့ပြန်လည်ပေါင်းရေးကို အမည်ခံပြီးထပ်မံ၍ အခြားပါတီအသစ် သုံးခုကို အသိအမှတိံပခဲဏ္ဍသည်၊ွှသည်မှာလည်း ပြန်လည်ပေါင်းစည်းရန် လှုပ်ရှားနေသူများက အမှားတခုကို ကျုးလွန်ခဲ့ပြန်သည်။ သူတို့ အတည်ပြုလိုက်သော အဖွဲ့များက သူတို့ရပ်တည်နိုင်ရန် ပြည်သူများထံမှ ငွေတောင်းစားလာကြသဖြင့်ငွေတောင်းစားသောအဖွဲ့ ပို၍များအောင် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။အမှန်မှာ နာအမျိုးသားကောင်စီ သည် နာဂအမျိုးသားရေးတွင် မိခင်အဖွဲ့အစည်း(Parent body)ဖြစ်၍ထိုမိခင်အဖွဲ့အစည်းမှ ခွဲထွက်ပြီး မိခင်အဖွဲ့အစည်းအား ပုန်ကန်
တိုက်ခိုက်နေသူများက နောင်တရ၍ မိခင်အဖွဲ့သို့ ပြန်လာမည်ဆိုပါက ထိုသူတို့အားမိခင်အဖွဲ့မှ အမြဲလက်ကမ်း ကြိဆိုလျက်ပင်ရှိသည်။ ပြန်လည်ပေါင်းစည်းရေး(reconciliation) ဟူသော အဓိပါယ်သည်-မိခင်အဖွဲ့မှ ခွဲထွက်သွားသူများက မိခင်အဖွဲ့ နှင့်ပြန်၍ လာပေါင်းခြင်းဖြစ်သည်။ သို့သော်
မိခင်အဖွဲ့ကို ဖျက်သိမ်းပြီး ခွဲထွက်သွားသောအဖွဲ့များနှင့်ပေါင်းကာ အခြားအမည်သစ်ပါတီတစ်ခုကို ဖွဲ့စည်း၍ ပေါင်းမည်ဆိုပါက ထိုဟာသည် အားလုံးပေါင်းစည်းပြီး အခြားပါတီသစ်တစ်ခုကို ဖွဲ့စည်းခြင်းသာဖြစ်မည်။ပြန်လည်ပေါင်းစည်းခြင်းမဟုတ်၊ ထိုသို့ ပါတီသစ်တစ်ခုကို ဖွဲ့စည်း၍ ပေါင်းမည်ဆိုပါက၊ထိုဟာသည်လည်း ၂၁-ရာစု သမိုင်းတွင်အမှားကို ထပ်မံကျုးလွန်ခြင်းသာဖြစ်မည်။ ထိုအဖွဲ့သစ်၏သမိုင်းသည် ၂၁-ရာစုမှစမည်ဖြစ်သည်။ နအဆက ထက်အသက် (၃ဝ) ငယ်ပြီးနအဆက ကဲ့သို့ပင် သမိုင်းအခြေခံမရှိသော အဖွဲ့အစည်းသစ် တစ်ခုသာ ဖြစ်လာပြန်ဦးမည်ဖြစ်သည်။မွေဝါး-အီဆက်အဖွဲ့သည် သူတို့မှာအခြေခံသမိုင်းကြောင်းမရှိ၍ နာဂအမျိုးသားရေးတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်မှာ လူတိုင်းမျက်မြင် ကိုယ်တွေ့ဖြစ်သည်။ ထို့ကြောင့် နာဂအမျိုးသားများသည် ထိုသို့ အောင်မြင်မှုကို မဆွတ်ခူးနိုင်ခဲ့သော အမှားလမ်းကြောင်းပေါ်သို့ ထပ်မံ၍လျှောက်မည် မဟုတ်တော့ပေ။
ဤအချက်ကြောင့် United Naga National Council-UNNC ကိုဖွဲ့စည်းပြီး ပေါင်းရန် ဦးခပ်လန်အဖွဲ့တို့၏ အကြံပြုချက်ကို နအကက လက်မခံခဲ့ပါ။ သူတို့၏အကြံပြုချက်မှာ အိန္ဒိယနိုင်ငံရေးပါတီများက မိမိတို့၏ မူရင်းပါတီ နာမည်များကို ဖျက်သိမ်းလိုက်ကြပြီး ပါတီနာမည် အသစ်ထွင်ကာ ပေါင်းခြင်းအပေါ် အခြေခံခြင်းဖြစ်သည်။ သို့သော်အင်ဒို-နာဂ-ဗမာ ပြဿနာသည် ပြည်တွင်း ပါတီနိုင်ငံရေးမဟုတ်။ အမျိုးသားရေး ဖြစ်သည်။အခြားတိုင်းတစ်ပါးနှင့် ဖြစ်နေသော ပြဿနာဖြစ်သည်။ထိုတိုင်းတစ်ပါးနှင့်ဖြစ်နေသောပြဿနာကို ဖြေရှင်းရန် အခြေခံသမိုင်းကြောင်းသည် အဓိကအရေးကြီးဖြစ်သည်။ဤသမိုင်းကြောင်းအခြေခံသည်နာဂအမျိုးသားကေင်စီမှမှတ်တမ်းတင်လာခဲ့သောသမိုင်းဖြစ်သောကြောင့် နအက မှခွဲထွက်သွားသူများသည် ဤသမိုင်းကြောင်းမှ သွေဖီသွားသဖြင့်အရှုံးနှင့် ရင်ဆိုင်လာခဲ့ခြင်းဖြစ်သည်၊ ဦးမွေဝါသည် ဤအခြေခံသမိုင်း၏အရေးကြီးပုံကို ဂရုမပြုပဲ။ လက်နက်ဖြင့် နာဂအမျိုးသားတို့၏ ရည်မှန်းချက်ကို အရယူနိုင်မည်ထင်၍ သမိုင်းလမ်းကြောင်းမှ သွေဖီခဲ့ပြီး အမှားလမ်းကြောင်ပေါ်သို့ သူ့အားထောက်ခံ
သူ အားလုံးအားခေါ်ဆောင် သွားခဲ့သည်။ ခသူတို့၏နိုင်ငံရေးမှာ သွားရမည့်လမ်းဆုံးပြီးပြန်ရန်လမ်း
လည်းမရှိ အခက်ကြုံနေကြသည်။ အမှန်အားဖြင့် UNNC သော်၎င်း၊ အခြားအဖွဲ့ အစည်းသစ် ဖွဲ့စည်း၍သော်၎င်း၊  ပေါင်းကြရန် အကြံပြုခြင်းသည် အိန္ဒိယခေါင်းဆောင်များက ပြည်နယ်အစိုးရမှ တဆင့်အကြံပြုသောအကြံ အစည်ဖြစ်သောကြောင့် အကြံကောင်းမဟုတ်ပေ။နာဂအမျိုးသားများထပ်မံ
၍အမှားတွင်းတစ်ခုသို့ ထပ်မံကျရောက်စေရန် အကွက်ဆင်ခြင်းသာ ဖြစ်သည်။ထို့ကြောင့် နာဂအမျိုးသားများ၏ မူလအခြေခံပန်းတိုင် (လွတ်လပ်ရေး) သို့အရောက် ချီတက်ကြမည်ဆိုပါက မိခင်အဖွဲ့အစည်းဖြစ်သော နာဂအမျိုးသားကောင်စီ နှင့်သာပြန်လည်ပေါင်းစည်းရမည်ဖြစ်သည်။ အခြားတိုင်းတစ်ပါးနှင့် ဖြစ်နေသော ပြဿနာကိုဖြေရှင်းပြီးမှ သာလျှင်နိုင်ငံရေးပါတီများကို ဖွဲ့စည်းပြီး
နိုင်ငံရေးကစားရမည့် အချိန်ရောက်လာမည်ဖြစ်သည်။ ယခုအခါ အမျိုးသားရေးကို အခြားသော မူဝါဒနှင့် ရောနှော၍သော်လည်းကောင်း “ပါတီနိုင်ငံရေးအသွင်”သို့ကူးပြောင်း၍ သော်လည်းကောင်း နိုင်ငံရေးကစားပြီး အချင်းချင်းတိုက်ခိုက်နေကြခြင်းသည် အီဆက်-မွေဝါးတို့၏ မိုက်ကန်းသော အလုပ်
အင်မတန်မှမှားယွင်းသော လုပ်ရပ်သာဖြစ်သည်။  ထိုသို့ပါတီသစ်များတည် ထောင်ခြင်းဖြင့်လွန်ခဲ့သော
 နှစ်ပေါင်း (၃ဝ) အတွင်း တိုင်းပြည်အတွက် မည်သည့် အကျိုးမျှ မပြုနိုင်ခဲ့ပါ။ထို့ကြောင့်ပါတီသစ် တည်ထောင်ခြင်းသည် တိုင်းပြည်အတွက် အဖြေမဟုတ်ကြောင်းနာဂတမျိုးသားလုံးက သဘောပေါက်ခဲ့ကြပြီဖြစ်သည်။(နာဂ အမျိုးသားရေး နှင့် ဖောက်ပြန်မှုလုပ်ရပ်များ စာအုပ်မှ)
No comments:
Post a Comment