(၁) ဦးဖီဖို၏ ရည်ရွယ်ချက် မအောင်မြင်စေရန် အဟန့်အတား
လုပ်ရပ်များ
နာဂအမျိုးသားရေး
သမိုင်းဖြစ်စဉ်ကို အထက်တွင် ဖေါ်ပြသည့်အတိုင်း လေ့လာ
ကြည့်ပါက
ကွယ်လွန်သွားကြပြီဖြစ်သော နာဂအမျိုးသား ခေါင်းဆောင်များသည် မိမိတို့၏
အချိန်အခါတွင်
ထမ်းဆောင်ရမည့် တိုင်းပြည်၏တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ကာ
သူ့အချိန်နှင့်
လုပ်ဆောင်ရမည့်တာဝန်ကို မပျက်မကွက်ဆောင်ရွက်ပြီး နာဂတိုင်းပြည်ကြီးကို တည်ထောင်ခဲ့ကြသည်။
သို့သော်
နာဂပညာတတ် အနည်းငယ်တို့သည် နာဂလူမျိုးများသည် ပညာမရှိ
သေးသည်သာမက
တိုင်းပြည် ငယ်သောကြောင့် နိုင်ငံတစ်နိုင်ငံအဖြစ် မရပ်တည်နိုင်။
အိန္ဒိယနိုင်ငံ
နှင့်သာ ပေါင်းရမည်ဟု ဖီဇိုအားဆန့်ကျင်လာခဲ့ကြသည်။ ထို့ကြောင့်သူတို့ သည်
အိန္ဒိယခေါင်းဆောင်များ၏
လက်ပါးစေများဖြစ်လာကာ အထက်တွင် ဖေါ်ပြသည့် အတိုင်း
အိန္ဒိယနိုင်ငံနှင့်
ပေါင်းကြောင်းအချက် (၁၆) ချက်ပါ စာချုပ်ကိုဆိုင်းထိုးပြီး ပြည်နယ်
ကိုလက်ခံခဲ့သည်။
ဤလုပ်ရပ်ကြောင့် ဦးဖီဇိုက အနောက်နိုင်ငံများ၏ ထောက်ခံမှုကိုရရှိ လာကာ
အင်ဒို-နာဂ
ပြဿနာ ကို ကုလသမဂ္ဂသို့တင်သွင်းရန် အောင်မြင်မှုဆဲဆဲတွင်
အကြီးအကျယ်အဟန့်အတား
ဖြစ်စေခဲ့သည်။ ဤသည်မှာ နာဂပညာတတ်များက
နာဂအမျိုးသားရေးတွင်
မဟာအမှားကြီးကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း
နာဂအမျိုးသားကောင်စီ နှင့် နာဂဖက်ဒရယ် အစိုးရတို့သည်
အိန္ဒိယ
အစိုရနှင့် NPC အကြားတွင်ချုပ်ဆိုသော အချက် (၁၆) ပါစာချုပ်ကို ပယ်ချ၍
အရှေ့ပါကစ္စတန်မှလက်နက်များကို
တင်သွင်းပြီး စွမ်းစွမ်းတမံ နယ်ချဲ့အိန္ဒိယအား
တိုက်ခိုက်ခဲ့သည်။
တဘက်တွင်နာဂအမျိုးသားခေါင်းဆောင် ဦးဖီဇိုသည် နာဂလန်းနှင့်
အိန္ဒိယကြားတွင်
ငြိမ်းချမ်းရေးအတွက်စေ့စပ်ပေးရန် လန်ဒန်မှ Rev.Michael Scott ကို စေလွတ်ခဲ့သည်။ ဤသို့ဖြင့်
အထက်တွင်ဖေါ်ပြသည့်အတိုင်း မေလ (၂၄) ရက်နေ့တွင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးစာချုပ်ကို
ဆာကရားဘား (Sakraba) ကျေးရွာတွင်ချုပ်ဆိုနိုင်ခဲ့သည်။
ဤသို့ငြိမ်းချမ်းရေး
ရရှိခဲ့သည့်နောက်ပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ် Mrs.Indira Gandhi နှင့် နာဂလန်းဝန်ကြီးချုပ်
Mr.Koghato တို့သည် ၁၉၆၅ ခုနှစ်မှစ၍ ၁၉၆၇ခုနှစ် အောက်တိုဘာလအထိ နယူးဒေလီမြို့တော်တွင်
အင်ဒို-နာဂ ပြဿနာကို ဖြေရှင်းရန် ဆွေးနွေးလာခဲ့ကြသည်။ သို့သော် Sema လူမျိုးမဟုတ်သော
နာဂအမျိုးသား ခေါင်းဆောင်များသည် ဦး Koghato ခေါင်းဆောင်သောSama
လူကြီးများအပေါ်အယုံအကြည်မရှိ
ဖြစ်လာခဲ့သည်။ သူတို့သည်အိန္ဒိယပေးသော အထူးပြည်နယ်ကို
လက်ခံရန်ကြံရွယ်နေသည်ဟု
မြင်လာသဖြင့် Sema လူမျိုးမဟုတ် သောနာဂအမျိုးသား
ခေါင်းဆောင်များက
အင်ဒို-နာဂဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ၁၉၆၇ခုနှစ်
အောက်တိုဘာလ
(၁ဝ) ရက်တွင် ကြေငြာခဲ့သည်။ ထိုသို့ ပြဿနာကို ဖြေရှင်းရန် အခက်အခဲ
ကြုံလာသောအခါ
ထိုအချိန်တွင် နာဂအမျိုးသား ကောင်စီ ဥက္ကဌ ဖြစ်သော ဦးဖီဇိုအား အင်ဒို-နာဂပြဿနာဖြေရှင်းရန်
လက်ဆင့်ကမ်းမပေးပဲ အင်ဒို-နာဂ ဆွေးနွေးပွဲ ဖျတ်သိမ်းကြောင်း
ကြေငြာခဲ့ခြင်းသည်လည်း
အမှားတခုကို သမိုင်းတွင် ထပ်မံကျူးလွန်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ပြည်တွင်းရှိ
နာဂအမျိုးသား ခေါင်းဆောင်များက ပြည်တွင်းတွင် စည်းလုံးညီညွတ်မှု
ကိုထိန်းသိမ်းပြီး
အင်ဒို-နာဂ ပြဿနာဖြေရှင်းရန် နအက ဥက္ကဌကြီး ဦးဖီဇိုအား လွှဲပေးခဲ့သော်
နာဂအမျိုးသားများအနေဖြင့်
ထိုအချိန်တွင် အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့မည်ဖြစ်သည်။
ဤဖြစ်ရပ်အတွက်
ဦးဖီဇိုသည် အင်မတန် ဝမ်းနည်းခဲ့ကြောင်းသိရသည်။
ဤသို့ဝန်ကြီးချုပ်
ဦး Koghato အပေါ် အယုံအကြည်မရှိဖြစ်လာသောအခါ
Naga
Tatar Hoho (နာဂ အမျိုးသားလွတ်တော်)တွင် အယုံအကြည်မရှိမဲထည့်ပြီး
ဦး
Koghato အားဝန်ကြီးချုပ်မှ ဖယ်ရှားခဲ့သည်။ ထို့ပြင် နာဂနိုင်ငံတော် သမ္မတ ဦး Scato
(Sema) သည်လည်း ရာထူးမှနှုတ်ထွက်ခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်
ကခေါင်းဆောင်ပြီး
၁၉၆၈ခုနှစ် နိုဝင်ဘဘာလ(၂)ရက်နေ့တွင် တော်လှန်ရေးအစိုးရ
(Revotutionary
Government) ကိုဖွဲ့စည်းခဲ့သည်။ ဤသည်ကား
နာဂအမျိုးသားကောင်စီ၊
နာဂဖက်ဒရယ်အစိုးရတွင် ပထမ ဦးဆုံးကွဲပြဲမှုကြီးဖြစ်သည်။
ဤသို့ဖြစ်ခဲ့ရခြင်းမှာ
လူမျိုးစွဲဝါဒနှင့် တိုင်းပြည်အရေးထက် မိမိ ကိုယ်ကျိုးအတွက် ထိပ်တန်း
ထားပြီး
ဆောင်ရွက်ခဲ့မှုကြောင့်ဖြစ်သည်။ အိန္ဒိယအစိုးရ၏ သွေးခွဲရေးပေါ်လစီကြောင့်
လည်းဖြစ်သည်။
ထို့ပြင်
ဦးဖီဇိုအနေဖြင့် ကုလသမဂ္ဂသို့ အင်ဒို-နာဂပြဿနာကို မတင်သွင်း နိုင်ရန်
အတွက်
ထပ်မံပြင်ဆင်နေသော အချိန် ၁၉၇ဝခုနှစ်တွင်လည်း နာဂလန်ပြည်နယ် ဝန်ကြီးချုပ်
ဦးဟော်ကီရှေဆေမား
(Hokishe Sema) အား ကုလသမဂ္ဂအစည်း အဝေးသို့ အိန္ဒိယ
အစိုးရကစေလွတ်၍
နာဂလူမျိုးများသည် အထူးပြည်နယ် ကိုလက်ခံပြီး အိန္ဒိယနိုင်ငံ၏
ပြည်နယ်
တစ်ခုဖြစ်သည်။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲကို အမြဲကျင်းပနေပြီး
ကျနော်လည်း
နာဂပြည်သူလူထုမှ တင်မြှောက်သော နာဂလန်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်သည်။
ယခုလွတ်လပ်ရေးတောင်းနေသော
လက်တစ်ဆုပ်စာနာဂများသည် စကားနာမခံသူများ
ဖြစ်ပြီး
ထိုသူတို့အား ဆုံးမရန် ကျွန်တော်မှာတာဝန်ရှိသည်ဟု ပြောကြာစေခဲ့သည်။ဤသို့
ဦးဖီဖို၏
လုပ်ငန်းအဟန့်အတားဖြစ်စေရန် အိန္ဒိယက သူတို့၏လက်ပါးစေနာဂများအား
အစွမ်းကုန်
အသုံးချလုပ်ဆောင်ခဲ့သည်။
(၂)
ရှီလောင်စာချုပ် နှင့် ဒုတိယအကြိမ် အောင်မြင်မှုနှင့် လွဲခဲ့ခြင်း၊
အိန္ဒိယခေါင်းဆောင်များသည်
နာဂအမျိုးသားကောင်စီ နှင့်နာဂဖက် ဒရယ်
အစိုးရကို
လက်နက်ဖြင့်အပြတ်တိုက်ရန်ဆုံးဖြတ်ပြီး ၁၉၇၂ ခုနှစ် သဂုတ်လ (၃၁) ရက်နေ့တွင်
နာဂဖက်ဒရယ်အစိုးရနှင့်
၁၉၆၄ခုနှစ်တွင် ချုပ်ဆိုခဲ့သော ငြိမ်းချမ်းရေး စာချုပ်ကို ဖြတ်သိမ်း
ကြောင်း
တဖက်သတ်ကြေငြာပြီး နာဂလန်၌ ထိုးစစ်ဆင်လာခဲ့ပြန်သည်။ အရှေ့ပါကစဏတန်
ယခု(Bangladesh)
တွင် စစ်နိုင်ခဲ့သော အိန္ဒိယစစ်တပ်များအား နာဂလန်သို့
အလုံးအရင်းဖြင့်
စေလွတ်ကာ နာဂများအား တစ်လအတွင်း အပြုတ်တိုက်မည်ဟု ကြိမ်းဝါး
ကာ
စစ်ဆင်ခဲ့သည်။ ရွာတိုင်း အိန္ဒိယရဲဘော်များဖြင့်အပြည့် ဖြစ်နေခဲ့သည့်အပြင် ယာခင်းများ
လည်း တခုမျှမကျန် အိန္ဒိယတပ်သားများဖြင့် ပြည့်နေခဲ့ကြောင်း၊
ရွာသားများက
နာဂတပ်မတော်သားများအား
ရိက္ခာ သို့မဟုတ် သတင်းပို့မှာစိုးရိမ်သောကြောင့်
ရွာများအားလုံးကို
စစ်သားများဖြင့် ရက်အကန့်အသတ်မရှိ ဝိုင်းထားပြီး စပါးမှည့်ပြီး
အပါးရိပ်ချိန်တန်သော်လည်း
ရွာသားများအား တစ်ဦးတစ်ယောက်မျှ တောင်ယာ
သို့မသွားခိုင်းပဲ
ဝိုင်းထားခဲ့ကြောင်း၊ ထိုသို့တနေ ရာထဲတွင်စုပြီး ဝိုင်းထားသောအချိန်တွင်
ယောက်ျားတွေနှင့်
ကလေးမိန်းမမျာပါ မကျန်ရက်စက် ကလေးငိုပါက မိခင်ကိုဘာကြောင့်
ကလေးငိုခိုင်းလဲဆိုပြီး
ကလေးကိုလည်းရိုက် တချို့သောကိုယ်ဝန်ဆောင် မိခင်များမှာ
ထိုသို့ဝိုင်းထားသော
အချိန်မှာပင် မီးဖွားခဲ့ကြရသည် ဆိုသည်။ တောတောင်များကိုမီးရှု့၊
သူတို့
မရောက်နိုင်သော
တောများတောင်များကို အမြောက်များ သုံးမမစိန်ပြောင်းများဖြင့် ပစ်ကာ
စစ်ဆင်ခဲ့သောကြောင့်
နာဂမျိုးချစ် ပုဂ္ဂိုလ်များမှာ ပုန်းစရာနေရာမရှိအောင် ဖြစ်ခဲ့သည် ဆိုသည်။
ထို့ပြင်
ထိုမျိုးချစ်ပုဂ္ဂိုလ်များ၏ မိဘများ ဆွေမျိုးသားချင်းများအား သူတို့အလင်းဝင် မလာမချင်း
ဖမ်းထားပြီး
ရက်စက်ခဲ့ကြသည်။ ထို့ကြောင့် ထိုဒဏ်ကိုမခံနိုင်သော နာဂတပ်
မတော်သားများနှင့်
မျိုးချစ်ပုဂ္ဂိုလ်များ များသောအားဖြင့် အလင်းဝင်ခဲ့ကြရသည်။
သို့သော် နာဂများအား အိန္ဒိယတို့က လက်နက်ဖြင့်
အနိုင်ရမည့်ဆဲဆဲတွင်
ခရစ်ယာန်ဘာသာရေး
ခေါင်းဆောင်များက လက်နက်နဲ့ အနိုင်ယူခြင်းဖြင့် အင်ဒို-နာဂ
ပြဿနာကို
ယတိပြတ်ဖြေရှင်းနိုင်မည်မဟုတ် ဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟု အိန္ဒိယ
ခေါင်းဆောင်များအား
ဆွဲဆောင်ပြောဆိုကာ ငြိမ်းချမ်းရေးအတွက်စာချုပ်ချုပ်ဆိုရန်
ဖြားယောင်းနိုင်ခဲ့သည်။
ထိုနည်းတူ နာဂဖက်ဒရယ်အစိုးရ ခေါင်းဆောင်များကိုလည်း
ပြည်သူတို့
ရန်သူ၏လက်ထဲမှာ ဆင်းရဲဒုက္ခ ခံစားနေရခြင်းမှ လွတ်မြောက်စေရန် အိန္ဒိယ
အစိုးရနှင့်
ငြိမ်းချမ်းရေး စာချုပ်လုပ်ရန် တိုက်တွန်းခဲ့သည်။ ထိုအခါ နာဂဖက်ဒရယ်
အစိုးရခေါင်းဆောင်တို့က
စာချုပ်တစ်ခုလုပ်ရန် သဘောတူခဲ့ကြောင်း အဘယ်ကြောင့်
ဆိုသော်
ထိုသို့နာဂတိုင်းပြည်အား အတင်းအကြပ်ဝိုင်းထားပြီး စာချုပ်ခိုင်းခြင်းသည်
ဘယ်နည်းနဲ့မျှ
တရားဝင် စာချုပ်ဖြစ်လာနိုင်မည်ဟု မယုံကြည်သောကြောင့်တကြောင်း
သူတို့ကိုယ်တိုင်
အိန္ဒိယဗျူရိုကရက်များနှင့် နိုင်ငံရေးကစားပြီး ထိုစာချုပ်မှ လွတ်မြောက် အောင်
လုပ်နိုင်မည်ဟု
ယုံကြည်သောကြောင့် တကြောင်း စာချုပ်ချုပ်ဆိုရန် အလွယ်တကူ ပင်
သဘောတူ
ခဲ့သည်ဆိုသည်။ ထို့ကြောင့် စာချုပ်ချုပ်ဆိုရန်နေရာ ဘယ်မှာကောင်းမလဲဟု
အိန္ဒိယခေါင်းဆောင်များက
မေးသောအခါ နယူးဒေလီ၊ ကိုဟီးမား သို့မဟုတ် အင်မ်ဖါး စသည့်
မြို့များကို
မရွေးပဲ မေဂါးလီးယားပြည်နယ်မြို့တော် ရှီလောင်မြို့ကို ရွေးခဲ့ကြောင်း အဘယ်
ကြောင့်ဆိုသော်
နာဂမြို့တော်နှင့် အိန္ဒိယမြို့တော်တွင် ချုပ်ဆိုပါက တရားဝင်စာချုပ် ဖြစ်ရန်
အထောက်အထား
တစ်ခု ဖြစ်နိုင်သောကြောင့် ထိုသို့ရွေးခဲ့ရခြင်း ဖြစ်သည်ဆိုသည်။ အင်မ်ဖါး
မြို့ကိုမရွေးခဲ့ခြင်းမှာလည်း
အင်မ်ဖါးမြိ့သည် နာဂနှင့် မေးတေးလူမျိုးတို့ နေထိုင်ရာ မြို့တော်
ဖြစ်သောကြောင့်
မရွေးခဲ့ကြောင်းဆိုသည်။ဦးယားလယ် (Yallay ဖီဇို၏ညီ) နှင့် ဦးရမ်ယော
(Ramyo)
တို့က ဦးဆောင်ပြီး အိန္ဒိယအစိုးရနှင့် စာချုပ်ချုပ်ဆိုရန် သွားခဲ့ကြသည်။
အိန္ဒိယခေါင်းဆောင်များက စာချုပ်ဆိုင်းထိုးရန်ရက်ကို
အောက်တိုဘာ (၁ဝ) ရက်
ကို
ရွေးချယ်ခဲ့ကြောင်း သို့သော် ထိုမနက်တွင် သူတို့ ကြိုတင်ရေးထားသောစာချုပ်ကို
ဦးယားလယ်အားပြကြည့်ရာ
ဦးယားလယ်က ဤသို့ဆိုရင် ကျွန် တော်တို့ နာဂအမျိုးသား
ကောင်စီ
နှင့် နာဂဖက်ဒရယ်အစိုးရကို ခင်ဗျားတို့က အသိအမှတိံပပေးပြီ ကောင်းလိုက်တာ
ဟု
ပြောပြီးရယ်ပြခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် ထိုစာချုပ်တွင် နာဂအမျိုးသား ကောင်စီ
နှင့်
နာဂဖက်ဒရယ်အစိုးရ ကိုယ်စားလှယ်များဟူ၍ အမှန်အတိုင်း ရေးထားခဲ့သည် ဆိုသည်။
ထိုအခါအိန္ဒိယအစိုးရ
ခေါင်းဆောင်များလည်း စာချုပ်ပါ အရေးအသားကို ပြန်ပြင်ရန်အချိန်ယူ
ခဲ့ပြန်သဖြင့်
နောက်တစ်ရက် အောက်တိုဘာ (၁၁) ရက်တွင်မှ ထိုစာချုပ်ကို ဆိုင်းထိုးဖြစ်ခဲ့
ကြောင်း၊
ထိုနေ့တွင် ကြည့်သောအခါ ထိုစာချုပ်တွင် နအက နှင့် နဖစ အမည်မပါရှိတော့ပဲ
သူပုန်ဟူ၍သာ
ပါရှိသဖြင့် “ငါတို့နာမည်မပါတော့ဘူး။ ကိစ္စမရှိဘူး ဆိုင်းထိုးကြပါ” ဟုကိုယ့်
နာဂစကားဖြင့်
ဦးယားလယ်က ပြောကာ ဆိုင်းထိုးခဲ့ကြသည်ဆိုသည်။ ထိုစာချုပ်ကို
နာဂခေါင်းဆောင်
(၆) ယောက်က ဆိုင်းထိုးခဲ့သည်၊ သို့သော် သူတို့၏ ရာထူးအဆင့်အတန်း
ကို
ဖေါ်ပြခြင်းမရှိ သူတို့၏ နာမည်အောက်တွင် သူပုန်ကိုယ်စားလှယ်များဟုသာဖေါ် ပြခဲ့
သည်။
နအက နှင့် နဖစ နာမည် မဖေါ် ပြသည်သာမက နာဂ နာဂလန် ဟူ၍လည်းမဖေါ်
ပြခဲ့ပါ။
အိန္ဒိယအစိုးရ ဖက်မှာမူကား အိန္ဒိယအစိုးရ ကိုယ်စားလှယ်အဖြစ် ဘုရင်ခံ L.P.
Singh
ကဆိုင်းထူးခဲ့ သည်။ ဘုရင်ခံတစ်ဦးက အဖွဲ့အစည်းနာမည် မရှိသည့် သူပုန်တွေနှင့်
ဆိုင်းထိုးခဲ့သည်
ဆိုတော့ အိန္ဒိယအစိုးရ အရှက်တကွဲဖြစ်ခဲ့ရသည်။
ထိုသို့
နအက နှင့် နဖစ အမည်ကို ပြန်လည် ဖြုတ်ခဲ့ရခြင်းအကြောင်းမှာ ၁၉၆၄ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ်
လုပ်သောအခါ နာဂဖက်ဒရယ်အစိုးရ ဟုသုံးနှုံးခဲ့သောကြောင့်
နဖစ
ကိုအသိအမှတ်ပြုရာ ရောက်ခဲ့သည်။ ထို့ကြောင့် ဦးယားလယ်ပြောသလို နအက နှင့်
နဖစ
အမည်ကိုအသုံးပြုပါက နာဂအမျိုးသားကောင်စီ နှင့် နာဂဖက်ဒရယ်အစိုးရကို
အိန္ဒိယအစိုးရက
လုံးလုံးလျားလျားအသိအမှတ်ပြုရာ ရောက်မည်ဟုထင်ပြန်ကာ သူပုန်ဟူ
သော
ဝေါ်ဟာရကိုသာ အသုံးပြုခဲ့ဟန်တူကြောင်း သမိုင်းသုတေသီများကဆိုသည်။ ထိုသို့
သူပုန်ဟု
ဆိုင်းထိုးစေခဲ့ပြီး အိန္ဒိယအစိုးရသည် ထိုစာချုပ်ဖြင့် နာဂများအပေါ် အနိုင်ယူ
လိုက်ပြီဟုထင်ပြီး
နာဂသူပုန်တွေအားလုံး အလင်းဝင်ပြီဟု ကမ္ဘာသို့ကြေငြာခဲ့သည်။
သို့သော်
နာဂဖက်ဒရယ် အစိုးရက အရေးပေါ် လွတ်တော်အစည်းအဝေး (Tatar Hoho) ခေါ်ယူပြီး ၁၉၇၅ခုနှစ် နိုဝင်ဘာလ
(၂၉) ရက် မှ ဒီဇင်ဘာလ (၂) ရက်အထိသုံးရက်တိတိ လွတ်တော်အစည်းအဝေးထိုင်ကာ ထိုစာချုပ် အပေါ်ဆွေးနွေးခဲ့သည်။
ထိုစာချုပ်ကို
အတည်ပြုရန် မည်သူတစ်ဦးတစ်ယောက်မျှ အဆိုတင်ခဲ့ခြင်းမရှိပါ။ ထို့ကြောင့်
စာချုပ်
အတည်ပြုရန် အတွက်လုံးဝ ဆွေးနွေးခဲ့ခြင်းမရှိပါ။ သို့သော်ထိုစာချုပ်ကို ပယ်ချရန်သာ
ဆွေးနွေးခဲ့ကြသဖြင့်
အားလုံးက တည်ီတညွတ်တည်း ထိုစာချုပ်ကို လိမ်မာပါးနပ်စွာဖြင့်
ပယ်ချရန်ဆုံးဖြတ်ခဲ့ပြီး
ထိုစာချုပ်ကို နာဂလွတ်တော် တွင် အတည်မပြုခဲ့ပါ။ တဖန် အိန္ဒိယ
ပါလီမန်လွတ်တော်တွင်လည်း
ထိုစာချုပ်ကို ယူလာပြီး တင်ပြရာ အချို့အမတ်များက
လက်ခုပ်တီးပြီး
ကြိုဆိုခဲ့ကြောင်း။ သို့သော် ထိုစာချုပ်ပါ အရေးအသားများကို ကောင်းမွန်စွာ
လေ့လာပြီး
အဖိုကြီး တစ်ယောက်က ပြောခဲ့သည် ဆိုသည်မှာ- “ခင်ဗျားတို့ ဝမ်းမသာကြနဲ့
ဒီစာချုပ်ပါ
စာသားတွေကို ကောင်းကောင်း လေ့လာကြည့်ပါ။ ဒီစာချုပ်ဟာတရားဝင်
မဖြစ်နိုင်ဘူး။
ခုလည်း နာဂတွေက အိန္ဒိယအပေါ် နိုင်ငံရေးအရ အသာရသွားပြန်ပြီ။”
ဟုပြောခဲ့သည်ဟုဆိုသည်။
အဘယ်ကြောင့်ဆိုသော် အထက်တွင် ဖေါ်ပြသည့်အတိုင်း
ထိုစာချုပ်တွင်
အဖွဲ့အစည်း၏ နာမည်မဖေါ်ပြပါ။ နာဂနှင့်နာဂလန်း ဟူ၍လည်းမဖေါ် ပြပဲ
သူပုန်ဟူ၍သာ
ဖေါ်ပြပြီး ဆိုင်းထိုးသူများ၏ ရာထူးလည်း မဖေါ် ပြသောကြောင့်
တရားဝင်မဖြစ်နိုင်ကြောင်း
ပြောခဲ့သည်ဆိုသည်။ ထို့ကြောင့်လည်း ထိုစာချုပ်ကို
အိန္ဒိယ
လွတ်တော်တွင်လည်း
တရားဝင် အတည်မပြု ခဲ့ကြောင်းသိရသည်။
နာဂလန်းလွတ်တော်၏
ဆုံးဖြတ်ချက်အရ နာဂလန် သမ္မတ ဦးဇာရှေးဟွေးရယ်
(Zashei
Huire) က စာတမ်း (Statement) တစ်ခုကို ၁၉၇၅ခုနှစ် ဒီဇင်ဘာလ
(၃ဝ)
ရက်စွဲ ဖြင့်ရေးပြီး ၁၉၇၆ခုနှစ် ဇန္နဝါရီလ (၃) ရက်တွင် တရားဝင် အစည်းအဝေးမှာ
အိန္ဒိယဘုရင်ခံ
L.P.Singh အားပေးပြီး နာဂလန် ပြည်ထဲရေးဝန်ကြီး ဘီးဆဲတော်
(Biseto)
က ဖတ်ကြား ခဲ့ကြောင်း၊ ထိုအခါ ဘုရင်ခံက အကြီးအကျယ် ဒေါသအမြတ်
ထွက်ကာ
ခင်ဗျားတို့ဘာဖြစ်လို့ ဒီစာချုပ်ကို ပယ်ချတာလဲ။ ကျွန်တော်ဒီစာချုပ်နဲ့ ပြဿနာ
ဖြေရှင်း
နိုင်မယ်လို့မျှော်လင့်တယ်။ ဒါပေမဲ့ ခင်ဗျားတို့က ဒီစာချုပ်ကို အခြေခံပြီး ပြဿနာ
မဖြေရှင်းချင်ဘူးဆိုရင်
ဘာလုပ်မလဲ ဟုဆိုကာ ငိုင်နေခဲ့သည်ဟုဆိုသည်။
Statement ထဲတွင်ရေးခဲ့သည့် အဓိကအချက်မှာ-
ကျွန်တော်တို့ နာဂလန်၏
အခြေခံဥပဒေ
ပုဒ်မ ၁၃၉၊ ၁၄ဝ အရ ရှီလောင်စာချုပ် အပိုဒ် (၁) နှင့် အပိုဒ် (၃) အား
အိန္ဒိယ
အစိုးရနှင့် နောက်ဆုံးနိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ ဆွေးနွေးရန် နာဂဖက်ဒရယ်
အစိုးရမှာ
အာဏာပါဝါမရှိ နာဂအမျိုးသားကောင်စီမှာသာ အာဏာရှိသည။်
နာဂဖက်
ဒရယ်အစိုးရ
အနေဖြင့် နာဂလန်းတစ်ခုလုံးတွင် ငြိမ်းချမ်းရေးထားရှိရန် အတွက်သာတာဝန်ယူ
ဆောင်ရွက်သွားမည်။ နာဂအမျိုးသားရေးကိစ္စ အဆုံးအဖြတ် ပေးရန် ဆွေးနွေးဖို့
အတွက်မှာ
မူကား
အိန္ဒိယအစိုးရနှင့် နာဂအမျိုးသားကောင်စီ ဆွေးနွေးကြရန် နဖစက တာဝန်ယူစီစဉ်
ပါမည်ဟုရေးထားခဲ့သည်။
ဤစာအရ နဖစ အနေဖြင့် ထိုစာချုပ်ကို အခြေခံပြီး အိန္ဒိယအစိုးရနဲ့
မဆွေးနွေးနိုင်ဟု
သွယ်ဝိုက်ပြီး ပြောခဲ့ခြင်းဖြစ်သည်။ နာဂလန်း၏ အခြေခံဥပဒေကို ဖေါ်ပြခဲ့ခြင်း
မှာလည်း
နာဂတို့မှာ မိမိအခြေခံဥပဒေရှိသည်။ အိန္ဒိယ၏ အခြေခံဥပဒေ အလိုမရှိဟု
ပြောခဲ့ခြင်းပင်ဖြစ်သည်။
(စကားချပ်- ပုဒ်မ ၁၃၉၊ ၁၄ဝ သည် ယခုလက်ရှိ ပြန်လည်ပြင်ဆင်
သော
အခြေခံဥပဒေတွင် ပုဒ်မ ၁၄၃၊ ၁၄၄ ဖြစ်သည်။)
ထိုစာတမ်းတွင်ရေးထားသည့် အခြားသောအချက်များမှာ-
နာဂလန်းဖက်ဒရယ်
အစိုးရက
ငြိမ်းချမ်းရေးတည်ဆောက်ရန် နှင့် အင်ဒို-နာဂပြဿနာကို ငြိမ်းချမ်းစွာဖြင့်
ဖြေရှင်းနိုင်ရေးအတွက် နာဂတပ်မတော်၏ လက်နက်များကို နာဂလန်း ငြိမ်းချမ်းရေး
ကောင်စီ၏
လုံခြုံရေးအခန်းတွင် အပ်နှံမည်။ အပြန်အလှန်အားဖြင့် အိန္ဒိယအစိုးရ
ဖက်မှာလည်း
နာဂလန်းတဝန်းလုံးတွင် စစ်ဆင်နွဲနေသော အိန္ဒိယတပ်သားများ အားလုံးကို
ရုတ်သိမ်းပေးရန်
နာဂရွာသားများအပေါ် နာဂအမျိုးသားရေးအား ထောက်ခံမှုအတွက်
ဒဏ်ရိုက်ခဲ့သော
ငွေများကို ထပ်မံလျော်ပေးရန် နှင့် နာဂနိုင်ငံရေး အကျဉ်းသားများ အားလုံး
အား
ခြွင်းချက်မရှိ လွတ်ပေးရန် တောင်းဆိုခဲ့သည်။
ဤစာ၏အဓိပါယ်ကို ဘုရင်ခံက နားလည်ပြီး ခင်ဗျားတို့
ကျွန်တော့စားပွဲပေါ်မှာ
လက်ပစ်ဗုံးတစ်လုံးကို
ပစ်ချလိုက်ပြီဟုဆိုကာ စိတ်ဆိုးနေခဲ့သည်ဆိုသည်။ ထိုအခါ နာဂလန်း
ငြိမ်းချမ်းရေးကောင်စီ
ဥက္ကဌ Rev. Lungri Ao က ဘုရင်ခံအားပြောခဲ့သည်မှာ-နာဂဖက်ဒရယ် အစိုးရက နာဂလန်းမှာ ငြိမ်းချမ်းရေးထားဖို့
အိန္ဒိယနှင့် နာဂတို့ကြားမှာ
ခါးသီးမှုမထားရှိရန်အတွက်
ဆောင်ရွက်သွားမယ်လို့ သူတို့ရဲ့ စာထဲမှာ ဖေါ်ပြထားသည်။
ဒါဆိုရင်
ခင်ဗျားက နာဂလန်းမှာ ရှိတဲ့သစ်ပင်တွေနှင့် ညီမျှလောက်အောင် အိန္ဒိယတပ်သား
တွေစေလွတ်ပြီး
နာဂကိုတွေကို ပြန်တိုက်မလား။ ဒါမှမဟုတ် နာဂဖက်ဒရယ်အစိုးရ ပြောသလို
နာဂတွေနှင့်
ငြိမ်းချမ်းရေးထားမလား ဒါဘဲပြောပါဟုဆိုခဲ့ရာ ဘုရင်ခံ အကြပ်ရိုက်ခံရပြီး။
ခင်ဗျားတို
့ဒီစာချုပ်အရ ပြဿနာကို မဖြေရှင်းချင်ဘူးဆိုရင် ငြိမ်းချမ်းရေး အတွက်ပဲ လုပ်ကြ
တာပေါ့
ဟုပြောကာ ငြိမ်းချမ်းရေးထားရန် သဘောတူ လက်ခံခဲ့သည် ဆိုသည်။
ထို့ကြောင့်
ငြိမ်းချမ်းရေးအတွက် နောက်ဆက်တွဲစာချုပ် (Supplementary) ကို ၁၉၇၆ခုနှစ် ဇန္နဝါရီလ
(၅) ရက်တွင်ဆိုင်းထိုးခဲ့သည်။ ထိုစာချုပ်တွင်ပါသော အချက်များမှာ- လက်နက်တွေကို ရက်အစောဆုံးမှစပြီး
ကောက်ခံရန်။ ထိုသို့ ကောက်ခံခြင်းကို ၁၉၇၆ခုနှစ် ဇန္နဝါရီလ (၂၅) ရက်အတွင်း အပြီးသတ်ဖြစ်စေရန်နှင့်
ကောက်ခံပြီးသား
လက်နက်များကို နာဂလန်းငြိမ်းချမ်း ရေးကောင်စီ၏ လက်ထဲအပ်နှံရန်။
သူပုန်များငြိမ်းချမ်းရေးစခန်းတွင်
နေထိုင်နိုင်ရန်အတွက် သင့်တော်သော နေရာများတွင်
ငြိမ်းချမ်းရေးစခန်းများ
တည်ဆောက်ပေးရန်နှင့် သူတို့အား ထောက်ပံ့ရန် အတွက် ငြိမ်းချမ်းရေး
ကောင်စီမှ
တာဝန်ယူစီစဉ်ပေးရန် စသည်ဖြင့် ပါရှိပါသည်။ ဤစာချုပ်ပါအချက်များသည်
ငြိမ်းချမ်းရေးအတွက်
သက်သက်သာဖြစ်ပြီး နိုင်ငံရေးအရ အရှုံးပေးအညံ့ခံသော
စကားအသုံး
အနှုံး
လုံဝမပါရှိသဖြင့် အလင်းဝင်သော စာချုပ်မဟုတ်ပေ။
ဤသို့ဖြင့်
နာဂဖက်ဒရယ်အစိုးရက စစ်မြေပြင်တိုက်ခိုက်ရေးမှ ငြိမ်းချမ်းစွာဖြင့်
နိုင်ငံရေးအရ
တိုက်ခိုက်မည့်အသွင်သို့ အိန္ဒိယအခြေခံဥပဒေကို လက်ခံမည်ဟု ဝန်ခံချက်မရှိပဲ
လိမ်မာပါးနပ်စွာဖြင့်
ပြောင်းလဲစေခဲ့သည်။ ထို့ကြောင့် ယခုခေတ်လူငယ်များအတွက်
အမှန်တရားကို
လက်ဆုပ်ကိုင်ပြီး ငြိမ်းချမ်းစွာဖြင့် နိုင်ငံရေးအရ ရန်သူကို တိုက်ခိုက်ရန်
အခွင့်အရေးကို
ဖန်တီးပေးခဲ့သည်ဖြစ်သည်။ ဤအခွင့်အရေးကို မိမိရရ ဆွဲကိုင်ပြီး
ကိုယ့်တိုင်းပြည်အတွက်
ရန်သူကို တိုက် ကြမည် မတိုက်ကြမည်မှာ ယနေ့လူငယ်တွေအပေါ်
မှာသာမူတည်
လျက်ရှိသည်။
ထိုသို့ နဖစ ကလုပ်နိုင်ခဲ့သကဲ့သို့ နိုင်ငံရေးအရ နစ်နာမှုမရှိပဲ စစ်ရေးမှ နိုင်ငံရေးအ
သွင်သို့
ပြောင်းလဲရန် အခြားသော အိန္ဒိယအရှေ့မြောက်ရှိ တော်လှန်ရေးသမားများက လည်း
လိုလားကြသည်။
သို့သော် သူတို့လိုချင်သည့် အတိုင်း မလုပ်နိုင်ခဲ့ကြပါ။ ဥပမာ-မီဇိုအမျိုးသား
တပ်ဦးသည်
၁၉၈၅ခုနှစ်တွင် ငြိမ်းချမ်းရေးအရနိုင်ငံရေး ဆွေးနွေးရန်ခြေလှမ်း လှမ်းခဲ့ရာ
အလင်းဝင်သည့်
အဆင့်သို့ ရောက်သွားခဲ့သည်။ နာဂဖက်ဒရယ်အစိုးရ၏ တောင်းဆိုချက်အတိုင်း အိန္ဒိယအစိုးရက
နာဂလန်းတွင်စစ်ဆင်ရေး အားလုံးကိုချက်ခြင်း ရုပ်သိမ်းခဲ့သည်။ဒဏ်ရိုက်ခဲ့သော
ငွေများကိုလည်း
ပြန်လည်လျော် ပေးခဲ့သည်။ အိန္ဒိယထောင်များမှ နာဂနိုင်ငံရေးအကျဉ်းသား (၆ဝဝ) ကျော် အားလည်း
ရှီလောင်စာချုပ်ကို လက်ခံမည်ဟု ဆိုင်းထိုးရင် လွတ်ပေးမည်ဟု ခြွင်းချက်ထားကာ ထိုစာ
ချုပ်လက်ခံမည်ဟု
ဆိုင်းထိုးသူများ အားလုံးအား လွတ်ပေးခဲ့သည်။
ထိုသို့ ဆိုင်းထိုးခဲ့သည့်
အထဲမှာ ဗိုလ်ချုပ်
Mowu နှင့် ဒု-ဗိုလ်ချုပ် Thinoselie တို့လည်းပါသည်။ စာချုပ်ကို
လက်မခံ ဆိုင်းမထိုးသူမှာ
ဒု-ဗိုလ်ချုပ်ဒူးဆွေနှင့် နဖစ သမ္မတဟောင်း Mhasiu တို့နှစ်ယောက်သာဖြစ်သည်။ စာချုပ်ကို
လက်မခံနိုင်ကြောင်း။ ဆိုင်းထိုးမည်မဟုတ်ကြောင်း။
ထောင်ကျခံရသည့်
ရက်စေ့အောင်သာ ထောင်ထဲမှာနေသွားမည်ဖြစ်ကြောင်း။ ဆိုင်းမ
ထိုးငြင်းဆန်ခဲ့သောကြောင့်
သူတို့ နှစ်ယောက်အား ထောင်မှမလွတ်ခဲ့ပါ။ နအက ဒု-ဥက္ကဌ
ဦး Imkongmaren
အားလည်း ဆိုင်းထိုးခိုင်းခဲ့ကြောင်း။ သို့သော် သူက- “ဒီစာချုပ် ကျွန်တော် ဘာလုပ်မလဲ”
(I have nothing to do with this accord) ဟုပြောပြီး ဆိုင်းမထိုးခဲ့ကြောင်း။ ဆိုင်းမထိုးသော်လည်း
အသက်အရွယ်ကြီးပြီ ဖြစ်သောကြောင့် သူ့အား ထောင်မှ လွတ်ပေးခဲ့သည်။
ထို့နောက် နာဂလန်းဖက်ဒရယ်အစိုးရ ကလည်း
လက်နက်ပေါင်း (၁၅ဝ) ကို နာဂ
လန်းငြိမ်းချမ်းရေးကောင်စီ၏
လက်ထဲအပ်နှံခဲ့သည်။ ဤသို့ဖြင့် ၁၉၇၂ခုနှစ်တွင်
အိန္ဒိယအစိုးရက
၁၉၆၄ခုနှစ် ငြိမ်းချမ်းရေးစာချုပ် ဖျက်သိမ်းကြောင်း တဖက်သတ် ကြေငြာပြီး
နာဂများအား
တိုက်ခိုက်လာခဲ့သောစစ်ကြီး တဖန်ရပ်ဆိုင်းပြီး နာဂလန်းတွင် ငြိမ်းချမ်းရေး
ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးစခန်းတွင် အပ်နှံထားသော နာဂ
တပ်မတော်လက်နက်များကို
အိန္ဒိယတပ်သားများက ပြောင်းများကျယ်အောင် ဖေါက်ထွင်း
ဖျက်ဆီးခဲ့သည်။
စာချုပ်တွင်ဆိုင်းထိုးခဲ့သော ပုဂ္ဂိုလ်များက
ရှီလောင်စာချုပ်မှ ကင်းလွတ်နိုင်ရန်အ
တွက်
နောက်ဆုံးနိုင်ငံရေး ကစားကွက်မှာ- အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့် နာဂအမျိုးသား
ကောင်စီ
ဥက္ကဌ ဦးဖီဇိုတို့ တွေ့ဆုံဆွေးနွေးရန် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်အား တိုက်တွန်း
ခြင်းဖြစ်သည်။
တဖက်မှာ အိန္ဒိယအစိုးရက နာဂလန်းပြည်နယ် ဝန်ကြီးချုပ်မှတဆင့် စာချုပ်
တွင်ဆိုင်းထိုးသူများအား
အိန္ဒိယအစိုးရနှင့် ဆွေးနွေးရန် ဖိအားပေးခဲ့သည်။ ထိုအချိန်တွင်
နာဂလန်းပြည်နယ်
ဝန်ကြီးချုပ်မှာ ဦးဝီးဇူ ဖြစ်ခဲ့သည်။ သို့သော် နဖစ ခေါင်းဆောင်းများက
ရန်သူလက်ပါးစေများ၏
ဖိအားပေးမှုကိုကြံ့ကြံ့ခံကာ အိန္ဒိယအစိုးရနှင့် မဆွေးနွေးခဲ့ပါ။
အဘယ်ကြောင့်ဆိုသော်
အိန္ဒိယအစိုးရနှင့် ဆွေးနွေးပါက ထိုစာချုပ်ကို အတည်ပြုရာရောက်
သွားမည်ကို
သိသောကြောင့်ဖြစ်သည်။ ထို့ ကြောင့် အိန္ဒိယဝန်ကြီးချုပ်အား ဦးဖီဇိုနှင့်
ဆွေးနွေးရန်ကိုသာ
ဖိအားပေးခဲ့သည်။ ၁၉၇၆ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ်မှာ ဒေါ်အင်ဒီရာဂန္ဒီ
ဖြစ်ခဲ့သည်။
အင်ဒီရာဂန္ဒီက နာဂခေါင်းဆောင်များ ပြောသည့်အတိုင်း ဦးဖီဇိုနှင့်
တွေ့ဆုံဆွေးနွေး
လိုခဲ့ကြောင်း။ သို့သော် သူ၏အတွင်းရေးမှူးက ဖီဇိုနှင့်မဆွေး နွေးဘဲ။
နာဂတွေကို
ကွဲပြဲအောင် နိုင်ငံရေးကစားပြီး အပြတ်တိုက်ဖို့ ပြောခဲ့ကြောင်း သိရသည်။
သို့ရာတွင်
၁၉၇၇ခုနှစ် ဇန္နဝါရီလတွင် ကျင်းပခဲ့သော (၂၅) ကြိမ်မြောက် အိန္ဒိယ
မဲရွေးကောက်ပွဲတွင်
အင်ဒီရာဂန္ဒီ၏ နိုင်ငံရေးပါတီ ကွန်ကရက်စ် ပါတီ မဲရှုံခဲ့ပြီး ဂျနတာ
ဓါးလ်ပါတီ
မဲနိုင်ခဲ့ကာ ဦးမိုရာရ်ဂျီဒေဆိုင်း (Murarjidesai) ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ဤသို့ဝန်ကြီးချုပ် အပြောင်းအလဲ ဖြစ်လာသောအခါ
ဆိုင်းထိုးသူများသည်
နယူးဒေလီမြိ့တော်သို့သွား၍
၁၉၇၇ခုနှစ် ဧပြီလ (၁၅)ရက်တွင် ဝန်ကြီးချုပ် ဦးမိုရာရ်ဂျီ
ဒေဆိုင်းနှင့်
တွေ့ဆုံပြီး နအက ဥက္ကဌကြီး ဦးဖီဇိုနှင့် ဆွေးနွေးရန် တိုက်တွန်းခဲ့သည်။ ထိုအခါ
ဝန်ကြီးချုပ်က
အင်ဒို-နာဂပြဿနာနှင့် ပတ်သက်ရင် ခင်ဗျားတို့က နှစ်နိုင်ငံ သီအိုရီနဲ့ဘဲ
လာတယ်။
ဒါငါတို့လက်မခံနိုင်ဘူး။ ထိုအခါ ဦးရမ်ယော် (Ramyo) က နှစ်နိုင်ငံ
သီအိုရီနဲ့ဘဲလာလာ
ဘာနဲ့ဘဲလာလာ ဒါကအရေးမကြီးဘူး။ အရေးကြီးဒါက အင်ဒို-နာဂပြဿနာကို ခင်ဗျား တို့အဖိုးကြီး
နှစ်ယောက် အသက်ရှိစဉ်မှာ ဖြေရှင်းသွားဖို့လိုတယ်။ နောင်လာမည့်လူငယ်တွေ လက်ထဲပေးမသွားရဘူး။
ထိုအခါ ဝန်ကြီးချုပ်က ဒါဆိုရင် ဒီနှစ်ဇွန်လမှာ ကျွန်တော် လန်ဒန်မှာ ဓနသဟာယ (Commonwealth)
အစည်းအဝေးသွားမယ်။ အဲဒီအခါ ဦးဖီဇိုနှင့် ကျွန်တော်တွေ့ပြီး ဆွေးနွေးမယ်ဟုပြောရာ နာဂခေါင်းဆောင်များက
ကျွန်တော်တို့ လိုချင်ဒါက ဒါဘဲ။ ကောင်းလိုက်တာ ဟုဆိုကာ တပြိုင်တည်း
ထပြီး
ဝန်ကြီးချုပ်အား ဝမ်းသာအားရစွာ လက်ဆွဲနှုတ်ဆက်ကာ ပြန်လာခဲ့ကြ သည် ဆိုသည်။
ထိုသို့ဝန်ကြီးချုပ်ထက်
အရင်ထခြင်းမှာလည်း နှစ်နိုင်ငံ သီအိုရီကို ပြသခဲ့ခြင်းပင်ဖြစ်သည်။
အိန္ဒိယ၏
ထုံးတမ်းစဉ်လာအရဆိုရင် ဝန်ကြီးချုပ်က အရင်ထမှသာ လက်အောက်ငယ်သား
များက
ထရန်ဖြစ်သည်။ သို့သော် နာဂခေါင်းဆောင်များက နာဂလန်းသည် အိန္ဒိယ
လက်အောက်ခံ
နိုင်ငံမဟုတ်။ လွတ်လပ်သောနိုင်ငံ ဖြစ်သောကြောင့် အိန္ဒိယဝန်ကြီးချုပ်နှင့်
တန်းတူဖြစ်သည်ဟု
ဖေါ်ပြလိုသောကြောင့် အရင်ထ၍ နှစ်နိုင်ငံ သီအိုရီကို ပြသခဲ့ကြသည်ဆိုသည်။
ဝန်ကြီးချုပ်
ဦးမိုရာဂျီဒေဆိုင်းက သူကတိပြုခဲ့သည့်အတိုင်း ဇွန်လတွင် လန်ဒန်သို့
ဓနသဟာယ
အစည်းအဝေးသွားသောအခါ နအက ဥက္ကဌကြီး ဦးဖီဇိုအား လန်ဒန်မြို့ရှိ
အိန္ဒိယအစိုးရကော်မရှင်
ရုံးတော်သို့ ဆင့်ခေါ်ပြီး ၁၉၇၇ခုနှစ် ဇွန်လ (၁၄) ရက်တွင်
တွေ့ဆုံဆွေးနွေးခဲ့သည်။
အကယ်၍ အိန္ဒိယအစိုးရ၏ ကော်မရှင်ရုံးတွင်မဟုတ်ဘဲ ဟော်တယ်
တစ်ခုခုသို့
ခေါ်ယူပြီးတွေ့ဆုံပါက တရားဝင်အစည်းအဝေး ဖြစ်မည်မဟုတ်ပေ။ ရိုးရိုးတွေ့
ဆုံခြင်း။
အဖိုးကြီးနှစ်ယောက် ဟော်တယ်တစ်ခုမှာတွေ့ဆုံခဲ့ကြတယ် ဆိုတာလောက်သာ ရှိ
မည်
ဖြစ်သည်။ သို့သော် အိန္ဒိယအစိုးရ၏ ကော်မရှင်ရုံးတွင် ဆွေးနွေးခြင်းသည် တရားဝင်
အစည်အဝေးဖြစ်၍
အိန္ဒိယဝန်ကြီးချုပ်နှင့် နာဂအမျိုးသားကောင်စီ ဥက္ကဌတို့ ဆွေးနွေးကြ
သည်ဟု
သတင်းမီဒီယာများက တရားဝင်ကြေငြာခဲ့ကြသည်။ ဤသို့တွေ့ဆုံဆွေးနွေး
ကြောင်းကြေငြာသောအခါ
နာဂခေါင်းဆောင်များက ခုတော့ ရှီလောင်စာချုပ် အခန်းကဏ္ဍမှ
လွတ်မြောက်ပြီဟု
ဝမ်းသာအားရစွာ လက်ခုပ်တီးခဲ့ကြကြောင်း။ ထိုအစည်းအဝေးမှ ရလဒ်
ဘာမျှ
မရခဲ့သော်လည်း အိန္ဒိယဝန်ကြီးချုပ်ကိုယ်တိုင်က ရှီလောင်စာချုပ်အား နိုင်ငံရေး
တရားဥပဒေမှ
ဖယ်ထုတ်ခဲ့ခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် ရှီလောင်စာချုပ်သည် နအဆက
မပေါ်ပေါက်ခင်
သမိုင်း၏ အမှိုက်ပုံးထဲသို့ ရောက်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယနေ့လူ
ငယ်များမှာ
နာဂနိုင်ငံသည် လွတ်လပ်သောနိုင်ငံဖြစ်ဟု ဝင့်ကြွားစွာ အော်နိုင်ကြခြင်း
ဖြစ်သည်။
အကယ်၍ ရှီလောင်စာချုပ်အရ နအက နှင့် နဖစ တို့အလင်းဝင်ခဲ့ပါက ထိုသို့အော်
နိုင်ကြတော့မည်
မဟုတ်ပေ။
ဤရှီလောင်စာချုပ် ဖြစ်ပေါ်ခဲ့ပုံကို
ကျွန်တော်တို့ လေ့လာကြည့်သောအခါ နာဂ
ခေါင်းဆောင်များနှင့်
အိန္ဒိယ ခေါင်းဆောင်များအကြား နိုင်ငံရေးစစ်ထိုးခဲ့ကြခြင်းကို တွေ့မြင်နိုင်
သည်။
စစ်ရေးအရ ရှုံးမည့်ဆဲဆဲတွင် စာချုပ်လုပ်ပြီး နိုင်ငံရေး ထွက်ပေါက်ရှာရန် ဆုံးဖြတ်ခဲ့ခြင်း
သည်လည်း
မှန်ကန်သော ခြေလှမ်းဖြစ်ခဲ့သည်ကို ယနေ့လူငယ်များအနေဖြင့် စဉ်းစား
သိမြင်နိုင်သည်။ ထိုသို့ နိုင်ငံရေး ထွက်ပေါက်မရှာပါက စစ်ရေးနိုင်ရေးအရ
မရှုမလှ ရှုံးမည်မှာ
ကိန်းသေဖြစ်ခဲ့သည်။
ထို့ အချိန်အခါ၏ အခြေအနေကို ကျွန်တော်တို့
စဉ်းစားကြည့်လျှင် အိန္ဒိယနှင့်
ဆွေးနွေးရန်အတွက်
အခြေအနေ လုံးဝမရှိသည်ကိုလည်း ကျွန်တော်တို့သိနိုင်သည်။ သို့သော်
သူတို့က
အိန္ဒိယအစိုးရနှင့် စာချုပ်တစ်ခုလုပ်ပြီး နိုင်ငံရေး ထွက်ပေါက်ရှာရန် သူတို့ ဆုံးဖြတ်ပြီး
လုပ်ဆောင်ခဲ့ကြောင်း
ဆိုင်းထိုးသူ ဦးယားလယ်က ပြောခဲ့သည်။ သူကဆက်လက်၍ ပြောခဲ့
သည်မှာ-အကယ်၍
အိန္ဒိယအခြေခံဥပဒေကို လက်ခံရန်သူတို့က ဖိအားပေးလာခဲ့သော်
ဗမာပြည်မှာရှိတဲ့နာဂတွေ
အပါအဝင်ဖြစ်ရမည်ဆိုပါက လက်ခံမည်ဟု အိန္ဒိယကို
အကြပ်ကိုင်မည်။
ထိုသို့မဖြစ်နိုင်ဆိုပါက ဆွေးနွေးမှုပျက်ပြားမည်။ စာချုပ်အလကား
ဖြစ်သွားမည်။
ထိုအခါ ကျွန်တော်တို့အတွက် နိုင်ငံရေးထွက်ပေါက် တစ်ခုပြန် ဖြစ်လာနိုင်သည်။
ဒါမှမဟုတ်
အိန္ဒိယက ဗမာပြည်ရှိနာဂနယ်မြေကို အိန္ဒိယပြည်ထဲသို့ သိမ်းသွင်းမည်ဆိုပါက
အိန္ဒိယနှင့်ဗမာ
ပြဿနာ ဖြစ်လာမည်။ ထိုပြဿနာဖြေရှင်းရန် ကုလသမဂ္ဂသို့ရောက်ရမည်။
ထိုအခါအိန္ဒိယက
အင်ဒို-နာဂပြဿနာကို ကုလသမဂ္ဂသို့ သူတို့ကိုယ်တိုင် ပို့ဆောင်ပေးရာ
ရောက်မည်ဟု
တွက်ချက်ကာ အိန္ဒိယနှင့် ငြိမ်းချမ်းရေး အတွက်ဆိုင်းထိုးရန် မကြောက်ခဲ့
ကြောင်း
နိုင်ငံရေးကစာပြီး ထွက်ပေါက်ရှာနိုင်မည်ဟု ယုံကြည်ခဲ့ကြောင်း ပြောခဲ့သည်။
ထို့ကြောင့်
နာဂတို့ ဘက်က အင်မတန်မှဆိုးဝါးသော အချိန်အခါသမယတွင် စာချုပ်လုပ်ပြီး
နိုင်ငံရေး
ထွက်ပေါက်ရှာရန် ဖြစ်ပြီး အိန္ဒိယဘက်ကမူ စာချုပ်လုပ်ပြီး နိုင်ငံရေးအရ နာဂတွေကို
အနိုင်ယူရန်
အလင်းဝင်စေရန်ဖြစ်သည်။ ထိုသို့ နိုင်ငံရေး ရန်သူနှစ်ဖက်သူနိုင်ငါနိုင်
အကြိတ်အနယ်
နိုင်ငံရေး ကစားခဲ့ကြသည်။ ထိုစာချုပ် အား နှစ်နိုင်ငံစလုံး၏ လွတ်တော်မှ
အတည်မပြုခဲ့သော်လည်း
ထိုစာချုပ်အရ နာဂတွေက အိန္ဒိယအစိုးရနှင့် ဆွေးနွေးစေရန်
အိန္ဒိယဘက်ကဖိအား
ပေးခဲ့သည်။ အကြောင်းမှာ- နာဂခေါင်းဆောင်များ ထိုစာချုပ်အရ
အိန္ဒိယနှင့်
ဆွေးနွေးပါက ထိုစာချုပ်တရားဝင် ဖြစ်လာနိုင်ပြန်သည်။ ထို့ကြောင့် နာဂတို့ဘက်မှ
လည်း
အိန္ဒိယနှင့် မဆွေးနွေးဘဲ အိန္ဒိယဝန်ကြီးချုပ်က နအက ဥက္ကဌ ဦးဖီဇိုနှင့် ဆွေးနွေးစေရန်
ဖိအားပေးခဲ့သည်။
ထိုသို့ဆွေးနွေးပါက နာဂတို့ ရှီလောင်စာချုပ်ဘောင်အတွင်းမှ လုံးဝ
ကျွတ်လွတ်ပြီဟု
မြင်ခဲ့ သောကြောင့်ဖြစ်သည်။
နာဂတို့၏ နိုင်ငံရေး ပရိယာယ်ကို မသိသော
ဦးမိုရာရ်ဂျီဒေဆိုင်းနှင့် ကြုံခဲ့ရသော
ကြောင့်
ထိုနိုင်ငံရေးစစ်ထိုးပွဲမှာ အထက်တွင် ဖေါ်ပြသည့်အတိုင်း နာဂခေါင်းဆောင်များက
အိန္ဒိယအပေါ်
အနိုင်ယူခဲ့သည်။ သို့သော် ယနေ့တိုင် အိန္ဒိယ အစိုးရက အခဲမကျေ နိုင်ငံရေး
စစ်ထိုးပွဲကစားနေသေးသည်မှာ
နာဂတို့ကမိမိဖာသာ ငြိမ်းချမ်းရေးစခန်းကို ဖျတ်သိမ်း
သွားစေရန်ဖြစ်သည်။
သူတို့၏ပေါ်လစီအောင်မြင်၍ နာဂတို့က ငြိမ်းချမ်းရေးစခန်းကို
ဖျက်သိမ်းသွားပါက
ထိုအချက်ကို ဆုပ်ကိုင်ပြီး အိန္ဒိယအစိုးရက နာဂတွေအပေါ် စစ်ရေးအရ
ပြန်လည်ထိုးစစ်ဆင်နိုင်ရန်
ဖြစ်သည်။
အထက်တွင်ဖေါ်ပြသည့်အတိုင်း ဦးယားလယ်နှင့်
ရမ်ယော်တို့က နိုင်ငံရေး
ကစား၍
နာဂအမျိုးသားကောင်စီနှင့် နာဂဖက်ဒရယ်အစိုးရတို့ ရှီလောင်စာချုပ်မှ ကင်းလွတ်
အောင်လုပ်ပြီး
အင်ဒို-နာဂပြဿနာဖြေရှင်းရန် နာဂအမျိုးသားကောင်စီ ဥက္ကဌ ဦးဖီဇို
လက်ထဲလွှဲအပ်ခဲ့ကာ
အိန္ဒိယဝန်ကြီးချုပ်နှင့် ဆွေးနွေးရန်စီစဉ်နိုင်ခဲ့သည်။ ၁၉၆၇ခုနှစ်ခု၌
ဖြစ်ခဲ့သော
မှားယွင်းမှုကို နောင်တရပြီး ဤကဲ့သို့ပြဿနာ ဖြေရှင်းရန် ဦးဖီဇိုလက်ထဲ လက်ဆင့်
ကမ်းပေးခဲ့ခြင်းဖြစ်သည်။
ဤသို့အင်ဒို-နာဂပြဿနာ ဖြေရှင်းရေးအတွင်
အခြားတတိယနိုင်ငံတွင် ဆွေးနွေး
ရန်
လက်ဆင့်ကမ်းပို့ခဲ့သောအခါ ထိုအချိန်အခါက နအက အထွေထွေအတွင်းရေးမှူး
ဖြစ်ခဲ့သော
ဦးမွေဝါးသည် တရုပ်ပြည်တွင် ရှိနေခဲ့၍ နာဂဖက် ဒရယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး
ဦးအီဆက်သည်
အရှေ့ ဘက် နာဂနယ်မြေတွင်ရှိနေခဲ့သည်။ ဦးမွေဝါးသည်
၁၉၇၈ခုနှစ်တွင်
ပြန်ရောက်လာပြီး
အရှေ့ ဘက် နာဂနယ်မြေတွင် လာနေခဲ့သည်။ ထိုအခွင့်အရေးကောင်းကို
ယူကာ
သူတို့နှစ်ယောက် (အီဆက်-မွေဝါး) ဦးဖီဇို နှင့် အတူလက်တွဲပြီး ပြဿနာကို
ဖြေရှင်းရန်ကြိုးစားခဲ့ကြပါက
နာဂအမျိုးသားများအနေဖြင့် လွန်ခဲ့သော ၁၉၈ဝခုနှစ် အတွင်း
အောင်မြင်မှုကို
ရရှိခဲ့မည်ဖြစ်သည်။ သို့သော် သူတို့သည် ဦးဖီဇို နှင့်လက်တွဲပြီး လုပ်မည့်အစား
နာဂအမျိုးသားကောင်စီမှ
၁၉၈ဝခုနှစ် ဇန္နဝါရီလ (၃၁) ရက်တွင် ခွဲထွက် ကာ နာဂအမျိုးသား
ဆိုရှယ်လစ်ကောင်စီ-နအဆက
(National Socialist Council of Nagaland-NSCN) ကို ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် နာဂအမျိုး
သားများသည် အောင်မြင်မှုနှဲု ဒုတိယအကြိမ်လွဲခဲ့ပြန်သည်။ သူတို့က နအဆက ကို ဖွဲ့စည်းပြီး
ဦးယားလယ်၊ ဦးရမ်ယော် နှင့် ဦးဖီဇို တို့ကိုလည်း နိုင်ငံတော်သစ္စာဖေါက်များဟူ၍ သမုတ်ပြီး
ပယ်ချခဲ့သည်။ ခုမှ ဦးမွေဝါးက နောင်တရပြီး ဦးဖီဇိုအား ရှိခိုးတော့မည့်အလား အင်မတန်မှထူးကဲသော
ခေါင်းဆောင်ကြီး
သူမဟုတ်ရင် နာဂနိုင်ငံတော်ကြီးရှိမည် မဟုတ်ဟု ပြောကာ ချီးမွမ်းနေသည်။
သို့သော်
သူ၏ချီးမွမ်းခြင်းသည် တန်ဘိုးမရှိတော့ပါ ထိုသို့ ဖီဇိုအား သစ္စာဖေါက်ဟု ရှုံ့ ချခဲ့ပြီး
တဖန်
ချီးမွမ်းပြန်သော်လည်း သူမှားခဲ့ပြီဟု ဝန်ခံရန်မူကား ဝန်လေးလျက်ပင် ရှိနေသေးသည်။(နာဂ အမျိုးသားရေးနှင့် ဖောက်ပြန်မှုလုပ်ရပ်များစာအုပ်မှ)
No comments:
Post a Comment