ကြိုဆိုပါတယ်
Popular Posts
အခန်း ၃။ ၁၉၇၆-၁၉၈၈ အတွင်း အရှေ့နာဂနယ်မြေတွင် နိုင်ငံရေးအဖြစ်အပျက်
အထက်တွင် ဖေါ်ပြသည့်အတိုင်း ရှီလောင်စာချုပ်တွင် နိုင်ငံရေးအရ အရေးနှိမ့်ခဲ့
သော အိန္ဒိယအစိုးရသည် နာဂ အမျိုးသားကောင်စီ နှင့် နာဂဖယ်ဒရယ်အစိုးရကို ခွဲပစ်ရန်
ကစားလာခဲ့ပြန်သည်။  ပြည်နယ်နိုင်ငံရေးသမားများမှ တဆင့် ရှီလောင်စာချုပ်သည်
အလင်းဝင်သော စာချုပ်ဖြစ်သည်ဟု ကျယ်ကျယ်လောင်လောင် အော်စေခဲ့သည်။ သူတို့က
မွေဝါသည် အာဏာကိုမက်သူ ဆိုရှယ်လစ်ဝါဒီ ဖြစ်သည်ကို သိသည်။ ဦးဖီဇိုနှင့် မူပေါ်လစီ
ကွာခြားကြောင်းကိုလည်း သိထားကြသည်။ ထို့ကြောင့် မွေဝါက နအက မှခွဲထွက်ပြီး
ဆိုလစ်အစိုးရဖွဲ့စည်းနိုင်ရန် အိန္ဒိယထောက်လှန်းရေး RAW (Research Analyts Wing) သုတေသနစီစစ်ရေးတောင်ပံ အဖွဲ့မှ တဆင့်မွေဝါးအားဆွဲဆောင် အားပေးအား
မြောက်ပြုခဲ့ ကြကြောင်း။ ဤကိစ္စနှင့်ပတ်သက်ပြီး လန်ဒန်အခြေစိုက် နိုင်ငံတကာရေးရာ
မြန်မာသတင်းထောက် ဦးအောင်ရဲမြင့်က ၁၉၈၁ခုနှစ် ဖေဖေါ် ရီလ သတင်းစဉ် မဂ္ဂဇင်းတွင်
အောက်ပါအတိုင်း ရေးခဲ့သည်။
ဒေါ်အင်ဒီရာဂန္ဒီအစိုးရမှ မွေဝါ နှင့် အီဆက် တို့ကို သုတေသန စီစစ်ရေးတောင်ပံ
မှတဆင့် အဆက်အသွယ် လုပ်ပြီး စည်းရုံးလိုက်ပြီ။ “Muivah and Isak were contacted and recruited by Mrs. Gandhi’s admindstration through the Research Analysts Wing, RAW…”(News Magazine, February1981 Vol.2, page၂ မှ ကိုးကားချက်).
သူတို့ နာဂအမျိုးသားကောင်စီမှ ခွဲထွက်သွားပုံသည် အောက်ပါ အတိုင်း ဖြစ်သည်။
(၁) ဆိုရှယ်လစ်မူကို အခြေခံသော အစိုးရသစ်ဖွဲ့စည်းခြင်း၊
၁၉၇၆ခုနှစ် ဇန္နဝါရီလ (၆) ရက်တွင် အရှေ့ပိုင်းနာဂတပ်မ၊ တပ်မဟာ(၉) တပ်ရင်း
(၂၂) နယ်မြေသို့ နာဂတပ်သား (၁၅ဝ) နှင့်အတူ လက်နက် နှစ်လက်စီ (အတို အရှည်)
ဖြင့် မွေဝါးအီဆက် တို့သည် တရုပ်ပြည်မှ ရောက်လာခဲ့ကြသည်။ သူတို့ လန်ခင်
(Langkhaing) ရွာတောတွင် စခန်းချအနားယူခဲ့သည်။ ထိုစခန်းမှ ကော်ညပ်
(Konyak) တပ်သားများသည် Konyak နယ်မြေသို့ တက်သွားရန် ရှိသဖြင့် ထိုစခန်း
တွင် အစည်းအဝေး ခေါ်ခဲ့သည်။ ကျွန်တော်အားလည်း ဖိတ်ခေါ်ခဲ့သဖြင့် ထိုအစည်း အဝေး
သို့ သွားခဲ့သည်။ ထိုအစည်းအဝေးကို ဇန္နဝါရီလ (၉ မှ ၁ဝ) နှစ်ရက်ထိုင်ခဲ့သည်။
ထိုစည်းအဝေးတွင် အချက်နှစ်ချက်ပေါ် အဓိကထားဆွေးနွေးခဲ့သည်။ ထိုအချက်နှစ်ချက်မှာ
ထိုစာချုပ်နှင့်ပတ်သက်ပြီး မွေဝါးက ဤသို့မေးခွန်းထုတ်ခဲ့သည်။ ပြည်တွင်းမှာချန်
ထားခဲ့တဲ့ ခေါင်းဆောင်တွေက ကျွန်တော်တို့နိုင်ငံခြားမှာ သွားနေစဉ် ရှီလောင်စာချုပ်ဆိုင်း
ထိုးပြီး အလင်းဝင်ကုန်ပြီ။ ခုကျွန်တော်တို့ ဘာလုပ်ကြမလဲ။ သူတို့လို ထိုစာချုပ်ကိုလက်ခံပြီး
အလင်းဝင်ကြမလား။ ဒါမှမဟုတ် ထိုစာချုပ်ကို လက်မခံပဲ လွတ်လပ်ရေးအတွက် ဆက်
လက်တိုက်ကြမလား ဟုမေးခဲ့သည်။ ထိုအခါ စစ်အရာရှိများ အာလုံးက ရှီလောင်စာချုပ်
ဘာလုပ်မလဲ။ လက်မခံဘူး။ ဆက်တိုက်မယ်ဟု တညီတညွတ်ထဲပြောခဲ့သည်။ ဒု-ဗိုလ်မှူးကြီး
ဆူးပုန် (Lt.Col.SÜpong) ကမူ ရှီလောင်စာချုပ် ဘာကြောင့်လုပ်သလဲ။ ရန်သူ အတွက်
အကျိုးရှိတဲ့စာချုပ်လား။ ကိုယ့်အတွက်အကျိုးရှိတဲ့စာချုပ်လား။ ကျွန်တော်တို့ ဘာလုပ်ရင်
ကောင်းမလဲ။ ဆိုဒါတွေကို သိရှိရအောင် ကျွန်တော်တို့အဖွဲ့မှ ယုံကြည်ရမည့် လူကို သမ္မတတို့
ဆီလွတ်ပြီး မေးမြန်းရင် ကောင်းမယ်ဆိုပြီး အကြံပေးခဲ့သည်။ သို့သော် ဦးမွေဝါးက လက်မခံခဲ့
ပါ။ သို့ရာတွင် ထိုအစည်းဝေးမှ ဆုံးဖြတ်ချက်သုံးခုကို ချမှတ်ခဲ့သည်။ ထိုတို့မှာ- (၁)
ရှီလောင်စာချုပ် လက်မခံရန် (၂) နယ်စပ်ကျော်ပြီး တစ်ယောက်မျှ လက်နက်နဲ့သွားခွင့်မပြုရန်
(၃) အရေ့နာဂနယ်မြေတွင် အခြေခံစခန်းတည်ဆောက်ရန် တို့ဖြစ်သည်။
ထိုအစည်းအဝေးပြီး၍လန်ခင်ခေတ္တနားစခန်းမှ ထွက်လာကြပြီး တပ်ရင်း (၂၂)
ရှိရာ ဖလုံတုန်ရွာသို့ ဇန္နဝါလ (၁၄) ရက်လောက်တွင် ရောက်ရှိလာခဲ့ကြသည်။ ထိုတပ်ရင်း
(၂၂) စခန်းတွင်ခဏနားပြီး တန်ခွန် (Tangkhul) တို့က သူတို့လူ Lt.Col.(ဒု-ဗိုလ်မှူးကြီး) Pamre ကဦးဆောင်ပြီး အနောက်ဘက် သူတို့နယ်မြေသို့လွတ်ရန် စီစဉ်လာခဲ့သည်။ ထိုအခါ Angami, Chakhesang (အန်ဂါမီ၊ ကြာခေဆန်) လူမျိုးစုတို့ကလည်း သူတို့လူလည်း လွတ်မည်ဟုပြောပြီး ဗိုလ်ကြီးနီးတော်လေ (Captain Neitoulie)ကို Lt.Col.Pamre တို့နှင့်အတူ လွတ်ခဲ့သည်။ သူတို့တန်ခွန်နယ်မြေသို့
အခက်အခဲတစုံတရာမရှိပဲ ရောက်သွားခဲ့ကြကြောင်း။ သို့သော် ဗိုလ်ကြီး နီးတော်လေအား
တစ်လလောက် တန်ခွန်နယ်မြေတွင် ထားပြီး အန်ဂါမီ နယ်မြေသို့လွတ်ရန် အခြေအနေ
မကောင်းဟုညာပြီး အရှေ့ဘက်သို့ Major Proning တန်ခွန်နှင့်အခြား တန်ခွန် (၁ဝ)
ယောက်လောက်နဲ့အတူ ပြန်လွတ်ခဲ့ရာ စွန်းညူ စခန်းသို့ ၁၉၇၆ခုနှစ် မေလတွင်
ရောက်ရှိလာခဲ့သည်။ အခြေအနေမကောင်းဟု ညာပြီး အရှေ့ဖက်သို့ပြန်လွတ်ရန်
ဆွေးနွေးကြသည်ကို ရှေပေါ်မရမ် (Shepoumaramth) လူမျိုး ထိုအချိန်တွင်
တစ်ရစ်ဆရာဖြစ်ပြီး တန်ခွန်တို့နှင့်အတူနေခဲ့သူ ယခု ဗိုလ်မှူးချုပ် ယောန်ငြော် (Yongeo) က
 ကြားနေခဲ့ကြောင်း စာရေးသူအား ပြောခဲ့ဘူးသည်။ နာဂလန်းဖက်ဒရယ် သမ္မတနှင့်
ဝန်ကြီးများအား တွေ့ဆုံမည်ဆိုပါက အန်ဂါမီနယ်မြေကိုဟီးမားမြို့သို့ ရောက်ရှိရန် လိုသည်။
သူတို့နှင့်တွေ့မှသာလျှင် ဒုဗိုလ်မှူးကြီး ဆူးပုန် အကြံပြုသည့် မေးခွန်းများကို မေးမြန်းနိုင်
မည်ဖြစ်သည်။ သို့သော် ရှီလောင်စာချုပ်၏ အကောင်းအဆိုးကို မသိစေရန်အတွက်
မွေဝါးတို့က ဗိုလ်ကြီးနီးတော်လေအား အန်ဂါမီ နယ်မြေသို့မလွတ်ပဲ ပြန်၍အရှေ့ဘက်သို့
လွတ်ခဲ့ခြင်းဖြစ်သည်။ ဤဟာသည်ကား သတင်းအမှောင်ချရန် တမင်သကာ စီစဉ်ခဲ့ခြင်း
ဖြစ်သည်မှာ ယုံမှာသံသယ ရှိစရာမလိုပေ။
ဦးမွေဝါးသည် Konyak တို့နှင့်အတူ Konyak နယ်မြေသို့တက်သွားခဲ့သည်။ ထိုသို့ တက်သွားချိန်တွင် လဟယ်ရှိ ဗမာတပ်စခန်းကို မွေဝါးကဦးဆောင်ပြီး သွားတိုက်ခဲ့ကြရာ ထိုတိုက်ပွဲတွင် မွေဝါ ဒဏ်ရာရခဲ့သည်။ ဇွန်လလောက်မှ စွန်းညူ ဗဟိုစခန်းသို့ မွေဝါ ရောက်လာခဲ့သည်။ ထိုသို့မွေဝါရောက်လာပြီး (၂၉) ကြိမ်မြောက် နာဂလွတ်လပ်ရေးပွဲတော်ကို ၁၉၇၆ခုနှစ် ဩဂုတ်လ (၁၄) ရက် တွင် စဖေါင် (SÜpao) ရွာ၍ ယာယီစခန်း ဆောက်ပြီး ကျင်းပရန် စီစဉ်ခဲ့သည်။ ထိုနေရာတွင်စီစဉ်ခဲ့ခြင်းမှာ Konyak တို့ဘက်မှလည်း လာရောက်နိုင်ရန်
အတွက် ကြားနေရာကို ရွေးခဲ့ခြင်းဖြစ်သည်။ ထိုပွဲတော်ကို အတတ်နိုင်ဆုံး စည်ကားစွာ
ကျင်းပခဲ့သည်။ ကျွဲ (၇) ကောင်သတ်စားပြီးကျင်းပခဲ့သည်။ ထိုလွတ်လပ်ရေး ပွဲတွင် အီဆက်
ပြောခဲ့သော အဓိက မိန်းခွန်း မှာ-နာဂနိုင်ငံတော်၏ လွတ်လပ်ရေးသည် ခုမှအသစ်စက်စက်ရရှိထားသော လွတ်လပ်ရေး။ ဒါမှမဟုတ် ပြင်ပကမ္ဘာမှတင်သွင်းလာသော လွတ်လပ်ရေးမဟုတ်။ သို့သော် စင်စစ်အားဖြင့်
ဖိုးဖွားများမှတဆင့် အမွေဆက်ခံလာသော လွတ်လပ်ရေး ဖြစ်သည်။ ကျွန်တော်တို့၏ အရေးသည် ကျူးကျော်လာသူအား ခုခံတွန်းလှန်ရေးဖြစ်သည်။ ထိုခုခံတွန်းလှန်ရေးကို ပိုမိုအား
ကောင်းလာစေရန် ကျွန်တော်တို့၏ အစိုးရမှ မှန်ကန်သော မူပေါ်လစီကို ချမှတ်နိုင်ရန်အတွက်
အချို့သော အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရလိမ့်မည်။ သို့သော် ခုလက်ရှိအစိုးရစနစ်ကို
အားလုံးပြောင်းလဲလိုက်ခြင်းဟု အဓိပါယ် မကောက်ယူသင့်ပါ။ တစ်မူထူးခြားစွာ ပြုလုပ်ခြင်း
လည်း မဟုတ်ပါ။ အခြေခံဥပဒေဆိုသည်မှာ ပြင်လိုက်။ ဖျက်လိုက် ဖြစ်သော်ညားလည်း
ကျွန်တော်တို့က ကျွန်တော်တို့၏ အချုပ်အခြာ လွတ်လပ်ရေးကို စွဲမြဲစွာကိုင်ထားလျှင်
လူထုနှင့်နိုင်ငံတော်သည် အစဉ်တည်တံ့ခိုင်မြဲလျက်ရှိမည်ဖြစ်သည်။ ထိုကိစ္စအတွက် လွတ်လပ်
ရေးပွဲပြီးပြီးခြင်း လွတ်တော်အစည်းအဝေး ထိုင်မည်ဖြစ်ပါသည်။ တိုင်းပြည် အတွက်
တာဝန်ထမ်းဆောင်သူတိုင်းနှင့် ပြည်သူတွေအားလုံး ထိုပြောင်းလဲမှုအတွက် စိတ်ငြိမ်ငြိမ်
ရှိကြစေလိုပါသည်ဟု မိန့်ခွန်းခြွေခဲ့သည်။
ထိုသို့စီစဉ်ထားသည့်အတိုင်း ဩဂုတ်လ (၁၅) နှင့် (၁၆) ရက်တွင် ထိုပွဲကျင်းပသော
နေရာ့ပင် အစည်းအဝေး ထိုင်ခဲ့သည်။ ထိုအစည်းအဝေးတွင် အန်ဂါမီ၊ ကြာခေဆန်၊ အာအို၊
ကော်ညက်။ ခယမ်ညူးငန်း၊ ယိုဒိလိုင်နောင်၊ ရှေပေါ် မရမ်၊ တန်ခွန်၊ဟိုင်းမြေ နာဂ စသည်တို့
ပါဝင်ပြီး အစည်းအဝေးထိုင်ခဲ့သည်။ ပဌမနေ့တွင် ရှီလောင်ချုပ်ကို တရားဝင် ရှုံ့ချရန် အီဆက်-မွေဝါ တို့ကအဆိုတင်ဆွေးနွေးလာရာ အငြင်းအခုံမရှိ အားလုံးကရှုံ့ချရန် သဘောတူခဲ့ပြီး
အစည်းအဝေး တက်ရောက်လာသူ အရာရှိများ (၄၈) က လက်မှတ်ရေးထိုးပြီး ထိုစာချုပ်ကို
ရှုံ့ချကြောင်း ကြေငြာခဲ့သည်။ ထို့နောက် ဗဟိုမှချုပ်ကိုင်သော အစိုးရစနစ် (Centralized government) ကိုဖွဲ့စည်းရန် ဦးမွေဝါက ဆွေးနွေးလာရာ အစည်းအဝေးတက်ရောက်လာသူဖက်မှ အားပါးတရ ဆွေးနွေးခြင်းမရှိခဲ့ပါ။ ခယမမ်ညူးငန်း ခရိုင်ဝန်မင်းကြီး ဦးမလျော်ကသာ ထ၍ပြောခဲ့သည်မှာ- ကျွန်တော်တို့မှာ နိုင်ငံရေးအကြောင်း နားမလည်ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့အချိန်မှာ  ခါးသည်းတဲ့ အဖြစ်အပျက်အမျိုးမျိုးကို ကျွန်တော်တို့ကြုံခဲ့ပြီ်။ ဥပမာအားဖြင့် ပြောမယ်ဆိုရင် ဆေမာ တော်လှန်းရေးကြောင့် ကျွန်တော်တို့ သမိုင်းမှာ ကွဲပြဲမှုကြီးဖြစ်ခဲ့တယ်။ ခုလည်း အဲဒီလိုထပ်မံပြီး အကွဲအပြဲ မဖြစ်အောင် ခေါင်းဆောင်ကြီးတွေ
အနေနဲ့ စဉ်းစားပြီးလုပ်ကြပါလို့ ကျွန်တော်ပြောလိုတယ်ဟုဆိုကာ ထိုင်ခဲ့သည်။
အမှန်မှာ ထိုအစည်းအဝေးတွင် တက်ရောက်လာခဲ့ကြသော စစ်ဗိုလ်များမှာ နိုင်ငံရေး
အကြောင်း နားမလည်သူများသာ ဖြစ်သည်။ နိုင်ငံရေးအကြောင်းနားလည်သူ ဦးလော်ဟော်
တစ်ယောက်မှာ ဦးမွေဝါ၏ ပေါ်လစီကို မကြိုက်သောကြောင့် အစည်းအဝေး မတက်ခဲ့ပါ။
ကျွန်တော်လည်း အသက် (၂၅) နှစ်လူငယ်လေး လူသစ်တစ်ယောက်သာ ဖြစ်ခဲ့ပြီး အင်္ဂလိပ်
ဝေါ်ဟာရ (Centralized) ဆိုသည် ကိုလည်းနားမလည်ခဲ့ပါ။ ရှင်းပြပေးမည့်လူလည်းမရှိခဲ့ပါ။ ၁၉၇၈-ခုနှစ်ရောက်မှသာ နိုင်ငံရေးနားလည်သူများက ရှင်းပြ၍ ကွန်မြူနစ် ဆိုရှယ်လစ်
နိုင်ငံရေး အသုံးအနှုံးဖြစ်ကြောင်း နားလည်ခဲ့သည်။ ရှီလောင်စာချုပ်ကို ရှုံ့ချသောစာကို
ယခုလေ့လာကြည့်သောအခါ ထိုဟာသည်လည်း စာချုပ်ကို လက်မခံပယ်ချကြောင်း
စာကြောင်းမပါဘဲ ဦးဇာရှေးဟွေးရယ်၏ အစိုးရသည် ရှီလောင်စာချုပ်ကို လက်ခံသောကြောင့်
ရှုံ့ချကြောင်းသာပါရှိသည်ကို တွေ့ရပြန်သည်။
ထိုအစည်းအဝေးတွင် မွေဝါ၏အဆိုကို အချေအတင်မဆွေးနွေး ကြတော့ဘဲ သူ၏
အကြိုက် Centralized အစိုးရကို ဦးမွေဝါနှင့်အီဆက်တို့က ဖွဲ့စည်းခဲ့သည်။ ထိုအစိုးရ
အဖွဲ့ အစည်းသစ်အရ နာဂအမျိုးသားကောင်စီ ဥက္ကဌအား နိုင်ငံတော် သမ္မတရာထူးကိုပါ
ပေး အပ်ခဲ့သည်။ ထို့အတူ နအက ဒု-ဥက္ကဌ လည်း ဒု-သမ္မတ ရာထူးကိုပါဆက်ခံရရှိသည်။
ထိုနည်း၎င်း နအက အထွေထွေအတွင်းရေးမှူးက နဖစ၏ အထွေထွေအတွင်းမှူး တာဝန်ကို
ပါထမ်းဆောင်ရသည်။ လွတ်တော်အမတ်များကိုလည်း အမတ်ဟု မခေါ်တော့ဘဲ ဗဟိုကော်
မတီအဖွဲ့ဝင် ဟုပြောင်းလဲခေါ်ဝေါ်လိုက်သည်။ ခရိုင်ဝန်မင်းကြီးများ ကိုလည်း ခရိုင်ဥက္ကဌဟု
ခေါ်ရန် နှင့် ခရိုင်အမတ်များကိုလည်း ခရိုင်ကော်မတီဝင်များဟု သတ်မှတ်ခဲ့ သည်။ ဤဖွဲ့
စည်းပုံကို တစ်ပါတီအစိုးရစနစ် (one party one government) ဟုခေါ် တွင်ခဲ့
သည်။ ဤဟာသည်ကား လုံးလုံးလျားလျား ဆိုရှယ်လစ်မူကို အခြေခံ၍ ဖွဲ့စည်းသော
အစိုးရဖြစ်၍ နာဂလန်းဖက်ဒရယ်အစိုးရ ဖွဲ့စည်ပုံအခြေခံဥပဒေနှင့် လုံးဝဆန့်ကျင်သော
အစိုးရဖွဲ့စည်းပုံ ဖြစ်ခဲ့သည်။ မှားယွင်းသောခြေလှမ်းကို တဖန်စတင်၍လှမ်းခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ထိုနေ့ ဩဂုတ်လ (၁၆) ရက်တွင် နာဂအမျိုးသားကောင်စီ၏ ဒု-ဥက္ကဌ အင်းကုန်မရင်
(Imkongmeren) အား ရာထူးမှ ‘သူသည်အဖိုးကြီးဖြစ်ပြီ အရှေ့ဘက်နယ်မြေသို့
လာပြီး ကျွန်တော်တို့နှင့် အတူလုပ်နိုင် တော့မည်မဟုတ်’ ဟုဆင်ခြေပေးကာ ဖြုတ်ချခဲ့သည်။
သူ့နေရာတွင် ဦးအီဆက်အား ဒု-ဥက္ကဌ အဖြင့်တင်မြှောက်ခဲ့သည်။ ဤသို့ ဆိုရှယ်လစ်မူကို
အခြေခံ၍ အစိုးသစ်ကို ဖွဲ့စည်းခဲ့ သော်လည်း နအက နှင့် နဖစ ကိုမူကား ရှုံ့ချ ပယ်ချခြင်း
မပြုခဲ့ပါ။
(၂) တရုတ်ပြည်သို့ပြန်လည်သွားခြင်း
၁၉၇၆ခုနှစ် အောက်တိုဘာလတွင် တရုတ်ပြည်သို့သွားရန် အစီအစဉ်ရှိသဖြင့်
နာဂတပ် မတော်သားများနှင့် နာဂဖက်ဒရယ် အစိုးရအရာရှိများ စုံစုံလင်လင် ဖလုံတုန်ရွာတွင်
ရောက်လာခဲ့ကြသည်။ ထိုအချိန်တွင် ဦးခပ်လန်နှင့် ဗိုလ်မှူးချုပ် ထုန်းဘော်တို့လည်း
ကျွန်တော်တို့နှင့် အတူရှိနေခဲ့သည်။ အောက်တိုဘာ (၁၂) တွင် အစည်းအဝေး ထိုင်ခဲ့သည်။
ထိုအစည်းအဝေးတွင် ဦးမွေဝါ ဟောပြောခဲ့သည်မှာ- ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးကို
လက်နက်နဲ့ တိုက်မှရမယ်။ အကြမ်းမဖက်သောနည်း (non-voilence) နဲ့ လွတ်လပ်
ရေးရမယ်ဆိုတာ မဟုတ်မမှန်တဲ့ ပေါ်လစီဘဲ။ ကျွန်တော်တို့ ကမ်းပါးစပ်မှာ ရပ်ထားပြီး
လူများကိုထိုးဖို့ စိမ်ခေါ် လို့မရဘူး။ လူများကတစ်ချက်ထိုးလိုက်ရုံနဲ့ ကမ်းပါးထဲကျသွားမှာပေါ့။
ဒါကြောင့် နေရာကောင်းမှာ ရပ်ထားပြီးမှ လူများကို စိမ်ခေါ်လို့ရတယ်။ လက်နက်မရှိဘဲနဲ့
ရန်သူကို စိမ်ခေါ် လို့မရဘူး။ လက်နက်ရှိမှရတယ်။ အင်ဒို-နာဂ ပြဿနာဟာ နိုင်ငံရေးအရ
ဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ လက်နက်နဲ့ ဖြေရှင်းမှရမယ်။ စသည်ဖြင့် ဟောခဲ့သည်။
ထိုအစည်းအဝေးပြီးပြီး ဦးမွေဝါသည် ၁၉၇၆ခုနှစ် အောက်တိုဘာလ (၁၆) ရက်မှစ၍
နာဂတပ်သား (၂ဝဝ) နဲ့အတူ တရုတ်ပြည်သို့ ပြန်လည်သွားခဲ့သည်။ ဒုတိယအသုတ်
တပ်သား (၁ဝဝ) အား ၁၉၇၇ခုနှစ် ဇန္နဝါရီလတွင် လွတ်ခဲ့သည်။ ဤအဖွဲ့နှစ်ခုတွင်
ဟိုင်းမြေနယ်မှ အမျိုးသမီးသုံးယောက် (Yungmat, Khamrang, Minlin)
တို့အပါအဝင် တပ်သား (၇၅) ယောက် ပထမ အသုတ်တွင် ဆရာလုံမီးအား ဦးစီးဦးဆောင်
တာဝန်ပေးပြီး ဒုတိယအသုတ်တွင် ဆရာဆိုင်ရှမ် (Saisham) အား ဦးဆာင်စေ၍
လွတ်ခဲ့သည်။  ဦးမွေဝါ သွားပြီးနောက် အီဆက်သည် အနောက်ဘက်က လူကြီးတွေနှင့်
ဘာမှအဆက် အသွယ်မလုပ်ဘဲ နေခဲ့သည်။ အနောက် ဘက်ကလူကြီးတွေနှင့် အဆက်
အသွယ်လုပ်ပြီး အလုပ်လုပ်ရမယ်။ ဘာကြောင့်အဆက် အသွယ်မလုပ်ဘဲနေသလဲ ဟုမေးရာ
မွေဝါက သူမရှိခင အနောက်ဘက်သို့ လူလွတ်ပြီး ဆက်သွယ်မှု လုံးဝမပြုရန်မှာ ထားခဲ့ကြောင်း
အီဆက်က ပြောပြ၍သိခဲ့သည်။
(၃) စည်းရုံးရေးနှင့် ရန်သူ၏ ထိုးစစ်
သူတို့တရုတ်ပြည်သို့သွားသည့်နောက် ကျွန်တော်တစ်ယောက်တည်းသာ
အမိနယ်မြေ၊ ဟိုင်းမြေနယ်တွင် လက်နက် (၇) လက်နဲ့ ချန်ထားခဲ့သည်။ လက်နက်တွေကို
တောထဲမှာ ဝှက်ထားပြီး လူတစ်ယောက်ပစ္စတိုတစ်လက်နဲ့ စည်းရုံးရေးဆင်းခဲ့သည်။
ရဲဘော်သစ်တွေ စုဆောင်းခဲ့သည်။ တစ်လအတွင်း ရဲဘော်သစ် (၁ဝ) ယောက်စုဆောင်း
နိုင်ခဲ့သည်။ ထိုရဲဘော်တွေအား သေနတ်ပစ်သင်တန်းနှင့် ရန်သူနဲ့ မမျှော်လင့်ဘဲ ရင်ဆိုင်
တွေ့ဆုံရသည့် အခါ မည်သို့မည်ပုံ နေရာယူရမည်။ ပစ်ရမည် စသည့်သင်တန်းပေးပြီး
သေနတ်ပေးခဲ့သည်။ ထို့နောက်တွင် ထိုရဲဘော် သစ်များနှင့်အတူ စည်းရုံးရေးဆင်းခဲ့သည်။
အမျိုးကိုချစ်မြတ်နိုးသော ရွာလူကြီးများက ကျွန်တော်အား ဝမ်းသာအားရကြိုဆိုခဲ့ကြသည်။
ကျွန်တော် အချို့သော ရွာသူကြီးတွေပြောခဲ့သော စကားကို ယနေ့တိုင်မမေ့နိုင်ပါ။
ထိုစကားသည် ကျွန်တော့တစ်သက်တာအတွက် ဆေးတစ်ခွက် ဖြစ်ခဲ့သည်။။
သူတို့ပြောခဲ့သည်မှာ- ခင်ဗျားက ဦးစီးဦးဆောင်ပြီး  ခုလိုမိမိလူမျိုးနဲ့တိုင်းပြည် အတွက်
အသက်စွန့်ပြီး လုပ်တာကို ကျွန်တော်တို့ထောက်ခံပါတယ်။ ဒီလိုကိုယ့်အမျိုးကို ချစ်တဲ့အတွက်ခင်ဗျားကိုကျွန်တော်လေးစားပါတယ်။ ဒါကြောင့် လည်းခင်ဗျားကို ကျွန်တော်
အားရပါးရ ကျွေးမွေးပါတယ်။ ဒါပေမဲ့ ဒီလိုကျွန်တော်တို့က ကိုယ့်လူမျိုးနှင့် တိုင်းပြည်ကို ချစ်ပြီး
ကျွေးမွေးတာကို စားသောက်ကြပြီး အချို့သောဦးခပ်လန်တို့အဖွဲ့က တိုင်းပြည် နှင့် ကျွန်တော်
တို့အပေါ်မှာ သစ္စာဖေါက်ပြီး ရန်သူထံ အလင်းဝင်သွားခဲ့ကြတယ်။ အဲသလိုမျိုးကို ကျွန်တော်
အင်မတန်မုန်းတယ်။ ခင်ဗျားတို့လည်းဒီလို ဖြစ်ရင်ဖြစ်မယ်။ ဘယ်သူပြောနိုင်မှာလဲ။ သူစကား
ပြောသောအခါ လေးလေးနက်နက်ပြောနေခဲ့သည်။ အခန်းထဲမှာ ကျွန်တော်တစ်ယောက်ထဲ
ကိုသာ ခေါ်ပြီးပြောခဲ့သည်။ သူကအသက် (၆ဝ) ကျော် (၇ဝ) ဝန်းကျင်ရှိသောလကြီးဖြစ်သည်။
ကျွန်တော်ကအသက် (၂ဝ) ကျော်လူငယ်လေး။ သူကကျွန်တော့်ကို မယုံကြည်ဟန်တူသည်။ ဒါ
ကြောင့်လည်းသူက ကျွန်တော်အား ကတိပေး စေချင်သလို ပြောနေသည်ကို ကျွန်တော်နား
လည်သည်။ ကျွန်တော် သူ့၏မျိုးချစ်စိတ်ကို လေးစားသည်။ တန်ဖိုးထားသည်။ ဒါကြောင့်
လည်း ကျွန်တော်သူ့အား ဝမ်းသာအားရစွာနဲ့ ကျွန်တော်ဘယ်တော့မှ အလင်းဝင်
လက်မြောက်အရှုံးပေးမှာ မဟုတ်ကြောင်း ကတိပေး ခဲ့သည်။ ကျွန်တော် ကတိပေးတာကို
သူအင်မတန်ကျေနပ်ခဲ့သည်။ ကျွန်တော် ခင်ဗျားတို့က အောင်ပန်းဆွတ်ခူးလာသည်အထိ
အသက်ရှင်ချင်မှ ရှင်မည်။ သို့သော် ခင်ဗျားလို လူငယ်လေး တစ်ယောက်က အမျိုးကိုချစ်ပြီး
ယခုလို အဘကို ကတိပေးတဲ့အတွက် အများကြီးဝမ်းသာပါတယ် ဟုပြောခဲ့သည်။  သူသည်
ကားရာဆီးတန်ဘန်း (Rasi Tangbang) ရွာက သူကြီးဖြစ်သည်။ သူကွယ်လွန်ခဲ့ သည်မှာ
ကြာပြီ ဖြစ်သည်။
ရှမ်မီး (ဆရာလုံမီး)ရွာသူကြီး ဦးဂုန်လန် (Gunglang) ကလည်း- လုံမီးနှင့်ခင်ဗျား
တို့နှစ်ယောက် ကိုယ့်လူမျိုးနဲ့ တိုင်းပြည်အတွက် လုပ်ကြတာကို ကျွန်တော် တို့အားလုံးက
အားပေးပါတယ်။ ပြည်သူလူထုနဲ့ ညီညွတ်အောင်လုပ်ပါ။ လူ့အသက်ကို မြန်မြန် သတ်ဖို့
မလုပ်နဲ့။ လူများကိုအထင်အမြင်သေးပြီးမလုပ်နဲ့။ သူတတ်တာကို ကိုယ်မတတ် ကိုယ်တတ်
တာကို သူကမတတ်ဘူးဆိုတာ စိတ်ထဲမှာရှိရမယ်။ ဥပမာအားဖြင့် ပြောမယ် ဆိုရင်-ကျွန်တော် တတ်တာကို ခင်ဗျားမတတ်ဘူး။ ခင်ဗျားတတ်တာကို ကျွန်တော်မတတ်ဘူး။ ကျွန်တော့်မှာလည်း လူငယ်အတွေးအခေါ် ဆိုတော့။ ဒီလူကြီးက ကျွန်တော်မတတ်တာ ဘာများတတ် လို့ပြောနေတာလဲ ကခ တောင်မသိတာဟု စိတ်ထဲမှာ တွေးနေမိသည်။ သူကဆက်လက်၍ ကျွန်တော် ခင်ဗျားတတ်တဲ့ စာပေပညာမတတ်ဘူး။ ကျွန်တော်တောင်း ပလိုင်းဖြာတွေ ယက်တတ်တယ်။ ဒါတွေခင်ဗျားတတ်မာမဟုတ်ဘူး လို့ပြောမှ သူတတ်တဲ့လက်မှု ပညာတွေ ကျွန်တော်လုံးဝမတတ်တာကို သတိရမိပြီး သူပြောသည့်စကား အဓိပါယ်
လေးနက်မှုကို နားလည်ကာ သူ့ကို လေးစားမိသည်။
၁၉၇၇ ခုနှစ် မေလ ရောက်လာသောအခါ  ဗဟိုစခန်းမှ  ဒုဗိုလ်မှူးကြီး နင်းဝေါန်
(Lt.Col. Ningwon Tangkhul) က ဦးဆောင်ပြီးတပ်သား (၃ဝ) လောက်
(အားလုံးတန်ခွန်)။ ကျွန်တော်နှင့်အတူ ဟိုင်းမြေနယ်တွင်တာဝန်ထမ်းဆောင်ရန် ဗဟိုမှ
စေလွတ်သဖြင့် ရောက် လာခဲ့ကြသည်။ ထို့ကြောင့် ပထမ ဦးဆုံး ကျွန်တော်တို့၏စခန်းကို
ဟန်ဆင် (Hangsen) ရွာနားတွင်ချခဲ့သည်။ ထိုစခန်းရှိကြောင်း သတင်းပေါက်ကြား သွား၍
ဗမာတပ်သားများ တက်လာနေကြာင်း သတင်းကြားသောအခါ ကျွန်တော်တို့လည်း ထိုစခန်း
ကို မီးရှို့ဖျက်စီးပြီး တပ်ရင်း (၂) ရှိရာ လိုင်နောင်နယ်သို့ တက်သွားခဲ့ကြသည်။ အကြောင်းမှာ
တောင်ပေါ်သားများဖြစ်ကြသော ရဲဘော်သစ် များသည် အပူပိုင်းဒေသသို့ ရောက်လာသော
အခါ အားလုံး ငှက်ဖျားမိခဲ့ကြသည်။ တိုက်ပွဲဆင်နွှဲနိုင်မည့်သူ မရှိခဲ့ပါ။ ဆွမ်ရီး (Sumri)
ရွာသို့ရောက်သောအခါ အဖွဲ့နှစ်ခုခွဲပြီး ဦးရင်ခါး (Rinkha) ကဦးဆောင်၍ ဖျားနားသူ
တွေကို ခေါ်ဆောင်ပြီး တပ်ရင်း (၂) စခန်းနယ်မြေသို့ပြန်ရန်။ ကျွန်တော်ကဦးဆောင်ပြီး
ဟိုင်းမြေနယ်တွင် စည်းရုံးရေးဆက်လက် လှုပ်ရှားရန်ဖြစ်ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ကျွန်တော့အဖွဲ့က လားခူး ဝါးခူးလမ်းဘက်သို့ ဆင်းလာခဲ့ကြပြီး ရှမ်မီး
(Shami) နယ်၊ မိုင်ထောင်းနယ်မြေများသို့ စည်းရုံးရေးဆင်းခဲ့သည်။ ကျွန်တော်တို့၏
လှုပ်ရှားမှုသတင်း ပေါက်ကြားသွားသောအခါ ခန္တီးဘက်မှ တပ်ခွဲတစ်ခုစေလွတ်ပြန်ပြီး
စစ်ဆင်ခဲ့သည်။ ကျွန်တော်တို့အဖွဲ့မှာ (၇) ယောက်သာဖြစ်သည်။ ထို (၇) ယောက်ထဲတွင်
တန်ခွန် နှစ်ယောက်သည် ငှက်ဖျားမိနေခဲ့ပြန်သည်။ ထို့ကြောင့်ရန်သူနှင့် မတိုးမိရန်
အတတ်နိုင်ဆုံး ရှောင်ရှားခဲ့သည်။ ထိုအချိန်တွင် ဦးရင်ခါးတို့အဖွဲ့ ဟခီးရွာတွင် ရန်သူ၏
တိုက်ခိုက်ခြင်းခံရ၍ (၁၁) ယောက်ကျဆုံးကြောင်း။ တိုက်ပွဲ ဖြစ်သည့်နေရာတွင် (၇)
ယောက်ကျပြီး ဦးရင်ခါး အပါအဝင် (၄) ယောက်မှာ ဖမ်းပြီးသတ်လိုက်ကြောင်း။ ကျန်ရှိသူ
များမှာလည်း ကစင့်ကလျား ထွက်ပြေးနေရကြောင်း သတင်းရရှိခဲ့ပြန်သည်။ ဤသတင်း
ဆိုးကို ကြားရသောအခါ ကျန်ရှိသောသူများကို ကယ်ဆယ်နိုင်ရန်အတွက် တိုက်ပွဲဖြစ်ရာ
နယ်မြေသို့ ကျွန်တော် အမြန်ဆုံးတက်သွားရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ရှာမီးနယ်တွင်
ပုံးစခန်းတစ်ခု အမြန်ဆုံး ဆောက်လုပ်ပြီး ဖျားနာသူနှစ်ယောက်နဲ့ ဟိုင်းမြေရဲဘော်
တစ်ယောက်ထားခဲ့၍ ကျွန်တော် ရဲဘော်သုံးယောက်နဲ့အတူ တက်သွားခဲ့သည်။ တိုက်ပွဲ
ဖြစ်ခဲ့သောနယ်မြေ ဟခီး၊ ဟခွင်း၊ ဟမန်း၊ ဂရေးရွာများသို့ရောက်ရှိ စုံစမ်းခဲ့ရာ ကျန်ရှိသူများမှာ
ကောင်းမွန်စွာ တပ်ရင်း (၂) ဘက်သို့ရောက်ရှိသွားကြပြီ ဖြစ် ကြောင်း သတင်းရရှိခဲ့သဖြင့်
စိတ်အေးခဲ့သည်။
ဤအချိန်တွင် ထိုတိုက်ပွဲဖြစ်ရာ နယ်မြေတဝိုက်တွင်ရှိသောရွာများ နှင့် ဒုံဟီးရွာရှိအနီး
အနားရွာများမှ ကျွန်တော့အားချစ်ခင်သနားသူများက ဒုံဟီးရွာလူကြီးများသည် ကျွန်တော့
အားဖမ်းရန်။ သို့မဟုတ်သတ်ရန် ပြင်ဆင်ထားကြောင်း ပြောပြီး ကျွန်တော့အား သတိထား
သွားလာရန်။ ဒုံဟီးရွာသို့မဝင်ရန်  မှာကြားခဲ့သည်။ ထိုဏ္ဍကြောင့်ကျွန်တော် ရှားမီးနယ် သို့ပြန်
ဆင်းရန်အလာတွင် ဒုံဟီးရွာသို့ဝင်ပြီး ဒုံဟီးရွာလူကြီးများနှင့် ထိပ်တိုက်ဆွေးနွေးရန်ဆုံး
ဖြတ်ခဲ့သည်။  ဟခွင်း၊ ဘော်တေး၊ လားမာ ဘက်လာပြီး  ၁၉၇၇ ခုနှစ် ဩဂုတ်လ (၂ဝ)
ရက်တွင် မေးတေး တောင်ယာတွင် အိပ်ခဲ့သည်။ ထိုတောင်ယာတွင် မေးတေးရွာ လူကြီး
များကိုခေါ်၍ နိုင်ငံရေးတရားဟောခဲ့သည်။ နောက်တစ်ရက် (၂၁) တွင် ဒုံဟီးရွာသို့ သွားမည့်
လမ်းကို မေးမြန်းပြီး ဆင်းလာခဲ့သည်။ ရွာသားများက ကျွန်တော်တို့အား ဒုံဟီးရွာသို့မသွား
ရန်ပြောခဲ့သည်။ လမ်းပြရန်လည်း မရဲခဲ့ပါ။ ဒုံဟီးရွာလူကြီးများက သူတို့အား အပြစ်တင်မှာ
ကြောက်သောကြောင့်ဖြစ်သည်။
ဒုံဟီးရွာသို့ မနက် (၁ဝ) နာရီလောက်တွင်ရောက်ရှိခဲ့သည်။ ရွာလယ်တွင်
တောင်းကုန်းလေး တစ်ခုပေါ်ရှိသော အိမ်ကိုရွေးနေခဲ့သည်။ ရဲဘော်သုံးယောက်အား အိမ်ရှေ့
ဘက်သို့ တစ်ယောက် တစ်ယောက်အား နောက်ဘက်နှင့်အပေါ်ဘက် တစ်ယောက်အား အိမ်အောက်ဘက် သို့ကြည့်ပြီး အသင့်အနေအထား ဖြင့်နေရာချထားခဲ့သည်။ သူတို့အားလုံးမှာ မောင်းပြန်သေနတ် တစ်လက်စီဖြစ်သည်။ သူတို့နား ရွားသားများကပ်ကပ်
မလာခိုင်းရန် မှာထားပြီး။ ကျွန်တော်က ပစ္စတိုတစ်လက်နဲ့ M22 တစ်လက်ဖြင့်အိမ်ပေါ်
သို့တက်သွားသည်။  ရွာသားများက ကျွန်တော်တို့အား တိုက်ခိုက်ရန်လာသော အရိပ်
အယောင်တွေ့ပါက ကျွန်တော်ကိုအချက်ပေးသည့်အနေဖြင့် သေနတ်ပစ်ဖေါက်ရန်
အမိန့်ပေးခဲ့သည်။ ကျွန်တော်လည်း အိမ်ပေါ်တွင် သေနတ်ခလုတ်အပိတ်ကို ဖွင့်ထားပြီး
တစုံတခုဖြစ်ရင်ကိုယ်က အရင်ဦးရန် အသင့်အနေအထား ဖြင့်ထိုင်သည်။ ရွာသားများ
ကျွန်တော့ နားကပ်ပြီးမထိုင်ခိုင်းသည့် အပြင် ကျွန်တော်အား ဝိုင်းထားသောပုံစံဖြင့်လည်း
မထိုင်ခိုင်းပါ။ သူတို့က ကျွန်တော့အား ရန်ပြုရန်ကြံရွယ်သည် ဆိုသောသတင်းကြောင့်
ကျွန်တော်တို့ ဒီလောက်အထိ သတိထားခဲ့ ရခြင်းဖြစ်သည်။ ရွာသားများသည်လည်း
ကောက်သစ်စားပွဲ ရက်ကန်းဖြစ်သောကြောင့် ရွာတွင်စုံစုံလင်လင် နေကြသည်ကို
တွေ့ရသည်။ ရွာသားများ ကျွန်တော်တို့နဲ့ ဖေါ်ဖေါ်ရွေရွေ မရှိသည်မှာ ထင်ရှားသည်။
ထို့ကြောင့်လည်း ပိုပြီးသတိထားရသည်။ ရွာတွင် နာရီဝက် လောက်သာ နေရန်ဆုံးဖြတ်
ခဲ့သည်။ ရွာလူကြီးများကို အမြန်းဆုံခေါ် ခိုင်းပြီးအစည်းအဝေး လုပ်ခဲ့သည်။  ကျွန်တော်
ဒုံဟီးစကားနားမလည်သောကြောင့် ကျွန်တော် ဗမာစကားနဲ့ပြောပြီး ဦးဝါခါးက စကားပြန်
လုပ်ခဲ့သည်။
ကျွန်တော်ပြောခဲ့သည်မှာ- ကျွန်တော်ခုလုပ်နေတဲ့အလုပ်ဟာ  နာဂလူမျိုး
ကောင်းစား ရေးအတွက်လုပ်နေခြင်းသာ ဖြစ်တယ်။ ဘယ်သူကိုမှ ရန်ရှာရန်လုပ်နေခြင်း
မဟုတ်ဘူး။ ခင်ဗျားတို့ကို ရန်ရှာရန် ကျွန်တော် လုပ်နေတာ မဟုတ်ဘူး။ ခင်ဗျားတို့လူကြီးတွေ
အပေါ်မှာ ကျွန်တော်ဘာမှလည်း ရန်ငြိုးမရှိဘူး။ ရင်းခူး (Rinkhu) လူမျိုးနှင့် ဒုံဟီးလူမျိုး
တိုဏ္ဍ ကြားမှာ လည်း ရန်ငြိုးရှိတယ်ဆိုတာ  ကျွန်တော်မကြားဖူးဘူး။ ဒါဆိုရင် ခင်ဗျားတို့က
ဘာရန်ငြိုးနဲ့ ကျွန်တော့်ကို သတ်ချင် ဖမ်းချင်ကြတာလဲ။ ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ
မရှိဘဲ ခင်ဗျားတို့က ကျွန်တော့်ကို ဖမ်းဖို့သတ်ဖို့ ရန်သူနဲ့ပေါင်းပြီး လုပ်ကြမယ်ဆိုရင်
ခင်ဗျားတို့မှားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုကျွန်တော်လုပ်နေတဲ့ အလုပ်ဟာ ခင်ဗျားတို့က
ကျွန်တော့ကို သတ်လိုက်လို့ ဖမ်းလိုက်လို့ ပျောက်ဆုံးသွားမည့် အလုပ်မဟုတ်ဘူး။
ကျွန်တော်သေသွားရင်လည်း နောက်ခေါင်းဆောင်တွေ တက်လာပြီး ဒီအလုပ်ကို
ဆက်လုပ်ကြမယ်။ ခင်ဗျားတို့ တောင်ယာမှာ မြက်တွေနှုတ်လိုက်ပေမဲ့  အသစ် ပြန်ထွက်
လာသလို နာဂခေါင်းဆောင်တွေလဲတစ် ယောက်ကျရင် နောက်တစ်ယောက် ပြန်တက်
လာမယ်။  ကျွန်တော် လုပ်နေတဲ့အလုပ်ဟာ လူဆိုးလူမိုက်၊ သူခိုးဓါးပြ အလုပ်မဟုတ်ဘူး။
နာဂအစိုးရ နာဂတပ်မတော် ဖွဲ့စည်းပြီး တရားဥပဒေနဲ့အညီ နာဂနိုင်ငံတော်အတွက်
လုပ်နေတာဖြစ်တယ်။ နာဂအစိုးရက ကမ္ဘာမှာ အိန္ဒိယ ဒီလောက်ကြီးတဲ့နိုင်ငံနဲ့ တိုက်နေတာ
ဟာ နှစ်ပေါင်း (၃ဝ) ရှိလာနေပြီ၊ ဒါပေမဲ့ အိန္ဒိယအစိုးရက နာဂကို ယခုအထိ အပြုတ်
မတိုက်နိုင်ဘူး။ ခင်ဗျားတို့က ရန်သူနဲ့ ပေါင်းပြီး ကိုယ့်နာဂအစိုးရကို ဆန့်ကျင် တိုက်ခိုက်ကြမယ်
ဆိုရင် ခင်ဗျားတို့ဘဲမှားလိမ့်မယ်။ ဒါကြောင့် ဘယ်တော့မှလည်း ကိုယ့်လူမျိုး နဲ့ ဆန့်ကျင်ပြီး
မလုပ်ကြနဲ့လို့ ဟောပြောပြီး ရှန်းတီး (Shangti) ဘက်သို့ ထွက်သွားခဲ့သည်။
ရှန်းတီးကနေ လုံရား (Lungra) ရွာ ဘက်ကိုတက်ပြီး လားခူးလမ်းဘက် ဆင်းကာ
ပုံးစခန်းသို့သွားရန် စီစဉ်ခဲ့သည်။ သို့သော် လုံရားရွာသူကြီးက လားခူးလမ်းဘက် မသွား
တော့ရန်။ ရန်သူကလမ်းမတွေ တံတားတွေ အကုန်လုံး ပိတ်ဆို့ပြီး ကျွန်တော်အား အသေရရ
အရှင်ရရ တိုက်စစ်ဆင်နေကြောင်း ပြောသည်။  ထို့ကြောင့်ကျွန်တော်တို့ လားခူး လမ်းဘက်
မဆင်းတော့ဘဲ ဆွမ်းရီးဘက်ကို ပြန်တက်ခဲ့သည်။ ဆွမ်းရီးရွာမှ ရဲဘော် မော်ဒမ်း
(Modam) အား ရဲဘော်သုံးယောက်ကိုခေါ် ပြီးပြန်တက်လာရန် လွတ်လိုက်ပြီး
ကျွန်တော်တို့သုံးယောက် (Rangshap နှင့် Nukkha) က ရှန်းတီးဘက်ကို ပြန်ဆင်း
သည်။ ကျွန်တော်တို့၏ အစီအစဉ်မှာ ရန်သူကထိုးစစ်ဆင်နေသောကြောင့် အဖွဲ့ကြီးရှိရာသို့
ပြန်ရန်ဖြစ်သည်။ ဒုံဟီးရွာ ကိုဖြတ်ပြီး ဟခီး၊ ဂရေး၊ ဟမန်း ဘက်သွားပြီး ကီးရှန်လမ်းနဲ့
တပ်ရင်း(၂) ဘက်ကိုပြန် ရန်ဖြစ်သည်။ ဒုံဟီး ရွာကို မိုးမလင်းခင် ရွာအောက်ဖက်မှ တောကနေ
ဖြတ်ရန်စီစဉ်ခဲ့သည်။ ရွာမှကြက်တစ်ကောင်ဝယ်ပြီး မနက်စာကို ညမှာချက်ထား လိုက်သည်။
မနက် နှစ်နာရီ ကျော်လောက်အချိန်တွင်ထပြီး ထွက်လာခဲ့သည်။ ဒုံဟီးရွာသို့ မနက်မိုး
ကောင်းကောင်း မလင်းခင် ရောက်ပြီး ရွာအောက်ဘက် ဂရေးရွာသို့သွားမည့် လမ်းဘက်က
နေဖြတ်၍ ဟခီး လမ်းဖက်ကို ပေါက်လာခဲ့သည်။ ဒုံဟီးရွာသားတစ်ယောက်မျှ ကျွန်တော်တို့
အားတွေ့မည်ဟု မထင်ခဲ့သော်လည်း အတိအကျပြောနိုင်ရန်ကား မလွယ်လှပါ။
ဟခီးနှင့်ဒုံဟီးရွာကြား ချောင်းကြီးရောက်မှ ကျွန်တော်တို့ထုပ်လာသော ထမင်း ကိုစား
ကြသည်။ ဟခီးရွာသို့မွန်လွဲ တစ်နာရီ ကျော်လောက်တွင် ရောက်ရှိခဲ့သည်။ နေ့လည် စာ
ချက်စားပြီးထွက်လာခဲ့ရာ ညနေဝင်ချိန် ဂရေးရွာသို့ပြန် လည်ရောက် ရှိလာခဲ့သည်။ လွန်ခဲ့
သောအပတ်မှာရောက်ရှိခဲ့ပြီး ခုတစ်ဖန်ရောက်လာခြင်းဖြစ်သည်။ ရွာဥက္ကဌ ဦးဝန်ကြုံး
(Wangchung) ၏ အိမ်မှာ ဟခီးလမ်းဘက်တွင် ဖြစ်သဖြင့် သူနဲ့အရင်ဆုံတွေ့ရသည်။
ဤအခါတွင် သူ၏အပြောအဆို အမူအရာ တမူထူးခြားနေသည်ကို ရိပ်မိသည်။
သူကကျွန်တော် အား အိမ်ပေါ်သို့လာရန် အမိန့်ပေးသည့် အသံဖြင့်ခေါ်သည်။ ထို့ကြောင့်
ကျွန်တော် ရဲဘော်နှစ်ယောက်အား အခြေအနေ တမူထူးခြားနေကြောင်း။ သေနတ်ကို
အောက်မချရန်။ ရွာသားများ ကိုယ့်နားကပ်ကပ် မလာခိုင်းရန်။ ဆန်ကိုလိုသည်ထက်ပို၍
ခပ်များများတောင်းထားရန်ပြောပြီး ကျွန်တော်ခန့်ထားသော နာဂအစိုးရ သူကြီးအိမ်ဦးကေဘား၏ အိမ်သို့ လွတ်လိုက်သည်။
ကျွန်တော်အိမ်ပေါ်တက်သွားပြီး ထိုင်လိုက်သည်။ ဝန်ကြုံးကအိမ်ခန်းထဲသို့ ဝင်သွား
သည်။ တို့မီးသေနတ်နဲ့လည်း သူက ကျွန်တော့အား လက်မြောက်ခိုင်းနိုင်သည်ကို ကျွန်တော်
သတိထားမိသည်။ ထို့ကြောင့် ကျွန်တော့၏သေနတ် ဆပ်မရှင်းဂန်း ခလုပ်ပိတ်ကို ဖွင့်ထား
ပြီးအသင့်အနေအထားဖြင့် ဝန်ကြုံးက ခေါင်ရည်ခွက်နဲ့လာမလား သေနတ်နဲ့ ထွက်လာမ
လားလို့ တံခါးပေါက်ဖက်ကို စေ့စေ့ကြည့်ပြီး ကျွန်တော်စောင့်နေခဲ့သည်။ သူမြန်မြန် ထွက်
မလာသောကြောင့် ပို၍မသင်ကာ ဖြစ်ရသည်။ သို့သော်သူပြန်ထွက်လာသောအခါ
ခေါင်ရည်ခွက်ကိုင်ပြီး ထွက်လာသည်။ ယော့ လူးစပါးကောက်သစ်စားပွဲခေါင်ရည်။ ဒါပေမဲ့ 
နည်းနည်း ချဉ်သွားပြီဟုပြောကာ ကျွန်တော်အားပေးသည်။ ဧည့်သည်ကို ခေါင်ရည်ဖြင့်
ပထမဦးဆုံး ဧည့်ခံရသည်မှာ ကျွန်တော်တို့၏ ထုံးစံပင် ဖြစ်သည်။
သူကအသံခတ်မာမာဖြင့် ကျွန်တော့်အားပြောသည်မှာ- ခင်ဗျားတို့ ဒါတွေကို
လုပ်မနေနဲ့။ မသွားလာနဲ့။ ဒါတွေဟာ အလကားအလုပ်ဘဲ။ ပြည်သူတွေကို ဒုက္ခပေးမဲ့အလုပ်
ဘဲ။ စသည်ဖြင့် အရင်ကသူ့ပါးစပ်ကနေ မထွက်ဖူးသော စကားတွေထွက်လာသည်။
ကျွန်တော် အံ့ဩလို့မဆုံးဖြစ်သည်။ ညမှာ အစည်းအဝေးထိုင်ပြီး ဆွေးနွေးကြရန်။ ရွာသား
တွေကို အစည်းအဝေးသို့လာရန် ဖိတ်ခေါ်ဖို့ပြော၍ ကျွန်တော်သူ့အိမ်မှ ထွက်လာခဲ့သည်။
အစည်းအဝေးသို့ ရွာသူကြီးများနှင့်ရွာသားတွေ အခန်းအပြည့် ရောက်လာ
ကြသည်။ အစည်းအဝေးတွင် နာဂအမျိုးသားရေးနဲ့ ဆန့်ကျင်ပြီးမလုပ်ကြရန် ကျွန်တော်
အဓိကထားပြီး ပြောခဲ့သည်။ သို့သော် ဦးဝန်းကြုံးနှင့် ကေဘားတို့က နာဂအမျိုးသားရေးကို
ခါးခါးသီးသီး ငြင်းဆန်ပြီး ပြန်ပြောသည်။ နာဂလွတ်လပ်ရေး ရရန်မလိုကြောင်း ပြောသည်။
ထို့ကြောင့် သူတို့က ကျွန်တော်တို့အားရန်ပြုမည်ကို ကျွန်တော်ကွက်ကွက်ကွင်းကွင်း
နားလည်ခဲ့သည်။ ကျွန်တော်တို့ သတိကြီးစွာထားပြီး နေရမည်မှလွဲ၍ ဘာမှလည်း
မလုပ်နိုင်သည်မှာ အမှန်ပင်။ ရဲဘော်နှစ်ယောက်အား ဒီညတခုခု ဖြစ်မယ်ဆိုတာ သေချာနေပြီ။
ရွာလူကြီးတွေက ကျွန်တော်တို့ကို ဖမ်းဖို့ လုပ်မလား ဗမာစစ်တပ်ကို ခေါ်လာပြီးဖမ်းမလား။
ဒါကြောင့် သတိကြီးစွာထားပြီး အိပ်ရမယ်။ ကျော်ပိုးအိပ်ကို မဖွင့်နဲ့။ ဒီတိုင်းခေါင်းအုံး
လုပ်ပြီးအိပ်ပါ။ ကျည်ဆန်အိပ် (equipment) တွေကိုလည်းမဖြုတ်ဘဲ ကိုယ့်ကိုယ်မှာ
ဒီတိုင်းပတ်ထားပြီးအိပ်ရန်။ သေနတ်ပြောင်းကိုလည်း ခေါင်းဘက်မထားဘဲ။ ခြေထောက်ဘက်
ထားပြီး အိပ်ရန်။ သေနတ်ပြောင်း ခေါင်းဘက်ထားရင် သေနတ်ပြောင်း ရန်သူဘက်လှည့်ရန်
ခက်ခဲမှုရှိသည်ဟု ရဲဘော်နှစ်ယောက်အား ပြောပြီးအိပ်သည်။ ကျွန်တော်တို့အား ထိုးစစ်ဆင်
နေသော ဗမာ့တပ်သည် ရန်ကြီး (Ranchi) ရွာတွင်ရှိနေကြောင်းသိရသည်။ ထို့ကြောင့်
ရန်သူကို ခေါ်လာရန်လည်း သူတို့မှာခက်ခဲမှု ရှိမည်မဟုတ်ပေ။
ထိုညသည် ၁၉၇၇ ခုနှစ် ဩဂုတ်လ (၂၅) ရက် မိုးသားကင်းစင်ပြီး လသာနေ
သောည ဖြစ်သည်။ သန်းခေါင်ကျော် တွင်လဝင်သွား၍ မှောင်လာသည်။ သို့သော်
ကြယ်တာယာများ တောက်ပနေသဖြင့် ရွာထဲတွင်ဓါတ်မီးမပါဘဲ လျှောက်သွားနိုင်သည်။
ထိုအချိန်တွင် အိမ်အ ပေါ်ဘက်နှင့် အောက်တွင် လူ (၁ဝ) ယောက်ထက်မက လျှောက်နေ
သံကြားရသည်။ အိမ်အပေါ်ဘက်မှ နေသူက လေချွန်သံတိုးတိုးလေးဖြင့် ခေါ်လိုက်ရာ
အောက်ဘက်လူက လေချွန်သံ ဖြင့်ပြန်ထူးသည်ကို ကြားရသည်။ ထိုအသံတွေ ကြားရသော
အခါ အိမ်ကို ရန်သူက ဝိုင်းထားလိုက်ပြီ ဖြစ်ကြောင်း ကျွန်တော်သိလိုက်သည်။ ထို့ကြောင့်
ရဲဘော်နှစ်ယောက်အား လှန့်နိုးလိုက်သည်။ သူတို့နှစ်ယောက်လည်း ချက်ချင်းထသည်။
ကျွန်တော်အိမ်ရှေ့ဘက်သို့ မြန်မြန်ဆန်ဆန်သွားပြီး ကြည့်ရာ အိမ်ရှေ့တွင် လူနှစ်ယောက်
တွေ့သည်။ အမှောင်ထဲမှာ မည်းမည်းကြီးတွေ့ရတော့ ဒါဟာရဲဘော်။ ရန်သူဘဲဟု ထင်ကာ
ဆပ်မရှင်းဂန်း ဖြင့်ဆွဲထည့် လိုက်ပြီး အိမ်ပေါ်က ခုံချလိုက်သည်။ အိမ်ရှေ့တွင်ရှိ ပန်(Pang
ရွာသားများ စုဝေးရာနေရာ) တွင်စီးထားသော ကျောက်နံရံတံတိုင်းတွင် နေရာယူပြီး
ရန်သူအား ဆက်လက်ပစ်ရန် ကြည့်သည်။ ရန်သူဘက်မှ တန်ပြန်ပစ်သံ မကြားရပါ။
ထိုအချိန်တွင် အိမ်ရှင် ကေဘားက ရှပ်ဝေါန်း၊ ရွာသား၊ ရွာသား ဟုအော်ပြောသည်။
ရွာသားဆိုရင် ဘာဖြစ်လို့အရူးအလုပ်လုပ်တာလဲ ဟုပြောပြီး အိမ်ခေါင် မိုးပေါ် ကျည်ဘောက်
တစ်ခု ကုန်အောင်ဆွဲလိုက်ချင်သည်။ သို့သော် စိတ်ကိုထိန်းပြီး အိမ်ပေါ်သို့ပြန် တက်လာသည်။
ကေဘားက အိမ်ခန်းထဲပြေးဝင်သွားသည်။ အခန်းထဲမှ ဒဏ်ရာဖြင့် ညည်းသံကြားရသည်။
မင်းတို့အရူးတွေ ခံရပြီမဟုတ်လားဟု ပြောပြီး။ ရဲဘော် နှစ်ယောက်အား ဆန်အကုန်ထမ်းဟု
ပြောပြီး ဟမန်းဖက်ကို တက်သွားခဲ့ကြသည်။ ထိုအချိန်တွင် ကျွန်တော်အားဖမ်းပေးရင်
ဆုငွေအမြောက်အများပေးမည် ဖြစ်ကြောင်း ရန်သူကကြေငြာထားသည်။ (နောက်တွင်
သတင်းရသည်မှာ ဒဏ်ရာရသူမှာ ကေဘား၏ သားဖြစ်ကြောင်း။ ထိုဒဏ်ရာဖြင့် ဆုံးသွား
ကြောင်းသိရသည်။)
ဟမန်းနှင့်ဂရေးကြားတွင် တစ်နာရီကျော်ကျော်လောက်သာ လျှောက်ရသောခရီး
ဖြစ်သဖြင့် မနက်ပိုင်း (၂) နာရီ ကျော် လောက်တွင်ဟမန်းရွာသို့ ရောက်ရှိခဲ့သည်။  သူကြီး
အိမ်သိသည့်အတိုင်း သူကြီးအိမ်သို့ဝင်သည်။ ဂရေးတွင် ဖြစ်ပျက်သည့်အကြောင်း သူကြီး
အား ပြောပြသည်။ သူတို့အားလည်း ကျွန်တော်တို့နား လုံးဝမကပ်ခိုင်းပါ။ ခပ်ဝေးဝေး နေရန်
စကားခပ်မာမာ သုံး၍ပြောသည်။ ကြက်တစ်ကောင် နှင့် ဆန်အမြန်ဆုံးရှာပေးရန် သူကြီး
အားပြောသည်။  ရဲဘော် နှစ်ယောက်အား ထမင်းကို ခပ်ပျော့ပျော့ ချက်ရန်။ ကြက်သားကို
အရည်ခမ်းချက်ရန်ပြောသည်။ ထမင်းမာပါက အေးလာသောအခါ အစိမ်းလိုပြန်ဖြစ်လာ
သောကြောင့် ခပ်ပျော့ပျော့ချက်ရန် ပြောခြင်းဖြစ်သည်။ မိနစ် (၃ဝ) အတွင်း အချက်အပြုတ်
ပြီးစီးသည်။ ထမင်းနှင့်ဟင်းကို အိုးအပါ ဒီတိုင်းထမ်းရန်ပြော၍ ကျွန်တော်တို့မိုးမလင်းခင်
ရွာသားများ မထခင် ရွာမှထွက်ရန်ပြင်သည်။ သူကြီးအား ကျွန်တော်တို့ ကေးရှန်ရွာဘက်
တက်ပြီး တပ်ရင်း (၂) ဘက်သို့သွားမည် ဖြစ်ကြောင်း။ ဗမာစစ်တပ်က ကျွန်တော်တို့နောက်
လိုက်လာ၍မေးပါက ဟခွင်းဘက်တက်သွားကြောင်း ပြောရန်။ ကေးရှန်ဘက်သွားသည်ဟု
အမှန်အတိုင်းပြောပြီး ကျွန်တော်တို့နောက် လိုက်ခိုင်းပါက အရေးယူမည် ဖြစ်ကြောင်းမှာ
ထားပြီး ထွက်လာခဲ့သည်။
ရွာမှတစ်မိုင်နီးပါး တက်လာသောအခါ မိုးထိန်ထိန်လင်းပြီဖြစ်သည်။ ထိုအခါ ကျွန်
တော်တို့ ကေးရှန်ဘက်ကိုသော်၎င်း။ ဟခွင်းဘက်ကိုသော်၎င်း မသွားဘဲ လမ်းအောက်ဖက်
ဟမန်း နှင့် ဟကျွမ်း (Hachum) ရွာကြားရှိ တတိန်း ချောင်းဘက်သို့ ဆင်းသွားသည်။
လမ်းမကနေ ခြေရာကောင်းကောင်း ဖျောက်ပြီးဆင်းလာခဲ့ကြသည်။ ကျွန်တော့်၏ အစီ
အစဉ်မှာ ဂရေးရွာ အောက်ဘက်မှ ဟန်နူးမြစ်ကြီးကို ဖြတ်ကူးပြီး ကျွန်တော်တို့၏ နာဆိုင်
နယ်မြေသို့ ခြေရာဖြောက်ကာ ဆင်းသွားရန်ဖြစ်သည်။  ချောင်းရောက်သောအခါ ချောင်းအ
တိုင်း တနေကုန်လိုက်ဆင်းသည်။ မိုးရွာသဖြင့် ရေတဖြည်း ဖြည်း ကြီးလာသည်။ ဟော်ဘက်
ဒီဘက်မဖြတ်ကူးနိုင်သည့် အထိရေမကြီး၍တော်သေးသည်။ တမီးချောင်းဆုံ မရောက် ခင်
နေဝင်၍ သဲပြင်ပေါ်တွင်အိပ်ရန် ပလပ်စတိတ် တဲထိုးသည်။ တဲထိုးပြီှးု၍ ရဲဘော်နှစ်ယောက်
ထမင်းချက်နေစဉ် ကျွန်တော် အိပ်ပျော်သွားသည်။ သူတို့နှစ်ယောက်က ထမင်းစားရန်
လာနိုး၍ ကျွန်တော် ထမင်းကို နိုးတချက် အိပ်တချက်နဲ့စား၍ အိပ်မက်မက်ရင်းစားခဲ့သည်။
ရန်သူရောက်မည့်နေရာ မဟုတ်သောကြောင့် စိုးရိမ်စိတ်ကင်းစွာဖြင့် ကျွန်တော်တို့ အိပ်ပျော်
သွားသည်။ နောက်တနေ့ မနက်နက်ခပ်စောစောထပြီး ချက်ပြုတ်စားသောက်၍ ချောင်းအ
တိုင်း ဆင်းပြန်သည်။
အစီအစဉ်မှာ တမီးမြစ်ကို လူတကာမသွားလာခင် ဖြတ်ကူးရန်ဖြစ်သည်။ စီစဉ်သည့်
အတိုင်းတမီးမြစ်သို့ နေမထွက်ခင်ရောက်သည်။ မြစ်ရေကြီးသောကြောင့် ရေစီးသန်သည်။
ကူးနိုင်မည်လောဟု စိုးရိမ်ရသည်။ ဒုတ်တစ်ချောင်း ခုတ်ပြီး သုံးယောက်သား ထိုဒုတ်ကို
ကိုင်ပြီးကူးသည်။ ရေစီးသန်သောနေရာတွင် ဤသို့သောရေကူးနည်းကို အဘကြီး ဦး နန်ဝေါန်း
(Nangwon) ကပြောဘူး၍ လက်တွေ့အသုံးချခြင်းဖြစ်သည်။ အားသန်သည့် သူက
နောက်ဘက်နဲ့ အရှေ့ ဘက်ဖျားကိုကိုင်ပြီး အားနည်းသူတွေက အလယ်မှာထားကာ ခပ်
စောင်းစောင်း တန်းစီပြီးကူးခြင်းဖြစ်သည်။ ရင်ဘတ်အထိ နက်သောမြစ်ကို အောင်မြင်
စွာကူးနိုင်၍ ဝမ်းသာမဆုံးဖြစ်ရသည်။ အသက်ဘေးမှတစ်ချီတော့ လွတ်ခဲ့ပီးဟုဝမ်းသာ
ရသည်။
မြစ်ကိုကူးပြီး တောတောင်တွေကိုဖြတ်ကာ ဟန်နူး (Hangnu) နှင့်တမီးမြစ်ဆုံ
သို့ ရောက်ရှိလာခဲ့သည်။ ဟန်နူးမြစ်ကို ဖေါင်နဲ့မဟုတ်ပါက မိုးတွင်းဩဂုတ်လတွင် မကူးနိုင်။
တံတားလမ်းကိုလိုက်မည်ဆိုပါက သတင်းပေါက်ကြားမည် ဖြစ်သောကြောင့် မဖြစ်နိုင်။ ဖေါင်
လုပ်မည် ဆိုပြန်တော့လည်း ဝါးခုတ်နိုင်မည့် ဓားမရှိ။ နွယ်ပင်ခုတ်နိုင်သော ဓါးငယ်လေး
တစ်လက်သာရှိသည်။ ဓါးအကြီးမှာ ချောင်းအတိုင်းလိုက်လာစဉ် ရဲဘော်Rangshapရေထဲကျ
သွား၍ ဓါးရေနက်ထဲကျသွားခဲ့သည်။ ထို့ကြောင့်မြစ်ကို လက်ပစ်ကူးသည့်နည်းမှလွှဲ၍ တစ်ခြားနည်းလမ်းမရှိ။ရဲဘော်နှစ်ယောက်အား ရေကူးတတ်သလားဟုမေးရာ
ကူးတတ်ကြောင်းပြောသည်။ ကဲဒါဆိုရင် ငါတို့ဓါးကလေးနဲ့ နွယ်ပင်တော့ခုတ်နိုင်တယ်။
ဒီတောင်ယာတဲဟောင်းကို ဖြုတ်ပြီး သစ်ခြောက်ဝါးခြောက် တွေကိုစုပြီးတော့ ပစ္စည်းတင်ဖို့
ဖေါင်ငယ်ကလေးလုပ်မယ်။ ပြီးတော့ဖေါင်ကို လက်ပစ်ကူးဆွဲပြီး ဒီမြစ်ကြီးကိုကူးမယ်လို့ ပြောပြီး
ဖေါင်လုပ်ကာ မြစ်ကိုနေ့လယ် ဆယ်နှစ်နာရီလောက်တွင် ကူးခဲ့သည်။
မြစ်အနည်းငယ်ကျယ်သဖြင့် အတန်ကြာအောင်ကူးရသည်။ ခေါင်းမထောင်နိုင်သည်
အထိ လည်ပင်းညောင်းလာခဲ့သည်။ သို့သော် မြစ်ကိုအောင်မြင်စွာကူးနိုင်၍ ခုတော့ငါတို့
အသက်ဘေးမှ လွတ်မြောက်ပြီဟု ရဲဘော်နှစ်ယောက်အား အားပေးစကားပြောကာ မြစ်
ကမ်းဘေးမှ ရှောက်ရား (Shokra) ရွာလမ်းဘက်သို့တက်လာခဲ့သည်။ မြစ်ကိုအောင်မြင်
စွာ ကူးနိုင်ခဲ့သော်လည်း အင်မတန်မှကြောက်စရာကောင်းသော ကမ်းပါးကြီးကို
ရင်တဒိတ်ဒိတ် အသည်းယားစွာဖြင့် ဖြတ်ရပြန်သည်။ ခြေချော်၍ကျသွားပါက အသက်ရှင်စရာ
မရှိ။ ပေလေးရာကျော်နက်သော ကမ်းပါးကြီးသို့ကျသွားပြီး အင်မတန်နက် သောရေထဲသို့
ပြန်ကျသွားမည် ဖြစ်သည်။ ထို့ကြောင့် သတိကြီးစွာဖြင့် ခိုင်မာသော သစ်ပင်ကလေးများကို
ဆွဲကိုင်ပြီး ကမ်းပါးကိုဖြတ်ရန် ရဲဘော်နှစ်ယောက်အား သတိပေး နေရသည်။ သစ်ခြောက်
ပင်ကို ကိုင်မိ၍ ပြုတ်ကျသွားမည်ကို ကြောက်ရသည်။ ဘဝတွင် အင်မတန်မှ ကြောက်စရာ
အသည်းယား စရာကောင်းသော ကမ်းပါးကြီးကိုလည်း အောင်မြင်စွာ ဖြတ်လာနိုင်ခဲ့ပြီး
ရှောက်ရားရွာသွားမည့်လမ်းသို့ ညနေသုံးနာရီလောက်မှ ရောက်လာခဲ့သည်။ ရွာသို့ ညမှသွားပြီး ရွာဘေးနားမှ ဖြတ်ရန် စီစဉ်ထားသဖြင့် ထမင်းချက်စားပြီး တောထဲ၌ပုံးအိပ်သည်။ နေဝင်ပြီး လူများအသွားအလာကင်းမှ ရွာသို့သွားပြီး ရွာတွေကို ညမှာ ဖြတ်သည်။ ရွာဘေးနားမှဖြတ်သောအခါ အင်မတန်ပြင်းသောဖက်ယားနှင့် တိုးပြန်သည်။ တဖန်ညတွင် ဓာတ်မီးထွန်းပြီးမလျှောက်နိုင်သဖြင့် ကျွတ်ကိုက်သည်ကိုမကြည့်နိုင်။
ကျွတ်ကိုက်၍ သွေးထွက်သည်မှာလည်း ဒဏ်ရာအကြီးအကျယ်ရ၍ ထွက်သည့်အလား
ဖြစ်သည်။ သွေးအားနည်း၍ အဖျားအနာဖြစ်မည်ကို စိုးရိမ်ခဲ့ရသည်။ ဩဂုတ်လ (၂၈) ရက်တွင်
တောင်ယာတဲ တစ်နေရာ၌ တနေကုန် အနားယူလိုက်သည်။ နောက်တနေ့ ဂလောန်း
(Galon) နှင့် ဆွမ်းရီးရွာ ကြားလမ်းကိုဖြတ်ပြီး ကေယုံးလမ်းအတိုင်း ဆင်းလာခဲ့သည်။
ဂလောန်းလမ်းမကြီးကို ဖြတ်သောအခါ ဂလောန်း ဘက်မှတက်လာသော ဗမာ့တပ်နဲ့ တိုးမိရန်
အနည်းငယ်သာလိုသွားကြောင်း နောင်တွင် ကျွန်တော်တို့အား လမ်းပြပေးခဲ့သူကပြော၍
သိခဲ့ရသည်။ ထိုလမ်းဖြတ်သောအချိန်တွင် မိုးအကြီးအကျယ် ရွာချ၍ ကျွန်တော်တို့၏ ခြေရာ
ကို မိုးကဖျက်ပေးခဲ့ခြင်းဖြစ်သည်။ ထိုဗမာ့တပ်ဖွဲ့လုံရားရွာသို့ ရောက်လာသောအခါ မြေပုံပြပြီး
ရှပ်ဝေါန်း ဒီနေရာရောက်နေပြီဟု ကေးရှန်တဝိုက်နေရာ ကိုပြကာ ငါတို့ တစ်ပတ်အတွင်း
သူ့ကိုမိတော့မယ် ဟုပြောခဲ့ကြောင်း။ ထိုအချိန်တွင် ရှပ်ဝေါန်တို့ ရှားမီးနယ်ဘက်သို့ ရောက်ရှိ
သွားပြီဖြစ်ကြောင်း သူတို့မသိ၍ ရှပ်ဝေါန်းအား အမိဖမ်းရရန် ကေးရှန်ရွာတဝိုက်တွင်
ထိုးစစ်ဆင်နေခဲ့ကြခြင်းဖြစ်သည်။ ထိုနှစ်တွင် ဗမာ့တပ်မတော်က စစ်ကြောင်းလေးကြောင်း
ဖြင့် ကျွန်တော်တို့အား တိုက်စစ်ဆင်ခဲ့သည်။ ကျွန်တော်တို့၏ အမျိုးသားရေးကြီးထွား မလာ
ခင် အညွှန့်ချိုးပစ်ရန် ရည်ရွယ်၍ တိုက်စစ်ဆင်ခဲ့ခြင်းဖြစ်သည်။
ကေယုံးတောင်ကို ကျော်လာပြီး ဘိန်းခင်းတဲတွင်အိပ်သည်။ နောက်တနေ့လည်း
ခန္တီး-နန်ယွန်း လမ်းမကြီးကို နေဝင်မှ ဖြတ်ရန်စီစဉ်သောကြောင့် ထိုတဲတွင် တနေကုန်အိပ်
သည်။ ထိုသို့နားရန်အချိန်ရသည်မှာလည်း ကျွန်တော်တို့ အတွက် အင်မတန်ကောင်းခဲ့
သည်။ ညနေထမင်းချက်စားပြီး ဆင်းလာကာ လမ်းမကြီးကိုဖြတ်ပြီး ကျွန်တော်တို့စခန်းရှိရာ
ရွာသို့ မိုးမှောင်ခါစတွင် ရောက်ရှိလာခဲ့သည်။ ရွာသားများ အထိတ်တလှန့် ဖြစ်ကုန်ကြသည်။
ရွာလူကြီးက ဗမာ့တပ်ဖွဲ့ တောင်ယာမှာ ရှိနေကြောင်း။ ကျွန်တော်တို့ကို တောထဲအမြန်
ဆုံးထွက်သွားရန် ပြောသည်။ ဆန်ကောက်ပေးရန် ပြောသော်လည်း။ ထိုသို့အချိန်ဆွဲ၍
မရကြောင်းပြောပြီး ဝါးဗူးတစ်လုံးပေးသည်။ ထိုဝါးဗူးကို ယူပြီးကျွန်တော်တို့ တောထဲ ပြန်ဝင်
သွားသည်။ နောက်တစ်နေ့ ထမင်းချက်စားရန် ဝါးဗူးကို ဖွင့်ကြည့်သောအခါ ဆန် နို့ဆီဗူး
တစ်လုံးသာရှိပြီး ကျန်တာက ဆားတွေ ဖြစ်နေသည်။ ထို့ကြောင့် သုံးရက်လုံးလုံး ဝါးမျှစ်သာ
စားပြီးနေခဲ့သည်။ ထိုသုံးရက်မြောက်နေ့ ညနေ ရွာသို့ ပြန်လာရာ ရန်သူတွေ ပြန်သွားပြီဖြစ်ကြောင်း။
ကျွန်တော် လွတ်လိုက်သော ရဲဘော်ကိုလည်း သူတို့က ဖမ်းပြီး သတ်လိုက်ကြောင်း။ ကျွန်တော်တို့၏ စခန်းကိုလည်း ရန်သူက မီးရှို့လိုက်ကြောင်း။ ဖျားနာ၍ ချန်ထားခဲ့သော ရဲဘော်သုံးယောက်မှာ ကံကောင်းထောက်မ၍ ရန်သူမလာခင် ထိုမနက်တွင် ထွက်သွား၍ လွတ်မြောက်သွားကြောင်း ပြောပြသည်။ သူတို့သုံးယောက် ကျွန်တော်တို့ နောက်လိုက်ရန် လားခူးလမ်းဘက်တက်သွား ကြောင်းသိရသည်။  သူတို့နောက် ရန်သူကမလိုက်၍ တော်သေးသည်။
ထိုရွာကနေ လမ်းမကြီးတွင်ရှိသောရွာများကို ညမှာဖြတ်ပြီး နာဆိုင်နယ်မြေဖက်
သို့ရောက်သွားခဲ့သည်။ဤသို့ဖြင့် ထိုနှစ်တွင် အသက်ဘေးမှ ဘုရားသခင်၏ ကျေးဇူး
တော်ကြောင့် လွတ်မြောက်ခဲ့သည်။ လားခူးဘက်ကို တက်သွားသော ရဲဘော်သုံးယောက်
မှာလည်း ဒုံဟီးနယ်တွင် ကျွန်တော့အား စုံစမ်း၍ မရသောအခါ ရှင်ဘွယ်ယန်ဘက်သို့
ရောက်ရှိလာ၍ ကျွန်တော်တို့ ပြန်ဆုံခဲ့ကြသည်။ ထိုနယ်မြေတွင် တစ်လလောက်နေပြီး
ဖျားနေသော တန်ခွန်ရဲဘော် နှစ်ယောက်အား ဟိုင်းမြေ ရဲဘော်များနဲ့အတူ ထားခဲ့ကာ။
အော်တိုဘာလ ပထမအပတ်တွင် ဗဟိုစခန်းရှိရာ ခယမ်ညူးငန်း နယ်မြေသို့ မိုင်ထောင်း
နယ်ဘက်မှ ဖြတ်ပြီးပြန်သွားခဲ့သည်။ တရုတ်ပြည်သို့ အောက်တိုဘာလတွင် တစ်သုတ်ပြန်
သွားရန် အစီအစဉ်ရှိသဖြင့် သူတို့အားခေါ်ဆောင်လာပြီး ချင်းတွင်းမြစ်အထိလိုက် ပို့ရန်မှာ
ကျွန်တော့ တာဝန်ဖြစ်သည်။ ထိုသို့ မိုင်ထောင်းမှ တောတောင်တွေကို ဖြတ်ပြီး ယောမ်
(Yom) ဘက်သို့ရောက်လာရာ တရုတ်ပြည်သို့သွားမည့် ဒုဗိုလ်မှူးကြီး ပမ်းရယ်
(Lt.Col.Pamre Tangkhul) တို့ အဖွဲ့နဲ့ ယောမ်-ဝကက် (Wakap) တွင်ဆုံကြသည်။ထို့ကြောင့် သူတို့အား ကျွန်တော်တို့ဖေါက်လာသော လမ်းအတိုင်း မိုင်ထောင်း ဘက်သို့ခေါ်လာပြီး ချင်းတွင်းမြစ်အထိ လိုက်ပို့ကာ ဗဟိုစခန်းသို့ ပြန်သွားခဲ့သည်။
(၄) ပြည်တော်ပြန် စစ်သည်တော်များအား ကြိုဆိုခြင်း
ဗဟိုစခန်းတွင် ကြာကြာမနေဘဲ တရုတ်ပြည်မှရောက်လာမည့် နာဂတပ်မတော်
သားများကို ကြိုဆိုရန် ဟိုင်းမြေနယ်သို့  နိုဝင်ဘာလနောက်ဆုံး အပတ်တွင် ပြန်လာခဲ့သည်။
ရာဆီးတန်းဘန်း (Rasi Tangbang) နှင့် ရာဆီးတီးဆား (Rasi Tisa) အကြားတွင် စခန်းချပြီး ပြည်တော်ပြန်လာမည့် နာဂတပ်သားများအား စောင့်နေခဲ့သည်။ ၁၉၇၈ ခုနှစ် ဇန္နဝါရီလ (၂၇) ရက်
တွင် သူတို့ လုံဂေါင်းရွာသို့ ရောက်ရှိလာကြောင်း သတင်းပို့ခဲ့သဖြင့် ထိုညတွင်ပင် ကျွန်တော်တို့ သူတို့ဆီလာခဲ့သည်။ နောက်တနေ့တွင် မနက်စာမစားဘဲလော်လွမ်း (Lolum) ရွာသို့လာခဲ့သည်။
တစ်နာရီ ခရီးသာဖြစ်သဖြင့် အစောကြီးရောက်လာ ကြသည်။ လော်လွမ်းရွာသည် အထက်ရွာ အောက်ရွာဟူ၍ခွဲခြားလျက်ရှိသည်။မွေဝါ နှင့် ကျွန်တော့ အဖွဲ့သည် အထက်ရွာတွင် တည်းသည်။ ဤအခါတွင် နာဂရဲဘော်များသည် ပထမ၊ ဒုတိယ၊ တတိယသုတ် အကုန်ပေါင်းရင် ငါးရာလောက်ရှိသည်။ ရိက္ခာ စီစဉ်ရန်မှာ
ကျွန်တော့နယ်မြေဖြစ်သောကြောင့် ကျွန်တော့တာဝန် ဖြစ်သည်။ အထက်ရွာတွင် ရိက္ခာ
အတွက်ပြောပြီး အောက်ရွာသို့ ဆင်းလာခဲ့သည်။ ထိုအခါ ဒုဗိုလ်မှူးကြီး ယမ်စထောင်း
(Lt.Col.YamtsÜthong Khiamniungan) သည် ကတုတ် ကျင်းတူးနေသည်ကို တွေ့ရသည်။
သူကကျွန်တော်အား ဝန်ထောက်မင်းကြီး ဟုခေါ်ကာ ကျွန်တော်တို့ အချင်းချင်းမပစ်
ဆောင်မဟုတ်ဘူး။ သူ့ကိုယုံလို့မရတော့ဘူး။ သူ့ရဲ့ပေါ်လစီကိုမပြောင်းရင် ဘာဘဲဖြစ်ဖြစ်
ကျွန်တော်တို့ အချင်းချင်း ပစ်ကြရုံဘဲရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရှေ့မှာရှိကြတဲ့ လူမျိုး
တွေ ဟိုင်းမြေ၊ ကော်ညက်၊ ခယမ်းညူးငန်းတွေ ကောင်းကောင်းမွန်မွန် ညီညွတ်ကြရင်
ကျွန်တော်တို့ကြားမှာ ပါတီမကွဲအောင် ထိန်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲတာ
ကို ဝန်ထောက်မင်းကြီးရဲ့ စိတ်ထဲမှာ ကောင်းကောင်း မှတ်ထားပါဟု ပြောသည်။
တရုတ်ပြည်မှ ပြန်ရောက်လာသောအခါ နာဂတပ်မတော်သားမျာက ကျွန်တော်
အား ပြောခဲ့သည်မှာ- တရုတ်ပြည်တွင် မွေဝါက နအက ဥက္ကဌ ဦးဖီဇိုအား ခေါင်းဆောင်မှုမှ
ဖယ်ရှားရန် နှင့် ဆိုရှယ်လစ်စိုးရ ဖွဲ့စည်းရန် အတင်းအဓမ္မ စည်းရုံးမှုပြုခဲ့ကြောင်း။ တရုတ်
ပြည်တွင်ရှိနေစဉ် အိန္ဒိယတပ်ထွက် ဗိုလ်မှူးကတ်ထိန်တန်ခွန် (ထိုစဉ်ဗမာပြည် သံအမတ်
အဖြစ် အိန္ဒိယအစိုးရက ခန့်ထားသူ) သည် မွေဝါနှင့် တွေ့ဆုံရန် ရန်ကုန်မှ တရုတ်ပြည်မြို့
တော် ပီကင်းသို့သွားခဲ့သည်ဟုဆိုသည်။ သူနှင့်တွေ့ဆုံရန် မွေဝါတစ်ယောက်တည်း သာသွားခဲ့
ကြောင်း။ တရုတ်ပြည်သို့ မွေဝါ နှင့်အတူ သွားခဲ့သော ဗိုလ်မှူးချုပ် ကရန်း (Karang) က စာရေးသူအား
၂ဝဝ၃ ခုနှစ်တွင်ပြောခဲ့သည်။ သူနှင့် တွေ့ဆုံသည့် နောက်ပိုင်းတွင် ဦးမွေဝါသည် ဖီဇိုအားဆန့်ကျင်မှုနှင့် ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်းရန် ပိုပြီး ပြင်းထန်စွာ စည်းရုံးလာခဲ့သည်ဆိုသည်။ နာဂတပ်သားများအားလည်း
ဖီဇိုကို ထောက်ခံပါက ကျည်ဆန်တစ်တောင့်စီ ကျွေးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း။ ထို့ကြောင့် တရုတ်ပြည်တွင် နာဂအမျိုးသားများအကြား ပြန်လည်ရင်ကြားစေ့၍ မရအောင် သဘောကွဲလွဲမှု ဖြစ်ခဲ့သည်။
ထိုအဖြစ်အပျက် အားလုံးကို သိထားမြင်ထားသောကြောင့် တရုတ်တို့က လက်နက်အပြည့်အစုံ မပေးခဲ့ပေ။
နာဂတပ်သားများ သင်တန်းပြီးဆုံး၍ အမိနိုင်ငံသို့ပြန်ရန် အသင့်ပြင်ထားပြီး ကားကို
စောင့်ဆိုင်းနေသည့်အချိန်တွင် သင်တန်းမှူး (ဗမာစကားတတ်တရုတ်) က ဟိုင်းမြေနာဂ
ရဲဘော်များအား ပြောခဲ့သည်မှာ-ခင်ဗျားတို့ကို ကျွန်တော် သနားပါတယ်။ ခင်ဗျားတို့ခေါင်း
ဆောင်ကြီး ဦးမွေဝါက ဦးနှောက်မရှိဘူး။ ခုကျွန်တော်တို့ပေးတဲ့ လက်နက်တွေနဲ့ ခင်ဗျားတို့
ရန်သူကိုသွားတိုက်တော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့အချင်းချင်းသာ တိုက်ကြတော့မယ်ဆိုတာ
ကျွန်တော်တို့ သိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ခင်ဗျားတို့ကို လက်နက် အပြည့်အစုံ
မပေးတာဖြစ်တယ်လို့ပြောပြီးမျက်ရည်ကျခဲ့သည်ဆိုသည်။ သူပြောသည့်အတိုင်း ထိုလက်နက်
ဖြင့် ရန်သူကိုမတိုက်ဘဲ အချင်းချင်းသာတိုက်လာခဲ့ကြသည်မှာ မှန်ခဲ့ပြီဖြစ်သည်။ ထိုထက်ဝမ်း
နည်းစရာကောင်းသည်မှာ ဤကမ္ဘာတွင် အဘယ်အရာ ရှိဦးမည်နည်း။
လော်လွမ်းရွာတွင်စောစော ရောက်လာသဖြင့် တစ်ရက်နားသည့်အလား ဖြစ်သည်။
ကျွန်တော်အနေ့ မိုင်ထောင်းလမ်းဘက် ကျွန်တော်ဖေါက်ထားသောလမ်းအတိုင်း ခေါ်သွား
ချင်သဖြင့် ထိုလမ်းဖြင့်ပြန်ရင် တစ်ပတ်အတွင်း ဗဟိုစခန်းသို့ရောက်နိုင်းကြောင်း မွေဝါအား
တင်ပြသည်။ သို့သော် သူက အဲဒီလမ်းနဲ့ကျွန်တော်မပြန်ဘူး။ ဒုံဟီးရွာဆိုတာကို ကြည့်ချင်
တယ်။ ဒါကြောင့်ဒုံဟီးဘက်လမ်းနဲ့ပြန်မယ်။ ဒီလိုတနယ်လုံးကို ပတ်ပြီးပြန်ရင် ပြည်သူတွေက
၁၉၇၇ခုနှစ် ဇူလိုင်လတွင် ဖြစ်ခဲ့သော တိုက်ပွဲအကြောင်းလည်း သူသိပြီးသားဖြစ်မည်
ထင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုတိုက်ပွဲမှ လွတ်မြောက်လာသူတွေလည်း တတိယ
အသုတ်တွင် တရုတ်ပြည်သို့သွားခဲ့ကြရာ တရုတ်ပြည်သို့မရောက်တော့ဘဲ ကချင်ပြည်မှ
မွေဝါတို့နှင့် အတူပြန်လာခဲ့ကြသည်။ ထိုတိုက်ပွဲတွင် တန်ခွန်တပ်သားများ (၁ဝ)
ယောက်ကျဆုံးခဲ့သည်။ ဤတိုက်ပွဲတွင် ဗမာစစ်တပ်အား  ဒုံဟီးရွာလူကြီးများက လမ်းပြပြီး
တိုက်ခဲ့ကြောင်း။ တိုက်ပွဲမှသိမ်းဆည်းရရှိသော ပစ္စည်းများကိုလည်း ထိုလူကြီးများက ယူခဲ့
ကြောင်း သတင်းပေးခဲ့သည်။
မိုင်ထောင်းဘက်လမ်းဖြင့် ဗိုလ်ကြီး ဟောထိရှမ်း (Capt.Haothi Shan) အား
အီဆက်ဆီရေးသော စာတစ်စောင်နဲ့ (၂၉) ရက်တွင် လွတ်ခဲ့သည်။ လူပေါင်းငါးရာ
အဖွဲ့ကြီးသည် ထိုရက်တွင် လော်လွမ်းရွာမှာပင်နားပြန်ပြီး နောက်တနေ့မှ ဒုံဟီးဘက်
တက်လာခဲ့ကြသည်။ ၁၉၇၈ခုနှစ် ဖေဖေါ် ရီလ (၃) ရက်တွိင် တော်လွမ်း (Tolum) ရွာသို့
ရောက်လာခဲ့သည်။ ဖေဖေါ်ရီလ(၄)ရက် မနက်အစောကြီး ရဲဘော်တစ်ရာလောက်ကို လွတ်ပြီး
ဒုံဟီးရွာကိုဝိုင်း၍ ယောက်ျားတွေ အားလုံးကို စုထားခိုင်းသည်။ ကျွန်တော်တို့ ရောက်သွား
သောအခါ ဦးမွေဝါက ကျွန်တော်အား မြန်မာ့ဆိုရှယ်လစ်ပါတီဝင်တွေ၏ နာမည်ကို
ကောက်ခိုင်းသည်။ သူခိုင်းသည့်အတိုင်း နာမည်ကောက်ပြီး ပါတီဝင်တွေမှာ လူပေါင်း (၆ဝ)
ရှိကြောင်း ကျွန်တော် တင်ပြသည်။
ထိုနေ့ညနေတွင် ကျွန်တော်နှင့် ဆရာလုံမီးအား ဦးမွေဝါကခေါ် ပြီးပြောခဲ့ သည်မှာ-ဒီဆိုရှယ်လစ်ပါတီဝင်တွေဟာ ဗမာ့ဆိုရှယ်လစ်အစိုးရရဲ့ အင်အားဖြစ်တယ်။ ဒီကောင်တွေ
အားလုံးကို ရှင်းပစ်ရမယ် ဟုပြောသည်။ ထိုအခါကျွန်တော်က ထိုသို့ အရေးယူခြင်း မပြုရန်
ပြောသည်။ လူကြီးမင်း သူတို့ဟာ ကျွန်တော်တို့နာဂအမျိုးသားရေးကို နားမလည်လို့
လွန်ခဲ့တဲ့အချိန်မှာ မှားရင်မှားခဲ့မယ်။ သူတို့နားလည်လာအောင် သင်ကြားဖို့ ကျွန်တော့မှာ
တာဝန်ရှိတယ်။ ကျွန်တော် သင်ကြားမယ်လို့ပြောရာ ဦးမွေဝါက-မင်းက သူတို့ကို
ကောင်းအောင် လုပ်နိုင်မယ်လို့ မထင်နဲ့။ ဒီကောင်တွေဟာ ဆူးသီးလိုဘဲဖြစ်မယ်။ ဆူးသီးဟာ
ကြည့်ဖို့အားကြီးလှတယ်။ ဒါပေမဲ့ အဲဒီအသီးကနေ ဆူးပင်ဘဲ ပြန်ပေါက်လာတယ်။ အဲဒီလို
ဒီကောင်တွေလည်း ငါတို့ သူတို့ရွာမှာလာရင် အများကြီးကောင်းသလို ဟန်ဆောင်မယ်။
ငါတို့ပြန်သွားတဲ့နောက်မှာတော့ ငါတို့ကို ဆန့်ကျင်တဲ့အလုပ် သူတို့ပြန် လုပ်ကြမှာဘဲ။
ဘာကြောင့်လဲဆိုတော့ ဗမာ့တပ်မတော် သူတို့ရွာမှာ နေလာခဲ့တာက နှစ်ကြာပြီဆိုတော့
ဒီလူတွေဟာ ဗမာစိတ်ပေါက်နေပြီဖြစ်တယ်။ ကျေးဇူးပြုပြီးတော့ ငါက မင်းတို့ရဲ့ လူတွေကို
အပြစ်မရှိအပြစ် ရှာပြီး သတ်ဖို့လုပ်နေတယ်လို့ မထင်ပါနဲ့။ ငါတို့က ကိုယ့်ရှေ့မှာရှိတဲ့ ဆူးငြောင့်
ခလုတ်တွေကို ရှင်းမပစ်ရင် ချောမွတ်စွာ သွားလာနိုင်မှာ မဟုတ်ဘူးဟု ပြောပြီး။ ဆက်လက်
ကာ ပြောသည်မှာ မင်းတို့သွားပြီးတော့ လေးလေး နက်နက် စဉ်းစားပါ။ ငါ မင်းတို့ကို မနက်ဖြန်
ပြန်ခေါ်မယ်ဟု ပြောကာ လွတ်လိုက်သည်။
နောက်တနေ့ ဖေဖေါ်ရီလ (၆) ရက်တွင် မနက်အစောကြီး ကျွန်တော်တို့နှစ်ယောက်အား ပြန်ခေါ၍ ပြောသည် မှာ-မင်းတို့က ပါတီဝင်တွေအကုန်လုံး မသတ်ချင်ဘူးဆိုရင်လဲ။ ဥက္ကဌ ဒု-ဥက္ကဌ အတွင်းရေးမှူး သူတို့သုံးယောက် ကိုတော့ ငါသတ်မယ်။ ဒီအတွက်တော့ မင်းတို့ငါ့ကိုမတားနဲ့ ဟုပြောသည်။ သူသည် အာဏာရှိခေါင်းဆောင်ကြီး ဖြစ်သည့်အလျောက် ကျွန်တော်တို့ သူ့အား မတားနိုင်ခဲ့တော့ပါ။
သူပြောသည့်အတိုင်း သူတို့သုံးယောက်အား ရွာသားများရှေ့မှောက်တွင် ပစ်သတ်ခဲ့သည်။ ကျွန်တော်သွား မကြည့်ခဲ့ပါ။ နောက်တွင် ဒုံဟီး ရွာလူကြီးတို့၏ ပြောစကား ပြန်၍ကြားခဲ့သည်မှာ-မနှစ်က ငါတို့ကြံစည်သည့်အတိုင်း ရှပ်ဝေါန်းကို သတ်နိုင်ခဲ့ရင် ယနေ့ငါတို့လူ ဒီလိုသေမှာမဟုတ်ဘူး ဆိုပြီးပြောခဲ့
ကြောင်း ကြားခဲ့ရပြန်သည်။ ထိုစကားကြားရပြန်သောအခါ ဂရေးရွာတွင် ကျွန်တော်အားဖမ်းဆီးရန်
 ကြံစည်မှုတွင် သူတို့လည်းပါဝင် ပတ်သက်မှုရှိမည်ဟု ကျွန်တော် ထင်ခဲ့ပြန်သည်။
ထိုနေ့ဟခီးရွာသို့သွားပြီး နောက်တရက်တွင် လားမာရွာ။ ထိုမှဟခွန်းသို့ သွားသည်။
ဟခွန်းတွင် ဗိုလ်မှူးချုပ် ထုန်းဘော (ဘော်နောင်) သူ၏တပ်သား (၃ဝ) လောက်နဲ့ ရောက်နေ
သဖြင့် သူတို့နှင့် မမျှော်လင့်ဘဲ ဆုံမိကြသည်။ သူတို့အားလည်း ကျွန်တော် တို့နဲ့အတူ
ဗဟိုစခန်းဘက်သို့ လာခဲ့ရန် ဦးမွေဝါက ခေါ်သဖြင့် လိုက်ရန်သဘောတူသည်။ ပြီးတော့
ဦးခပ်လန် ကိုလည်း ခေါ်ခိုင်းလိုက်သည်။ ဖေဖေါ်ရီ (၉) ရက်တနင်္ဂနွေနေ့တွင် ဟခွန်းရွာမှာ
နားသည်။ ထိုနေ့တွင် ဦးမွေဝါက- ဖီဇိုကြောင့် ကျွန်ုပ်တို့ကို တရုတ်တို့က လက်နက်
အပြည့်အစုံ မပေးဘူး။ သူ့ကိုဖြုတ်ချရမယ်။ သူ့ကို မဖြုတ်ချရင် ကျွန်တော်တို့ အောင်မြင်
ဖို့လမ်းမရှိဘူး။ နာဂအမျိုးသားကောင်စီရဲ့ အကြမ်းမဖက်ရေး မူဝါဒကလည်း အဓိပါယ် မရှိတဲ့
မူဝါဒဘဲ။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးကို လက်နက်နဲ့ တိုက်မှရမယ်။ ဖီဇို လန်ဒန်မှာနေတာက
ကွန်မြူနစ်ခေါင်းဆောင်တွေကို စိတ်မကောင်းဖြစ်စေတယ်။ ကျွန်တော်တို့လက်နက်ကို
လန်ဒန်ကနေ မယူလာနိုင်ဘူး။ ကွန်မြူနစ်နိုင်ငံကဘဲ ကျွန်တော်တို့ကို လက်နက်အလုံလောက်
ပေးနိုင်မယ်။ ဒါကြောင့်ယခု ကျွန်တော်တို့ လုပ်ရမှာက ဆိုရှယ်လစ်အစိုးရဖွဲ့စည်းရမယ်။
ပြီးတော့ ကျွန်တော်တို့ရဲ့ ဥက္ကဌကြီးက လန်ဒန်မှာမဟုတ်ဘဲ ပီကင်းမှာနေရမယ်ဟု ပြောသည်။
ဖေဖေါ်ရီလ (၁ဝ) ရက်တွင် ဂရေးရွာသို့ဆင်းသည်။ ရောက်ရောက်ချင်း ဝန်ကြုံးနှင့်
ကေဘားတို့ကို ဖမ်းသည်။ ၁၉၇၇ခုနှစ် ဩဂုတ်လ (၂၅) ရက်တွင် ကျွန်တော်အား ဖမ်းရန်
ကြံစည်မှုဖြင့် ဖမ်းခြင်းဖြစ်သည်။ ဗိုလ်ကြီး ကဘန်ခွေ (Capt.Kabangkhui) ကအမှု
ကိုစစ်သည်။ သူကဘာမှလည်း သက်သေသာဓက မဖေါ်ထုတ်နိုင်ခဲ့ပါ။ ထို့ကြောင့် ညနေမှာ
ကျွန်တော် ဦးမွေဝါဆီသွားပြီး။ အမှုစစ်ဆေးရေးမှူးက သက်သေသာဓက ဘာမှလည်းမဖေါ်
နိုင်ဘူး။ အဲဒီလို သက်သေသာဓက မဖေါ်နိုင်ရင် ဒီလူနှစ်ယောက်ကို ကျွန်တော်တို့ အရေး
မယူနိုင်ဘူး။ ကျွန်တော့်ကိုသူတို့က ဖမ်းဖို့လုပ်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ အမှုစစ်တဲ့လူက
တရားဝင်စာထဲမှာ သက်သေသာဓကတွေ မရေးထားရင် နောင်လာနောင်သားတွေက
ရှပ်ဝေါန်းက လိမ်ညာပြီး သူတို့လူကြီးတွေကို သတ်ခိုင်းခဲ့တယ်ဆိုတာ ပြောမှာဘဲလို့ကျွန်တော်
ပြောသည်။
ထိုအခါ မွေဝါက-မင်းကိုငါ ဥပမာပုံကလေးတစ်ခုပြောမယ်။ အရင်က လူတစ်ယောက်
က နှင်းခဲထဲမှာ မြွေတစ်ကောင် ရေခဲကြောင့် သေလုနီးပါးရှိနေတာကို တွေ့ပြီး သနားလို့
ကောက်ယူပြီးတော့ သူ့အင်္ကျီအိတ်ထောင့်ထဲမှာ ထည့်လိုက်တယ်။ သူ့ရဲ့ကိုယ်အပူချိန်
ကြောင့်မြွေကအသက်ရှင်လာပြီး သူ့ကိုကိုက်လိုက်တော့ အဲဒီမြွေကို သနားတဲ့ လူက
အသက်ဆုံးသွားလေရော။ အဲဒီလိုဘဲ မင်းလည်း ရန်သူကိုသနားရင် ရန်သူကအဲဒါကို
အခွင့်ကောင်းယူပြီး မင်းကိုပြန်သတ်မယ်လို့ပြောပြသည်။ နောက်တနေ့မနက်မှာ အရာရှိ
တွေအားလုံး အစည်းအဝေးထိုင်ပြီး ထိုအမှုအတွက် ဆွေးနွေးကြသည်။ ထိုအခါလည်း
ကျွန်တော်က အမှုစစ်ဆေးတဲ့ အရာရှိကို မေးသည်။ ခင်ဗျားသက်သေသာဓကတွေ
အမှုစစ်တန်းစာ (Statement) မှာ ရေးသလားလို့ မေးရာ ဘာသက်သေသာဓကမှ လည်း
မတွေ့ကြောင်းပြောသည်။ ဒါဆိုရင် ဒီတခါသူတို့ကို အရေးယူလို့ မရဘူးလို့  ကျွန်တော်
ထပ်ပြောရာ မွေဝါက စိတ်ဆိုး၍ ‘သွားလွတ်လိုက်’ ဟု အော်ပြောသည်။ ဒုံဟီးရွာကစ
ကျွန်တော် သူ့ကိုအာခံပြောလာခဲ့သောကြောင့် ဒီတခါ သူစိတ်ဆိုးသွားဟန် တူသည်။
ကျွန်တော်လည်း အစည်းအဝေးမှ ချက်ချင်းထသွားပြီး သူတို့နှစ်ယောက်အား သွားလွတ်
လိုက်သည်။
ဖေဖေါ်ရီလ(၁၆) ရက်တွင် ကြူယာရွာသို့ရောက်ရှိလာခဲ့သည်။ ထိုရွာတွင်လည်း
ရွာလူကြီး (၈) ယောက်ကို ဖမ်းသည်။ ၁၉၆၈ခုနှစ် မေလတွင် ဗိုလ်ချုပ် ဒူးဆွေတို့အဖွဲ့
တရုတ်ပြည်သို့သွားရာ ချင်းတွင်းမြစ်မကူးနိုင်၍ ပြန်ခေါက်လာသော နာဂတပ်သား (၂ဝ)
ကျော်အားထိုရွာတွင် သတ်ခဲ့မှုကြောင့် ဖမ်းခဲ့ခြင်းဖြစ်သည်။ သူတို့ရှစ်ယောက်ထဲမှ တစ်
ယောက်က သူတို့သတ်ခဲ့ကြောင်း ဝန်ခံသဖြင့် လွတ်ပေးလိုက်သည်။ ကျန် (၇) ယောက်က
လုံးဝမဖွင့်ဟသဖြင့် သူတို့အား ဖေဖေါ်ရီ (၁၈) ရက်တွင် ပစ်သတ်ခဲ့သည်။ ထိုသတင်းကို
ဒုဗိုလ်မှူးကြီး ဆပုန် (Lt.Col.SÜpong) ကကြားသိရသောအခါ ဦးမွေဝါအပေါ်
စိတ်မကောင်း ဖြစ်ခဲ့ကြောင်း။ အဘယ်ကြောင့်ဆိုသော် ထိုလူကြီးများနှင့် အမှုကို ၁၉၇၇ခုနှစ်တွင်  သူကဖြေရှင်းထားပြီးသား ဖြစ်သည်ဟု ဆိုသည်။
 ဖေဖေါ်ရီလ (၂ဝ) ရက်တွင် အဖွဲ့သည် လိုင်နောင်နယ် တမ်ကော်(Tamko)ရွာသို့ရောက်ရှိလာခဲ့သည်။
ထိုရွာတွင်တစ်ရက်နားသည်။ ထိုနားသောနေ့တွင် ဗမာ့တပ်က ကျွန်တော်တို့နောက် လိုက်လာနေကြောင်း တိကျသော သတင်းရရှိသည်။ နောက်တစ်နေ့မနက် သုံးနာရီလောက်တွင် ရန်သူကလာပစ်သည်။
ရွာအပေါ်ဖက်ရှိ တောင်ကုန်းပေါ်မှမော်တာဖြင့် တိုက်သည်ကများသည်။ ထိုတိုက်ပွဲတွင် ဗိုလ်မှူးချုပ် ထုန်းဘော်နဲ့ ကျွန်တော်အပါအဝင် လေးယောက် ဒဏ်ရာရသည်။ ခုနစ်ယောက် ကျဆုံးသည်။
ရန်သူဖက်မှလည်းအကျအဆုံး များကြောင်း သိရသည်။ထို့နောက် ဖေဖေါ်ရီ (၂၅) ရက်တွင် တွေးရွာသို့ ရောက်လာသောအခါ လန်တင်းရွာဖက်မှ ဗမာ့တပ်ဖွဲ့တစ်ဖွဲ့လာပြီး ဖေဖေါ်ရီလ (၂၇) ရက်တွင်လာတိုက်သည်။ ရန်သူအကျအဆုံးများစွာဖြင့် လန်တင်းရွာသို့ ပြန်ဆုတ်သွားသည်။ ထို့နောက်မတ်လ (၃) ရက်တွင်
ထိုရွာသို့ပင် လေယာဉ်ပျံဖြင့် ဗုံးလာကျဲကြသည်။ ဗုံးကြောင့်ရွာလည်း မီးလောင်သွားသည်။
ထိုဗုံးလာကျဲသောနေ့တွင် ဗဟိုစခန်းဘက်လာနေခဲ့သော ကျွန်တော်တို့အဖွဲ့သည် ကင်ဖိုးရွာ
သို့ရောက်ရှိခဲ့ပြီ ဖြစ်သည်။ တပ်ရင်း (၂) တွင် နေရစ်ခဲ့သူများက ရန်သူအားတိုက်နေခဲ့ခြင်း
ဖြစ်သည်။မတ်လ (၄) ရက်တွင် စွန်းခေါင် (Tsonkhao) ရွာသို့ရောက်ရှိလာခဲ့သည်။
ထိုစွန်းခေါင်ရွာ၏ အောက်ဘက်တွင် ပြည်တော်ပြန် နာဂတပ်မတော်သားများအား ကြိုဆိုရန်
အထူးစခန်း ဆောက်ထားကြောင်း သိရသည်။ မတ်လ (၅) ရက်သည် တနင်္ဂနွေ ဖြစ်သဖြင့်
စွန်းခေါင်ရွာတွင်နားကြသည်။ ကျွန်တော်ကား ကျွန်တော့ရဲဘော်နဲ့ အတူ ဦးမွေဝါတို့ရောက်
လာနေပြီဖြစ်ကြောင်း သတင်းပေးရန် ထိုတနင်္ဂနွေနေ့တွင် ကြိုဆိုစခန်း သို့သွားသည်။
ထိုစခန်းသည် အေးမြကြည်လင်သော မြစ်ရေညင်သာစွာစီးဆင်းနေသည့် မြစ်ကမ်းနား
မြေပြန့်လွင်ပြင်လေးတွင် ဆောက်ထားသဖြင့် အင်မတန်မှ သာယာဘွယ် ကောင်းသည်။
ခရီးပမ်းလာသော ရဲဘော်ရဲမေများ အနားယူရန်သင့်လျော်ပေသည်။  ထိုစခန်းတွင် ဦးအီဆက်၊
ဦးလော်ဟော် (Lorho) ဗိုလ်မှူးကြီးခူလေ (Col.Khule) လူသစ်ဖြစ်သော ကိုမယန်းငါ
(Mayanger) နှင့်တကွ အခြားသောအရာရှိများအပြင် ရွာမှအမျိုးသမီးအဖွဲ့များလည်း
ကြိုဆိုရန်အဖွဲ့တွင်ပါဝင်ကြသည်။
ဦးမွေဝါနှင့်တကွ နာဂရဲဘော်ရဲမေများ နံနက် (၁ဝ) နာရီလောက်တွင် ကြိုဆိုစခန်း
သို့ ရောက်ရှိလာကြသည်။ ကျွန်တော်လည်း ကြိုဆိုရန် တန်းစီရပ်သည်တွင် ပါဝင်သည်။
ကျွန်တော်တို့ အားလုံးက လက်ခုပ်တီးပြီးကြိုဆိုသည်။ ဦးမွေဝါကရှေ့ဆုံးမှ လာပြီး လက်ဆွဲ
နုတ်ဆက်လာသည်။ လူသစ်ဖြစ်သော ကိုမယန်းငါဆီ ရောက်လာသောအခါ မင်းက ဖီဇို
အတွက် လာသလား။ တိုင်းပြည်အတွက်လာသလား။ ဆိုပြီး အင်္ဂလိပ်စကားနဲ့ မေးသည်။
ကိုမယန်းငါကလည်း ကျွန်တော်တိုင်းပြည်အတွက် လာခြင်းဖြစ်တယ်။ ဦးဖီဇိုက ကျွန်တော်တို့
ရဲ့ခေါင်းဆောင်ပါဟု ပြောလိုက်ရာ။ ဦးမွေဝါက ဒေါကန်ပြီး မင်းဖီဇိုအတွက်လာတယ်ဆိုရင်
ပြန်သွား။ ပြန်သွား။ ပြန်သွား ဟုအော်ပြောလိုက်သည်။
ကိုမယန်းငါသည် အာအူလူမျိုး ပညာရှိတစ်ယောက် (MA)၊ မကြာခင်ကမှတိုင်းပြည်အတွက် အမှုထမ်းရန် အရှေ့ဘက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် ဤတစ်ခါသည် မွေဝါနှင့် သူတို့နှစ်ယောက် ပထမဦးဆုံး တွေ့ဆုံခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူ့အတွက် မွေဝါ၏ စကားသည် အံ့ဩစရာဖြစ်သည်။
ကြိုဆိုရေး အခမ်းအနား ပြီးဆုံး၍ ကျွန်တော်တို့ (ဗိုလ်မှူးကြီး ခူးလေပါ) သုံးယောက် ကိုမယန်းငါ၏ တဲကလေးသို့ ဝင်ထိုင်ကြသည်။ ထိုအခါ ကိုမယန်းငါက- ဖီဇိုက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဘဲလို့ ပြောလိုက်ယုံနဲ့ မွေဝါကသည်းမခံနိုင်ဖြစ်ပြီး ဒေါသအမျက် ထွက်တာကို ကျွန်တော် နားမလည်နိုင်ဘူး။  ဖီဇိုက
ကျွန်တို့ရဲ့ခေါင်းဆောင်ဘဲလို့ ပြောတာ ဘာမှလည်းမှားတာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က ကျွန်တော့ရဲ့ခေါင်းဆောင် ဦးမွေဝါနဲ့ ပျော်ရွှင်စွာ တွေ့ကြမယ်လို့ မျှော်လင့်လာခဲ့တယ်။ ဒါပေမဲ့ ခုတော့ ဆန့်ကျင်
ဖက် ဖြစ်နေပြီ အမျှော်အမြင် ကျဉ်းမြောင်းတဲ့လူ။ စိတ်မရှည်တဲ့လူက တိုင်းပြည်ကို ဦးစီးဦးဆောင် မလုပ်နိုင်ဘူးဟု ဝမ်းနည်းစွာဖြင့်ပြောနေသည်။ ထိုအခါ ဗိုလ်မှူးကြီး ခူးလေက- ကျွန်တော်တို့ စာမတတ်တဲ့ လူတွေကတော့ နိုင်ငံရေး အတွေးအခေါ် နဲ့ ဆိုင်ပြီးဘာမှနားမလည်ဘူး။ ဒါပေမဲ့ ဘယ်သူကမှားတယ် မှန်တယ်
ဆိုတာကို သူတို့ရဲ့လုပ်ငန်းနဲ့ဘဲ ကျွန်တော်တို့သိနိုင်မယ်။ မှန်တာကိုလုပ်တဲ့နောက် ကျွန်တော်
တို့လိုက်မယ်ဟု ရိုးရိုးလေးပြောခဲ့သည်။
(၅) မွေဝါ၏ ပေါ်လစီကို အီဆက်က ထုတ်ဖေါ် ရှုံ့ချ
ထိုကြိုဆိုရေးစခန်းတွင် ကြာကြာမနေဘဲ ဗဟိုစခန်းသစ်ဆောက်ရန် နေရာရှာကြ
ပြန်သည်။ ထိုစဉ်ယာယီစခန်းကို စွန်းခေါင်နှင့် ကင်ဖိုးရွာအကြားတွင်ချခဲ့သည်။ ထိုစခန်းလေး
တွင် ၁၉၇၈ခုနှစ် မတ်လ (၂၂) ရက်တွင် နာဂလန်း နိုင်ငံတော်နေ့ (၂၂) ကြိမ်မြောက်အခမ်း
အနား ကျင်းပရန် စစ်ဗိုလ်များနှင့်ခေါင်းဆောင်များ ရောက်ရှိလာခဲ့ကြသည်။ သို့သော် ဦးမွေဝါ
နှင့် အခြားတန်ခွန်များသည် လန်းနုတ် (Langnuk) ဘက်သို့ခရီးထွက်သွားကြသဖြင့်
ဤအခမ်းအနားသို့ တစ်ယောက်မျှ မလာနိုင်ခဲ့ပါ။ ထိုပွဲကျင်းပမည့်ရက် မနက်တွင်
ဦးအီဆက်က ကျွန်တော်အပါအဝင် ဗိုလ်ချုပ် ထုန်းဘော်၊ ခယမ်ညူးငန်းက ဦးအူးမယ်
ဗဟိုကော်မတီ အဖွဲ့ဝင်၊ ရှေပေါ်မရမ်က ဦးလော်ဟော် ဘ္ဂာရေးဝန်ကြီး ကြာခေဆန်က
ဗိုလ်မှူးချုပ် ဝဲဒီုင် (Brig.Veidai) တို့အား သူ၏တဲလေးသို့ခေါ်ပြီး အင်မတန်မှ အရေးကြီး
တဲ့အကြောင်းကို ပြောပြရန် ခေါ်ခြင်းဖြစ်ကြောင်းပြောသည်။ ဦးအီဆက်ပြောသည်မှာ-ဦးမွေဝါက ဟိုင်းမြေနယ်ကနေ ဇန္နဝါလ (၂၉) ရက်စွဲနေ့ ဗိုလ်ကြီးဟော်ထိကို ရှေ့မှာ လွတ်ပြီး ပို့ခဲ့တဲ့စာက တိုတိုကလေး
ဒါပေမဲ့ ဒေါသအမျက် ချောင်းချောင်းထွက်ပြီး ရေးတဲ့စာဖြစ်တယ်။ ဖီဇိုကြောင့် တရုတ်တို့က
သူတို့ကိုလက်နက် အပြည့်အစုံမပေးဘူး။ သူ့ကိုမဖြုတ်ချရင်မရဘူးလို့ ရေးကြောင်းပြောပြသည်။ ပြီးတော့
ဦးအီဆက်က သူ့၏ခံယူချက်ကို ကျွန်တော်တို့အားပြောပြသည်မှာ- ကျွန်တော်တို့ဘာကြောင့် ဦးဖီဇိုကို ရှုံ့ချရမှာလဲ။ ဖီဇိုလို ကျွန်တော်တို့ထဲမှာ အမျှော်အမြင်ရှိပြီး ခေါင်းဆောင် လုပ်နိုင်တဲ့လူမရှိဘူး။ အင်ဒို-နာဂ ပိပက္ခကို နိုင်ငံတကာမှာ ဖီဇိုလိုသွားပြီး ဘယ်သူကပြောမှာလဲ။ ပြီးတော့ နာဂ အမျိုးသားကောင်စီကို ကျွန်တော်တို့ ဘယ်တော့မှ ပစ်ပယ်လို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှတ်
တမ်းတွေဟာ နာဂအမျိုးသားကောင်စီကဘဲ မှတ်တမ်း တင်လာခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံရေး အဖွဲအစည်းအသစ်ဖွဲ့စည်းမယ်ဆိုရင် ဒါဟာ အကုန်လုံး အသစ်ပြန်စခြင်းဘဲ ဖြစ်မယ်။ ဒါကြောင့် နအကကို
ပယ်ချပြီးတော့လုပ်သွားမယ်ဆိုရယ် ကျွန်တော်တို့ အကြီးအကျယ် နစ်နာခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။
 ဒါကြောင့် ကျွန်တော် ခင်ဗျားတို့အားလုံး ကို မွေဝါရဲ့ပေါ်လစီကို မထောက်ခံကြနဲ့လို့ တိုက်တွန်းချင်ပါတယ်ဟု လေးလေးနက်နက် ပြောခဲ့သည်။
(၆) မွေဝါ၏ ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်းရန် စည်းရုံးရေး၊
ဦးမွေဝါ တရုတ်ပြည်မှ ပြန်ရောက်လာသောအခါ ခေါင်းဆောင်ကြီး ဖီဇိုအား
ဝေဖန်ခြင်း ရှုံ့ချခြင်းများကို မကွယ်မဝှက် ဗြောင်ပြောလာသည်။ ဖီဇိုက လန်ဒန်မှာ ဇိမ်နဲ့
နေတယ်။ နာဂတိုင်းပြည်ရဲ့ အခြေအနေကို သူဘာမှမသိဘူး။ ပြည်သူလူထုနှင့် အဆက်အသွယ်
မရှိတဲ့ ခေါင်းဆောင်တစ်ယောက်က ကိုယ့်ပြည်သူတွေကို ဘယ်လိုမှန်ကန်တဲ့ လမ်းညွန်ချက်ပေး
နိုင်မှာလဲ။ ဒါကြောင့် ကျွန်တော်တို့မှာ ယခုလိုတာက မှန်ကန်တဲ့ ပေါ်လစီနှင့် မှန်ကန်စွာ
ဦးစီးဦးဆောင်မှုလိုတယ်။ (သူအမြဲ correct Leadership, correct Policy ရှိဖို့လိုသည်ဟု ပြောခဲ့သည်) ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကို ဒီမိုကရေစီ နိုင်ငံမှာပို့ထားပြီးတော့တဖက်မှာ စစ်ရေးအကူအညီကို ကွန်မြူနစ်နိုင်ငံမှာ သွားပြီးတောင်းနေတာက လုံးဝမဆီလျော်ဘူး။ ဦးနှောက်မရှိရာကျတယ်။ ဒါတွေကြောင့် ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း ကွန်မြူနစ်နိုင်ငံက စိတ်မကောင်းဖြစ်ပြီး ကျွန်တော်တို့ကို လက်နက်မပေးချင်
တော့ဘူး။ ကျွန်တော်တို့ဆိုရှယ်လစ်မူကို လက်ခံပြီး ဆိုရှယ်လစ်အစိုးရကို ဖွဲ့စည်းရမယ်။ ကျွန်တော်တို့ရဲ့ ဥက္ကဌကြီးလည်း ကွန်မြူနစ်တိုင်းပြည်မှာနေရမယ်။ ဒါမှလည်း ကွန်မြူနစ်နိုင်ငံက ကျွန်တော်တို့ကို အင်နှင့်
အားနှင့် ထောက်ခံကူညီမယ်။ ပြီးတော့ အိန္ဒိယ အရှေ့မြောက်ပိုင်းမှာရှိတဲ့ တော်လှန်ရေးသမားတွေအားလုံးနဲ့ ပေါင်းပြီး စုပေါင်းတပ်ဦး (United Front) တစ်ခုဖွဲ့စည်းရမယ်။ ဒါပေမဲ့ ဒီဗျူဟာနည်းကို ဖီဇိုက လက်မခံဘူး။ ကျွန်တော်တို့ရဲ့ အင်အားတခုထဲနဲ့ ရန်သူကို နိုင်မှာမဟုတ်ဘူး။ တော်လှန်ရေးအင်အားစု အားလုံးပေါင်းပြီး
တိုက်မှ ရန်သူကိုနိုင်မှာ စသည်ဖြင့်ပြောကာ ဖီဇိုအပေါ် အယုံအကြည် မရှိအောင် သူ့အားထောက်ခံလာအောင် မသိနားမလည်သူများအား ဦးမွေဝါက စည်းရုံးလှုပ်ဆော်လာခဲ့သည်။
ဤအချိန်အခါတွင် မွေဝါက ရှီလောင်စာချုပ်ကို အသုံးချပြီး စည်းရုံးရေးမလုပ်ခဲ့သည်မှာ အထက်ပါ အချက်အလက်များအရ သိသာထင်ရှားသည်။
(၇) မွေဝါ၏ မူဝါဒ အပေါ် အငြင်းအခုံ
၁၉၇၈ခုနှစ် ဧပြီလတွင် စွန်းခေါင်နှင့် စဖေါင်ကြားတွင် ဗဟိုစခန်း တည်ဆောက်ခဲ့သည်။ ထိုအချိန်တွင် ဦးတီဝဲနူ (T.Venuh Chakhesang) ကချင်ပြည် ကိုယ်စားလှယ်လည်း ရောက်ရှိလာခဲ့သည်။ တရုတ်ပြည်မှ ပြန်လာသူများ စိတ်ဝမ်းကွဲပြီး ပြန်လာကြောင်းသိ၍ သူလည်းအမိနိုင်ငံသို့လာခဲ့ခြင်း ဖြစ်သည်။ ထိုပြင်ဦးခပ်လန်
လည်း ခေါ်ထားသည့်အတိုင်း ထိုစခန်းသို့ ရောက်ရှိလာခဲ့သည်။ ဦးငထိန်ခွေး (Ngathingkhui) တန်ခွန်ခရိုင်ဝန်
မင်းကြီးသည် ၁၉၇၇ခုနှစ်ဇန္နဝါရီလတွင် ရောက်ရှိလာသဖြင့် ဗဟုစခန်းတွင် နေလာသူဖြစ်သည်။ ထို့ကြောင့် ဤအချိန်တွင် ၁၉၇၆ခုနှစ်တွင် မွေဝါအီဆက်တို့ အစိုးရ အသစ်ဖွဲ့စည်းစဉ် မပါဝင်ခဲ့သော ခေါင်းဆောင်များ နာဂနိုင်ငံရေးအကြောင်း နားလည်သူ ဝါရင့်ခေါင်းဆောင်များ ရောက်ရှိနေခဲ့ကြသည်။ ဤစခန်းတွင် မွေဝါအဖွဲ့က ဆိုလစ်ဖွဲ့စည်းရန် နှင့် ဖီဇိုကိုပယ်ချရန် စည်းရုံးခဲ့သည်။ ကျန်လူမျိုးစုများဖြစ်သော အန်ဂါမီ၊ ကြာခေဆန်၊ အာအူ၊
ရှေပေါ်မရမ်၊ ခယမ်ညူးငန်း၊ ကော်ညက်၊ ကျွန်တော်တို့ ဟိုင်းမြေ တို့က ခေါင်ဆောင်ကြီးဖီဇိုကို မပယ်ချရန်နှင့်
ဆိုရှယ်လစ်အစိုးရကို မဖွဲ့စည်းရန် မားမားမတ်မတ် ရပ်တည်ခဲ့သည်။ ဦးတီဝဲနူနှင့် ဦးငထိန်ခွေးတို့ကပြောခဲ့
သည်မှာ- ၁၉၇၆ခုနှစ်မှာ  ဖွဲ့စည်းခဲ့တဲ့ အစိုးရဟာ နာဂလန်းအခြေခံ ဥပဒေအရ တရားမဝင်ဘူး။ အခြေခံဥပဒေ
ကို ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေက ဒီမိုကရေစီမူကို
အခြေခံတဲ့ဥပဒေ ဖြစ်တယ်။ ခင်ဗျားတို့ရဲ့ အစိုးရဖွဲ့စည်းပုံက ဆိုရှယ်လစ်မူကို အခြေခံပြီးဖွဲ့
စည်းထားတယ်။ ပြီးတော့  လက်ရှိအခြေခံဥပဒေအရ ခင်ဗျားတို့ နာဂအမျိုးသားကောင်စီရဲ့
အထွေထွေအတွင်းရေးမှူး ဦးမွေဝါ နှင့် နဖစ ဘ္ဂာရေးဝန်ကြီး ဦးအီဆက်တိက လွတ်တော်
အစည်းအဝေးခေါ်ယူဖို့ အာဏာမရှိဘူး။ လွတ်တော် အစည်းအဝေးက  ဥပဒေအရ သမ္မတ
က လွတ်တော်သဘာပတိကို ညွန်ကြားပြီး လွတ်တော်သဘာပတိကသာခေါ် နိုင်တယ်။
ဒါကြောင့် ၁၉၇၆ခုနှစ် ဩဂုတ်လမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို လွတ်တော်အစည်း အဝေး
လို့ မခေါ်နိုင်ဘူး။ လက်ရှိအခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတဲ့
အတွက်ကြောင့် အစိုးရသစ်ကို ဖျက်သိမ်းဖို့လိုတယ်ဟု တင်ပြခဲ့သည်။ ဦးငထိန်ခွေး ကဆက်
လက်၍ပြောခဲ့သည်မှာ-မွေဝါခင်ဗျားကို သမ္မတက နိုင်ငံခြားသွားဖို့ သာ တာဝန်ပေးခဲ့တယ်။
ဒါကြောင့် ခင်ဗျားမှာ လွတ်တော်အစည်းဝေး ခေါ်ဖို့။ လက်ရှိအခြေခံ ဥပဒေကို ဖျက်သိမ်းပြီး
တော့ အစိုးရအသစ်ဖွဲ့စည်းဖို့ ဘာမှ အာဏာမရှိဘူး။ ပြည်သူက မသိဘဲနဲ့ ဘယ်လိုအစိုးရ
ဖွဲ့စည်းခဲ့သလဲဟု ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။
သို့သော်မွေဝါက- ထိုအခြေခံဥပဒေအရ ဖွဲ့စည်းလာတဲ့ အစိုးရက ရှီလောင် စာချုပ်
ကို လက်ခံပြီး အလင်းဝင်ကုန်ပြီ။ ခေါင်းဆောင်ဆိုတာ ငါတို့ (မွေဝါ-အီဆက်) နှစ်ယောက်ဘဲ
ကျန်တယ်။ ဒါကြောင့်ငါတို့မှာ တိုင်းပြည်ကို ကယ်တင်ဖို့ အစိုးရသစ် ဖွဲ့စည်းပိုင်ခွင့် အာဏာ
အပြည့်အဝ ရှိတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ဟာ ပြည်သူရဲ့ ကိုယ်စားလှယ်တွေဘဲ။
ပြည်သူတွေကို ဘာမေးစရာလိုတော့သလဲ။ တိုင်းပြည်ကို ကယ်တင်ဖို့အတွက် ကျွန်တော်တို့
ဘာမဆို လုပ်သွားဖို့လိုတယ်ဟု ပြောခဲ့သည်။ သို့သော် သူနှင့်အတူလုပ်နေကြသော ပြည်သူ့ကိုယ်စားလှယ်တော်များက သူ၏ဆိုရှယ်လစ်မူကို လက်မခံကြောင်းကိုမူကား သူကလုံးဝဂရုမထားခဲ့ပေ။ (စာရေးသူမှာ ဗဟိုကော်မတီ အဖွဲ့ဝင်ဖြစ်သောကြောင့် အစည်းအဝေးတိုင်းတွင် ပါဝင်ခဲ့သည်။)
ဦးတီဝဲနူက ဆက်လက်ဆွေးနွေးခဲ့သည်မှာ-အဲဒီအစိုးရသစ် ဖွဲ့စည်းပုံအရ ဦးဖီဇိုကို
နာဂနိုင်ငံတော်သမ္မတအဖြစ် နှင့် နာဂအမျိုးသားကောင်စီဥက္ကဌ အဖြစ် တာဝန်နှစ်ရပ်ကို
တစ်ဦးတည်းက ထမ်းဆောင်ဖို့ အပ်နှင်းထားခဲ့တယ်။ ဒါဟာလည်း မှားတယ်။ ကျွန်တော်
တို့အစက ကျင့်သုံးလာတဲ့အတိုင်း ပုဂ္ဂိုလ်နှစ်ဦးက ထိုတာဝန်ကြီးနှစ်ရပ်ကို သီးခြားစီ ထမ်း
ဆောင်ရမယ်။ ဦးဖီဇို နအက ဥက္ကဌကြီးကို နိုင်ငံတော်၏ သမ္မတအဖြစ်ပါ ထားမယ်ဆိုရင်
ကျွန်တော်တို့ရဲ့ သမ္မတကြီးက တိုင်းတစ်ပါးမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ သမ္မတဖြစ်နေပြီ။
ဒါဆိုရင်ကျွန်တော်တို့ရဲ့ အစိုးရက ပြည်ပြေးအစိုးရ ဖြစ်မလာဘူးလား။ ကျွန်တော်တို့ရဲ့
သမ္မတကြီးက ပြည်တွင်းမှာသာရှိရမယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ သမ္မတ မဖြစ်ရဘူး။
ကျွန်တော်တို့ရဲ့ အစိုးရက ပြည်ပြေးအစိုးရ မဖြစ်ရဘူးဟု ဆွေးနွေးတင်ပြသည်။
 ကိုမယန်းငါကလည်း-ခင်ဗျား (မွေဝါ) ဟာကျွန်တော်ရဲ့ခေါင်းဆောင်ကြီးလည်း
ဖြစ်တယ်။ အသက်အရွယ်အရ အစ်ကိုလည်းဖြစ်တယ်။ ဒါကြောင့် ခင်ဗျားရဲ့လုပ်ဆောင်
ချက်မှာ ပြန်ပြီးတော့ လေးလေးနက်နက် စဉ်းစားပြီးလုပ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့
ခုချိန်ခါမှာ နည်းနည်းကလေးမှားလိုက်ရုံနဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်
ရေးဟာ ချက်ချင်းပျက်ပြားသွားနိုင်တယ်။ ဆိုရှယ်လစ်မူဝါဒကို ကျွန်တော်တို့ နာလူမျိုးတွေက
လက်ခံနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လည်း ဆိုတော့ နာဂလူမျိုးများရဲ့ လူနေမှုစနစ်ဟာ
ဘိုးဖွားစဉ်ဆက်ကစ ဒီမိုကရေစီမူကို အခြေခံတဲ့ စနစ်ဖြစ်တယ်။ ပြီးတော့ များသောအားဖြင့်
ယခုအခါမှာ ကျွန်တော်တို့ နာဂလူမျိုးများဟာ ခရစ်ယာန်များ ဖြစ်ကြကုန်ပြီ။ ဒါကြောင့်
ဆိုရှယ်လစ်မူဝါဒကို ဘယ်တော့မှလက်ခံကြမှာမဟုတ်ဘူး။ ခင်ဗျားကထင်မယ် ခင်ဗျားမှာ
လက်နက်ရှိတယ်။ ခင်ဗျား ရည်ရွယ်ထားတဲ့အတိုင်း လုပ်နိုင်မယ်ထင်တယ်။ ဒါပေမဲ့ ခင်ဗျားက
ဆိုရှယ်လစ်အစိုးရကို  ဖွဲ့စည်းလိုက်ပြီဆိုရင် နာဂပြည်သူတွေက ဓါးနှင့်လှံနဲ့ဘဲဖြစ်ဖြစ် ကျွန်
တော်တို့ကို ဆန့်ကျင်တိုက်ခိုက်လာကြမယ်။ အဲဒီအခါမှာ နာဂသွေးတွေက မြစ်ရေလို စီးဆင်း
မယ်။ ကျွန်တော်တို့က ဒီအရှေ့မှာ ဖီဇိုကိုပယ်ချပြီးတော့ ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်းရင်လည်း
အနောက်ဖက်က ပြည်သူတွေက နာဂအမျိုးသားကောင်စီ နှင့် ဖီဇိုကို ဘယ်တော့မှ
လက်လွတ်မှာ မဟုတ်ဘူး ဆိုတာသေချာတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားစည်း
လုံးညီညွတ်ရေးကို အဓိကအရေးထားပြီး လုပ်ရမယ်ဟု ဆွေးနွေးတင်ပြခဲ့သည်။ သို့သော်
ကျွန်တော်တို့၏ ပြောဆိုအကြံပေးချက်တွေ အားလုံးကိုမွေဝါးက တစ်ခုမှ လက်မခံခဲ့ပါ။
အထက်ပါဆွေးနွေးချက်များသည် မွေဝါတို့က ရှီလောင်စာချုပ်ကြောင့် သဘော
ကွဲလွဲခဲ့သည်ဟူသော စွပ်စွဲချက်နှင့် လုံးဝကွာခြားနေသည်ကို စာဖတ်သူတိုင်း သတိထားမိ
မည်ဖြစ်သည်။(ကိုမယန်းငါ တင်ပြဆွေးနွေးခဲ့သည့် အတိုင်း မွေဝါ-အီဆက် တို့က ဆိုရှယ်လစ်
အစိုးရ ဖွဲ့စည်းခဲ့သည်မှ၍ နာဂလန်းတွင် နီရဲသောသွေး မြစ်ရေပမာ စီးဆင်းလာခဲ့သည်မှာ
ယခုအခါ နှစ်ပေါင်း (၃ဝ) ကျော်လာခဲ့ပြီဖြစ်သည်။ နှစ်ပေါင်း ၃ဝ ကျော်ကြာအောင် စီးဆင်း
လာခဲ့သော သွေးမြစ်ကြီးသည် မည်မျှကြီးမားနေမည်နည်း။ သို့သော် မယန်းငါ၏ စကား
မှန်ကန်သွားပြီ ဆိုသည်ကို မူကား မွေဝါ-အီဆက်တို့ သတိမမူကြသည်သာမက သွေးမြစ်ကြီး
စီးဆင်းမှု ရပ်တန့်မသွားအောင် အင်တိုက်အားတိုက် လုပ်နေကြသည့်အလား လုပ်ဆောင်
နေကြဆဲပင်တည်း။)
ဤစခန်းသစ်သို့ရောက်လာသောအခါ ဦးအီဆက်သည်လည်း မတ်လ (၂၂)
ရက်တွင် ပြောခဲ့သော သူ့စကား ကို မေ့လျော့ပြီး ဦးမွေဝါပြောသည့် အတိုင်းလုပ်နေခဲ့သည်။
ထို့ကြောင့် ဦးတီဝဲနူက သူ့အားပြောခဲ့သည်မှာ-အီဆက် ခင်ဗျားကို ကျွန်တော်တို့က
ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဖြစ်စေချင်တယ်။ ဒါပေမဲ့ ခင်ဗျားက ခုလိုမွေဝါကို ထောက်ခံ
နေမယ်ဆိုရင်။ နောက်မှာ ကျွန်တော်တို့က ခင်ဗျားကို ပယ်ချခဲ့တယ်လို့ ပြောနိုင်မှာ မဟုတ်ဘူး
နော်ဟု ပြောခဲ့သည်။ ထိုအခါ ပြဿနာကို  ပါလီမန်လွတ်တော် (Tarar Hoho) တွင် ပါလီမန်
အမတ်တို့၏ မဲဖြင့် ဆုံးဖြတ်အဖြေရှာရန် မွေဝါ၏ ဆိုရှယ်လစ်မူဝါဒကို ဆန့်ကျင်သူများက
ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့်လည်း တားတာဟော်ဟော အစည်းအဝေး ခေါ်ပေးရန်
ခေါင်းဆောင်ကြီး နှစ်ယောက်အား တိုက်တွန်းခဲ့သည်။  ထိုတားတာဟော်ဟောတွင် အများ.
သဘောထားကို လက်မခံပါက အယုံအကြည်မရှိ အဆိုတင်ပြီး သူတို့နှစ်ယောက် အား
ခေါင်းဆောင်မှုမှ ဖယ်ရှားရန် ကိုမယန်းငါ၏ နေအိမ်တွင် ဦးတီဝဲနူ၊ ငထိန်ခွေး၊ ဦးခပ်လန်၊
ကျွန်တော်တို့ငါးယောက် တိတ်တဆိတ် ဆွေးနွေးခဲ့ကြသည်။ ထိုနေ့တွင် အီဆက်ကို မပယ်ဘဲ
ခေါင်းဆောင်မှု တစ်နေရာရာပေးရန် မယန်းငါက အကြံပြုခဲ့သည်။ ဤအကြံသည် မွေဝါနှင့်
အီဆက်တို့အား ခွဲပစ်ရန်ကောင်းသော အကြံဖြစ်ခဲ့သည်။ (နောင်တွင် ကြာခေဆန်
အမျိုးသမီးခေါင်းဆောင် အဘီးက အီဆက်နှင့် မွေဝါတို့ကို ကျွန်မတို့ ခွဲမပစ်ခဲ့တာ မှားခဲ့တယ်
ဟု ကောက်ချက်ချခဲ့သည်)။
နာဂတပ်မတော် အရာရှိများကလည်း မွေဝါးကအလျော့ မပေးပဲ ဆိုရှယ်လစ်အစိုး
ရဖွဲ့စည်းရန် ဖီဇိုအား ဖယ်ရှားရန် အတင်းအဓမ္မ လုပ်မည်ဆိုပါက အာဏာသိမ်းမည်ဟု
အသင့်ပြင်ဆင်ထားခဲ့ကြသည်။ သူတို့သည် တရုတ်ပြည်မှစ မွေဝါအပေါ် အခဲမကျေ
ရောက်လာသူများဖြစ်ကြသည်။ တန်ခွန်စစ်ဗိုလ်များကိုလည်း တပ်ရေးဗိုလ်ကြီး အဖြစ်
မထားခဲ့ကြပါ၊ မွေဝါ-အီဆက်တို့ကလည်း နအက နှင့် နဖစကို ဖြုတ်ချရန် သူတို့၏ အဆိုကို
တားတာဟော်ဟောတွင် အမတ်တစ်ယောက်မျှ ထောက်ခံမည် မဟုတ်ကြောင်း သိသော
ကြောင့် လွတ်တော်အစည်းအဝေး မခေါ်ခဲ့ပါ။   တားတာဟော်ဟော အစည်းအဝေး ခေါ်မည့်
အစား အရေးပေါ်အစည်းအဝေးကိုသာ ခေါ်ယူပြီး ၁၉၇၈ခုနှစ် မေလ (၁၆) ရက်မှ (၁၈)
ရက်အထိ ရှီလောင်စာချုပ်နှင့် နာဂတပ်မတော်၏ တံဆိပ် အတွက်ဆွေးနွေးခဲ့သည်။
ထိုပထမအချက်နှင့် ပတ်သက်ပြီး မွေဝါက -ကျွန်တော်တို့က ရှီလောင်စာချုပ်ကို
အလင်းဝင် အရှုံးပေးတဲ့ စာချုပ်ဘဲလို့ ရှုံ့ချခဲ့ပြီ။ ဒါကြောင့် အဲဒီစာချုပ်ချုပ်ဆိုတဲ့နောက်မှာ
ခုမြေပေါ်ရောက်နေတဲ့ နာဂအမျိုးသားရေးမှာ တာဝန်ထမ်းဆောင်လာခဲ့သူတွေဟာ ထိုစာ
ချုပ်ကို လက်ခံသူတွေလို့ သတ်မှတ်ရမယ်ဟု ပြောသည်။ သို့သော်အခြားသူတွေက-ကျွန်တော်တို့ ထိုစာချုပ်ကို ၁၉၇၆ခုနှစ် ဩဂုတ်(၁၆) ရက်မှာ ရှုံ့ချခဲ့ပြီဘဲ။ ဒါလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို ကျွန်တော်တို့ အချိန်မှီလုပ်ခဲ့တယ်။ ဒါကိုကျွန်တော်တို့ထပ်ပြီး ပြောနေဖို့ ဆွေးနွေးနေဖို့မလိုတော့ဘူး။ ပြီးတော့ စာချုပ်မှာ ဆိုင်းထိုးသူတွေကလွဲလို့ မြေပေါ်ရောက်နေတဲ့ တိုင်းပြည် အမှုထမ်းဆောင်သူတွေအားလုံးကို ထိုစာချုပ်လက်ခံသူတွေလို့သတ်မှတ်လို့မရဘူး။ သူတို့ဒီဘက်လာရင်လည်း သူတို့ရဲ့ ရာထူးအတိုင်းဘဲ ကျွန်တော်တို့က လက်ခံရမယ်ဟု ပြောခဲ့သည်။ သို့သော် မွေဝါက သူ့၏အာဏာပါဝါကို အသုံးချပြီး ပယ်ချခဲ့
သည်။
ဒုတိယအချက်မှာ အီဆက်နှင့် မွေဝါ နှစ်ယောက်က -နာဂတပ်မတော်၏ အလံနှင့်
တံဆိပ်တွင် ခရစ်တော်၏ လက်ဝါးကပ်တိုင်ပုံကိုဆွဲပြီး ထိုပုံ၏ အောက်တွင် နာဂလန်းသည်
ခရစ်တော်အတွက် ဖြစ်သည် (Nagaland for Christ) ဟုရေးရန် တင်ပြလာခဲ့သည်။ထိုအချက်ကိုလည်း မွေဝါအီဆက်မှလွဲ၍ အခြားသော ခေါင်းဆောင်များက လက်မခံခဲ့ပါ။ အကြောင်းမှာ နာဂတပ်မတော်သည် ခရစ်တော်၏တပ်မတော်မဟုတ် နိုင်ငံတော်၏ တပ်မတော်ဖြစ်သည်ဟု ချေပခဲ့သည်။ သို့သော် သူတို့နှစ်ယောက်က အများသဘောမတူသော်လည်း သူတို့ကဆုံးဖြတ်ထားလိုက်ပြီးဒါကို ဖြုတ်လို့မရ
တော့ဘူးဟု ပြောခဲ့၍ထိုကိစ္စ ဆက်လက်မဆွေးနွေးခဲ့တော့ပါ။
အထက်တွင်ဖေါ် ပြသည့်အတိုင်း အရှေ့နာဂတော်လှန်ရေးကောင်စီ (အနလက)
ဥက္ကဌ ဦးခပ်လန်နှင့် သူ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထုန်းဘော်တို့သည်လည်း  သူတို့၏တပ်
သား (၃ဝ) နှင့်အတူ နအက ဗဟိုစခန်းတွင် ကျွန်တော်တို့နှင့် အတူ နေလာခဲ့သည်မှာ ဧပြီ
မေ နှစ်လရှိလာခဲ့သည်။ သူတို့နှစ်ယောက်အား နအက၊ နဖစ ခေါင်းဆောင်များ အကြား
မွေဝါ၏ မူပေါ်လစီအပေါ် သဘောကွဲလွဲနေသောအချိန်တွင် မွေဝါ အီဆက်တို့အား ထောက်ခံ
မှုမပေးရန် ဦးတီဝဲနူနှင့် မယန်းငါတို့က ပန်ကြားထားခဲ့သည်။ ထို့ကြောင့်လည်း ၁၉၇၈ခုနှစ်
မေလ (၂၃) ရက်တွင် မွေဝါနှင့် အီဆက်တို့က အရှေ့နာဂ တော်လှန်ရေးကောင်စီသည်
နာဂအမျိုးသားကောင်စီနှင့် ပေါင်းလိုက်ကြောင်း နအက ဒု-ဥက္ကဌ အီဆက်နှင့် အနလက
ဥက္ကဌ ဦးခပ်လန်တို့က လက်မှတ်ရေးထိုးရန် စီစဉ်သည့်အခါ ဦးခပ်လန်က လက်မှတ်မထိုး
ဘဲ ငြင်းဆန်ခဲ့သည်။၊ ထိုလက်မှတ်ရေးထိုးရန် အခမ်းအနားအတွက် ဝက်တစ်ကောင်ဝယ်ပြီး
အထူးအစားအသောက်အဖြစ် စီစဉ်ခဲ့သည်။ ထိုသို့အကုန်လုံးစီစဉ်ထားပြီးမှ ဦးခပ်လန်က ငြင်းဆန်ခဲ့ခြင်းမှာလည်း ၁၉၇၈ခုနှစ် မေလ (၁၁-၁၂) ရက်တွင် ခွန်နိုးမား ရွာ၌ ကျင်းပခဲ့သော နာဂအမျိုးကောင်စီ အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို ကြားသိရသောကြောင့်ဖြစ်သည်။ ထိုအစည်းအဝေးတွင် နအက ထိပ်တန်းခေါင်းဆောင်များ ဥက္ကဌ ဦးဖီဇို ဒု-ဥက္ကဌ အင်းကုန်မရေန်၊ အထွေထွေ အတွင်မှူး ဦးမွေဝါတို့၏
ခေါင်းဆောင်မှုကို ထပ်မံအတည်ပြုကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုတရားဝင်
အစည်းအဝေးက ၁၉၇၆ခုနှစ်တွင် ဦးအီဆက်အား နအက ဒု-ဥက္ကဌအဖြစ် မွေဝါက
တင်မြောက်ခဲ့ခြင်းကို အသိအမှတ်မပြုကြောင်း သိရသောကြောင့် ဦးခပ်လန်က အီဆက်နှင့်
ဆိုင်းထိုးရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်၏ အစိုးရကိုလည်း လမ်းတဝက်
အစိုးရဟု ဦးခပ်လန်က ခေါ်ဝေါ်ခဲ့သည်။ ဤသို့ခေါ်ဝေါ်ခြင်းမှာ သူတို့အား နိုင်ငံခြားနှင့်
ဆက်သွယ်ရန်သာ အာဏာပေးခဲ့သည်။ သို့သော် သူတို့ကို လွတ်ခဲ့သော ခေါင်းဆောင်များဆီ
မရောက်ဘဲ လမ်းတဝက်တွင် အစိုးရအသစ် ဖွဲ့စည်းသောကြောင့် လမ်းတဝက်အစိုးရဟု
ခေါ်ခဲ့ခြင်း ဖြစ်သည်။
ခွန်နိုးမား (ဖီဇိုရွာ) တွင်ကျင်းပခဲ့သော ထိုနာဂအမျိုးသားကောင်စီ အစည်းအဝေး
(NNC General Meeting) သည် ရှီလောင်စာချုပ် နောက်ပိုင်းတွင် ပထမဦးဆုံး
ကျင်းပခဲ့သော အစည်းအဝေးဖြစ်သည်။ ထိုအစည်းအဝေးကလည်း ရှီလောင်စာချုပ်ကို
အလေးမမူ မသိကျူးကျွန်ပြုခဲ့သည်။ အကြောင်းမူကား ထိုစာချုပ်သည် တရားမဝင်သော
စာရွက်စာတမ်း တစ်ခုသာ ဖြစ်သောကြောင့်ပင်တည်း။ ကျွန်တော်တို့ တားတာဟော်ဟော(လွတ်တော်) အစည်းအဝေး ကောင်းကောင်းထိုင်နိုင်ရန် အခြေအနေရှိခဲ့သည်။ ရန်သူလာသော်လည်း ရဲဘော်အင်းအား လက်နက်အင်းအား ကောင်းသဖြင့် ရာနှုန်းပြည့် ခုခံနိုင်စွမ်းရှိခဲ့သည်။ ကိုယ်စားလှယ်တော်များ အမတ်များ
လည်း ပြည့်စုံသလောက် ရောက်ရှိလာခဲ့သည်။ အစည်းဝေးအတွက် ရိက္ခာတွေလည်း
လုံလောက်စွာ စခန်းတွင် ရောက်ရှိခဲ့သည်။ ထိုအခါ ဗမာ့စစ်တပ် တပ်ခွဲတစ်ခုသည် စဖေါင်
ရွာသို့ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် မွေဝါအီဆက်တို့က ရန်သူလာသည်ဟု ဆင်ခြေပေး
ပြီး အစည်းအဝေး မလုပ်တော့ဘဲ စခန်းကိုပစ်ထားပြီး တပ်ရင်း (၂) ဘက်သို့ တက်သွားခဲ့
သည်။ သို့သော် တန်ခွန်ခရိုင်ဝန်မင်းကြီးနှင့် အဖွဲ့တို့သည် ထိုစခန်းတွင်ပင် နေထားခဲ့ကြောင်း
သိရ သည်။ ဗမာစစ်တပ်ဖွဲ့မှာလည်း သူတို့၏စစ်ကြောင်းမှူးဗိုလ်ကြီး စဖေါင်တိုက်ပွဲတွင် ကျဆုံး
သောကြောင့် ချက်ချင်းပြန်ဆုတ်သွားခဲ့သည်။
ကျွန်တော်တို့ တပ်ရင်း(၂) ဖက်သို့အတူတူတက်သွားခဲ့ကြသူများမှာ ဦးအီဆက်၊
ဦးခပ်လန်၊ ဦးတီဝဲနူ၊ ဗိုလ်မှူးချုပ် ထုန်းဘော်၊ အနလက ရဲဘော် (၃ဝ) နှင့်အခြားရဲဘော်
ရဲမေများ ဖြစ်ကြသည်။ ဦးမွေဝါက သူ့လူတွေနှင့်အတူ ခယမ်ညူးငန်း နယ်မြေတွင် နေရစ်ခဲ့
သည်။ တပ်ရင်း(၂) စခန်းသည် လိုင်နောင်နယ် ဆိတ်ဘားရွာတွင်ချခဲ့သည်။ ထိုရွာ သို့ရောက်
ရှိသွားသောအခါ ဦးအီဆက်နှင့် ဦးခပ်လန်တို့သည် စခန်းသို့တက်သွားခဲ့သည်။ ထိုစခန်းမှ
သူတို့ နှစ်ယောက်က အစည်းအဝေး အစီအစဉ်လုပ်ပြီး ဗဟိုကော်မတီ အစည်းအဝေးခေါ်ရန်
ဖြစ်သည်။ ဦးတီဝဲနူ၊ ဗိုလ်မှူးချုပ် ထုန်းဘော် နှင့် ကျွန်တော်တို့က ဗိုလ်မှူးချုပ် ထုန်းဘော်၏
တပ်မဟာစခန်း လားချင်းစခန်းသို့လာခဲ့ကြသည်။ ဦးခပ်လန်လည်း အီဆက် နှင့်သူတို့
နှစ်ယောက်က ဗဟိုကော်မတီ အစည်းအဝေးကို ၁၉၇၈ခုနှစ် ဇူလိုင်(၂၅) ရက်တွင် ပြုလုပ်မည်
ဖြစ်ကြောင်း အစည်းအဝေးဖိတ်စာများကို ဖြန့်ဝေစေပြီးနောက် သူ့၏ဗဟိုစခန်း ပါပုန် စခန်းသို့
ပြန်သွားခဲ့သည်။ဤအစည်းအဝေးတွင် ဦးခပ်လန်နှင့် ဗိုလ်မှူးချုပ်ထုန်းဘော် နှစ်ယောက်က
သဘောထားကွဲလွဲနေသော ကျွန်တော်တို့ နအက၊ နဖစ ခေါင်းဆောင်များကြားတွင် ကြားနေ
အဖြင့် စေ့စပ်ဆွေးနွေးပေးရန်ဖြစ်သည်။ ထို့ကြောင့် ထိုဗဟို ကော်မတီ အစည်းအဝေးတွင်
ဦးခပ်လန်သည် မပါမဖြစ်သော ပုဂ္ဂိုလ်အဖြစ် ကျွန်တော်တို့မှတ်ယူခဲ့သည်။ ထို့ကြောင့်
ကျွန်တော်၊ ဦးတီဝဲနူ၊ ဗိုလ်မှူးချုပ် ထုန်းဘော် တို့သည် လားချင်းစခန်းမှ ဦးခပ်လန်အား
စောင့်နေခဲ့သည်။ သူမလာသောကြောင့် ကျွန်တော်တို့ သုံးယောက်လည်း အစည်းအဝေးသို့
မသွားဘဲနေခဲ့ကြသည်။ သူအစည်းအဝေးမလာနိုင်ခဲ့ခြင်းမှာ ဒုံဟီးအရေးအခင်း ပေါ်ပေါက်
သောကြောင့် ဖြစ်သည်ဟု ဦးခပ်လန်ကပြောခဲ့သည်။ ဖြစ်ပုံမှာ-
(၈) ဒုံဟီးအရေးအခင်း
ရှေ့တွင်ဖေါ်ပြသည့်အတိုင်း တရုတ်ပြည်မှပြန်လာသောအခါ သူတို့၏ ရွာလူကြီး
သုံးယောက်အား သတ်ခဲ့ပြီးနောက် ဒုံဟီးရွာသားများသည် ဗမာ့တပ်မတော်နှင့်ပေါင်းပြီး နာဂ
အမျိုးသားရေးလှုပ်ရှားမှုကို အပြတ်ချေမှုန်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း။ ထိုဆုံးဖြတ် ချက်အရ
ရွာသား (၁၈) ယောက်သည် နန်ယုံးနယ်မြေတွင် နာဂတပ်မတော်သားများ၏ သွားလာ
လှုပ်ရှားမှုကို ထောက်လှန်းရန် တောခိုသွားခဲ့သည်ဟုဆိုသည်။ ထိုအဖွဲ့က နာယန်း ဧရိယာမှ
အသက် (၁၂) နှစ်အရွယ်ရှိသောမိန်းကလေးအား သတ်ခဲ့သည်။ ထိုအဖွဲ့ထဲမှ ဝါးရှောမ်
(Washom) အား အနလက တပ်ဖွဲ့မှ ဇူလိုင်လတွင် ဖမ်းမိခဲ့ရာ ထိုသူက သူတို့၏
လျှို့ဝှက်အစီအစဉ်များ အားလုံးကို ဖေါ်ထုတ်ခဲ့သည်။ သူတို့၏ အစီအစဉ်မှာ ဗမာစစ်တပ်နှင့်
ပေါင်းပြီး နာဂအမျိုးသားရေးလှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားသူများ အားလုံးအား ရှင်းပစ်ရန်
ဖြစ်သည်ဟု ဆိုသည်။ သူသည် စစ်ဆေးမေးမြန်းသောအခါ ဖုံးကွယ်ခြင်းမရှိ အားလုံး ဖွင့်
ပြောခဲ့ကြောင်း၊ စိုးရိမ်စိတ် ကြောက်စိတ်လည်း လုံးဝမပြခဲ့ကြောင်း၊ သူ့အား ပစ်သတ်ရန်
ကျင်းတူးပြီး ထိုင်ခိုင်းသည်အထိ ဘာမှလည်းကြောက်စိတ်မပြခဲ့ကြောင်း စစ်ဆေးသူများက
ပြောခဲ့သည်။ ထို့ပြင် ထိုဇူလိုင်လမှာပင် ဒုံဟီးရွာလူကြီးများက နန်ယုံးတပ်စခန်းသို့ ပေးပို့သော
စာကို ယန်းမန် (Yangman) ရွာမှ အနလက တပ်က ဖမ်းမိခဲ့ပြန်သည်။ ထိုစာထဲတွင်
သူတို့ ရွာသားများအားလုံးအား နန်ယုံးသို့အမြန်ဆုံး လာခေါ်ရန် ရေးထားကြောင်း။
ဗမာ့တပ်မတော်နှင့် ပေါင်းပြီး နာဂတော်လှန်းရေးကို အပြုတ်တိုက်မည်ဟု ရေးထားကြောင်း
သတင်း ရရှိခဲ့ပြန်သည်။ ထို့ကြောင့် ဒုံဟီးရွားသားများနှင့် နားလည်မှု ပြေလည်မှု ပြန်လည်
ရရှိအောင် ကျွန်တော်ကြိုးစားခဲ့ပြန်သည်။ လားချင်းရွာမှ ရွားသားနှစ်ယောက်လွတ်ပြီး
ဒုံဟီးရွာလူကြီး များအားခေါ်ခိုင်းသည်။ သို့သော် ဦးဝါခါးနှင့် လူငယ်နှစ်ယောက်သာ
လာခဲ့သည်။ လူကြီးတွေအပေါ် ကျွန်တော်တို့ ဘာမှလည်းလုပ်မည် မဟုတ်ကြောင်း။
ကျွန်တော်တို့နာဂ အစိုးရနှင့် ဒုံဟီးအကြားပြဿနာ မဖြစ်အောင် ကောင်းကောင်းမွန်မွန်
ဆွေးနွေးလိုကြောင်း ဘာမှလည်း ကြောက်ရွံ့စိတ်မရှိဘဲ လူကြီးတွေလာပြီး လာတွေ့ဆုံပါရန်
ခေါ်ခိုင်းခဲ့ပြန်သည်။ နောက်တရက်တွင် ဦးဝါးခါးသည် လူငယ်လေးတစ်ယောက်နှင့် ပြန်လာခဲ့ပြီး
လူကြီးတွေ မလာနိုင်ကြောင်း လာပြောခဲ့သည်။ ထို့ကြောင့် ဦးဝါခါးကိုသာ ရွာလူကြီးများ
အနေဖြင့် ရန်သူနှင့်ပေါင်းပြီး ကိုယ့်နာဂအစိုးရကို ဆန့်ကျင်ပြီး လုံးဝ မလုပ်ကြရန် ပြောခိုင်းခဲ့
သည်။
ထိုအချိန်တွင် ကျွန်တော်တို့ မလာနိုင်ခဲ့သော်လည်း ဦးမွေဝါ အီဆက်တို့က တပ်ရင်း
(၂) တွင် ဗဟိုကော်မတီ အစည်းအဝေးကို ဩဂုတ်လ (၂) ရက်မှာကျင်းပခဲ့သည်။ ထိုအစည်း
အဝေးတွင် အများက သဘောမတူသော်လည်း မွေဝါ၏ အဆိုပြချက်အတိုင်း ဆုံဖြတ်ချက်
များကိုချခဲ့သောကြောင့် မွေဝါ၏မူဝါဒကို ဆန့်ကျင်သူများကပိုပြီး မကျေမနပ်ဖြစ်လာခဲ့ကြ
သည်။ ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဗဟိုကော်မတီဝင်ဖြစ်ရန် နာဂအမျိုးသားရေးအတွက် တာဝန်ထမ်းဆောင်
သူများ မည်သူမဆို အရှေ့နာဂနယ်မြေတွင်လာပြီး လုပ်သက် ငါးနှစ်ပြည့်ရမည်၊
(၂)  ဆေးလိပ်သမားနှင့် အရက်သမားများအား ဗဟိုကော်မတီဝင်အဖြစ်လက်ခံမည်မဟုတ်၊
(၃) နာဂအမျိုးသားကောင်စီ ဥက္ကဌ ဦးဖီဇိုအား ၁၉၈ဝခုနှစ်တွင် တိုင်းပြည်သို့
ပြန်လာရန်ခေါ်မည်။ မလိုက်နာပါက သူ့အားခေါင်းဆောင်အဖြစ်မှ ဖယ်ရှား ပစ်မည်၊
ဤဆုံးဖြတ်ချက်အရ မယန်းငါနှင့်တကွ ဦးမွေဝါ၏ပေါ်လစီကို ဆန့်ကျင်သူများ
အားလုံးနည်းပါး ဗဟိုကော်မတီဝင် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ဗဟိုကော်မတီတွင် မွေဝါ
အီဆက်တို့အား အာခံမည့်သူမရှိတော့ပေ၊ သူတို့ကြိုက်သလိုလုပ်နိုင်ရန် လမ်းဖေါက်ယူ
လိုက်ခြင်း ဖြစ်သည်။ ၁၉၇၆ခုနှစ်တွင် အာအူ (Ao) လူမျိုးခေါင်းဆောင် ဦး အင်းကုန်မရေန်
(Imkongmeren) နအက ဒု-ဥက္ကဌအား မွေဝါက ပယ်ချခဲ့သဖြင့် အာအူတို့ အင်းကုန်
မနေရန်အား ကြည်ညိုလေးစားသူများ မွေဝါ အပေါ် မကျေမနပ်ဖြစ်ခဲ့သည်။ ဒီတခါ ဦးဖီဇိုအား
ပယ်ချမည်ဆိုသောကြောင့် အန်ဂါမီ ကြာခေဆန်များအပြင် ဦး ဖီဇိုအား ကြည်ညိုလေးစားသူ
များ အားလုံးက မကျေမနပ် ဖြစ်လာခဲ့ကြသည်။
ထို့ကြောင့် ဤအစည်းအဝေး နောက်ပိုင်းတွင် ဒု-ဗိုလ်မှူးကြီး ဝဲဆားဇော်(Lt.Col Vesazo Chakhesang) က မွေဝါ၏ မူဝါဒကို ဆန့်ကျင်သူတွေအားလုံး ကျွန်တော့နောက် လိုက်ခဲ့ဟုခေါ်လိုက်ရာ မွေဝါအားဆန့်ကျင်သူများအားလုံး သူ့နောက်လိုက်ပါသွားကြကြောင်း ကျွန်တော်တို့သတင်းရရှိခဲ့သည်။ ထိုအခါ ကျွန်တော်လည်း ကျွန်တော့်ရဲဘော်များအား သွားကြည့်ရန် တပ်ရင်း (၂) သို့သွားရန်လိုသဖြင့် ထိုသို့သွားမည့် အကြောင်းကို ပြောရန် ဗိုလ်မှူးချုပ်ထုန်းဘော်ဆီသွားသည်။ သူနှင့် ဦးကွယ်ခစ် (Koikhip)
ဗိုလ်မှူးကြီး ခွန်းလောမ် (Col.Khulom) တို့ထိုင်ပြီးဆွေးနွေးကြသည်ကို သွားတွေ့သည်၊ ထိုအခါ အရှေ့နာဂတော်လှန်ရေးကောင်စီသည် နာဂအမျိုးသားကောင်စီ နှင့် မပေါင်းသေးသဖြင့် သူတို့၏ အစည်းအဝေးတွင် ကျွန်တော်တို့အား ခေါ်လေ့မရှိသလို ကျွန်တော်တို့ နအက နဖစ အစည်းဝေးသို့ လည်း သူတို့ (နအလက) အားခေါ်လေ့ မရှိခဲ့ပါ။
ကျွန်တော် သူတို့အား သွားမည့်ကိစ္စအကြောင်းကို ပြောပြသည်။ သူတို့လည်း သူတို့ ဆွေးနွေးနေကြသည့် ကိစ္စကို ကျွန်တော်အားပြောပြသည်။ ဗိုလ်မှူးချုပ်က ဒုံဟီးရွာကို
ကျွန်တော်တို့အရေးမယူလို့ မရတော့ဘူး။ ဒီကိစ္စအတွက် ကျွန်တော်တို့ဆွေးနွေး နေကြတာ
ဖြစ်တယ်ဟု ပြောသည်။ ကျွန်တော်သူတို့အား ပြောခဲ့သည်မှာ- ဒီပြဿနာ အတွက်
ကျွန်တော်တို့ တရွာသားလုံးကို အပြစ်တင်လို့မရဘူး။ တချို့လူကြီးတွေကသာ လုပ်နေတာ။
ဒါကြောင့် ဒီကိစ္စနှင့် ပတ်သက်ပြီး အရေးယူမယ်ဆိုရင် ကောင်းကောင်း စစ်ဆေးပြီးမှ
မှားတဲ့လူကြီးတွေကို အရေးယူရမယ်။ မသိနားမလည်သူတွေ ကလေးမိန်းမတွေ (နာဂ
စကားနဲ့- ဝါးနူး ဝါးဆား ယဲကျစ် နော်ဆား)  အကုန်လုံးပေါ်အရေးယူလို့မရဘူး။ အိမ်တွေ
စပါးတိုက်တွေကို မီးရှုံ့ပစ်တာမျိုးကိုလည်း  ကျွန်တော်တို့ မလုပ်သင့်ဘူးဟု ပြောခဲ့သည်။
ကျွန်တော် ဦးတီဝဲနူးနှင့် အတူ တပ်ရင်း (၂) သို့သွားရန် ရဲဘော် (၅) ယောက်နှင့်
လားချင်းစခန်းမှ ထွက်လာခဲ့ကြသည်။ ကေးရှန် ရွာသို့ရောက်သောအခါ တပ်ရင်း (၂) မှ
ထွက်လာကြသူများသည် ဒု-ဗိုလ်မှူးကြီး ဝဲဆားဇော်က ဦးဆောင်ပြီး ထိုရွာတွင် နေကြ
သည်ကို သွားတွေ့သည်၊ ဥိးတီဝဲနူးသည် သူတို့နှင့်တွေ့ပြီး ထိုကေးရှန်ရွာတွင် နေရစ်ခဲ့သည်။
ကျွန်တော်ကား တပ်ရင်း(၂) စခန်းအရောက်သွားခဲ့သည်။  တပ်ရင်း (၂) တွင် မွေဝါ အီဆက်
မယန်းငါ ဒု-ဗိုလ်မှူးကြီး ဆပုန်တို့နှင့်အတူ ရဲဘော် အနည်းငယ်လောက်သာ ရှိတော့သည်
ကို သွားတွေ့သည်။ ကျွန်တော်တို့ ဟိုင်းမြေနာဂ ရဲဘော်မှာ ရားဆီးကရန်း အီဆက်၏
သက်တော်စောင့် တစ်ယောက်သာ ကျန်တော့သည်။ မွေဝါက ဒု-ဗိုလ်မှူးကြီး ဝဲဆားဇော်
၏လုပ်ရပ် အားလုံး အတွက် ဦးတီဝဲနူးအား အပြစ်တင်သည်။
ထိုစခန်းတွင်ကြာကြာ မနေဘဲ ကျွန်တော်ပြန်ခေါက်လာခဲ့သည်။ ဤတခါတွင် ကေး
ရှန်ဘက်မတက်ဘဲ Tokie, Lumnu, Chamkok လမ်းဖြင့်လာခဲ့သည်။ အစီအစဉ်
မှာ-ဘာဘဲဖြစ်ဖြစ် ဒုံဟီးရွာသွားပြီး ကျွန်တော်တို့ကြား ဖြစ်နေသောပြဿနာကို အေးဆေးစွာ
ပြေလည်သွားစေရန် ဒုံဟီးရွာလူကြီးတွေနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ဆုံးဖြတ်ပြီးလာခဲ့ ခြင်း
ဖြစ်သည်။Lumnu မှ ဂရေး ဘုန်ကျုံးရွာသို့ နေ့လယ် (၁၂) နာရီလောက်တွင်ရောက်သဖြင့်
နေ့လယ်စာစားပြီး ဒုံဟီးရွာသို့တက်ရန် ရဲဘော်တွေအား ထမင်းချက်ခိုင်းသည်။ ကျွန်တော်
တို့ထမင်းစားပြီး ထွက်ခါနီးတွင် ဂရေးရွာ ဥက္ကဌ ဦးဝန်ကြုံး ဒုံဟီးရွာမှ ရောက်ရှိလာသည်။
ကျွန်တော်တို့ ဒုံဟီးရွာတက်မလို့။ ဒုံဟီးရွာအခြေအနေ ဘယ်လိုလဲဟု သူကစကား စမပြောခင်
အရင်မေးလိုက်သည်။ သူက ဟဲ- ဒုံဟီးပျောက်ပြီ။ ယောက်ျားတွေ အသက် (၁၂) နှစ်အထက်
ကျွန်တော်တို့နာအစိုးရက သတ်လိုက်ပြီဟု တအံ့တဩပြောသည်။ အနီးအနား ရွာမှာ
ရှိတဲ့ဆွေမျိုးသားချင်းတွေက မိဘမဲ့ကလေးတွေ မုဆိုးမတွေကို လာခေါ်ယူပါလို့ ခေါ်တဲ့ အတွက်
ကျွန်တော်လည်း သွားပြီးလာခဲ့တယ် ဟုပြောသည်။ ထိုစကားကြားရပြီး အံ့ဩဝမ်းနည်းခဲ့
သည်။ အစီအစဉ်ကို ပြောင်းပြီး ရှန်းတီးရွာဘက် တက်သွားခဲ့သည်။ စခန်းရောက်မှ အနလက
ဥက္ကဌကြီး၏ အမိန့်အရ ထိုသို့အရေးယူခဲ့ကြောင်း ဗိုလ်မှူးချုပ်က ပြောပြသည်။ ထိုနေ့တွင်
သတ်ခဲ့သည့် ရွာသားများမှာ ၁၃ဝ ကျော် ဖြစ်ကြောင်းသိရသည်။
ဤအရေးအခင်းမှလွတ်မြောက်သွားသူများမှာ ကျွန်တော့်စကားပြန်လုပ်ခဲ့သူ
ဦးဝါခါး တစ်ယောက်နှင့် ခရီးသွားနေသူများသာ ဖြစ်ကြောင်း သိခဲ့ရသည်။ ဦးဝါခါးသည် လူကြီး
တို့၏ နာဂဆန့်ကျင်ရေး အစီအစဉ်တွင် မပါဝင်ခဲ့ကြောင်း။ သူတို့ ရွာအပေါ် အရေးယူသောနေ့
၁၉၇၈ ဩဂုတ်လ (၂၈) ရက်တွင်လည်း သူကအိမ်တွင် မအိပ်ဘဲ စပါးတိုက်တွင် အိပ်နေခဲ့
သောကြောင့် လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။
(၉) စစ်အာဏာသိမ်းခြင်း။
ဒု-ဗိုလ်မှူးကြီး ဝဲဆားဇော်ထွက်သွားပြီး ဗိုလ်ကြီး KamÜk Ao တပ်ရင်း (၂) မှလာပြီး သူတို့စစ်ဗိုလ်များ အကြား ဆွေးနွေးနေကြကြောင်း သိခဲ့သည်။ သို့သော်ဘာဆွေးနွေးသည်ကို ကျွန်တော်တို့လည်းမသိခဲ့ပါ။ ထို့နောက် ၁၉၇၈ခုနှစ် ဩဂုတ်လ(၃ဝ)ရက်တွင် စစ်အာဏာသိမ်းကြောင်း ကြေငြာစာ ရောက်ရှိလာမှ သိခဲ့ရသည်။  စစ်အရာရှိများက ထိုသို့ပြုလုပ်ခြင်းသည် အာဏာကို မက်၍ပြုလုပ်ခြင်းမဟုတ်ကြောင်း။ သို့သော်
မွေဝါ၏ အာဏာရှင်စနစ်ကိုချိုးနှိမ်ရန်ပြုလုပ်ခြင်းသာဖြစ်ကြောင်း အာဏာကိုပြည်သူထံအမြန်ဆုံးပြန်အပ်မည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ဤသို့စစ်အာဏာသိမ်းပြီး မွေဝါ၊ အီဆက်၊ ဦးလော်ဟော၊ ဗိုလ်မှူးချုပ် ဝဲဒိုင် စစ်ဦးစီးချုပ်တို့အား ထိန်းသိမ်းထားခဲ့သည်။ ဦးလော်ဟောနှင့် ဗိုလ်မှူးချုပ် ဝဲဒိုင်တို့အား တစ်ပတ်
လောက်သာ ထိန်းသိမ်းပြီး လွတ်ခဲ့သည်။ မွေဝါ နှင့် အီဆက်တို့ကိုမူကား ဆက်လက်၍အကျယ်ချုပ်
ထားခဲ့သည်။ ထိုစစ်အစိုးရ အဖွဲ့အစည်းတွင် ရာထူးအမြင့်ဆုံးဖြစ်သော ဗိုလ်မှူးကြီး ခူးလေ (Col. Khule) အား ဥက္ကဌအဖြင့်ထားခဲ့သည်။ အမှန်မှာသူသည် အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိခဲ့ပါ။ အာဏာသိမ်းမှု
တွင် ဦးစီးဦးဆောင်ခဲ့သူများမှာ-ဒု-ဗိုလ်မှူးကြီး ဝဲဆားဇော်၊ ဒု-ဗိုလ်မှူးကြီး ဆူပုန်၊ ဒု-ဗိုလ်မှူးကြီး ယမ်စထောင်း၊
ဗိုလ်ကြီးဝီးလားတော်၊ ဗိုလ်ကြီး KamzÜk တို့ဖြစ်ကြသည်။ ဤသို့ ဖြစ်ရခြင်းမှာ ဦးမွေဝါက
သူ၏ မူပေါ်လစီကို ပြန်လည်စဉ်းစားပြီး ပြင်ဆင်မှု မလုပ်ခဲ့သောကြောင့်ဖြစ်သည်။
အာဏာသိမ်း စစ်အရာရှိများ၏ ရပ်တည်ချက်မှာ- ဆိုရှယ်လစ်အစိုးရကို လက်မခံ
ရေး၊ နာဂဖက်ဒရယ် ဒီမိုကရေစီ အစိုးရကို ပြန်လည်ဖွဲ့စည်းရေး နှင့် နအက ခေါင်းဆောင်
များဖြစ်ကြသော ဥက္ကဌ ကြီး ဦးဖီဇိုနှင့် ဒု- ဥက္ကဌကြီး ဦးအင်ကုန်မရေန်တို့အား ထောက်ခံရေး
တို့ ဖြစ်သည်။
(၁ဝ) နာဂဖက်ဒရယ်အစိုးရကို ပြန်လည်ဖွဲ့စည်းခြင်း
စစ်အာဏာသိမ်းခေါင်းဆောင်များက သူတို့ကြေငြာထားသည့်အတိုင်း အာဏာကို
ပြည်သူထံပြန်အပ်ရန်၁၉၇၉ခုနှစ် ဇန္နဝါရီလ (၁၂) ရက်တွင် အစည်းအဝေး ခေါ်ခဲ့သည်။
ကမ်လာ (Kamla) ရွာ ဝေါင်းနူမြစ်ကမ်းပါးတွင် အစည်းအဝေးအတွက် အထူးစခန်း
ဆောက်ထားခဲ့သည်။ သို့သော် ဦးခပ်လန် အချိန်မှီ မရောက်ခဲ၍ှု အစည်းအဝေးကို မတ်လ
(၉) ရက်အထိရွေ့ဆိုင်းခဲ့သည်။ ဤသို့ အနလက ဥက္ကဌကြီးအား အစည်းအဝေးသို့
ခေါ်ခြင်းမှာ နာဂအမျိုးသားကောင်စီ နှင့် အရှေ့နာဂတော်လှန်ရေးကောင်းတို့ တစ်ခုတည်း
ပေါင်းစည်းပြီဟု ကြေငြာ၍ နာဂအစိုးရတစ်ခုတည်းသာ ဖွဲ့စည်းသွားရန်အတွက်ဖြစ်သည်။
ထိုသို့ရက်ရွေ့ဆိုင်းသည့်အတိုင်း စည်းဝေးမည့်နေရာကိုလည်း အသစ်ပြန်ရှာကာ
လော် (Lao) ကော်ညက်ရွာ တီယပ် (Tiyak) မြစ်ကမ်းပါး မြေပြန့်လွင်ပြင်တွင် စခန်း
သစ်ကို ဆောက်ပြီး အစည်းအဝေးထိုင်ခဲ့သည်။ ထိုအစည်းအဝေး သို့ ဦးခပ်လန်၊ ဗိုလ်မှူးချုပ်
ထုန်းဘော်၊ ဦး ကွယ်ခစ် တို့အပါအဝင် နအက နဖစဖက်မှ ခေါင်းဆောင်များ စုံစုံလင်လင် တက်ရောက်ခဲ့သည်။ ၁၉၇၉ခုနှစ် မတ်လ (၉) ရက် မနက်ပိုင်းအစည်းအဝေးတွင် နာဂတပ်မတော်မှ စစ်အာဏာကို
 ရုတ်သိမ်းလိုက်ကြောင်း ကြေငြာပြီး အစိုးရအသစ် ဖွဲ့စည်းနိုင်ရန် အာဏာကို ပြည်သူထံအပ်နှင်းခဲ့သည်။
ထိုမတ်လ (၉) ရက် မွန်းလွဲပိုင်းတွင် နာဂအမျိုးသားကောင်စီ အစည်းအဝေး ထိုင်ခဲ့သည်။ ခယမ်ညူးငန်း
နယ်မြေ နာဂအမျိုးသားကောင်စီ ဥက္ကဌ ဦးယမ်စမောင်း (YamtsÜmong) ကအစည်းအဝေး သဘာပတိ
လုပ်သည်။ အစည်းအဝေးတွင် ပထမဦးဆုံး ၁၉၇၆ခုနှစ်တွင် မွေဝါက အီဆက်အား နအက ဒု- ဥက္ကဌ အဖြစ်တင်မြောက်ခဲ့သည်ကို အသိအမှတ်မပြုကြောင်း ကြေငြာပြီး ဦးအင်ကုန်မနရန်သည် သူနောက်ဆုံး အသက်ရှူခဲ့သည့်နေ့အထိ နအက ဒု- ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်ဟု အသိအမှတ်ပြုခဲ့သည်။
(သူသည် ၁၉၇၉-ခုနှစ် ဇန္နဝါရီလတွင် ကွယ်လွန်သွားခဲ့သည်)၊ ထို့နောက် ဦးတီဝဲနူးအား နာဂအမျိုးသား
ကောင်စီ ဒု-ဥက္ကဌ အဖြစ် အစည်းအဝေး တက်ရောက်လာသူအားလုံးတညီတညွတ်တည်း ထောက်ခံပြီး တင်မြောက်ခဲ့သည်။မတ်လ (၁ဝ) ရက်တွင် အရှေ့နာဂတော်လှန်ရေးကောင်စီ (အနလက)သည်
နာဂအမျိုးသားကောင်စီ (နအက) နှင့် ပေါင်းစည်းပြီဟု အနလက  ဥက္ကဌ ကြီး ဦးခပ်လန်နှင့်
နအက ဒု-ဥက္ကဌ ဦး တီဝဲနူးတို့က လက်မှတ်ရေးထိုးခဲ့သည်။ ထိုပေါင်းစည်းရေး အခမ်းအနား
အတွက် အထူးအစားအသောက် စီစဉ်ခဲ့သဖြင့် ပျော်ရွှင်စွာ စားသောက်ကြပြီး အခမ်းအနား
ကို ပြုလုပ်ခဲ့သည်။ နောက်တနေ့ မတ်လ(၁၁) ရက်သည် တနင်္ဂနွေနေ့ဖြစ်သည်။ ထိုနေ့တွင် ဗိုလ်ကြီး
ကေးဝီးလေးတော်နှင့် ရဲမေ အဘီးလေတို့ လက်ထပ်မင်္ဂလာပွဲလုပ်ခဲ့သည်။ မတ်လ (၁၂)
ရက်တွင် လွတ်တော်အစည်းအဝေးထိုင်ခဲ့သည်။ ထိုအစည်းအဝေးအတွက် ခန့်ထားသည့်
လွတ်တော်သဘာပတိ မရှိသည့်အတွက် ဦးငထိန်ခွေး (ထိုစဉ် တန်ခွန်ခရိုင်ဝန်မင်းကြီး) အား
ထိုလွတ်တော်အတွက် သဘာပတိတာဝန်ယူရန် ရွေးခဲ့သည်။ အစည်းအဝေးကို နံနက် (၁ဝ)
နာရီတွင် နာဂနိုင်ငံတော်အလံကို လွတ်တင်ပြီးစရန်ရှိသည်။ သို့သော် အားလုံး အံ့ဩစရာ
ဖြစ်ခဲ့သည်မှာ အလံကိုလွတ်တင်လိုက်သောအခါ တိုင်တဝက်တွင် ကျပ်သွားခဲ့သည်။
အပေါ်သို့ဆွဲတင်၍ မရသလို အောက်သို့ဆွဲချ၍လည်းမရခဲ့ပါ။ ဝမ်းနည်းသော အထိမ်းအမှတ်
အဖြင့် လွှတ်တင်သည့်အလား ဖြစ်ခဲ့သည်။ (ဤဟာသည်ကား ထိုနှစ် ၁၉၇၉ခုနှစ် နောက်
ဆုံးပိုင်းတွင် မွေဝါနှင့် အီဆက်တို့က နာဂအမျိုးသားခေါင်းဆောင်များနှင့် တပ်မတော် အရာရှိ
များအား သတ်ဖြတ်ခဲ့မှု၏ ရှေ့ပြေး နိမိတ်ဖြစ်ခဲ့သည်။)
ဤအစည်းအဝေးတွင် ၁၉၇၆ခုနှစ်တွင် မွေဝါ နှင့် အီဆက်တို့ဖွဲ့စည်းခဲ့သော အစိုးရ
သည် တရားဝင်အစိုးရမဟုတ်ကြောင်း ကြေငြာပြီး နာဂလန်းဖက်ဒရယ်အစိုးရ (နဖစ) သမ္မတ
နှင့် ဝန်ကြီးအဖွဲ့ကိုဖွဲ့စည်းရန်ဖြစ်သည်။ သမ္မတအဖြစ် ဒု-ဗိုလ်မှူးကြီး ဆူပုန်အား ဦးတီဝဲနူးက
အဆိုတင်ခဲ့သည်။ သို့သော် ကာယာကံရှင်က ကျွန်တော့လို ဘာမှလည်း မသိတဲ့လူကို သမ္မတ
လုပ်ဖို့ အဆိုတင်တာကို လက်မခံဘူးဟုဆိုကာ အစည်းအဝေးခန်းမဆောင်မှ ထွက်သွား
သည်။ ထို့နောက် ဦးရှပ်ဝေါန်းက ဦးခပ်လန်အားသမ္မတအဖြစ် အဆိုတင်ရာ အားလုံးက ထောက်ခံခဲ့သဖြင့် ဦးခပ်လန်အား နာဂနိုင်ငံတော် သမ္မတအဖြစ် ရွေးခဲ့သည်။ ပြီးတော့ ဝန်ကြီးအဖွဲ့အား အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်။
၁။ ဦးလော်ဟော် (lorho) - လွတ်တော် သဘာပတိ
၂။ ဦး ငထိန်ခွေး (Ngathingkhui)-ဘာရေး ဝန်ကြီး
၃။ ဦး မယန်းငါ (Mayanger)-ပြန်ကြားရေးဝန်ကြီး
၎။ ဦး အဆွယ်လောင်းဝါ (Asuilongwa)-ပညာရေးဝန်ကြီး
၅။ ဦး ရှပ်ဝေါန်း (Shapwon)- ဒု-လွတ်တော်သဘာပတိ
၆။ ဦး မောင်းလွာ (Mongloa)-ဒု-ရိက္ခာ နှင့် စိုက်ပျိုးရေးဝန်ကြီး
ဤစည်းအဝေးပြီးတော့ ဦးတီဝဲနူးက ကျွန်တော်အားပြောခဲ့သည်မှာ- ခင်ဗျားက
ဦးခပ်လန်ကို သမ္မတတင်လိုက်တယ်။ ဒါပေမဲ့ကျုပ်စဉ်းစားခဲ့တာကတော့ ဦးခပ်လန်ကို
နာဂအမျိုးသားကောင်စီ တွဲဘက်အတွင်းရေးမှူး အဖြစ်ရွေးပြီးတော့ လန်ဒန်သို့လွတ်ပြီး ဦးဖီဇို
နှင့် တွဲလုပ်ခိုင်းဖို့စီစဉ်ခဲ့တယ်ဟု ပြောခဲ့သည်။ ထိုအစီအစဉ်မှာ ကောင်းသော အစီအစဉ်
တစ်ခုဖြစ်ခဲ့သည်။ နာဂဖက်ဒရယ်အစိုးရကို ပြန်လည်ဖွဲ့စည်းပြီး ထိုည (၁၂/၃/၁၉၇၉)မှာပင်
သမ္မတကခေါ်၍ ဝန်ကြီးအဖွဲ့ အစည်းအဝေး ထိုင်ခဲ့သည်။ ထိုအစည်းအဝေးတွင် မွေဝါ-အီဆက်
တို့၏အမှုနှင့် ယားလေ ရမ်ယော် (ရှီလောင်စာချုပ် ဆိုင်းထိုးသူများ) တို့ နှင့် ဆွေးနွေး
ရန်သင့်မသင့်ကို တိုင်ပင်ဆွေးနွေးရန် ဖြစ်သည်။
ဦးမွေဝါ-အီဆက် အမှုနှင့်ပတ်သက်ပြီး မယန်းငါက တင်ပြခဲ့သည်မှာ-သူတို့က
နိုင်ငံရေးမှာ ဖေါက်ပြန်မှုကို ကျူးလွန်တဲ့အတွက် သူတို့ ကြီးလေးတဲ့ပြစ်ဒဏ် ခံထိုက်တယ်။
ဒါပေမဲ့ တိုင်းပြည်စည်းလုံးညီညွတ်ရေး အတွက်စဉ်းစားပြီး သူတို့နှစ်ယောက်ရဲ့ အသက်ကို
တော့ ကျွန်တော်တို့ ချမ်းသာပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူသတ်မှုကို
တခါစပြီဆိုရင် အချင်းချင်းမုန်းတီးမှုနှင့် ရန်ငြိုးထားမှုဖြစ်ပေါ်လာမယ်။ သူတို့နှစ်ယောက်
ကလည်း ခေါင်းဆောင်တွေဆိုတော့ သူတို့ကိုသတ်ရင် ကလဲ့စားချေတာလုပ်လာမယ်။
ကျွန်တော်တို့နာဂသွေးက လူများနဲ့မတူဘူး။ ကလဲ့စား ချေချင်တဲ့ သွေးရှိတယ်။  အဲဒီလိုဖြစ်
လာရင် ကျွန်တော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းသာယာမှု ဆိုတာရှိမှာမဟုတ်ဘူး။ ဒါကြောင့်
သူတို့ရဲ့အသက်ကို ချမ်းသားပေးပြီး အလုပ်ဖြုတ်တာဘဲ ကောင်းမယ်ဟု တင်ပြသည်။
သူပြောသည့် စကားကို အားလုံးက သဘောတူလက်ခံပြီး သူတို့နှစ်ယောက်အား အလုပ်မှ
ဖြုတ်ပစ်ရန်နှင့် သူတို့ အရှေ့နာဂနယ်မြေတွင် နေမည်လော မိမိနယ်မြေသို့ပြန်မည်လော
မိမိဖာသာ ဆုံးဖြတ်နိုင်သည်ဟု တညီတညွတ်ထဲ ဆုံးဖြတ်ချက်ချခဲ့သည်။
ဒုတိယ အချက်အပေါ်မှာ တဦးချင်းစီ၏သဘောထားကို သိရှိရန် သမ္မတက
တဦးချင်းအားမေးခဲ့သည်။ ထိုအချိန် သဘောထား ကွဲလွဲနေသောအချိန်ဖြစ်၍ ရှီလောင်
စာချုပ်တွင် ဆိုင်းထိုးသောသူတို့နှင့် တွေ့ဆုံပါက ပို၍မသင်္ကာမှု သဘောကွဲလွဲမှု ဖြစ်လာစေနိုင်
သောကြောင့်  ဦးယားလေ ဦးရမ်ယောတို့နှင့် မတွေ့ဆုံသင့်ကြောင်း အားလုံး က တူညီသော
သဘောထားကို ထုတ်ဖေါ်ကြသည်။ ကျောင်းသားခေါင်းဆောင် ဘာသာရေး ခေါင်းဆောင်
နှင့် ပြည်သူ့ခေါင်းဆောင်များနှင့် မူကား တွေ့ဆုံဆွေးနွေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်တွင် ဦးယားလေ၊ ဦးရမ်ယော နှင့် ဦးတေမ်းကျင်ဘာ့ (I.Temjenba) တို့သည် ပန်ရှာ (Pangsha) ရွာတွင် ငြိမ်းချမ်းရေး စခန်းဆောက်ပြီး မွေဝါ အီဆက်တို့နှင့် တွေ့ဆုံဆွေးနွေးရန် လာခဲ့ခြင်းဖြစ်သည်။ သူတို့အား ဖမ်းထားကြောင်း မသိသဖြင့် ယခုကဲ့သို့ လာခြင်းဖြစ်သည်။ ရွာလူကြီး တစ်ယောက်က ရမ်ယော တန်ခွန်အား-ခင်ဗျား မွေဝါ နှင့်
မတွေ့နိုင်တော့ဘူး။ သူမရှိတော့ဘူး။ သူ့ကို နာဂတပ်မတော်က သတ်လိုက်ပြီဟု ပြောရာ။
ရမ်ယောက-ဒီလိုလူသတ်မှုကို စပြီဆိုရင်။ ကျွန်တော်တို့ကြားမှာ ဘယ်တော့မှ ငြိမ်းချမ်းမှု
ရှိတော့မှာ မဟုတ်ဘူးဟု စိတ်ဆိုးပြီး ပြောခဲ့ကြောင်း။ ထိုညတွင် ဝမ်းနည်းသောကြောင့်
ဘာမှလည်းမစားမသောက်နေခဲ့ကြောင်း ဦးတေမ်းကျင်ဘာ့က ပြောခဲ့သည်။ တဖက်မှာ
ဦးမွေဝါက ယားလေ ရမ်ယောတို့၏အမိန့်ဖြင့် သူတို့အား နာဂတပ်မတော်မှ ဖမ်းခဲ့သည်ဟု
ယားလေနှင့် ရမ်ယောတို့အား အပြစ် တင်ခဲ့သည်။ အရှေ့ဖက်တွင် ကျွန်တော်တို့ကြား
သဘောကွဲလွဲခဲ့မှုနှင့် မွေဝါတို့အား ဖမ်းစီးထားမှုတို့ကို ကိုဟီးမားမြို့တွင် ရှိနေခဲ့သော
ခေါင်းဆောင်များ မသိခဲ့သည်မှာ မှန်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်  ထိုအချိန်တွင်
ကြိုးမဲ့ ကြေးနန်းဆက်သွယ်ရေး တယ်လီဖုန်းဆက်သွယ်ရေး လုံးဝမရှိခဲ့ပါ။ လူအသွားအလာ
ဆက်သွယ်ရန်လည်း လမ်းတွင် ရန်သူ၏ တင်းကျပ်စွာ စစ်ဆေးမှုကြောင့် သွားလာရန်
မလွယ်ခဲ့ပါ၊ ထို့ပြင် မွေဝါနှင့် အီဆက်တို့က သွားလာဆက်သွယ်ခြင်း  မရှိရန်ပိတ်ပင်မှု
ရှိခဲ့သဖြင့် အရှေ့နှင့် အနောက် ကြားတွင် အဆက်အသွယ် မပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
နောင်တွင် ကျွန်တော် ကိုဟီးမားမြို့သို့ ရောက်သွားအခါ ဦးယားလေက မွေဝါတို့ကိုဖမ်းစီးမှု
အတွက် မယန်ငါအား အပြစ်တင်သည်။ ဒါမယန်းငါနှင့် မဆိုင်ဘူး။ မယန်းငါ အရှေ့မှာ မရောက်
ခင်ကစ မွေဝါနှင့် နာဂတပ်မတော် အရာရှိများကြားမှာ သဘောကွဲလွဲမှု ရှိလာခဲ့တာဟု
ကျွန်တော် ပြောပြခဲ့သည်။ ကျွန်တော်တို့၏ ဆုံးဖြတ်ချက်အတိုင်း ယားလေရမ်ယောတို့နှင့် မတွေ့ဆုံခဲ့ပါ။
သူတို့ကျွန်တော်တို့နှင့် လာတွေ့ဆုံရန် ရည်ရွယ်ချက်မှာ လျှိ့ဝှက်စွာဖြင့် ရှီလောင်စာချုပ်
သည် နိုင်ငံရေးကစားကွက်တစ်ခုသာ ဖြစ်၍ အလင်းဝင်စာချုပ် မဟုတ်ကြောင်း ပြောပြရန်
နှင့် ကျွန်တော်တို့ကြား နားလည်မှုထားကာ စစ်ရေး နှင့် နိုင်ငံရေးအရ ရန်သူအား ဆက်လက်၍
တိုက်ခိုက်သွားရန် ဆွေးနွေးလိုခဲ့သည်ဟု ဆိုသည်။ သို့သော် ၁၉၇၆ခုနှစ် ဇူလိုင်လတွင်
ကျွန်တော်အား မွေဝါက လျှိ့ဝှက်စွာဖြင့် ပြောခဲ့သည်မှာ ရမ်ယောနှင့် ယားလေ တို့အား
ဆွေးနွေးရန် မျှားခေါ် ပြီးသတ်ပစ်မည် ဟုပြောခဲ့သည်။ ထို့ကြောင့် သူတို့လာသော အချိန်တွင်
မွေဝါတို့ကို ဖမ်းထားခြင်း မရှိပါက မေဝွါက သူတို့အား သတ်ပစ်မည် သာဖြစ် သည်။
(၁၁) လူသတ်မှု နှင့် နအဆက ဖွဲ့စည်းခြင်း
ကျွန်တော်တို့ ၁၉၇၉ မတ်လ (၁၂) ရက်တွင် ဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်အရ
ဦးခပ်လန်သည် မွေဝါ နှင့် အီဆက်တို့အား အကျယ်ချုပ်မှ လွတ်ပေးရန် ၁၉၇၉ခုနှစ် မေလ
တွင် သူတို့နှစ်ယောက်၏ စခန်းသို့ သွားခဲ့သည်။ ထိုစခန်းသည် ဟဆိပ်ရွာ တောတွင်
ဆောက်ထားပြီး တပ်သားတပ်စိတ် တစ်ခုချထားကာ သူတို့နှစ်ယောက်အား ကောင်းမွန်စွာ
စောင့်ရှောက်ထားခဲ့သည်။ ဦးခပ်လန်သူတို့ နှစ်ယောက်ဆီ ရောက်လာသောအခါ သူ့အား
နိုင်ငံရေး အကြောင်း သဘောပေါက်အောင် ပြောနိုင်ခဲ့ကြောင်း အီဆက်က သူတို့၏ သမိုင်း
မှတ်တမ်းတွင် ရေးခဲ့သည်။ ၎င်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
“Mr. Khaplang at once rose to the bait. But when he met with Messrs Isak and Muivah in custoday, they made him understand very clearly the issue involved …”(Quote: Nagalim Souvenir, Page 13). သူတို့ နှစ်ယောက်နှင့် တွေ့ပြီးနောက်ပိုင်း ဦးခပ်လန်စိတ်ပြောင်းသွားခဲ့သည်။
ခိုင်လုံသောသတင်းအရ ကြားခဲ့ရသည်မှာ- နအက နှင့် နဖစတို့က ရှီလောင်စာချုပ်ကို လက်ခံလိုက်ပြီး၊ ခင်ဗျား ရှီလောင်ချုပ်လက်ခံပြီး ဘာလုပ်မလဲ။ အရှေ့ နာဂ အတွက် ဘာအကျိုးရှိမလဲ။ စသည်ဖြင့် သူတို့က ဦးခပ်လန်အားပြောခဲ့ကြောင်းကြားခဲ့သည်။
၁၉၇၉ ခုနှစ် ဇွန်လတွင် ပါပုန်နယ်မြေမှ ဦးတီဝဲနူက- ခင်ဗျားက ဟိုင်းမြေ လူမျိုးများအတွက်
အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့်ခင်ဗျား နာဂနိုင်ငံရေးအကြောင်းကို ကောင်းကောင်း နားလည်ဖို့လိုတယ်။ ကိုဟီးမားမှာသွားပြီး နိုင်ငံရေး ဝါရင့်ခေါင်းဆောင်များနှင့် သွားတွေ့ပါဟု ကျွန်တော့်အား ပြောပြီး ဦးတီကေဟော် ကြာခေဆန် နှင့်အတူ လွတ်ခဲ့သည်။ ထိုအချိန်တွင် ဦးခပ်လန်သည် ကျေတကု (Chetaku) စခန်းတွင်ရှိနေခဲ့ပြီး ဗိုလ်မှူးချုပ်ထုန်ဘော်သည် စစ်ဦးစီးချုပ် ဖြစ်သဖြင့် နာဂတပ်မတော် ဗဟိုစခန်း
နုတ်လော် တွင်ရှိနေခဲ့သည်။ ကျွန်တော်တို့ ကိုဟီးမားသွားမည့် အဖွဲ့ ငါးယောက်သည် ဦးခပ်လန်နေသော ကျေတကုစခန်းသို့ ဇွန်လ (၅) ရက် တွင်ရောက် ရှိသွားခဲ့သည်။ ထိုအခါ ဦးခပ်လန်.စိတ်သည်တစ်မူပြောင်းလဲ
လျက်ရှိသည်ကို ရိပ်မိခဲ့သည်။ ကျွန်တော်တို့ ကိုဟီးမားသွားမည် ဆိုသည်ကိုလည်း မယုံသင်ကာဖြစ်နေခဲ့သည်။
ထို့ကြောင့်လည်း ကျွန်တော်တို့အား မြန်မြန် မလွတ်သဖြင့် ထိုစခန်းတွင် ငါးရက်နေခဲ့သည်။ နာဂတပ်မတော်
ဗဟိုစခန်းသို့ ဇွန်လ (၁၂) တွင် ရောက်သွားသောအခါ မွေဝါနှင့် အီဆက်တို့လည်း အကျယ်ချုပ်မှလွတ်ခဲ့ပြီဖြစ်၍ ထိုစခန်းတွင်နေသည်ကို တွေ့ခဲ့သည်။ ထိုအခါ မွေဝါက-ရှပ်ဝေါန်း ကျွန်တော်တို့ နာဂစကား ပုံရှိတယ် ဆတ်က သူ့ခြေရာကြောင့်သေတယ်။ လူက ကိုယ့်ပါးစပ် ကြောင့် သေတယ်ဆိုတာလေး။မင်းသတိထား။ မင်းခုဘယ်မှာ
သွားမယ်။ ဘာသွားလုပ်ဖို့သွားနေတယ်ဆိုတာ ငါသိတယ် ဟုပြောသည်။သူဤသို့ပြောခဲ့ခြင်းမှာ ၁၉၇၉မတ်လ
(၁၂) ရက် လွတ်တော်အစည်းအဝေးတွင် ကျွန်တော်ပြောခဲ့သော မိန့်ခွန်းကြောင့်ဖြစ်သည်ဟု ကျွန်တော်ထင်
သည်။ကျွန်တော်ပြောခဲ့သည့် အဓိကအချက်မှာ- ကျွန်တော်တို့မှာ နိုင်ငံရေးအရ အမှန်တရားရှိသည်။ ထိုအမှန်
တရားသည် ကျွန်တော်တို့၏ အင်အားဖြစ်သည်။ ကျွန်တို့၏ စည်းလုံးညီညွတ်ရေး သည်လည်း ကျွန်တော်တို့၏
အင်အားဖြစ်သည်။ ထိုစည်းလုံးညီညွတ်ရေးကို ပျက်ပြားအောင်လုပ်သော ခေါင်းဆောင်သည် ရန်သူဖြစ်သည်။ မွေဝါ၏ပေါ်လစီသည် စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမည့် ပေါ်လစ်ီဖြစ်သဖြင့် ထိုပေါ်လစီကိုပယ်ချလိုက်
ခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်သည်။ ထို့ကြောင့် ကျွန်တို့တိုင်းပြည်၏ စည်းလုံးညီညွတ်ရေးကိုထိန်းသိမ်း
မည်ဆိုပါက ကျွန်တော်တို့ ရှုံ့ချခဲ့ပြီ ဖြစ်သော မွေဝါ၏ မူပေါ်လစီအား မကျင့်သုံးပါရန် တိုက်တွန်းခဲ့သည်။
ဤစကားသည် သူအား ဆန့်ကျင်သော စကားဖြစ်ခဲ့သဖြင့် မွေဝါက ကျွန်တော့်အား သတိပေးခြင်းဖြစ်သည်။
ကျွန်တော်တို့ ထိုဗဟိုစခန်းမှ ဟဆိပ်ရွာသို့ရောက်လာသောအခါ ကေဟော၏ အကူရဲဘော်(အော်ဒီလီ) ဆန်းတောင်း ဖျားသွားသဖြင့် ဇွန်လ၊ ဇူလိုင်လ ထိုရွာတွင် နေခဲ့သည်။ ထိုအချိန်တွင် မကော်ရယ်လူမျိုးဒုဗိုလ်မှူး
ကြီး တော်ဆန်ကြူးသည် အမီးမီဖက်သို့ပြန် သွားခဲ့သည်။ သူ့အားအီဆက်က-ရှပ်ဝေါန်းကို ခင်ဗျားခေါ်သွားပြီး အိန္ဒိယရဲဘော်တွေက ဖမ်းသွားအောင် အကွက်ဆင်လိုက်ပါဟု ပြောခဲ့ကြောင်း။ ထိုအခါတော်ဆန်ကြူးက ကိုယ့်စိတ်ထဲမှာ ကိုယ့်လူကိုတော့ ရန်သူလက်ထဲဘယ်တော့မှ မအပ်ဘူးဟု စဉ်းစားပြီး ကျွန်တော် ခေါ်မသွား
နိုင်ဘူး ဟုပြောခဲ့ကြောင်း ၁၉၉ဝ ခုနှစ်တွင်ပြန်လည် တွေ့ဆုံကြ သောအခါ ပြောခဲ့သည်။ ထိုအချိန်တွင်ပင် Lt. Col Ningwon Tangkhul ဦးဆောင်သော စစ်ဆင်ရေးအဖွဲ့ သည် ခယမ်းညူးငန်း နယ်မြေဘက်သို့ထွက်သွား
သည်ကိုတွေ့ခဲ့သည်။ ထိုအဖွဲ့မှ Lt. Col. YamsÜthong Khiamniungan အား ၁၉၇၉ ခုနှစ် ဇူလိုင် (၁၅) ရက်
တွင် စွန်းခေါင်ရွာမှ ဖမ်းပြီး ပစ်သတ်ခဲ့သည်။ မွေဝါတို့ လွတ်လာပြီး လူသတ်မှု စတင်ခဲ့ခြင်းဖြစ်သည်။ ခယမ်ညူး ငန်းတွင် ယမ်စထောင်းအားရှင်းလိုက်ပါက အခြားသူတွေကို လွယ်လွယ်ဖြင့် စည်းရုံးနိုင်မည် ထင်ခဲ့သောကြောင့်
သူ့အား ပထမဦးဆုံး ရှင်းခဲ့ခြင်းဖြစ်သည်။ ယမ်စထောင်းသည် ခယမ်ညူးငန်း ခေါင်းဆောင်များထဲတွင် ဖျတ်
လပ်ပြတ်သားသော ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ ၁၉၇၇ခုနှစ် တရုတ်ပြည် တွင်လည်း ဆိုရှယ်လစ်အစိုး
ဖွဲ့စည်းရန် ဖီဇိုအား ပယ်ချရန်ဆိုသည်မှာ မှားယွင်းသောပေါ်လစီ ဖြစ်ကြောင်း ပြတ်ပြတ်သားသား မွေဝါအား ပြောခဲ့သည် ဆိုသည်။ သူ့အား အာခံသူ ဖြစ်သောကြောင့် မွေဝါက ယမ်နစထောင်းအား ပထမဦးဆုံး သတ်ခဲ့ခြင်းဖြစ်သည်။
ကျွန်တော်တို့လည်း ဩဂုတ်လတွင် ပေါင်းရှောမ် (Pongshom) ရွာဘက်တက်သွားခဲ့သည်။ ထိုရွာတွင် အီဆက်နှင့် အတူ (၃၂) ကြိမ်မြောက် နာဂနိုင်ငံ လွတ်လပ်ရေးပွဲကို ဩဂုတ်လ (၁၄) ရက်တွင် ကျင်းပခဲ့သည်။ နောက်တနေ့ဩဂုတ်လ (၁၅) မှစပြီး ခွန်းဆားဘက်သွားခဲ့သည်။ ခွန်ဆားမြို့ကျော်သည် အထိတောမှ ဖြတ်၍
လာခဲ့သည်။ ဩဂုတ်လ (၁၈)ရက်တွင် ခွန်ဆားကျော်ပြီး ကားလမ်းတွင် သွားနေစဉ် အိန္ဒိယရဲက ဖမ်းပြီးခွန်ဆား
အချုပ်ထဲတွင် နေခဲ့သည်။ တနေ့သော ဒီဇင်ဘာလတွင် အိန္ဒိယထောက်လှမ်းရေး ကျွန်တော်တို့အား
စစ်ဆေးမေးမြန်းရန် လာသူက အချုပ်ခန်း တံခါးဝသို့ ရောက်လာသောအခါ ကေဟောခင်ဗျားတို့ရဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါဟုအသံကျယ်ကျယ်ဖြင့် ပြောသည်။ ဘာဖြစ်လို့လဲဟု ကျွန်တော်တို့မေးရာ။ ခင်ဗျားတို့ ဒီအချုပ်ထဲမှာ ရောက်လာလို့သာ အသက်ရှင်တယ်။ ဟောမှာ ခင်ဗျားတို့ လူတွေချင်းချင်းသတ်
ကြကုန်ပြီ။ တီဝဲနူတို့ မယန်းငါတို့ မရှိတော့ဘူး ဟုပြောသည်။ သူလာပြောမှ မွေဝါတို့ အဖွဲ့ကလူသတ်နေ
ပြီဆိုတာ သိခဲ့သည်။ ထို့နောက်တွင် မွေဝါတို့၏ ရန်ကိုကြောက်၍ ထွက်ပြေးလာသူတွေ အန်ဂါမီ ဆေမား
တို့အား အိန္ဒိယ စစ်တပ်/ရဲတပ်တို့က ဖမ်းပြီး အချုပ်ခန်း သို့ပို့လာသောအခါ အဖြစ်အပျက် အားလုံးကို
သူတို့ ပြော၍သိခဲ့ပြီး ဝမ်းနည်းခဲ့ရသည်။ ကျွန်တော်တို့လည်း ထိုအချုပ် သို့ရောက်မလာပါကမွေဝါလက်ချက်ဖြင့် သေရမည်မှာ လွဲမည်မဟုတ်ပေ။ ထို့ကြောင့် အိန္ဒိယထောက်လှမ်ရေး ပြောသည့်အတိုင်း ဘုရားသခင်အားကျေး
ဇူးတင်မဆုံး ဖြစ်ခဲ့သည်။ သတ်ဖြတ်မှု စတင်လာခဲ့ခြင်းကား အောက်ပါအတိုင်း ဖြစ်သည်။
မွေဝါ အီဆက်တို့ အကျယ်ချုပ်မှ လွတ်လာပြီးနောက် ဦးခပ်လန် ဗိုလ်မှူးကြီး ခူးလေတို့နှင့်တကွ အခြား
သော အရှေ့ပိုင်း မှခေါင်းဆောင်များကို မွေဝါတို့က စည်းရုံးနိုင်ခဲ့သည်။ နာဂအမျိုးသားကောင်စီကရှီလောင်စာ
ချုပ် ဆိုင်းထိုးပြီး အိန္ဒိယအခြေခံဥပဒေ ကိုလက်ခံလိုက်ပြီ။ ဒါကြောင့် ကျွန်တော်တို့မှာ ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်းပြီး တိုင်းပြည်ကယ်တင်ဖို့ လိုတယ်။ အဲဒီနည်းလမ်းကလွဲလို့ တိုင်းပြည်ကယ်တင်ဖို့ တခြားနည်းလမ်ဘာမှ မရှိဘူးစသည်ဖြင့် ဟောပြောပြီး စည်းရုံးခဲ့ကြောင်း။ ကျွန်တော်တို့ အရှေ့နာဂလူမျိုးတွေမှာ ရိုးသားဖြောင့်မတ်
သူများဖြစ်ကြသည့် အလျောက် သူတို့ ဟောပြောသည့် စကားကိုလည်း ရိုးရိုးလေး ယုံလွယ်ခဲ့ကြမည်ဖြစ်သည်။
ဤသို့ အစိုးရသစ်ကို ဖွဲ့စည်းပါက နိုင်ငံရေးအကျိုးဆက်ဘာဖြစ်လာမည်ကိုစဉ်းစားသိမြင်နိုင်မည့်သူ
လည်း မရှိခဲ့သည်မှာ အဆန်းမဟုတ်ပေ။ ပညာရှိတွေဖြစ်ကြသော မွေဝါ အီဆက်တို့ပင်လျင် ထိုဟာကို မမြင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤသို့စည်းရုံးမှု အောင်မြင်လာသောအခါ ပါပုန်ရွာရှိ ဗဟိုကောင်စီစခန်းတွင်
ဦးကွယ်ခစ် ဟိုင်းမြေနယ် ဥက္ကဌက အခန်းအနားမှူး လုပ်ပြီး အစည်းအဝေး ကျင်းပခဲ့ကြောင်း။
ထိုအစည်းအဝေးတွင် ဆွေးနွေးရန်အဓိက အချက်မှာ ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်းရန် ဖြစ်သည် ဆိုသည်။
ထိုအစည်းအဝေးတွင် ဦးတီဝဲနူ နအက ဒု-ဥက္ကဌက ပြောခဲ့သည် ဆိုသည်မှာ-ဆိုရှယ်လစ်မူကို အခြေခံပြီး အစိုးရအသစ်ကို ကျွန်တော်တို့ ဖွဲ့စည်းမယ်ဆိုတာ မသင့်လျော်ဘူး။ ကောင်းတဲ့ အကြံအစည်မဟုတ်ဘူး။ ဘာဖြစ်လို့လဲတိုတော့ ကျွန်တော်တို့ နာဂပြည် သူတွေက ဆိုရှယ်လစ်မူဝါဒကို ဘယ်တော့မှလည်း လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် နအကကို သာစွဲမြဲစွာဆုပ်ကိုင်ပြီး ကျွန်တော်တို့ရပ်တည် လုပ်ဆောင်သွားဖို့လိုတယ်။
ဆိုရှယ်လစ်အစိုးရကို ဖွဲ့စည်းရင် ကျွန်တော်တို့နစ်နာ ဆုံးရှုံးမှုနှင့် ပြန်လည် ရင်ဆိုင်ရမှာသေချာတယ်။ ဒါကြောင့်
 ပြန်လည် စဉ်းစားဆင်ခြင်ကြပါဟု အစည်းအဝေး တက်ရောက်သူများအား ပန်ကြားခဲ့ကြောင်း။ ထိုအစည်း
အဝေးတွင် ပါဝင်တက်ရောက်ခဲ့သူများက ပြောခဲ့သည်။ သို့သော် မွေဝါက နာဂအမျိုးသားကောင်စီက ရှီလောင်စာချုပ် လက်ခံပြီ။ ဒါကြောင့် ကျွန်တော်တို့မှာ တိုင်းပြည်ကို ကယ်တင်ဖို့ ဆိုရှယ်လစ် အစိုးရ ဖွဲ့စည်းရမှာကလွဲလို့ တခြား ရွေးစရာမရှိဘူးဟု အော်ပြောခဲ့ကြောင်း။ ထို့နောက်တွင် ဆိုရှယ်လစ်မူဝါဒကို လက်မခံသူများအား ရှင်းပစ်ရန် လျှို့ဝှက်စွာကြံစည်လာခဲ့ကြကြောင်း။ ပထမတွင် တီဝဲနူ နှင့် ဝဲညီရားခေါ်(Venyiyi Rahakho) အမတ်အား ၁၉၇၉ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်တွင် ဖမ်းပြီး Waktham နှင့် ပါပုန်ရွာကြားတွင် ရိုက်သတ်ခဲ့သည်။ ထို့နောက် ဒုဗိုလ်မှူးကြီး ဝဲဆားဇော်အား ဖမ်းပြီး ရိုက်နှက်ခဲ့ကြောင်း။ သူ့အားပစ်သတ်ရန် ဆွဲခေါ်သွားသောအခါ သူက တအားအော်ဟစ်ပြီး(နာဂစကား- Egirek) “ကျွန်တော်က ယောက်ျားဘဲ။ ကိုယ့်တိုင်းပြည်အတွက် သေဖို့ မကြောက်ဘူး။ ဆိုရှယ်လစ်မူဝါဒီကို ဆန့်ကျင်လို့ ကျွန်တော် ဒီနေ့ သေရတာဖြစ်တယ်။ ဆိုရှယ်လစ်အစိုးရက နာဂအမျိုးသားကောင်စီကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး” ဟု ပြောခဲ့ကြောင်း။ ထို့နောက် သူ့အား ပစ်သတ်ခဲ့သည် ဆိုသည်။
အခြားခေါင်းဆောင်များနှင့် စစ်အရာရှိများအား ၁၉၇၉ ခုနှစ် ဒီဇင်ဘာနှင့် ၁၉၈ဝခုနှစ် ဇန္နဝါရီလ ပထမအပတ်တွင် သတ်ခဲ့သည်။ ထိုသူများမှာ-Mayanger Ao, Lt.Col.Supong Ao, Capt. Imtsu Ao, Capt. Kamzuk Ao, Lt.Yanger Ao သူက-ပစ်သတ်ခါနီးတွင် ဘုရားသခင်က နာဂလန်းအားကောင်းကြီးမင်္ဂလာပေး
ပါစေ ဟုပြောခဲ့ကြောင်း Sgt.Tinu Ao, Lt.Vejoyi Chakhesang, Sgt.Vetelo Chakhesand, Capt.Vileto Angami, Ngathinghkui Ahom Tangkhul, သူက-“ဒီနေ့ ငါ့သူငယ်ချင်း မွေဝါက ငါ့ကိုသတ်တာ ငါသူ့ရဲ့
ဆိုရှယ်လစ်မူဝါဒကို ဆန့်ကျင်လို့ဖြစ်တယ်” ဟုပြောခဲ့ ကြောင်း။ Lt.Jacob Tangkhul, Larho Mao, နှင့် Khezeto Sema တို့ဖြစ်ကြသည်။ လော်ဟော်နှင့် ခေဈေတော်တို့အား ဗဟိုကောင်စီမှ လူကြီးတွေကခေါ်
သည်ဟု ညာခေါ်သွားပြီး လမ်းတွင်ဗိုလ်ကြီး မရေန်နှင့် သူ၏ရဲဘော်ငါးယောက်တို့က ၁၉၈ဝ ခုနှစ် ဇန္နဝါရီလ (၂) ရက်တွင် ပစ်သတ်ခဲ့ကြောင်း။ ဤသို့ အမိန့်အရပစ်သတ်ပြီး အမိန့်ပေးသူ ခေါင်းဆောင်များအား ဗိုလ်မှူးချုပ် ထုန်းဘော်က တရားဝင် အကြောင်းကြားခဲ့သည်မှာ အောက်ပါအတိုင်း ဖြစ်သည်- (လန်နုတ် နအဆက စခန်း
သိမ်းသောအခါ ရရှိခဲ့သောစတမ်း)
To
            The Executive- Th. Muivah; Isak Swu & S.S. Khaplang:
          Government of the People’s Republic of Nagaland.
    Subject: - Report on the Action Against anti-nagtionalists.
Hon’ble Sirs,
The undersigned have the honour to sate the following few lines for necessary action and record.
    That, as per Order dated Oking, the 9th December 1979, to take action against the anti-nationalists; I issued subsequent Order to the Socialist Naga Army to execute the Orders immediately. Accordingly, the following anti-nationalists were arrested, some executed and some discharged from the national service.
1.    On the 10th December 1979 at 1710 hrs IST, under the Command of Capt. Akhui (the Adjt. Of FHQ who was later discharged) and Lt.Atem (Medical Officer GHQ), our soldiers arrested the anti-nationalists naming in the GHQ. They were arrested with arms in a sudden dramatic raid.
        1. K. Mayanger, Kilonser…  Executed
        2. Lt. Col. Supong Ao…      Executed
        3. Lt. Col. Vesazo Khamo… Executed
        4. Capt. ImsÜ..                        Executed
        5. Sgt. Mayangliba…          Executed
        6. Sgt. Maj. Vetelo…        Executed
        7. Sgt. Tinu Ao…             Executed
        8. Pte. Nungsang…            Executed
        9. Sgt. Chuba…                         Executed
        10. Sgt. Kumzuk…           Executed
        11. Sgt. Lhichinyi…          Executed
        12. Sgt. Shilu…                Executed
        13. Corpl. Alem…            Executed
2. On the eleventh December 1979, an action party under the Command of Lt.Shangam,          2/Lt.Zehon,2i/c and 2/Lt. Vungo, its Adjt., was dispatched to the 2nd and 3rd Battalions              area to carry out the Order of the Government. They did promptly discharge their assigned duties. Report about their action has been already submitted.
3. On the 31st December 1979, Mr. N. Lorho Mao, Speaker and Mr. Khezeto, Secretary were sent from GHQ to be executed. Its action Commander was Capt. Meren (Heimi). Thus the two anti-nationalists were executed on the 2nd January 1980.
4. The next day, i.e. on the 3rd January 1980, Lt. Col. Lhoshe at the head of an action party was sent to Hasik Lungkhu and his party arrested Mr. Ngathingkhui Ahum, ex-Chaplee Kilonser, (2)Lt.Jacob Ahum, with his wife, (3)Mrs.Wungthingla, and (4)Mr. Ramyo Ahum. Mr. Ngatingkhui Ahum and Lt. Jacob were executed and the rest were discharged from the national service.
5. On 29th January 1980, Mrs. Thepuse Venuh, Miss MethanulÜ and Sgt. Dichilhi Chakhesang, sent by the former Frederal Headqurters and reached our GHQ. And they were also discharged from the national service.
                                                                Yours faithfully,
Dated Oking,
The 11th March 1980.
                                                       SD/-Brig. Thungbo,
                                                     Commander-in-chief,
                                                             Socialist Army,
                                          Government of People’s Repulic of Nagaland.
အထက်ပါ ခေါင်းဆောင်များနှင့် စစ်အရာရှိများအား သတ်ဖြတ်ခဲ့ခြင်းသည် သူတို့က မွေဝါ၏
ဆိုရှယ်လစ်မူဝါဒကို ဆန့်ကျင်သောကြောင့်ဖြစ်သည်။ မွေဝါ၏မူဝါဒကိုဆန့်ကျင်၍ ပထမဦးဆုံးအသတ်
ခံရသူမှာ ဗိုလ်မှူးချုပ် ငမ်လော် (Brig.Ngamlao Konyak) ဖြစ်သည်၊ သူသည် ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဖြစ်သဖြင့် ၁၉၇၅ ခုနှစ် တရုတ်ပြည်တွင် မွေဝါတို့နှင့် အတူရှိစဉ် မွေဝါ၏ ပေါ်လစီကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူ ဖြစ်သည်ဆိုသည်။ ထို့ကြောင့်လည်း တရုတ်ပြည်မှ ထွက်လာ
သောအခါ KIO ဗဟိုဌာနချုပ် Pajau တွင် Brig.Ngamlao အားသတ်ရန် မွေဝါက ကြံစည်ခဲ့ကြောင်း။ သို့သော် KIO president Mr. Brangseng က ဘာကိစ္စနဲ့သူ့ကိုသတ်မလဲဟု မေးရာသူက အရက်
ခေါင်ရည် သောက်သောကြောင့် သတ်မည်ဟုပြောရာ။ အရက်ခေါင်ရည် သောက်မှုဖြင့် ကချင်ပြည်တွင် လူသတ်ခွင့် မပေးနိုင်ကြောင်း Mr.Brangseng ကပြောသဖြင့် Pajau တွင်သူအားမသတ်ခဲ့ဟုဆိုသည်။ တဖန် Pajau မှလာခဲ့ပြီးနောက်Brig. Ngamlao က ကျွန်တော်တို့ အရှေ့ပိုင်းမှာ အမာခံနယ်မြေတည်
ဆောက်ရမယ်။ ဒါပေမဲ့ အဲဒီ အမာခံနယ်မြေမှာ မွေဝါကို မနေခိုင်းရဘူး။ သူကျွန်တော်တို့နှင့်အတူ
အမာခံနယ်မြေမှာ မွေဝါနေရင် ကျွန်တော်တို့ကြားမှာ ပါတီကွဲမှာ သေချာတယ်ဟု ပြောခဲ့ပြန်ကြောင်း။
 ထို့ကြောင့်လည်း KIO တပ်မဟာ (၂) နယ်မြေသို့ ရောက်လာသောအခါ Brig.Ngamlao အပေါ်စွဲချက်
အသစ်တင်ပြီး သတ်ခဲ့ကြောင်း။ ထိုစွပ်စွဲချက် အသစ်မှာ-Brig. Ngamlao ကချင်းးတွင်းမြစ်မကူးခင် လူ
ကြီးတွေ အကုန်လုံးသတ်ပစ်ပြီး ရဲဘော်တွေအားလုံးနှင့် အလင်းဝင်သွားဖို့ စီစဉ်နေသည်ဟု မတရား စွပ်စွဲခဲ့သည် ဆိုသည်။အထက်ပါ လူသတ်မှုများ အတွက် မွေဝါက ဦးခပ်လန်အပေါ် အပြစ်ပုံချခဲ့သည်။
သူပြောခဲ့သည်မှာ-စစ်အစိုးရက ခပ်လန်ကို သမ္မတ တင်မြောက်ခဲ့တယ်။ ပြီးတော့လအနည်းငယ်အ
ကြာမှာ တန်ပြန်အာဏာသိမ်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ထိုအာဏာသိမ်း ခေါင်းဆောင်တွေကို ခပ်လန်က အရေးယူလိုက်တယ်။ ဒါဟာကျွန်တော်တို့အကျယ်ချုပ်က မလွတ်ခင် ဖြစ်ခဲ့တယ်။ (NNC စာအုပ် Cry For Justice, မျက်နာ ၈၆ မှ ကိုးကားချက်) သူဆက်ပြောသည်မှာ-ကျွန်တော်တို့ကို ၁၉၈ဝ ခုနှစ် ဇန္ဒဝါလ (၃ဝ) ရက်မှဘဲလွတ်ခဲ့တယ်။ ဒါလည်း ခပ်လန်က ဆိုရှယ်လစ်အစိုးရဖွဲ့စည်းဖို့သဘောတူလက်
ခံခဲ့လို့သာကျွန်တော်တို့ အကျယ်ချုပ်ကနေ လွတ်ပေးတာကို လက်ခံခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ မူဝါဒစာတမ်း (Manifesto) ကို ၁၉၈ဝ ခုနှစ် ဇန္နဝါလ (၃၁) ရက်မှာ ထုတ်ပြန်ကြေငြာခဲ့တယ်။ (အထက်
ပါ စာအုပ် ။ စာမျက်နှာ (၇၆) မှ ကိုးကားချက်)၊ အထက်တွင်ဖေါ် ပြသည့်အတိုင်းသူတို့အချုပ်မှလွတ်
လာပြီဖြစ်၍ ဇွန်လတွင် သူတို့အား နုတ်လော်စခန်းတွင် ကျွန်တော်တွေ့ခဲ့သည်။ ထို့နောက်မည်သူတွေ
ကသူတို့အား ထပ်ဖမ်းပြီး ၁၉၈ဝ ခုနှစ်ဇန္နဝါလ (၃ဝ) ရက်မှလွတ်ခဲ့သနည်း။ကျွန်တော်နားမလည်သလို အခြား သူတွေလည်း နားလည်မည်မထင်ပါ။ သူတို့၏ ဆိုရှယ်လစ်မူဝါဒကို ဆန့်ကျင်သူများအား အပေး
အယူညှိနှိုင်းပြီး ပြန်လည်ပေါင်းစည်းရအောင်ဟု လိမ်ညာ၍အစည်းအဝေးခေါ်ပြီး ရှင်းပစ်လိုက်ခဲ့သည်။ ထို့နောက်တွင် မွေဝါအီဆက်တို့သည် ခပ်လန်အဖွဲ့ အရှေ့နာဂတော်လှန်ရေးကောင်စီအား နာဂအမျိုး
သားကောင်စီနှင့် ပေါင်းလိုက်ကြောင်း ပြန်လည်၍ ဆိုင်းထိုးခိုင်းခဲ့သည်။ ဦးခပ်လန်သည် သူတို့အား
အချုပ်မှ လွတ်ပေးရန် ၁၉၇၉ ခုနှစ် မေလတွင် လာသောအခါ- နအကသည် ရှီလောင်စာချုပ်ကို လက်ခံလိုက်+ပီ။ ခင်ဗျား ရှီလောင်ချုပ်လက်ခံ+ပီး ဘာလုပ်မလဲဟု ဦးခပ်လန်အားစည်းရုံးခဲ့သည်။
ခုတခါ ၁၉၈ဝ ခုနှစ် ဇန္နဝါလ (၂၉) ရက်တွင် ထို နအက (NNC) နှင့် ပေါင်းကြောင်း ပြန်လည်၍ဆိုင်း
ထိုးခိုင်းပြန်သည်။ ထို့ကြောင့် ဦးခပ်လန် အနေဖြင့် နအကနှင့် ပေါင်းကြောင်း တနှစ်အတွင်း နှစ်ကြိမ် ဆိုင်းထိုးခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ပေါင်းစည်းကြောင်း စာတမ်းကား အောက်ပါအတိုင်းဖြစ်သည်-
    SOLEMN DECLARATION OF THE MERGER OF EASTERN NAGA NATIONAL COUNCIL           WITH THE NAGA NATIONAL COUNCIL
WHEREAS ; THE INSEPARABLE ONENESS AND THE SINGLE-WHOLE  ENTITY OF THE NAGA PEOPLE AND THEIR HOMELAND IS IPSE DIXIT. IT IS SOLEMNLY DECLARED ON THIS HISTORIC DAY, THE 29TH DAY OF JANUARY 1980 ANNO DOMINI, THAT THE EASTERN NAGA NATIONAL COUNCIL, IS MERGED WITH THE NAGA NATIONAL COUNCIL, THE ONLY AUTHENTIC POLITICAL COUNCIL OF THE PEOPLE OF THE WHOLE NAGALAND.
Sd/-                                                                                        Sd/-
S.S.Khaplang                                                           Isak Chishi Swu 
 President                                                                     Vice President
Eastern Naga National Council                             Naga Nagtional Council
Sd/-                                                                                 Sd/-
Thungbo                                                                       Th.Muivah
Vice President                                                          General Secretary
Eastern Naga National Council                               Naga National Council
သမိုင်းမှတ်တမ်းအရ အရှေ့နာဂတော်လှန်ရေးကောင်စီသည် ၁၉၆၅ ခုနှစ် ဧပြီလ(၇) ရက်တွင် ဖွဲ့စည်းလာခဲ့ကြောင်း မှတ်တမ်းရှိသည်။ သို့သော် ထိုနေ့တွင် ဆိုင်းထိုးသောအခါ အဘယ်ကြောင့်ရှေ့
နာဂ အမျိုးသားတော်လှန်ရေးကောင်စီအစား အရှေ့နာဂ အမျိုးသားကောင်စီ နာမည်ဖြင့်မွေဝါအီဆက်၊
ခပ်လန်တို့အား ဆိုင်းထိုး ခိုင်းခဲ့သနည်း။ ကျွန်တော်တို့ မသိကြပါ။ ၁၉၇၉ ခုနှစ် မတ်လ (၁ဝ) ရက်တွင် နအက နှင့် အနလက တို့ပေါင်းစည်းကြောင်း ဆိုင်းထိုးခဲ့သည့် စာတမ်းနှင့် အနည်းငယ် ကွာခြားစေလို
၍ လုပ်ခဲ့ခြင်းလော။ ထိုသို့သမိုင်းဝင်စာတမ်းတွင် နာဂအမျိုးသားကောင်စီ နှင့် အရှေ့နာဂ အမျိုးသားကောင်စီ နာမည်ဖြင့် ဇန္နဝါလ (၂၉) ရက်တွင် ဆိုင်းထိုးခဲ့ကြပြီးနောက် တစ်ရက်ခြားကာ ၁၉၈ဝ ခုနှစ်  ဇန္နဝါရီလ (၃၁) ရက်တွင် နာဂအမျိုးသားကောင်စီ ရှုံးပြီးဟု ကြေငြာခဲ့ ပြန်သည်။
ဤဟာသည်ကား နာဂနိုင်ငံရေးကို ကလေးကစားသလို လုပ်ခဲ့ခြင်းပင်ဖြစ်သည်။ထိုသို့ နအကရှုံးပြီဟု ကြေငြာပြီး ထိုနေ့မှာပင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (နအဆက) ကိုဖွဲ့စည်း ခဲ့သည်။ ပြီးတော့ နအဆက၏ ရပ်တည်ချက်များကို ကြေငြာခဲ့သည်။
သူတို့၏ ရပ်တည်ချက်ကို အကျဉ်းအားဖြင့် ဖေါ် ပြမည်ဆိုလျှင်
 နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကို ကာကွယ်မည်၊
ဆိုရှယ်လစ်ပါတီ အာဏာရှင်စနစ်ကိုကျင့်သုံးမည်၊
ဆိုရှယ်လစ်စီးပွားရေး စနစ်ကိုကျင့်သုံးအားပေးမည်၊
ယုံကြည်ကိုးကွယ်မှုတွင် ဘုရားသခင်နှင့် ခရစ်တော်အား ယုံကြည်ကိုးကွယ်ခြင်းကို လက်ခံသည်။ သို့သော်တစ်ဦးချင်းစီ၏ လွတ်လပ်စွာကိုးကွယ်မှုကိုလည်း အကာအကွယ်ပေးမည်။ငြိမ်းချမ်းသော
နည်းဖြင့် တိုင်းပြည်ကိုကယ်တင်နိုင်မည် ဆိုသည်ကို ကျွန်တော်တို့လက်မခံ။လက်နက်ဖြင့်သာလွတ်
လပ်ရေး အရ ယူပေးနိုင်မည်ဟု ပြည်သူတွေအား အာမခံချက်ပေးနိုင်သည်။ဤကြေငြာချက်ကို ဖတ်ရှု့  သူတိုင်း သမိုင်းအသစ် နိုင်ငံရေးအသစ် ထိုနေ့ ထိုရက်မှစသည် ဆိုသည်ကို သတိရကြမည်ဖြစ်သည်။ နအဆက ကိုဖွဲ့စည်းပြီး နာဂလန်း ပြည်သူ့ အစိုးရ (Government of People Republic of Nagaland -GPRN)ကို ၁၉၈ဝ ဖေဖေါ် ရီလ (၂) တွင် ဖွဲ့စည်းခဲ့သည်။
(၁၂) ခယမ်ညူးငန်း နာဂ အပေါ် စစ်ဆင်ခြင်း
ထိုသို့ နအဆက ကိုဖွဲ့စည်းပြီးနောက် အီဆကိ-မွေဝါ အဖွဲ့သည် သူတို့၏ သေနတ်ပြောင်းဝကိုရန်သူ
ဘက်သို့ မလှည့်တော့ပဲ ညီအစ်ကိုများ ဖက်သို့လှည့်ကာ တိုက်ခိုက် လာခဲ့သည်။ ပထမတွင် ဗိုလ်ကြီး ရှန်ငမ် (Capt. Shangam Tahngkhul) အား တပ်သား(၃ဝ)နှင့်အတူ ခယမ်ညူးငန်းနယ်မြေသို့ အရေးကြီးသော ခယမ်ညူးငန်း ခေါင်းဆောင်များအားပစ်သတ်ရန် အမိန့်ပေးပြီး စေလွတ်ခဲ့သည်။ ထိုအဖွဲ့သည် ၁၉၈ဝ ခုနှစ် ဖေဖေါ်ရီလ (၁၅) ရက်တွင် ကင်ဖိုးရွာအား တိုက်ခဲ့သည်။ ထိုအခါ ပိန်လန် (Pinglang) တန်မြို့နယ် ဥက္ကဌအား ရွာတွင်ပစ်သတ်ခဲ့သည်။ ရွာသူကြီး မနူအား ဖမ်းခေါ်သွားပြီး ကင်ဖိုး နှင့် စွန်းခေါင်ကြားတောင်ထိပ်တွင် ပစ်သတ်ခဲ့သည်။ထိုအဖွဲ့ စဖေါင်ရွာသို့ရောက်သွားသောအခါ
 ဗိုလ်ကြီး နီးတော်လေ နှင့် မောင်လွားအဖွဲ့တို့အား ဖမ်းပြီးသတ်ရန် ဖေဖေါ်ရီလ (၁၈) ရက်တွင် ကြံစည်ခဲ့သည်။ သို့သော် ဗိုလ်ကြီး နီးတော်လေက တန်ခွန် စကားအနည်းငယ် နားလည်သဖြင့် “သူတို့ကို ခုဖမ်းမလား ညမှာဘဲ ဖမ်းမလား” ဟု ပြောဆိုမေးမြန်းနေသံကို ကြားသဖြင့်ထွက်ပြေး
နိုင်ခဲ့ကြောင်း၊ Capt. Shangam အဖွဲ့က သူတို့နောက် လိုက်လာခဲ့ရာ ကျောက်ကေ ရွာသို့ ရောက်လာသောအခါ ရွာသားယောက်ျားအားလုံးအား ဖမ်းပြီး နီးတော်လေတို့အဖွဲ့ ဘယ်ဘက်သို့
ထွက်ပြေးသွားသည်ကို မေးမြန်းပြီး ရိုက်နှက်ခဲ့သည်။ ထို့နောက် နုတ်ယင်း ရွာသို့လိုက်လာပြီး
ထိုမှ ဖလုံတုန်ရွာသို့ လိုက်လာပြီး ထိုရွာအား ညတွင်လာဝိုင်းခဲ့ကြောင်း။ သို့သော် နီးတော်လေ
အဖွဲ့သည် တောထဲ၍အိပ်နေခဲ့သဖြင့် သူတို့၏ရန်မှလွတ်ခဲ့သည်။ သူတို့နီးတော်လေ အဖွဲ့အား
လိုက်နေကြောင်းကြားရသဖြင့် အခြား ခယမ်ညူးငန်း ခေါင်းဆောင်များသည် သတိထားနေခဲ့သည်။
ထို့ကြောင့် Capt.Shangam ၏ ခယမ်ညူးငန်း ခေါင်းဆောင်များအား ရှင်းပစ်ရန် အစီအစဉ် မအောင်မြင် ဖြစ်ခဲ့သည်။
ထိုအချိန်တွင် ခယမ်ညူးငန်း ခေါင်းဆောင်များသည် မွေဝါ အီဆက်တို့က ဟိုင်းမြေနယ်တွင် နအက/နဖစ ခေါင်းဆောင်များ နှင့် နာဂတပ်မတော် အရာရှိများအား သတ်ပစ်ပြီး ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်းကြောင်းကို မသိကြသေးကြောင်း။ အဘယ်ကြောင့်ဆိုသော် ဟိုင်းမြေနယ်သည်ခမ်ညူးငန်းနယ်
မြေမှ ဝေးလန်သောနယ်မြေဖြစ်သည်၊ ၁၉၈ဝ-မတ်လ ပထမအပတ် ရောက်လာသောအခါမှ ထိုလူသတ်မှုကြီး နှင့် ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်းခြင်းကို သိလာခဲ့သည် ဆိုသည်။ သို့သော် အံ့ဩတုန်လှုပ်ပြီး ဝမ်းနည်းနေခဲ့သည်မှ လွဲ၍ မည်သို့ မည်ပုံ ရပ်တည်လုပ်ဆောင်သွားမည်ကို မဆုံးဖြတ်နိုင်ဘဲ ရှိနေခဲ့ကြကြောင်း။ ထိုအခါ ဗိုလ်ကြီး နီးတော်လေ အန်ဂါမီက ဆိုရှယ်လစ်အစိုးရကို အနောက်ဘက်မှာရှိတဲ့ ပြည်သူလူထုတွေက ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ ဒါကြောင့်ကျွန်တော်
တို့ နအက/နဖစ ကိုလက် မလွတ်ဘဲဆုပ်ကိုင်ပြီး မွေဝါရဲ့  ဆိုရှယ်လစ်မူဝါဒကို ဆန့်ကျင်ရမယ်ဟု ပြောလိုက်ရာ ခယမ်ညူးငန်း အရာရှိများအားလုံးက သူ၏အကြံပေးချက်ကို လက်ခံပြီး နအဆက ကိုဆန့်ကျင် တိုက်ခိုက်ရန် မားမားမတ်မတ် ရပ်တည်လာခဲ့သည်ဆိုသည်။ ၁၉၇၈ ခုနှစ်တရုတ်ပြည်
သင်တန်းပြန် ခယမ်ညူးငန်း တပ်သားများသည် (၁၃ဝ)ကျော်ရှိသည်။ သူတို့သည် မွေဝါ နှင့် တန်ခွန်
အရာရှိများ အပေါ်မကျေမနပ် စိတ်တွေပွါးပြီး ပြန်ရောက်လာခဲ့ကြသည်။  အကြောင်းမှာ-ရုတ်ပြည်သင်
တန်းချိန်ကာလများတွင်အချို့သောတန်ခွန်အရာရှိများက သူတို့အပေါ် လူမဆန်စွာ ပြုမူဆက်ဆံခဲ့ခြင်း။ ဒုဗိုလ်မှူးကြီး ယမ်စထောင်းက သူ့၏မူပေါ်လစီကို ဆန့်ကျင်သောကြောင့် မွေဝါက ယမ်စထောင်းအား
စော်ကားမော်ကား ပြောဆိုခဲ့ခြင်းတို့ကြောင့်။ “ငါတို့နယ်မြေရောက်ရင် မင်းတို့တွေ့မယ်”
ဟူသော စိတ်ကိုမွေးပြီး ရောက်လာခဲ့ကြသည်။ ထပ်ပြီး သူတို့ယုံကြည်လေးစားသောခေါင်းဆောင်
ယမ်စထောင်းအား သတ်လိုက်ပြန်သဖြင့် အားလုံးမှာ ပိုပြီး မွေဝါ အပေါ်အခဲမကျေ ဖြစ်လာခဲ့သည်။ ခုတခါ အခြားခယမ်ညူးငန်း ခေါင်းဆောင်များကိုလည်း အကုန်သတ်ပစ်ရန် တိရစ္ဆာန် အကောင်များကို လိုက်သည့်အလား လိုက်နေပြန်သဖြင့် ဒေါသကို ထိန်းမနိုင်ခဲ့ကြတော့ပေ။ ထိုအခါခယမ်ညူးငန်းများ
က သူ့အားဆန့်ကျင်ရန် ခိုင်ခိုင်မာမာ ရပ်တည်နေကြောင်းသိထားသော မွေဝါကခယမ်ညူးငန်းခေါင်း
ဆောင်များအား ရှင်းပစ်ရန်တပ်ဖွဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ 2/Lty. Gideon တို့က ဦးဆောင်ပြီး ပြန်၍စေလွတ်
ခဲ့သည်။ ထို့ကြောင့် ခယမ်ညူးငန်းတပ်သားများက Taokai အဖွဲ့အား စဖေါင်ရွာတွင် Gideon  အဖွဲ့အား
စွန်းညူရွာတွင် ဖမ်းပြီးသတ်ပစ်ခဲ့သည်။ သူတို့အဖွဲ့တွင် ပါလာသော အခြားနာဂတပ်သားများကိုကား မသတ်ဘဲ နအက နှင့်ပေါင်းပြီးလုပ်ရန် ခေါ်ထားလိုက်သည်။ သူတို့သည် ယနေ့ (၂၁) ရာစုတိုင်အောင် နအဆက ကိုဆန့်ကျင်ပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေကြသည်။ ဤသို့ နာဂဖက်ဒရယ် တပ်မတော်မှ နအဆက တပ်သားများအပေါ် အရေးယူမှု စတင်ခဲ့ခြင်းသည် ၁၉၈ဝ-ခုနှစ် မတ်လ ရောက်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး မွေဝါပြောခဲ့သည်မှာ- “ခယမ်ငန်းတွေရဲ့ သဘာဝက ကောင်းပါတယ်။ ဒါပေမဲ့ အကြမ်း (RAW) ဘဲ။ များသောအားဖြင့် သူတို့တတွေဟာ ရိုးသား
တယ်။ ဒါကြောင့်လဲ သူတို့ ကို လွယ်လွယ်လေး လိမ်ညာပြီး ဆွဲဆောင်နိုင်တယ်။ သူတို့ တာဝန်
ဘူး။ သူတို့နှင့် ကောင်းကောင်း နားလည်မှု တည်ဆောက်ရန်ခေါ်လာဖို့ ခယမ်ညူးငန်းနယ်
မြေသို့ တပ်သား (၁၃) ယောက်ကို နှစ်ဖွဲ့ခွဲပြီး လွတ်ခဲ့တယ်။ ဒါပေမဲ့ သူတို့အားလုံးကို သတ်ပစ်
လိုက်တယ်။ သူတို့ကို သတ်ပစ်တဲ့ နောက်မှာ ယမ်စထောင်းကလည်း ယားလေရမ်ယော်
တို့နှင့် အဆက်အသွယ် လုပ်နေတာကို ဖေါ်ထုတ်နိုင်ခဲ့ပြန်တယ်။ ဒါကြောင့်လည်း သူ့ကိုအချိန်မှီ
ရှင်းပစ်လိုက်ခဲ့တယ်”။ (NSCN စာအုပ် Cry For Justic, စာမျက်နှာ 77 မှ ကိုးကားချက်) ရှေ့ စာမျက်နှာတွင်ဖေါ် ပြသည့်အတိုင်း ၁၉၇၉ ဇူလိုင်လတွင် သတ်ခဲ့သော ယမ်စထောင်းအား မွေဝါက သူတို့၏ တပ်သားများ ၁၉၈ဝ မတ်လတွင် သတ်ပစ်သည့် နောက်မှသတ်ပစ်ခဲ့ကြောင်း ပြောဆိုခြင်းသည်။ နအဆက အားတိုက်ခိုက်မှုကို ခယမ်ညူးငန်း (ဝါ) နာဂဖက်ဒရယ် အဖွဲ့မှစခဲ့သည်ဟု လိမ်ညာ၍ပြောဆိုနေခြင်းဖြစ်သည်။ သူကပြောသည်မှာ-“သွေးထွက်သံယို ဖြစ်အောင် နာဂအမျိုးသားကောင်စီက စခဲ့တယ်။ ကျွန်တော်တို့ကိုအရင်မတိုက်ခင် နအက လူတစ်ယောက်ကိုမျှ ကျွန်တော်တို့ မသတ်ခဲ့ဘူး။ (NSCN စာအုပ် Cry For Justice, စာမျက်နှာ ၇၈မှ ကိုးကားချက်) နောက်စာအုပ် တစ်ခုမှာ-ခင်ဗျားတို့က တိုင်းပြည်ပေါ် သစ္စာရှိတဲ့လူတွေကို ကြက်ကလေးတွေကို သတ်ပစ်တဲ့အလားသတ်ခဲ့တယ်။ ခင်ဗျားတို့ရဲ့သေနတ်ပြောင်းဝက ကျွန်တော်တို့ဖက်ကို လှည့်ထားတယ်။နာဂတွေအကြား သတ်ဖြတ်မှုကြီး ဖြစ်လာအောင် ခင်ဗျားတို့က တွန်းပို့လိုက်တယ်”NSCN စာအုပ် The Shepoumaramth in the Naga national movement ”, စာမျက် နာ ၂၅၃ မှ ကိုးကားချက်) ဤသို့ မွေဝါ၏ ဗြောင်လိမ်ညာမှုသည်ကား Machiavellian ၏ပေါ်လစီကို ကျင့်သုံး၍ ပြည်သူလူထုကို လိမ်ညာကာအာဏာရအောင် လုပ်မည်ဆိုသည့် သူပ၏ ရည်ရွယ်ချက်ကို ပေါ်လွင်ထင်ရှားစေသည်။ အီတာလီလူမျိုး Machiavellian သည်- ရားသည်ဖြစ်စေ မတရားသည် ဖြစ်စေမိမိ၏ ရည်မှန်းချက် အောင်မြင်ရန် ဘာမဆို လုပ်ရမည်ဟူသော မူဝါဒကို ဆွဲကိုင်ခဲ့သူဖြစ်သည်)
ထိုသို့ သူ့လူအားသတ်သည့်နောက် မွေဝါသည် တပ်အင်းအားကို ထပ်ဖိရန် Lt.Col.Ningwon Tangkhul အား ဦးဆောင်စေပြီး ခယမ်ညူးငန်း နယ်မြေသို့တပ်အင်အားများများဖြင့် စေလွတ်ခဲ့ပြန်သည်။ ထိုအဖွဲ့မှ ကင်ဖိုးရွာအား မတ်လ ကုန်ပိုင်းလောက်တွင် မီးရှုံ့ခဲ့သည်။ ထို့နောက် စွန်းခေါင်သို့ရောက်လာသောအခါရွာသားများယောက်ျားတွေ အားလုံးအား ဖမ်းပြီးရိုက်သည်။အိန္ဒိယငွေ တစ်သောင်း ငါးထောင် (၁၅ဝဝဝ)ပေးမှ လွတ်ပေးခဲ့သည်ဆိုသည်။ ရွာသားများ၏ အိုးခွက်ပန်းကန် အားလုံး သုံးလို့မရအောင်ဖျက်ဆီးပစ်ခဲ့သည်။ ကြိမ်ဖြင့် ယက်ထားသော ဖျာများကိုဓါးဖြင့် ခုတ်ပြီး ဖျက်ဆီးခဲ့သည်။ ဓါးများ လှံများကိုလည်း ကျောက်ခဲကိုခုတ် ထူးပြီးဖျက်ဆီးပစ်သည်။ ၁၉၈၂-ခုနှစ် ကျွန်တော် အိန္ဒိယထောင်မှ ထွက်ပြီး ပြန်ရောက်လာသောအခါ ရွာသားများက ထိုဖျာအပိုင်းအစများ
ဖေါက်ပစ်ထားခဲ့သော အိုးကြီးများကို ပြသခဲ့သည်။ ဖျာအပိုင်းအစများကို နာဂတပ်သားများက သူတို့၏ စခန်းတွင် များသောအားဖြင့် အသုံးပြုခဲ့သည်။စွန်းခေါင်ရွာကို ဖျက်ဆီးပြီး စဖေါင်ရွာသို့လာခဲ့သည်။ ထိုနည်းတူ စဖေါင်ရွာတွင်လည်းယောက်ျားတွေ အားလုံးအား ဖမ်းချုပ်လိုက်သည်။ အိုးခွက်ပန်းကန်၊ ဖျာ၊ ဓါးလှံ၊ အားလုံးကိုဖျက်ဆီးသည်။Taokai အဖွဲ့အား သူတို့ရွာမှ ဖမ်းပြီးသတ်ခဲ့သည့် အတွက် ပိုပြီးဆိုးရွာစွာအရေးယူခြင်း ဖြစ်သည်။ ရွာသူကြီး ဟန်ကြူ အားသတ်ပစ်လိုက်သည်။ ကျန်သောရွာသားများအား ကျောက်ကေရွာသို့ ဖမ်းခေါ်သွားသည်။ ကျောက်ကေရွာ ရောက်သောအခါ ထိုရွာမှယောက်ျားများအားလုံးအား ဖမ်းလိုက်ပြန်သည်။ ကျောက်ကေမှ ဖမ်းထားသူများနှင့် စဖေါင်မှ
ဖမ်းလာသူများအားလုံး တစ်အိမ်တည်းတွင် အတူတူထားပြီး တံခါးပေါက် နှစ်ဘက်မှ နအဆက ရဲဘော်နှစ်ယောက်က စောင့်ထားသည် ဆိုသည်။ သူတို့အား ဖမ်းထားပြီးရိုက်နေသည့်အချိန်တွင် ဗမာ့တပ်မတော် ရောက်လာပြီး လာပစ်ရာ နအဆက တပ်သားတို့အားလုံး နေရာယူဝပ်ကုန်သဖြင့် သူတို့အား ဂရုမစိုက်နိုင်တော့ပေ။ ထိုအခါ ရွာသားများသည်သူတို့လက်တွေချည်ထားလျက်ဖြင့် ထွက်ပြေးသွားကြသည်။ တိုက်ပွဲစသည်နှင့် တပြိုင်ထဲဖမ်းထားသောရွာသားတွေ အားလုံကို ပစ်သတ်ဟု သူတို့၏စစ်ကြောင်းမှူး တန်ခွန်အရာရှိက အမိန်ဏ္ဍပေးသေးသည်ဆိုသည်၊ရွာသားများ
ထို့နောက် နအဆက တို့သည် စွန်းခေါင်ရွာအထိ ဆုတ်ခွာသွားခဲ့သည်။ ထိုမှအစီအစဉ်ဆွဲကာ စွန်းခေါင်ရွာမှ တိုင်းငန်း (Taingan) ရွာသို့ တောကိုဖြတ်၍ လာကာ ၁၉၈ဝ-ဧပြီလ (၁၅) ရက်တွင် တိုင်းငန်းရွာအား မနက်အစောကြီး (၃) နာရီလောက်တွင် ဝိုင်းပြီးလာတိုက်ခဲ့သည်။ ထိုညတွင် နာဂဖက်ဒရယ်တပ်ဖွဲ့ ဗိုလ်မှူး နီးတော်လေ (ရာထူး တက်ခါစ) တို့အဖွဲ့ (၆) ယောက် ရွာတွင်လာအိပ်ထားသဖြင့် သူတို့နှင့် တိုက်ပွဲဖြစ်သည်။ထိုတိုက်ပွဲတွင် ရွာသားသုံးယောက်လည်း ကျည်ဆန်ထိမှန်၍ သေဆုံးသည်။ ကိုယ်ဝန်သည်အမျိုးသမီး ကျနောပ် (Chunop) သည် ဒဏ်ရာဖြင့် အသက်ဆုံး သွားခဲ့သည်။ နာဂဖက်ဒရယ်တပ်မှ ဗိုလ်မှူး နီးတော်လေ နှင့် တပ်သားတစ်ယောက် ထိုတိုက်ပွဲတွင် ကျဆုံးခဲ့သည်။နအဆက တပ်ဖွဲ့တို့ ထိုရွာတွင် ရက်အနည်းငယ် ဆက်လက်နေခဲ့ရာ နောက်နေ့တွင် ကြိမ်ခုတ်သွား၍ ပြန်လာသော ရွာသား (၆) ယောက်အား လမ်းတွင်ဖမ်းပြီး သတ်ခဲ့သည်။ ထို့ပြင်သားအဖ သုံးယောက် (ပါပူ သူ့သား တန်ဆွေ နှင့် အီးပုန်) တောင်ယာမှ ပြန်လာနေသူတို့အားလည်း လမ်းတွင်ဖမ်းပြီး သတ်ခဲ့သည်။  ထိုရွာကိုလည်း စပါးတိုက် အပါအဝင်
မီးရှု့ဖျက်ဆီးခဲ့သည်။
ထန်ပါကွယ်ရွာမှာလည်းရွာသားသုံးယောက်သတ်ခဲ့သည်။ပြီးတော့ရွာကိုလည်းမီးရှု့ဖျက်ဆီးခဲ့သည်။ ထို့နောက် ထိန်းညူးငန်းရွာအား သွားတိုက်သည်။ ရွာကို မီးရှု့ဖျက်ဆီးသည်။ စပါးများကို ထမ်းနိုင်သလောက်ထမ်းပြီးမထမ်းနိုင်၍ကျန်သောစပါးများအားမီးရှု့ပစ်သည်။ရွာသားများသည်ကြောက်လန့်၍ တောထဲသို့ ထွက်ပြေးကုန်သည်။ ထိုမှချင်းတွင်းမြစ်ဘက်သို့ ထွက်ပြေးသွားပြီး ထမန်တီ အထက်ဘက်တွင် သွားနေခဲ့ကြသည်။ထိုနေရာတွင် အစာငတ်၍တမျိုး ငှက်ဖျားမိ၍တဖုံ ရွာသားများအမြောက်အများ သေခဲ့ကြသည်။ သူတို့အားကြည့်ရှု ကူညီပေးမည့်သူ မရှိခဲ့ပါ။ ထိုနေရာမှ မိမိရွာသို့ပြန်လာကြသောအခါ အချို့မှာလမ်းတွင် သေခဲ့ကြသည်။ ရွာသို့ပြန်လည်၍ ရောက်ရှိလာသော အခါလည်းစားစရာသောက်စရာ မရှိသဖြင့်အစာငတ်၍ သေခဲ့ကြသည်။ ထိုရွာမှ အစာငတ်၍ သေဆုံးခဲ့သူများသည် (၂၉၇) ယောက်ဖြစ်သည်။  ၁၉၈ဝ-ခုနှစ်တွင်မွေဝါအဖွဲ့၏စစ်ဆင်ရေးကြောင့်
သတ်၍သေသူများနှင့် အစာငတ်၍သေသူ ခမ်ညူးငန်းများသည် (၅၂၄) ယောက် ရှိခဲ့သည်။ သူတို့၏နာမည်များမှာ ၂ဝဝ၅-ခုနှစ်တွင်ထုတ်ဝေခဲ့သော “Nagaland and Th.Muivah’s t errorist activities)  စာအုပ်တွင် ရေးသားဖေါ် ပြခဲ့သည်။ ထိန်းငန်းရွာအား ဖျက်ဆီးပစ်သည့်နောက် မွေဝါအဖွဲ့တို့သည် စေမ်ဟုတ်(Tsemhuk) ရွာသို့ ရောက်လာသည်။ ထိုရွာတွင်လည်း ယောက်ျားတွေအားလုံးအားဖမ်းပြီးရက်ရက်စက်စက်ရိုက်သည်။ ထိုသို့ ရွာသားများအား နှိပ်စက်မှုတွင် နာမည်ကြီး ခဲ့သူမှာ Capt.Shangam Tangkhul ဖြစ်သည်။ ရွာအား စပါးတိုက်အပါအဝင် မီးရှု့ပစ်သည်။ရွာသားများသည် အလွန်အမင်ထိတ်လန့်၍ တောထဲသို့ ထွက်ပြေးသည်။ ထိုအချိန်သည်
ဇွန်ဇူလိုင်ဖြစ်သဖြင့် မိုးသည်းထန်စွာ ရွာနေသောအချိန်ဖြစ်သည်။ သူတို့သည် ဆာရာမေတိတောင်ကြောဘက်သို့ထွက်ပြေးသွားခဲ့သည်။ ထိုတောတွင် အမိုးအကာအဖြစ် အသုံးနိုင်ရန်ဖက်ရွက်ဟူ၍မရှိ။ ပလာစတိတ်လည်းမပါကြသဖြင့် မိုးရေထဲတွင် စိုရွှဲ၍သွားနေခဲ့ကြသည်။
ပါလာသောဆန်အနည်းငယ်အား အစိမ်းစားခဲ့ကြသည်။ ခုနစ်ရက်တွင် သူတို့သည် ကွမ်တွန်
(Kontan ရွာသို့ ရောက်ရှိသွားသည်။ ထိုရွာမှ ချင်းတွင်းမြစ်ကမ်းသို့ဆင်းသည်။ ထိုနေရာတွင်ရွာသား (၂၇) ယောက် သေဆုံး ခဲ့သည်။Tsemhuk ရွာပြီး၍ Ningshet ရွာကိုတိုက်သည်။ထိုရွာကိုလည်း စပါးတိုက်အပါအဝင် မီးရှု့ပစ်သည်။ ဤရွာမှ အစာငတ်၍ သေဆုံးသူများမှာ (၄၆) ယောက်ဖြစ်သည်။
ထို့ပြင် အခြားရွာ အရှေ့ကိန်းဇ၊ ဟိုင်ကွမ် (Haiphu), Langkhiang, Haiphau စသည့်ရွာများကိုလည်း စပါးတိုက်များ အပါအဝင် မီးရှု့ဖျက်ဆီးခဲ့သည်။ အိမ်မီးရှု့သဖြင့် ရွာသားမျာ၏အဖိုးတန်ပစစည်းများ အဝတ်အထည်များနှင့် အမြတ်တနိုး သောထားသော အရာပစ္စည်းများ အားလုံးဆုံးရှုံးခဲ့သည်။ အချို့ သော ရွာများသည် (၁ဝ)နှစ်အထိနလန်မထူနိုင်ခဲ့ပါ။ ရွာသားများ၏ အိမ်မွေး တိရိစ္ဆာန် အားလုံးပစ်သတ်စားခဲ့သည်။တောထဲတွင်ရှိနေသောနွားနောက်များကိုလည်း တို့စားဖို့သာမဟုတ်ဘဲ အကုန်ပစ်သတ်ခဲ့သည်။ ဤသို့ပြုလုပ်ခဲ့ခြင်းသည် ခမ်ညူးငန်းတို့ နဥစ္စာ အားလုံးအား ဖျက်ဆီးပစ်ရန် ရည်ရွယ်၍ လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်များသည် ခမ်ညူးငန်းတို့၏ဘဝတလျှောက်တွင် မကြုံစဖူးသော အဖြစ်ဆိုးကြီး ဖြစ်ခဲ့သည်။အမှန်မှာ မွေဝါ အီးဆက်တို့သည် ခမ်ညူးငန်း နယ်မြေတွင် ခယမ်ညူးငန်းများနှင့် အတူနေလာခဲ့သည်မှာ ၁၉၇၆ မှစပြီး ၁၉၇၈-ခုနှစ်အထိနေလာခဲ့သည်။သူတို့က ခယမ်ညူးငန်း ပြည်သူလူထုအား “နာဂအမျိုးသားများ. အောင်မြင်မှု ရရှိရန်အတွက် နာဂအမျိုး
သားကောင်စီမှလွဲ၍ အခြားသောဖြတ်လမ်းဖြင့် အောင်မြင်မှုဆွတ်ခူးနိုင်ရန် နည်းလမ်းမရှိ”
ဟုဟောခဲ့သည်။ ခယမ်ညူးငန်း ပြည်သူများကလည်း တတ်နိုင်သလောက် သူတို့၏ကြက်
ဝက်နွားနောက်များသတ်ပြီး ကျွေးမွေးခဲ့သည်။ခုတော့ မွေဝါ အီဆက်တို့က ရက်စက်ကြမ်းကြုတ်ခြင်း သတ်ဖြတ်ခြင်းဖြင့် သူတို့၏ ကျေးဇူးကို အဘယ်ကြောင့် တုန့်ပြန်သနည်းဟု ခယမ်ညူးငန်းများသည် အံ့ဩလို့ မဆုံးဖြစ်ခဲ့ကြသည်။ ၂ဝဝ၃-ခုနှစ် နိုဝင်ဘာလတွင် နအဆက မွေဝါတပ်ဖွဲ့သည် ဖလုံတုန်ရွာသို့ ရောက်ရှိလာပြီး သူတို့၏ နိုင်ငံရေး တရားဟောခဲ့ကြောင်း။ ထိုအခါ ရွာသူကြီး ဦးဘာ့မော်က-ကျွန်တော်တို့ကို မွေဝါ နှင့် အီဆက် တို့က NNC (နအက) ကို လက်မလွတ်ဖို့ ဟောထားခဲ့တယ်။ ဒါကြောင့်လဲ ကျွန်တော်တို့ယခုအထိ NNC ကို လက်မလွတ်ဘူး။ အဲဒီလိုဟောထားပြီးမှ သူတို့ ခုဘာလုပ်နေသလဲ။ဘယ်မှာသွားနေသလဲ။ အချိန်ရရင် ကျွန်တော်တို့ဆီလည်း လာလည်ပါအုံးလို့ ပြောလိုက်ပါ ဟုပြောခဲ့သည်။ သူ့စကားသည် ရိုးရိုးလေးဖြစ်သော်လည်းအဓိပါယ်လေးနက်သည်ကိုစာဖတ်သူတိုင်း သိလိမ့်မည်ထင်သည်။နာဂဖက်ဒ
ရယ်တပ်သားများသည်လည်း နအဆကတပ်သားများနှင့် အင်အားမမျှသဖြင့် အနောက်ဘက် ခယမ်ညူးငန်းနယ်မြေသို့ ဆုတ်ခွာသွားခဲ့သည်။ ထိုအချိန်တွင် နအဆက တပ်သားတို့သည် လန်နုတ် (Langnuk) ရွာတွင် သူတွှို၏ စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ထုန်းဘော်က ဦးဆောင်၍ ဗဟိုစခန်းချကာ နေလာခဲ့သည်။သူတို့၏ရက်စက်မှုဒဏ်ကို မခံနိုင်သည့်အဆုံးရွာသားတို့က သူတို့အားလာတိုက်ပေးပါ
ရန် နာဂဖက်ဒရယ်တပ်သားများအား ခေါ်နေခဲ့သည်ဆိုသည်။ အမှန်မှာ နာဂဖက်ဒရယ် တပ်သားများသည်အင်အား (၆ဝ) လောက်သာရှိပြီး ကျည်ဆန်လည်း သေနတ်တစ်လက်လျင် (၆ဝ)
လောက်သာ ရှိကြသည်။ မွေဝါက သူ့မှာအစီအစဉ်ရှိသဖြင့် လက်နက်ကျည်ဆန်တွေအကုန်လုံး လက်ဦးပြီး သိမ်းကျုံးထားခဲ့သောကြောင့် မွေဝါ၏ အစီအစဉ်ကို ကြိုတင်၍မသိခဲ့ကြသော နာဂဖက်ဒရယ်အရာရှိနှင့်တပ်သားတို့မှာ လက်နက်မဲ့ဖြစ်သလောက်ရှိခဲ့သည်။နာဂဖက်ဒရယ်တပ်သား
တို့သည် လက်နက်အင်အားနည်းသော်လည်း ပြည်သူတို့၏ထောက်ခံအားပေးမှုကို အားကိုးပြီး ကျောက်လားငန်းတောစခန်းမှ ထွက်လာခဲ့ကြသည်။ သူတို့ဖလုံတုန်ရွာသို့ရောက်လာပြီး နာဂတပ်ထွက် ရဲဘော်ချင်ဒေအား လန်းနုတ်ရွာ နအဆကတပ်ဗဟိုစခန်းရှိရာသို့ ထောက်လှမ်းရေး လွတ်လိုက်သည်။ မည်သူ မည်ဝါသည် မည်သည့်နေရာတွင်ရှိသည်ကို အသိအကျ သိရှိနိုင်ရန်လွတ်ခြင်းဖြစ်သည်။ သူသည် Capt.Shangam နှင့် ခင်မင်ရင်းနှီးသူလည်းဖြစ်သည်။ သူရောက်လာသောအခါ Shangam က ဝမ်းပန်းတသာကြိုဆိုပြီးသူ့အား လန်းနုတ်ရွာ အောက်တွင် ရှိသော ကျောက်ဂူထဲ့ ကျည်ဆန်တွေ
ဗုံးတွေဝှက်ထားသည့်နေရာသို့ ခေါ်သွားကာ ကျည်ဆန် အနည်းငယ် ယူလာခဲ့ကြကြောင်း။သူတို့က နအက နဖစတို့အား ရှီလောင်စာချုပ် အဖွဲ့ဟု ခေါ်လေ့ရှိရာ Shangam ကရှီလောင်စာချုပ်အဖွဲ့တို့ ဘယ်မှာလဲ။ သူတို့အကုန်ထွက် ပြေးကုန်ပြီ မဟုတ်လား။ ခုသူတို့ဘာလုပ်နိုင်တော့မလဲ စသည်ဖြင့် ပြောခဲ့သေးသည် ဆိုသည်။ ထိုထောက်လှန်းရေးသမားသည် မည်သူမည်ဝါ မည်သည့် နေရာတွင်ရှိသည်ဟုထောက်လှန်း သိရှိရသည် သာမက ကျည်ဆန်တွေ သိုလှောင်ထားရာ နေရာကိုပင်လျင်သိရှိလာခဲ့သည့်အတွက် ဝမ်းသာအားရစွာဖြင့် ပြန်လာခဲ့သည်။ နောက်တနေ့တွင် ဖက်ဒရယ်တပ်သားတို့အား ကျည်ဆန်သိုလှောင်ထားရာသို့ ခေါ်ဆောင်လာပြီး ကျည်ဆန်တွေ ဗုံးတွေကိုအားရပါးရသိမ်းယူသည်။ ပြီးနောက် နအဆက ဗဟိုစခန်းကို ၁၉၈ဝ-ခုနှစ် စက်တင်ဘာလ
(၂၇)ရက်မနက်(၃) နာရီလောက်မှစတိုက်သည်။ အဖွဲ့ခွဲပြီး မည်သူ့အဖွဲ့က မည်သူနေသည့်အိမ်ကိုတိုက် စသည်ဖြင့် စီစဉ်ထားသည့် အတိုင်းတိုက်ရာ နအဆကဖက်မှ ဘာရေးဝန်ကြီးအဆွယ်လောင်းဝါ၊ Lt.Col. Ningwon, Capt. Shangam တို့အပါအဝင် ရဲဘော်တွေ (၃ဝ) နီးပါးထိုတိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း။ ဖက်ဒရယ် တပ်ဖက်မှတစ်ယောက်သာကျဆုံးခဲ့သည်။ ထိုဟာသည်လည်း သူတို့ အချင်းချင်း ပစ်မှားခဲ့သောကြောင့် ဖြစ်သည်ဆိုသည်။ စကားဝှက်ကို မေးသောအခါ သူက စကားဝှက် မပြောနိုင်ခဲ့၍ ထိုသို့ မှားယွင်းမှုဖြစ်ခဲ့ကြောင်း။ဗိုမှူးချုပ် ထုန်းဘော်နှင့် ဗိုလ်မှူး ကျောင်းဆန် ကော်ညက် တို့သည်တပ်သားအချို့နှင့်ထိုနေရာမှလွတ်မြောက်သွားပြီးကျောက်ကေရွာဖက်သို့ရောက်လာခဲ့သည်။
 ရွာသားများကလည်း သူတို့အား ရွာအောက်ဖက်တွင် ရှိသော တောင်ယာတဲ၌ နေစေခဲ့သည်။နာဂဖက်
ဒရယ်တပ်သားများကလည်း သူတို့နောက်လိုက်လာခဲ့သည်။ သူတို့၏ အစီအစဉ်မှာဟိုင်းမြေနှင့် ကော်ညက် အရာရှိတို့အား အရှင်ဖမ်းမိပါက နာဂလန်းဖက်ဒရယ်အစိုးရ အတွက်အကျိုးရှိမည်။ ထို့ကြောင့်သူတို့အား အရှင်ဖမ်းရန် ဖြစ်သည်ဆိုသည်။ ထိုသို့ အစီအစဉ်ရှိသည့်အတိုင်း သူတို့အား ဝိုင်း ပြီးဖမ်းရန်အလာတွင် ရဲဘော်တစ်ယောက်က သူတို့နားရောက်ခါနီးအဆင်းတွင် ချော်လဲ၍ ကျောက်ခဲတွေလိမ့်ကျသွားရာဗိုလ်မှူးချုပ်ထုန်းဘော်တို့အဖွဲ့ကစပစ်ရန်ဖြစ်လာသဖြင့်ပစ်ခတ်မှုဖြစ်ခဲ့ရာ
 ဗိုလ်မှူးချုပ် ထုန်းဘော် နှင့် ဗိုလ်မှူး ကျောင်းဆန်တို့ထိုနေရာတွင် ကျဆုံးခဲ့သည်။ ထိုနေရာမှ ရဲဘော်တစ်ယောက် သာ ဒဏ်ရာဖြင့် လွတ်မြောက်သွားခဲ့သည်။သူတို့ နှစ်ယောက်ကျဆုံးခဲ့မှုသည် ကျွန်တော့်အတွက် ဝမ်းနည်းလို့ မဆုံးဖြစ်ခဲ့သည်။ ထိုသို့ဆုံးရှုံးမှုတွေ ဖြစ်ရခြင်းသည် မွေဝါ၏ ပေါ်လစီကြောင့် ဖြစ်ရသည်ဟု တွေးမိတိုင်းမွေဝါအပေါ် အခဲမကျေဖြစ်ခဲ့သည်။ထိုသို့ နာဂအချင်းချင်း တရုတ်ပြည်မှယူလာသော လက်နက်ဖြင့် တိုက်ပွဲများဖြစ်နေခဲ့သည့် အချိန်တွင်ကျွန်တော်သည် အိန္ဒိယ အာသန်ပြည်နယ် မြောက်လာခင်ပူး (North Lakhinpur) ထောင်တွင်ရှိနေခဲ့သည်။ ၁၉၈၂-ခုနှစ် မတ်လ (၂၉) ရက်မှ လွတ်လာခဲ့သည်။ ကျွန်တော်နှင့် အတူအဖမ်းခံခဲ့ရသော ကိုကေဟော်သည် ထောင်မှ အရင်လွတ်ခဲ့ သဖြင့်ကျွန်တော်အား လွတ်မည့်အချိန်တွင် သူလာ၍ လာခေါ်ခဲ့သောကြောင့်  နာဂလန်း ကိုဟီးမားမြို့တော်သို့ရောက်ရှိသွားခဲ့သည်။ ဤသို့ဖြင့် ဦးတီဝဲနူမှ လွတ်ခဲ့သော ခရီးစဉ်သည် သူဆုံးသွားသည့်နောက် နှစ်နှစ်ကျော်ကြာမှ အောင်မြင်ခဲ့သည်။ သူ့၏အစီအစဉ် အောင်မြင်ခဲ့ခြင်းကိုမူကား သူမသိရှာတော့ပေ။
(၁၃) မွေဝါ နှင့် အီဆက်တိုဏ္ဍအား ပယ်ချခြင်း၊
သူတို့နှစ်ယောက်သည် နာဂအမျိုးသားကောင်စီနှင့် နာဂဖက်ဒရယ်အစိုးရမှခွဲထွက်ကာ ဆိုရှယ်လစ်အစိုးရကို ဖွဲ့စည်း၍အရှေ့နာဂနယ်မြေတွင် လူသတ်မှု ရွာသားတွေအား ရက်စက်မှု  ရွာတွေ မီးရှု့မှု စသည့် အမှုပေါင်းမြောက်များစွာကို ကျူးလွန်လာခဲ့သည့်အပြင် အစိုးရသစ်ဖွဲ့စည်းခြင်းသည် အခြေခံဥပဒေကို ချိုးဖေါက်ရာရောက်သဖြင့် နအကနှင့် နဖစတို့ ပူးတွဲအစည်းအဝေးကို ၁၉၈ဝ-ခုနှစ် စက်တင်ဘာလ(၁)ရက်တွင်ထိုင်ကာ-မွေဝါနှင့်အီဆက်တို့သည်နာဂအမျိုးသားစည်းလုံးညီညွတ်ရေး
ကို ဆန့်ကျင်ဖျက်ဆီးသူများဖြစ်ကြောင်းကြေငြာ၍ သူတို့အား နာဂအမျိုးသားကောင်စီမှ ပယ်ထုတ်လိုက်ကြောင်းကြေငြာခဲ့သည်။ ထိုကြေငြာစာတမ်းသည် အောက်ပါအတိုင်း ဖြစ်သည်-
  RESOLUTION PASSED AT A MEETING OF FEDERAL/
                     NNC WORKERS
           HELD ON SEPTEMBER 1, 1980
       “With a view to preserve and protect the solidarity of Naga people as an integral whole, a national workers meeting composed of the FGN and NNC took place on Monday, the 1st September 1980 to review the overall prevailing situation in the border areas. And whereas the former General Secretary of the NNC Mr. Thuingaleng Muivah and the former Kilonser Mr.Isak Chishi Swu had deviated from the original policy of the Nagas, and detached themselves from the NNC’s fold by declaring an alien political party on 31/01/80 and an insurgent government on 02/02/80, this meeting hereby resolved to declare Mr.Th.Muivah and Isak chishi Swu as offender of national solidarity and expelled them forthwith from the NNC.”
   Sd/-                                                                                             Sd/-
  L.Kaiso                                                                                   Zashei Huire
 Joint Secretary, NNC.                                                                        President,FGN.
(၁၄) နအက/နဖစ မှ အီဆက် မွေဝါ ခပ်လန်တို့နှင့် နားလည်မှုရအောင်ကြိုးပမ်းချက်။
နာဂလန်းတွင် ၁၉၇၅-ခုနှစ် နှစ်ကုန်ပိုင်းမှ၍ှု ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်ခဲ့သဖြင့် နအက နှင့် နဖစ ခေါင်းဆောင်များသည် ကိုဟီးမားမြို့တွင် နာဂလန်းငြိမ်းချမ်းရေးကောင်စီမှ တည်
ဆောက်ပေးခဲ့သည့် ငြိမ်းချမ်းရေးစခန်းတွင် နေထိုင်လာခဲ့ကြသည်။ မွေဝါနှင့် အီဆက်တို့က ခေါင်းဆောင်ပြီး တရုတ်ပြည်ပြန် နာဂတပ်မတော်သားများသည် အရှေ့ဘက်နာဂနယ်မြေတွင် အခြေခံစခန်းချပြီး နေထိုင်လာခဲ့ကြသည်။ ထိုစခန်းနှစ်ခု ဆက်သွယ်ရေး မပြုလုပ်နိုင်ရန် ရန်သူဘက်မှ အဟန့်အတား မြောက်များစွာ ပြုလုပ်ခဲ့သည်။ သို့ရာတွင်ထိုအခက်အခဲ မြောက်များစွာကြားမှ ကိုဟီးမားတွင် ရှိနေခဲ့ကြသော ခေါင်းဆောင်များသည်မွေဝါ နှင့် အီဆက်တို့ထံစာရေးပြီး စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းနိုင်ရေးအတွက်ကြိုးပမ်းခဲ့ကြသည်။  လူလွတ်ပြီးတော့ အခြေအနေအမှန်ကို ရှင်းပြရန်လည်း ကြိုးစားခဲ့ကြသည်။ သို့သော်ရန်သူက လမ်းတွင် ဖမ်းဆီးမှုကြောင့် မပေါက်ရောက်နိုင်ခဲ့ပါ။ စာကိုမူကားယုံကြည်စိတ်ချရသော ပြည်သူလူထုမှတဆင့် မွေဝါတို့ဆီအရောက် ပို့နိုင်ခဲ့သည်။ ထိုစာများ. အရေးကြီးသော အချက်များကို အောက်ပါအတိုင်း တင်ပြပါသည်။ ပထမတွင် ၁၉၇၈-ခုနှစ် မတ်လ (၁၆) ရက်တွင်ရေးပို့ခဲ့သည်။ ထိုစာထဲတွင်အဓိကအနေဖြင့် တင်ပြခဲ့သော အချက်မှာ- အင်ဒို-နာဂ ပြဿနာကို ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ရှီလောင်စာချုပ် ဖြစ်ပေါ်လာခဲ့ကြောင်း။ သို့ရာတွင် နာဂလန်းအခြေခံဥပဒေ ပုဒ်မ ၁၄၃ အရ အိန္ဒိယအစိုးရနှင့် ဆွေးနွေးရန် နာဂအမျိုးသား ကောင်စီမှာသာအာဏာပါဝါ ရှိသဖြင့် ထိုတာဝန်ကို နအကသာလျှင် ထမ်းဆောင်သွားရမည် ဖြစ်ကြောင်းရေးခဲ့သည်။ ဤစာဖြင့် ထိုအချိန်က နအက အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သော ဦးမွေဝါ
အား နာဂလန်း ဖက်ဒရယ်သမ္မတ ဦးဇာရှေးဟွေးရယ်သည် အင်ဒို-နာဂ ပြဿနာ ဖြေရှင်းရန်အတွက် နဖစ မှနအကခေါင်းဆောင်များအားတာဝန်ပေးအပ်ခဲ့ခြင်းကို ရားဝင်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မွေဝါသည် မိမိအားပေးခဲ့သည့် တာဝန်ကိုမထမ်းဆောင်ပဲ နာဂအချင်းချင်း တိုက်ကြသတ်ကြစေရန်လမ်းစဉ်ကို ဖန်တီး ဆောင်ရွက်လာခဲ့ခြင်းဖြင့် သူ့၏ဘဝသမိုင်းကို ရေးလာခဲ့သည်။ ထို့နောက်တွင် မွေဝါ အီဆက်တို့က ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်းပြီးနောက် ဦးဇာရှေး
ဟွေးရယ် နဖစ သမ္မတက ၁၉၈၄-ခုနှစ်တွင် သုံးကြိမ်တိုင်အောင် ရေးခဲ့သည်။ ပထမ ဩဂုတ်လ(၂၈) ရက်စွဲဖြင့်ရေးခဲ့သောစာထဲတွင်-ခင်ဗျားတို့အားကျနော်စာရေးပို့ခဲ့သည်။သို့သော်ခင်ဗျားတို့ ဆီမှပြန်စာ
 မရခဲ့ပါ။ ယခုတိုင်းပြည်၏ တာဝန်ကို ကျနော်တို့ ထမ်းဆောင်နေသည့်အချိန်တွင် တစ်စုံတစ်ခု မှားယွင်းမှု ကျနော်တို့ပြုမိခဲ့ရင် ကျနော်တို့သည် သမိုင်းတရားခံဖြစ်လာမည်။ ကျနော်သည် နာဂလန်း အခြေခံဥပဒေ မှ သွေဖီသွားခြင်း လုံးဝမရှိပါကြောင်း။သို့ရာတွင် နာဂလန်းဖက်ဒရယ်အစိုးရ၏ လုပ်ဆောင်မှုအပေါ် မမှန်ကန်သောသတင်း လုပ်ကြံသော သတင်းများ ထွက်ပေါ်နေသဖြင့် နားလည်မှုလွဲမှားခြင်းမ ရှိအောင် တင်ပြလိုပါကြောင်း။ထို့ကြောင့် ခင်ဗျားတို့၏ ပြန်စာရရှိပါက ကျနော်တို့၏ စည်းလုံး ညီညွတ်ရေးအတွက် ရှေ့ရှု့ပြီးဆက်လက်၍ အဆက်အသွယ် လုပ်သွားလိုကြောင်းရေးခဲ့သည်။ဒုတိယစာကို အောက်တိုဘာလ (၅) ရက်စွဲဖြင့်ရေးခဲ့သည်မှာဩလ
(၂၈) ရက်မှာ ရေးပို့ခဲ့တဲ့ စာကို ခင်ဗျားတို့ရရှိသလား မရရှိဘူးလား။ ကျတော် ခင်ဗျား တို့ဆီက တုံ့ပြန်စာမရရှိဘူး။ ကျနော်က နိုင်ငံတော်ရဲ့ သမ္မတ တာဝန်ကို ထမ်းဆောင်နေတယ် ဆိုတော့နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရတယ်။  ဒါပေမဲ့ ခင်ဗျားတို့က ရှီလောင်စာချုပ်ဟာ
အိန္ဒိယအစိုးရထံ အလင်းဝင်တဲ့ စာချုပ်ဘဲလို့ကြေငြာလိုက်တာဟာ နာဂတိုင်းပြည်ကိုအသရေပျက်
အောင် လုပ်လိုက်ခြင်းဖြစ်တယ်။ ပြီးတော့ ခင်ဗျားတို့ကိုယ်တိုင်က နာဂနိုင်ငံတော်ရဲ့ ရပ်တည်ချက်မှ သွေဖီပြီးအသစ်ဖွဲ့စည်းခြင်းကိုကြေငြာလိုက်တယ်။ကျနော်ရဲ့ရပ်တည်ချက်ကတော့ နာဂလန်းဖက်ဒရယ် အစိုးရက အလင်းမဝင်ဘူး။ ရှိတယ်။ ပြီးတော့အင်ဒို-နာဂ ပြဿနာကို ဖြေရှင်းဘို့ နာဂအမျိုးသားကောင်စီ လက်ထဲမှာရှိတယ်။ အဓိကအားဖြင့် နာဂအမျိုးသားများရဲ့ စည်းလုံးညီညွတ်ရေးကို ကျနော် ထိန်းသိမ်းနေသည့်အလျောက် ခင်ဗျားတို့ကို ပန်ကြားချင်တာက ဘာမှတွန့်ဆုတ်ခြင်းမရှိဘဲ ဆက်သွယ်ပါ။ ဤကမ္ဘာကြီးလျင်မြန်စွာ ပြောင်းလဲနေတဲ့အချိန်မှာ ကျနော်တို့ နာဂတိုင်းပြည်ကို ခေတ်နောက်ပြန်မဆွဲသင့်ဘူး။ နောင်လာမည့် နာဂမျိုးဆက်တွေက ကျနော်တို့ကို ဆဲရလေအောင်ကျနော်တို့မလုပ်သင့်ဘူး။ ကျေးဇူးပြုပြီးတော့ ခင်ဗျားတို့က နာဂအမျိုးသားများ ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် ဘာလုပ်စေချင်တာလဲ ကျနော်ကိုပြောပါဟု ရေးခဲ့သည်။ (ပထမစာစောင်ကိုလည်း ထည့်သွင်းပေးခဲ့သည်)။ ပြီးတော့ တတိယစာစောင်ကို နိုဝင်ဘာလ (၁)ရက်စွဲဖြင့် ပေးပို့ခဲ့သည်။ ထိုစာစောင်တွင် နာဂအမျိုးသားများအနေဖြင့် မိမိနိုင်ငံ၏ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ရန်နှင့် မည်သူသည် ရန်သူဖြစ်သည်ကို ထင်ရှားစွာ သိရန်လိုအပ်ကြောင်းနှင့် လက်နက်ဖြင့်သာ လွတ်လပ်ရေးကို အရယူပေးနိုင်မည်ဟူ ကြေငြာချက်သည် မှားယွင်းသော ပေါ်လစီ ဖြစ်ကြောင်းကို ရေးသားတင်ပြခဲ့သည်။
ထို့ပြင် နာဂအမျိုးသားကောင်စီ အထွေအထွေအတွင်းရေးမှူး ဦးတိုးဘူ ကေဝီကြူးဆားက
လည်း ၁၉၈၃-ခုနှစ် ဇူလိုင်လ (၉) ရက်စွဲဖြင့် စာတစ်စောင်ရေးခဲ့သည်။ ဦးမွေဝါ နအကအဖွဲ့မှ မိမိဖာသာ  နုတ်ထွက်သွားပြီးနောက် ဦးတိုးဘူအား ၁၉၈၂-ခုနှစ် အောက်တိုဘာလ (၂၈) ရက်တွင် နအကအထွေအထွေအတွင်းရေးမှူးအဖြင့်အရှေ့နာဂနယ်မြေတွင်နအက စည်းအဝေးထိုင်ပြီးရွေးခဲ့
သည်။သူက သူတို့နှစ်ယောက်အား ချစ်ခင်မြတ်နိုးသော အစ်ကိုကြီးများဟု ခေါ်ဝေါ်ပြီးစရေးခဲ့သည်။ အရင်ကရေးခဲ့သော စာများ၏  ပြန်စာမရရှိခဲ့သော်လည်း ညီအစ်ကို အချင်းချင်းကောင်းမွန်စွာ ဆက်ဆံရေးလိုအပ်သောကြောင့် ဆက်လက်ပြီးစာရေးခြင်း ဖြစ်ကြောင်းအစချီပြီး သူ့ကိုယ်သူလည်း ပြန်လည်၍ မိတ်ဆက်ပေးခဲ့သည်။ အကြောင်းမှာ တိုးဘူသည်သူတို့၏ နာမည်ကို ကြားဖူးသော်လည်း သူတို့နှင့်မတွေ့ဆုံကြသေးပါ။ သူ့၏စာမှ အဓိကအရေးကြီးအချက်များကို အောက်ပါအတိုင်း ဆီလျော်သလို အဓိပွယ်ပြန်ပြီး ကောက်နုတ်တင်ပြပါသည်။
ယခုလက်ရှိ နိုင်ငံရေးအယူအဆကွဲပြားမှုဟာ လွန်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့်ဖြစ်တယ်
လို့ဆိုနေပေမဲ့ ဒီဟာတွေဟာ ခင်ဗျားတို့ရဲ့လက်ထဲမှာရှိတယ်။ ဒါကြောင့် ကျနော်တို့အကြား နားလည်
မှုကို ကောင်းမွန်စွာ ပြန်လည်၍ တည်ဆောက်နိုင်အောင် အချို့သောအဖြစ်အပျက်ကို ကျနော်ရှင်းပြလိုပါတယ်။ ကျနော့် အနေနှင့်သိထားတာက ၁၉၇၅-ခုနှစ်မှာ သူပုန်ကိုယ်စားလှယ် နာမည်ခံပြီးထိုးခဲ့တဲ့ ရှီလောင်စာချုပ်ရဲ့ အဓိပါယ်ဖွင့်ဆိုချက်အပေါ်မှာကျနော်တို့ရဲ့ သဘောကွဲလွဲမှုဟာ အခြေခံဖြစ်တယ်လို့ ယူဆတယ်။ အဲဒါဟာ ရှင်းပါတယ်။ တကယ်လို့ နအက သော်လည်းကောင်း နဖစ သော်လည်းကောင်း ရှီလောင်စာချုပ်ကို လက်ခံခဲ့တယ်ဆိုရင် ဖျက်သိမ်းပစ်ပြီးတော့ နာဂပြည်သူများအနေဖြင့် နာဂနိုင်ငံတော်ရဲ့ လွတ်လပ်ရေးကို ဆက်လက်၍ကာ
ကွယ်သွားနိုင်ဖို့ အဖွဲ့စည်းသစ်တစ်ခုကို ဖွဲ့စည်းပေးပြီး လမ်းစဖွင့်ပေးရမှာဘဲ။ ထိုအချိန်မှာ နအက အထွေအထွေအတွင်းရေးမှူးနှင့် နအက ဒုတိယ ဥက္ကဌဟာ ခင်ဗျားတို့ မွေဝါ နှင့် အီဆက်တို့ ဖြစ်ခဲ့ကြ
တယ်။ ဒါကြောင့် နာဂအမျိုးသားညီလာခံကို ခေါ်ယူပြီး နအက နှင့် နဖစကို တရားဝင်ဖျက်သိမ်းဖို့ ခင်ဗျားတို့မှာ အာဏာအပြည့်အဝ ရှိခဲ့တယ်။ ဒါပေမဲ့ ကျနော် အံ့ဩတာကခင်ဗျားတို့က ရှီလောင်စာချုပ် ရှု့ချကြောင်း အော်နေခဲ့ပေမဲ့ ခင်ဗျားတို့ ဘာမှလည်း မလုပ်ခဲ့ကြဘူး။ ဒါကြောင့် ခင်ဗျားတို့ရဲ့ အပြစ်တင်ပုတ်ခတ်ချက်တွေဟာ တံတားအောက်မှာ ရေစီးသွားသလိုသာဖြစ်ပြီး ဘာအချက်ကိုမှ အခြေခံထားပြီး အမှုတင်နိုင်စရာမရှိဘူး။ပြီးတော့ တစ်ဘက်မှာကြည့်မယ်ဆိုရင် အဲဒီ ရှီလောင်စာချုပ်ထဲမှာ နအက နှင့် နဖစ အမည်မပါတာဟာ ရှင်းပါတယ်။ ထိုစာချုပ်မှာ ဆိုင်းထိုးခဲ့တဲ့ ပုဂ္ဂိုလ် ငါးယောက်ကသူပုန်အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ် အဖြစ်နဲ့သာ ဆိုင်းထိုးခဲ့ပါတယ်။ သူပုန် အဖွဲ့အစည်း ဆိုတာဘယ်ဟာမျိုးကို ခေါ်သလဲဆိုတာ လူတိုင်းမှန်းဆနိုင်ပါတယ်။ဒါကြောင့် သဘာဝအရဒီစာချုပ်ဟာ ဘာမှလည်း ခိုင်လုံမှု မရှိဘူး။ ခိုင်လုံတဲ့ အကြောင်းတရားမရှိရင် ဥပဒေအရ
ဒါဟာ သူ့ဟာသူ တရားမဝင် ဖြစ်သွားတယ်။ နာဂလန်းရဲ့ အခြေခံဥပဒေ ပုဒ်မ ၁၄၃ နှင့် ၁၄၄ အရ ဆိုရင်-နာဂအမျိုးသား ကောင်စီဟာ နာဂလန်းရဲ့ တစ်ခုတည်းသော အသိအမှတ်ပြု နိုင်ငံရေး အဖွဲ့ချုပ်ဖြစ်တယ်။နာဂအမျိုးသားကောင်စီဟာ အောက်ပါမူကို အခြေခံပြီး ဆောင်ရွက်လုပ်ကိုင်မယ်။
       (၁) နာဂအမျိုးသားကောင်စီ ဗဟို အလုပ်အမှုဆောင်ကော်မတီသည် နိုင်ငံရေး ပေါ်လစီနှင့်           နိုင်ငံတော်၏ ဆုံးဖြတ်ချက်များအား လမ်းညွန်ထိန်းသိမ်းမည်။
       (၂)  ခရိုင်နှင့် ဒေသကော်မတီများက  ထိုဒေသ၏ လုပ်ကိုင်ဆောင်ရွက်မှုတို့ကို  ကြီးကြပ်
         ဆောင်ရွက်မည်။
ထို့ပြင် ၁၉၁၈-ခုနှစ် မှစ၍ ထုံးတမ်းအစဉ်အလာ ဖြစ်လာခဲ့သည့်အတိုင်း အဓိကအရေးကြီး
သော နိုင်ငံရေးတွင် နအကသာလျှင်ဆုံးဖြတ်ရပြီး နဖစ မှ ပြောဆိုပိုင်ခွင့် လုံးဝမရှိပါ။ရှီလောင်စာချုပ် ဆိုင်းထိုးခဲ့သော အချိန်ဗဟိုမှာ နိုင်ငံရေးအာဏာဟာ နအကခေါင်းဆောင် ခြောက်ဦးပေါ်မှာသာတည်ရှိခဲ့တယ်။ သူတို့မှာ ဖီဇို- ဥက္ကဌ၊ အင်ကုန်မရေန်-ဒုဥက္ကဌ (ထိုအချိန်တွင် ထောင်နန်းစံခဲ့သူ)။ မွေဝါ အထွေထွေအတွင်းရေးမှူး၊ အီဆက်၊ ခူဒေါင်၊ယောင်းကုန်၊ ဗဟိုအမှုဆောင် အဖွဲ့ဝင်များတို့ ဖြစ်ခဲ့ကြတယ်။ သူတို့ခြောက်ဦး တစ်ယောက်မှဆိုင်းမထိုးခဲ့သည့်အပြင် သူတို့ကအာဏာအပ်နှင်း၍ ဆိုင်းထိုးခဲ့ခြင်းလည်း မဟုတ်ဘူး။ ဒါကြောင့် ဒီစာချုပ်ဟာအလကားပဲ။ ထပ်တလဲလဲ ပြောနေစရာ မလိုဘူး။ ကျနော်ရဲ့ အမြင်အရဆိုရင် ကျနော်တို့ အဲဒီစာချုပ်ကို လစ်လျူရှု့ ထားရမယ်။ ကျနော်တို့များသောအားဖြင့် ခင်ဗျားတို့နှစ်ယောက်က ဆက်လက်ပြီး နအက ဒု-ဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်လာခဲ့တဲ့အတွက် အများကြီးဝမ်းသာခဲ့ကြတယ်။
ဒါပေမဲ့  ဒီမှာ ၁၉၈ဝ-ခုနှစ် ဇန္နဝါရီလ (၃၁) ရက်မှာ ခင်ဗျားတို့ ထုတ်ပြန်ကြေငြာချက်အပေါ် ကျနော်အနည်းငယ် ထောက်ပြချင်တယ်။  “နာဂအမျိုးသားကောင်စီရှု့ပြီ။ ပြည်သူလူထုက ယုံကြည်အပ်နှင်းထားတဲ့ တိုင်းပြည်တာဝန်ကို မထမ်းဆောင်နိုင်တော့ပါ။ ထိုသို့ နအကသည် အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီ ဖြစ်သောကြောင့် အဘယ်အဖွဲ့အစည်းသည်တိုင်းပြည်၏ လွတ်လပ်ရေးကို ကာကွယ်မည်နည်း။ ကျနော်တို့သည် တိုင်းပြည်ကို ချစ်သောတော်လှန်ရေးသမားတွေဖြစ်ကြသည။် ထို့ကြောင့်နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၏ရပ်တည်ချက်ကို ကျနော်တို့ကြေငြာပါကြောင်း” စသည်ဖြင့် ခင်ဗျားတို့က ကြေငြာခဲ့တယ်။ ခင်ဗျားတို့ရဲ့ောကငြာချက်နှင့် ပတ်သက်ပြီး ကျနော်မေးလိုချင်တာက- အဲဒီအချိန်မှာ နအကရဲ့ တာဝန်ကို ဘယ်သူတွေက ထမ်းဆောင်ခဲ့သလဲ။ ဥက္ကဌကြီးဖီဇိုက အဖိုးကြီးဖြစ်ပြီးလန်ဒန်မှာ ရှိနေခဲ့တယ်။ ဒု-ဥက္ကဌ ကလည်းထောင်ထဲမှာ ရှိနေခဲ့တယ်။။ ဒါကြောင့် နအကရဲ့တာဝန် အားလုံးဟာ ခင်ဗျားတို့နှစ်ယောက် အီဆက် နှင့် မွေဝါတို့ အပေါ်မှာသာတည်ရှိခဲ့တယ် မဟုတ်လား။ အဲဒီလိုနဲ့ဆိုရင် ခင်ဗျားတို့ရဲ့ ကြေငြာချက်ဟာ ခင်ဗျားတို့ ကိုယ်တိုင်ရှု့ခဲ့တယ်လို့ ပြောနေတာပဲ မဟုတ်ဘူးလား။ ၁၉၇၈-ခုနှစ် မေလ (၁၁) မှ (၁၂) ရက်အထိ ခွန်းနူးမားရွာမှာ ပြုလုပ်ခဲ့တဲ့ နအက အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို ခင်ဗျားတို့ ရရှိခဲ့မှာပါ။ အဲဒီအစည်းအဝေးမှာ ကျနော်က အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့တယ်။ ထိုအစည်းအဝေးမှာ ကျနော်တို့ ရှီလောင်စာချုပ်ကို တမင်သက်သက် လစ်လျူရှု့ခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အင်ဒို-နာဂ ပြဿနာမှာ အိန္ဒိယအစိုးရ နှင့် နအက ကြားမှာ ဆိုင်းထိုးခဲ့တဲ့စာချုပ်ဆိုဒါ ၁၉၄၇-ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ အချက်(၉) ချက် အက်ဘာဟိုင်ဒါရီက အိန္ဒိယအစိုးရ ကိုယ်စားလှယ် အဖြစ် ဆိုင်းထိုးခဲ့တဲ့ စာချုပ်သာ
ရှိခဲ့ကြောင်းကို ပေါ်လွင်စေခဲ့တယ်။ တချိန်မှာ ခင်ဗျားတို့က အရှေ့ ပိုင်းနာဂနယ်မြေ အားလုံးကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ခင်ဗျားတို့ရဲ့အရှိန်အဝါကောင်းလာနေတဲ့အချိန်မှာ ခင်ဗျားတို့နှစ်ယောက် နာဂအမျိုးသား ကောင်စီကနေ နုတ်ထွက်သွားကြပြီး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီကိုထူထောင်
လိုက်ကြတယ်။ ပြီးတော့ နာဂပြည်သူ့သမ္မတ အစိုးရကိုလည်း ၁၉၈ဝ-ဖေဖေါ်ရီလ(၂) ရက်မှာ ဖွဲ့စည်းလာခဲ့ကြတယ်။ ကျနော်တို့ နာဂနိုင်ငံဟာ အစိုးရနှစ်ခု ထားနိုင်လောက်အောင် ကြီးမားတာမဟုတ်ဘူး။ ပြီးတော့ ကျနော်တို့ရဲ့ အရေးဟာ ပါတီနိုင်ငံရေးနဲ့ မဆိုင်ဘူး။ဒါပေမဲ့ ခင်ဗျားတို့ ခုမှဖွဲ့စည်းလာတဲ့ပါတီသစ်က အဖွဲ့အစည်းအဟောင်းကို ကြီးကြီးကျယ်ကျယ် တိုက်လာတော့ လန်းနုတ်မှာ ခင်ဗျားတို့ရဲ့ စခန်းကို ကျနော်တို့ ရဲဘော်တွေက ၁၉၈ဝ- စက်တင်ဘာလ (၂၇) ရက်မှာ အလစ်ဝင်တိုက်ခဲ့တယ်။  ခင်ဗျားတို့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထုန်းဘော် အပါအဝင် ရဲဘော်အများ ကျဆုံးခဲ့တယ်။ ဒါဟာ ကျနော်တို့အတွက်အောင်မြင်မှု မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ အဖွဲ့အစည်းသစ်ကို ပယ်ချတယ်ဆိုတဲ့ အဓိပါယ်သာဖြစ်ခဲ့တယ်။ အဲဒီလို အရူးအလုပ် အတွက်ဘာအမြတ်ရမလဲ။ ကျနော်တို့ ညီအစ်ကိုကြားမှာအသိဥာဏ်ကင်းမဲ့စွာနဲ့ ဆက်လက် သတ်ဖြတ်သွားကြမလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျနော်တို့ရဲ့ရဲဘော်တွေက P.L.A. အဖွဲ့ကို ခင်ဗျားတိုရဲ့ ရဲဘော်တွေလား
လို့ သွားတိုက်တော့ သူတို့သုံးယောက်သေသွားတာ ခင်ဗျားတို့သိသလား။ အိန္ဒိယနှင့် ဗမာအစိုးရက ကျနော်တို့အချင်းချင်း တိုက်ကြတာကို ဘော်လုံးပွဲကြည့်သလို ပျော်နေကြ တယ်။ အိန္ဒိယလူမျိုးတွေက ကျနော်တို့ကို ရယ်မောနေကြတယ်ဆိုတာ ခင်ဗျားတို့ သိသလား။ တဘက်မှာ ခင်ဗျားတို့ရဲ့ ဆိုရှယ်လစ်မူကို ထုတ်ပြန်ဖို့ အကြောင်းခံ အချက်တွေဘာမှလည်းမရှိဘူး။ မူဝါဒတစ်ခုပေါ် ထွန်းလာ
ဖို့က အောက်ခြေမှ စတင်လာရမယ်။ သွေးနဲ့ချွေးနဲ့ အလုပ်လုပ်တဲ့လယ်သမားတွေ။ စက်ရုံအလုပ်ရုံသမား၊ အတွေးအခေါ်ရှိတဲ့ ကျောင်းသားတွေနဲ့ အမျှော်အမြင်ရှိတဲ့လူကြီးတွေကနေ စလာရမယ်။ ခင်ဗျားတို့ ဝေးလံတဲ့ တောတွင်း တစ်နေရာမှာနေပြီး ရေးလိုက်တဲ့ ဆိုရှယ်လစ်မူဟာ မှန်ကန်တယ် ပြည်သူတွေက လက်ခံလိမ့်မယ်လို့ လွယ်လွယ်လေး မထင်နဲ့ ကျနော်တို့ရဲ့ ပြည်သူတွေက ထုံးတမ်းစဉ်လာ ကျင့်သုံးလာခဲ့တဲ့ မူမှာပဲ အမြစ်တွယ်တယ်။ သိကြတယ်။ ဒါဟာနာဂရဲ့ မူဝါဒဖြစ်တယ်။ ဒါကြောင့် ဆိုရှယ်လစ်မူဝါဒ ဆိုတာကို သူတို့နားမလည်ဘူး။ ပြီးတော့ ပညာတတ်တွေ
လယ်အလုပ်သမားတွေ အဖို့ကတော့ ဆိုရှယ်လစ်မူဆိုတာ နေ့တိုင်းပြောနေကြ ဖတ်နေကြ စာရွက်အစ
အန တစ်မျိုးသာဖြစ်တယ်။ ဖတ်ပြီးတော့ ပစ်သွားတယ် မေ့သွားကြဒါပါဘဲ။ကျနော်ပြောချင်တာက
တော့ခင်ဗျားတို့နှစ်ယောက်(အီဆက်-မွေဝါ)ကခေါင်းဆောင်နိုင်စွမ်းရှိတယ်။ဒါပေမဲ့ သဘောတရား
(မူဝါဒ) ပညာရှင်တွေ မဟုတ်ကြဘူး။ ဒါကြောင့် နာဂလူမျိုးများအတွက် ခင်ဗျားတို့ ထုတ်ပြန်တဲ့မူဝါဒဟာ အရှုံးနဲ့ ရင်ဆိုင်ဖို့ဘဲရှိတယ်။ တချို့တလေမှလွဲလို့ မူဝါဒပညာရှင်တွေဟာ ခေါင်းဆောင်နိုင်စွမ်းမရှိသလို ခေါင်းဆောင်တွေလည်း မူဝါဒပညာရှင် ဖြစ်မလာဘူး။ ကျနော်တင်ပြချင်တဲ့ အဓိကအချက်ကျ နော်တို့ရဲ့ ထုံးတမ်းစဉ်လာ မူဝါဒကို လွယ်လွယ်လေးနဲ့ ပယ်ဖျက်လို့မရဘူး။ ပြီးတော့နာဂအမျိုးသားရေးကို တခြားမူဝါဒအရေးနှင့် သွားရောလိုဏ္ဍမရဘူးဆိုတာ
ပါပဲ။ကျနော် ခင်ဗျားတို့ စိတ်မကြည်ဖြူစရာ အများကြီးရေးတဲ့အတွက် ကျနော်ကိုခွင့်လွတ်ပါ။ဒါပေမဲ့ ခုလိုအရေးကြီးတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ ညီအစ်ကို အချင်းချင်းဟာ ကိုယ့်ရဲ့ ခံစားချက်ကိုမဖုံးမကွယ်ဘဲပွင့်ပွင့်လင်းလင်းပြောကြဖို့လိုတယ်လို့ခံယူတယ်။ထူးချွန်ပြောင်မြောက်ခဲ့တဲ့ဗိုလ်ချုပ်တွေဟာ တိုင်းပြည်တာဝန်မှ ရပ်နားသွားတဲ့စာရင်းထဲမှာ ရောက်နေပြီ။သူတို့ နားသွားကြပြီး လစ်လပ်သွားတဲ့ ခေါင်းဆောင်မှုဟာကွက်ကို ပြန်ဖြည့်ဖို့က ခင်ဗျားတို့လို အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်လာခဲ့ပြီး  အတွေ့အကြုံမြောက်များစွာ ရှိပြီဖြစ်တဲ့ ခေါင်းဆောင်တွေမဟုတ်ရင် ဘယ်သူရှိမလဲ။
ခင်ဗျားတို့ နှစ်ယောက်စလုံး ပြည်သူလူထုက နာဂအမျိုးသားကောင်စီကို အပ်နှင်းတဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးပြီး တိုင်းပြည်တာဝန်ကို မမိတ်မသုန် ထမ်းဆောင်လာခဲ့ကြတယ်။ ပြည်သူတွေက ပေးတဲ့လုပ်ပိုင်ခွင့် အာဏာ (Mandate) ဆိုတာ လူတစ်ယောက်က ကြိုက်သလို သုံးလို့ရတဲ့ ကိုယ်ပိုင်ပစ္စည်း မဟုတ်ဘူး။ ခင်ဗျားတို့ နှစ်ယောက်ကို ပြည်သူတွေပေးခဲ့တဲ့ လုပ်ပိုင်ခွင့်အာဏာဟာ နာဂအမျိုးသားကောင်စီရဲ့ စင်မြင့်ဘောင် အတွင်းမှာသာဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ နအက စင်မြင့်ကနေ ထွက်သွားတဲ့အခါ ပြည်သူတွေပေးထားတဲ့ အာဏာဘောင်ကနေ ထွက်သွားခဲ့ခြင်း ဖြစ်တယ်။တကယ်လို့ ခင်ဗျားတို့က နာဂအမျိုးသားကောင်စီမှာ ပြန်လာပြီးတာဝန်ကို မထမ်းဆောင်တော့ဘူးဆိုရင် ခင်ဗျားတို့လောက် အရည်အချင်းမရှိတဲ့လူတွေကလည်း နာဂအသားမျိုး
ကောင်စီရဲ့ တာဝန်ဝတ္တရားကို ထမ်းဆောင်ရတော့မှာ ဖြစ်တယ်။ကျနော်ရဲ့ မစ်ရှင်(Mission) ကတော့ နာဂအမျိုးသားသွေးစည်းညီညွတ်မှုကိုတည်ဆောက်ဖို့ဖြစ်တယ်။ဒါကြောင့်ကျနော်ခင်ဗျားတို့နှစ်ယောက်ကိုပန်ကြားလိုတာကခင်ဗျားတို့အပေါ်မှာပြည်သူတွေထားရှိတဲ့ယုံကြည်မှုကို နာဂအမျိုးသားကောင်စီကို
ပြန်လည်၍ ဦးစီးဦးဆောင်ပြုလာခြင်းအားဖြင့် ပြန်လည်ခံယူပါ။ ကျနော်ကတော့ မွေဝါကိုအစ်ကိုလို လေးစားတဲ့အနေနဲ့ လက်ရှိ အထွေထွေအတွင်းရေးမှူး ရာထူးကနေ ဆင်းပေးဖို့အဆင့်သင့် ဖြစ်ပါတယ်။ ကျနော့်အကြံပြုချက် အားလုံးကို ခင်ဗျားတို့ လက်မခံနိုင်ဘူးဆိုရင်လည်း ကျေးဇူးပြု၍ ခင်ဗျားတို့ဘက်မှ တန်ပြန်အကြံပြု တင်ပြစေလိုပါတယ်။ အချင်းချင်း ကျည်ဆန်နဲ့ပစ်ကြမည့်အစား ဘုရားသခင်ရဲ့ နာမတော်နဲ့ စကား ဘယ်လောက်ပဲ ကြမ်းကြမ်း စကားနဲ့သာဖလှယ်ပြောဆိုကြပါစို့ ဟူ၍ ဦးတိုးဘူကတိုက်တွန်းခဲ့သည်။(သူ.မူရင်းစာကိုNagalandand Th.Muivah’s terrorist activities အုပ်အဆုံးပိုင်းတွင် တွေ့ရှိနိုင်သည်။)
ထို့နောက် ၁၉၈၄-ခုနှစ် ဒီဇင်ဘာ (၄) ရက်တွင်လည်း ထပ်မံ၍ ရေးပို့ခဲ့သည်။ ထိုစာထဲတွင်(၁)
နာဂလန်းသည်လွတ်လပ်သောနိုင်ငံဖြစ်သည်။(၂)နာဂအမျိုးသားကောင်စီသည်နိုင်ငံတော်မှအတည်ပြုသည့် တစ်ခုတည်းသော နာဂနိုင်ငံရေး အဖွဲ့ချုပ်ဖြစ်သည်။ (၃) နာဂလန်း၏ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရမည်။ (၄) နာဂလန်း၏ အခြေခံဥပဒေကို ကာကွယ်ရမည်ဟု လိုရင်းကိုအတိုချုံးရေးခဲ့သည်။ ထိုအချက်များကိုလက်ခံနိုင်ပါက နအက နှင့် ပြန်လည်ပေါင်းစည်း၍ တိုင်းပြည်ကိုခေါင်းဆောင်ရန်သူတို့
နှစ်ယောက်အားထပ်မံ၍ ဖိတ်ခေါ်ခဲ့သည်။ဦးတိုးဘူသည် (BA.LLB) ဥပဒေပညာရှင်ပီပီ ရှီလောင်စာချုပ် တရားမဝင်ကြောင်းကို ဥပဒေရှုထောင့်မှ ကောင်းမွန်စွာ တင်ပြခဲ့သည်သာမက နာဂအမျိုးသားရေးမှာ
လည်း အမျှော်အမြင်ရှိရှိတင်ပြခဲ့သည်။ သို့သော် ဦးတိုးဘူ၏ တင်ပြချက် အကြံပြုချက်ကိုနုတ်ဖြင့်သော်
လည်းကောင်း စာဖြင့်သော်လည်းကောင်း မတုန့်ပြန်ပဲ ကျည်ဆန်ဖြင့် တုန့်ပြန်ခဲ့သဖြင့်  ဦးတိုးဘူ အသက်ဆုံးသွားခဲ့ရှာသည်။ ၁၉၉ဝ-ခုနှစ်တွင်လည်းမှားယွင်းခဲ့မှုများအတွက် အချင်းချင်းခွင့်လွတ်
ကြောင်းဘုရားသခင်၏ ရှေ့မှောက်တွင် ကြေငြာကြပြီး ပြန်လည်ပေါင်းစည်းရေးအတွက် နာဂလန်းဖက်
ဒရယ်အစိုးရမှ နာဂညီအစ်ကိုများ အားလုံးအားဖိတ်ခေါ်ပြီး နိုဝင်ဘာလ (၁၆ မှ၁၈)ရက်အထိ ကျေဒေးမား ငြိမ်းချမ်းရေးစခန်းတွင် ဆုတောင်းဝတ်ပြုပွဲ ကျင်းပခဲ့သည်။ ထိုဆုတောင်းဝတ်ပြုပွဲကို Rev.Vitokho အား ဦးစီးဦးဆောင်စေခဲ့သည်။ သို့သော်အီဆက်-မွေဝါအဖွဲ့နှင့် ခပ်လန်တို့အဖွဲ့မှ တရားဝင်ကိုယ်စားလှယ်များ စေလွတ်ခဲ့ခြင်းမရှိပါ။ သို့ဖြစ်သော်ငြားလည်း နာဂလန်းဖက်ဒရယ်အစိုးရ သမ္မတမှ နာဂဖက်ဒရယ်အစိုးရနှင့်နာဂအမျိုးသားကောင်စီ အပေါ် အချို့သော နာဂညီအစ်ကိုများက မှားယွင်းကျူးလွန်ခဲ့သောပြစ်မှုအားလုံးကို ခွင့်လွတ်ပါကြောင်း ကြေငြာခဲ့သည်။Rev.Vitokho က တစ်ကြိမ်မကနှစ်ကြိမ်ကြေငြာရန် တိုက်တွန်းသဖြင့် နှစ်ကြိမ် ကြေငြာခဲ့သည်။ သို့သော် ထိုကြေငြာချက်အားလည်း အီဆက်-မွေဝါအဖွဲ့တို့က ကျည်ဆန်ဖြင့်သာ တုန့်ပြန်ခဲ့သည်။ ထိုဆုတောင်း
ဝတ်ပြုပွဲအပြီး နိုဝင်ဘာလ (၂၇)ရက်မှစပြီး ဦးခပ်လန်အဖွဲ့နှင့် ဆွေးနွေးရန် ကျွန်တော်က ဦးဆောင်ပြီး ကွီဟီးမားမြို့မှ ထွက်လာခဲ့သည်။ ကျွန်တော်နှင့် အတူ လွတ်ခဲ့သူများမှာ နအက ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦး Ku-o အန်ဂါမီနှင့် ဦး I.Toshi အာအူ တို့ဖြစ်ကြသည်။ ဦးခပ်လန်က မွေဝါ အီဆက်တို့နှင့် လမ်းခွဲသွားပြီးနောက်ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် လူထုခေါင်း
ဆောင်၊ ကျောင်းသား ခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ နာဂအမျိုးသားခေါင်းဆောင် မည်သူနှင့်မဆို တွေ့ဆုံဆွေးနွေးမည်ဟုကြေညာထားသောကြောင့် သူနှင့်တွေ့ဆုံဆွေးနွေးရန် ကျွန်တော်ရဲတင်းစွာ ဆုံးဖြတ်ခဲ့သည်။ သူ့၏ဗဟိုစခန်းထိန်ပါသို့ ၁၉၉၁-ခုနှစ် ဇန္နဝါရီလ (၆)ရက်တွင် ရောက်သွားခဲ့သည်။ ကျွန်တော်သူ့အား ပြောခဲ့သည်မှာ- နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ဖွဲ့စည်း
တွက် သဘောတူညီချက် တစုံတရာ မရရှိခဲ့သော်လည်း အချင်းချင်းမပစ်ကြရန်ဇန္နဝါရီလ(၁ဝ)ရက်တွင်
သဘောတူလက်မှတ်ရေးထိုးပြီးပြန်လာခဲ့ကြသည်။ထို့နောက်လည်းနအကဖက်မှတစ်ဖွဲ့ပြီးတစ်ဖွဲ့လွတ်ကာ ဦးခပ်လန်အဖွဲ့နှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ဆွေးနွေးခဲ့သည်။ သို့သော်မအောင်မြင်ခဲ့ပါ။ သူတို့မှာလက်နက်အားကောင်း အဖွဲ့အားကောင်းသဖြင့် ကျွန်တော်တို့ ပြောသမျှ သဲမြေကျ ဖြစ်ခဲ့သည်။
အမှန်ကို မစဉ်းစားဘဲ ကျွန်တော်တို့ ထက် သူတို့အင်အားသာသည် ဆိုသည်ကိုသာမြင်ခဲ့သည်။ ထို့နောက် နှစ်ပေါင်း(၁ဝ)ကြာမှ ၂ဝဝဝ-ခုနှစ် စက်တင်ဘာလတွင် ကျွန်တော်သူ့(ခပ်လန်)ဆီ ပြန်သွားခဲ့သည်။ ဤတခါတွင် အာသန် အာရူနာကျာကိုဖြတ်ပြီး သူ့၏ လားဟောင်စခန်းသို့ စက်တင်ဘာ (၁၈)ရက်တွင်ရောက်သွားခဲ့သည်။ ဤတခါတွင်လည်း နအဆက ဖွဲ့စည်းဒါဟာ မွေဝါရဲ့ ပေါ်လစီဘဲလို့ ကြေငြာပြီး ပြန်လည်ပေါင်းစည်းဖို့လုပ်ပါဟု ထပ်မံပြောခဲ့သည်။ ထိုအခါ Koikhip နှင့် ကျွန်တော်တို့ နှစ်ယောက်လည်း ဒီလိုစဉ်းစားတယ်ဟု ပြောခဲ့သည်။ ကျွန်တော် ဆယ်နှစ်ကြာမှ ခင်ဗျားဆီပြန်ရောက်လာနိုင်တယ်။ ဒါဟာကြီးမားတဲ့ အသက်အန္တရာယ် အမျိုးမျိုးကိုကျော်ဖြတ်ပြီး ကိုယ့်အသက်ကိုစွန့်ပြီးတော့လာရခြင်းဖြစ်တယ်။ကျွန်တော်တို့နှစ်ယောက်၁၉၉၁-ခုနှစ်မှာ အချင်းချင်း
မပစ်ခတ်ကြဖို့သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့လို့လူ့အသက်ပေါင်းမြောက်များစွာ ဆုံးရှုံးမည့်ဟာကို
ကာကွယ်နိုင်ခဲ့တယ်။ ခုလည်း ပြန်လည်ပေါင်းစည်းဖို့ ခြေလှမ်းတစ်ခု ယူနိုင်မယ်ဆိုရင် ကျွန်တော်တို့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမည့်ဟာကို ကာကွယ်နိုင်ဦးမယ်။ ခင်ဗျား နအကနှင့် မပေါင်းဘဲ အီဆက်-မွေဝါအဖွဲ့ကိုတိုက်ရင်လည်းသူတို့ကုန်မှာမဟုတ်ဘူး။သူတို့တိုက်လို့ ခင်ဗျားတို့အဖွဲ့လည်း လွယ်လွယ်နဲ့ ကုန်မှာမဟုတ်ဘူး။ လူ့ အသက်ဘဲ ဆုံးရှုံးမယ်။ဒါပေမဲ့ ခင်ဗျား နအက နှင့် ပေါင်းပြီဆိုရင် မွေဝါတို့အဖွဲ့က သူ့ဟာသူ အလိုလိုပျောက်သွားလိမ့်မယ်။ တကယ်လို့ ခင်ဗျားက နအက နှင့်ပေါင်းဖို့ မူအရ သဘောတူ ပြီးဆိုရင်ကျွန်တော်မပြန်တော့ဘဲနဲ့ ခင်ဗျားတို့နှင့် အတူနေပြီး ကျွန်တော်တို့ ဟိုင်းမြေ ရဲဘော်နှင့်ကော်ညတ်တွေကို ကျွန်တော်တို့ ပြန်လည်ပေါင်းစည်းရေး အတွက်စည်းရုံးမယ်။ အားလုံးကသဘောတူပြီဆိုရင်မွန်မြို့မှာ ဘဲဖြစ်ဖြစ် အဲဒီတဝိုက် တစ်နေရာမှာဘဲဖြစ်ဖြစ် နာဂအမျိုးသား
လူထုအစည်းအဝေး ခေါ်ပြီးတော့ နာဂအမျိုးသားကောင်စီနှင့် ပြန်လည်ပေါင်းပြီး ဖြစ်ကြောင်းကိုတရား ဝင်ကြေငြာမယ်ဟုတင်ပြခဲ့သည်။ ဦးခပ်လန်ဘာမှမပြောခဲ့ပါ။ထိုအခါ ကျွန်တော်ကဆက်ပြီးပြောခဲ့သည်
မှာ-နအဆကမွေဝါအဖွဲ့ကနိုင်ငံအရရှုံးပြီ။သူတို့ရှုံးဒါကခင်ဗျားရှုံးဒါနဲ့အတူတူဘဲ။ ဘာဖြစ်လို့လည်းဆို
တော့ခင်ဗျားတို့နှစ်ဖွဲ့ ဖြစ်နေပေမဲ့နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကအတူတူဘဲ။ဒါကြောင့် အီဆက်-မွေဝါ ရှုံးတယ်ဆိုတာ နအဆက ရှုံးဒါဘဲ။ သူတို့နှစ်ယောက်ရှုံးရင်လည်း ခင်ဗျားမှာအောင်မြင်ဖို့ တိကျမှန်ကန်တဲ့လမ်းစဉ် ရှိတယ်ဆိုရင်ပြောပါ။ ကျွန်တော်ခင်ဗျားနှင့် ပေါင်းပြီးလုပ်မယ်။ ဒါမှမဟုတ် ခင်ဗျား နအက(NNC) နှင့် မပေါင်းနိုင်တာက ဘာကြောင့်လည်းဆိုတာ ပြောပါဟု ပြောခဲ့သည်။ ထိုအခါ ဦးခပ်လန်ပြောခဲ့သည်မှာ- ခင်ဗျားတို့က ၁၉၄၇-ခုနှစ် ဩဂုတ်လ (၁၄) ရက်မှာ လွတ်လပ်ရေးရခဲ့တယ်
လို့ လွတ်လပ်ရေးပွဲကျင်းပနေတာကို ကျွန်တော်လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့။ အဲဒါဟာ ဗြိတိသျှဆီက လွတ်လပ်ရေးရခဲ့တယ်လို့ လွပ်လပ်ရေးပွဲကျင်းပနေခြင်းဖြစ်တယ်။ ကျွန်တော်တို့ Free နာဂက ဗြိတိသျှလက်အောက် မှာ မကျရောက်ခဲ့ဘူး။ လွတ်လပ်တဲ့ (FREE) နာဂဘဲ။ ဒါကြောင့် ကျွန်တော်တို့ကနောက်မှာ ကမ္ဘာကကျွန်တော်တို့ရဲ့လွတ်လပ်ရေးကို အသိအမှတ်ပြုတဲ့ ရက်ကိုဘဲယူ မယ်။ ခုနအက တို့ရဲ့လွတ်လပ်ရေးနေ့ကို မယူဘူး။ ဒုတိယအချက်အနေနဲ့ ပြောမယ်ဆိုရင်- နာဂဖက်ဒရယ်အစိုးရဖွဲ့စည်းတဲ့အခါမှာ ကျွန်တော်တို့အရှေ့နာဂမပါဘူး။ ဒါကြောင့် ဖက်ဒရယ်အစိုးရဘဲ ဖြစ်ရမယ်ဆိုတာကို လက်မခံနိုင်ဘူး။ အစိုးရနာမည်ဆိုတာ ကျွန်တော်တို့အားလုံး သဘောတူပြီ ဆိုရင်
ကျောက်ခဲဘဲ ခေါ်ခေါ် သစ်ပင်ဘဲခေါ်ခေါ် ရတယ်။  တတိယအချက်မှာ- နာဂလန်းဆိုဒါခုလက်ရှိ နာဂလန်းပြည်နယ်ကိုဘဲ ခေါ်နေခြင်းဖြစ်တယ်။ ဒါကြောင့် နာဂတမျိုးသားခြုံငုံပြီးခေါ်တဲ့ နာမည်ဖြစ်ရမယ်ဟု ပြောခဲ့သည်။
ကျွန်တော်ပြောခဲ့သည်မှာ- ခုကျွန်တော်တို့ကျင်းပနေတဲ့ လွတ်လပ်ရေးပွဲဟာဗြိတိသျှဆီက
လွတ်လပ်ရခဲ့တယ်ဆိုတဲ့ပွဲ မဟုတ်ဘူး။ ကျွန်တော်တို့ နာဂတမျိုးသားလုံးဟာ ဗြိတိသျှလက်အောက်
ခံအဖြစ် စာချုပ်စာတမ်းမရှိခဲ့ဘူး။ ဒါကြောင့် ဗြိတိသျှတို့က နာဂတွေကိုလွတ်လပ်ရေးပေးပြီလို့ ကြေငြာစရာမရှိဘူး။ ပြီးတော့ နာဂတွေအနေနဲ့လည်း ဖိုးဖွားစဉ်ဆက်လွပ်လပ်တဲ့လူမျိုးဆိုတော့ လွတ်လပ်ရေးကြေငြာစရာလည်း မလိုခဲ့ဘူး။ ဒါပေမဲ့ ထိုအချိန်အခါကမ္ဘာကြီးအပြောင်းအလဲ ဖြစ်လာခဲ့တဲ့အချိန်မှာ-နာဂတွေဟာလွတ်လပ်တဲ့ တိုင်းပြည်အဖြစ်ရပ်တည် မယ်ဆိုတာကို ကမ္ဘာသိ
အောင် ကြေငြာဖို့ လိုလာခဲ့တယ်။ ဒါကြောင့်လည်းနာဂအမျိုးသားများဟာ လွတ်လပ်တဲ့တိုင်းပြည် အဖြစ်ရပ်တည်သွားမယ် ဆိုပြီးကမ္ဘာသိအောင် ကြေငြာခဲ့ခြင်းဖြစ်တယ်။  ဒါဟာ ဗြိတိသျှဆီက လွတ်လပ်ရေးရပြီလို့ ကြေငြာတာမဟုတ်ဘူး။ ထိုသို့ လုပ်ခြင်းအားဖြင့် အိန္ဒိယကသော်၎င်း၊ ဗမာကသော်၎င်း၊ နာဂနိုင်ငံအားသူတို့လက်ထဲ ဗြိတိသျှတို့က ပေးအပ်ခဲ့ကြောင်း နောင်တချိန်မှာ မပြောနိုင်လေအောင် သူတို့လွတ်လပ်ရေးမရခင်မှာ နာဂအမျိုးသားခေါင်းဆောင်တွေက လွတ်လပ်ရေး
ကြေငြာခဲ့ခြင်းဖြစ်တယ်။ ပြီးတော့ နာဂဖက်ဒရယ်အစိုးရ ဖွဲ့စည်းတဲ့အခါမှာ Konyak, Chang, Yimchunger,Sangtam, Khiamniungan, Phom စတဲ့ Free နာဂတွေပါဝင်ပြီးဖွဲ့စည်းခဲ့တယ်။ ကျွန်တော်တို့  အရှေ့နာဂတွေလည်း  Free နာဂဘဲ။ ကျွန်တော်တို့ကိုယ်တိုင်မပါဝင်ခဲ့သော်လည်း  Free နာဂနာမည်အရ ပါဝင်ပြီးသားဖြစ်တယ်။ ဒါကြောင့်နာဂဖက်ဒရယ်အစိုးရ  ဖွဲ့စည်းတဲ့အခါမှာ ကျွန်တော်တို့ Free နာဂပါဝင်ခြင်းမရှိခဲ့ဘူးလို့ ကျွန်တော်တို့ပြောလို့မရဘူး။ ခင်ဗျားပြောသလိုအစိုးရနာ
မည် သော်လည်းကောင်း နိုင်ငံရေးပါတီ နာမည်သော်လည်းကောင်း ခေါ်ချင်သလိုခေါ်လို့ရတယ်။ ဒါပေမဲ့ ဒါဟာ လွတ်လပ်တဲ့ တိုင်းပြည်တွေမှာ ပါတီနိုင်ငံရေးနှင့် ပါတီအစိုးရတည်ထောင်တဲ့ လုပ်ထုံး
လုပ်နည်းဘဲ ဖြစ်တယ်။ကျွန်တော်တိုကတော့ ပါတီနိုင်ငံရေးနှင့် ပါတီအစိုးရ တည်ထောင်ဖို့ မဟုတ်ဘူး။ တိုင်းပြည်တည်ထောင်ဖို့ ဖြစ်တယ်။ အဲဒီလို တိုင်းပြည် တည်ထောင်ဖို့ အခြားနိုင်ငံနဲ့ ပြဿနာ ဖြစ်နေ
တာကို အရင်ဖြေရှင်းပြီး တည်ထောင်ရမယ်။ ပြဿနာဖြေရှင်းဖို့ သမိုင်းအခြေခံက အရေးကြီးတယ်။ ပါတီအသစ် အစိုးရအသစ် ဖွဲ့စည်းရင် ထိုပါတီနှင့်အစိုးရရဲ့ သမိုင်းဟာ အသစ်ဖြစ်လာတယ်။ နအဆက ရဲ့သမိုင်းဟာ ၁၉၈ဝ-ခုနှစ်မှစလာခဲ့တယ်။ ဒါဆိုရင် အိန္ဒိယနှင့် ဗမာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် နှစ်ပေါင်း (၃ဝ)ကျော်ကြာမှ စလာခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့် ပြဿနာဟာ အလိုလိုနဲ့ (automatically) ပြည်တွင်းရေးပြဿနာ ဖြစ်လာတယ်။ အဲဒီလို အင်ဒို-နာဂ ပြဿနာကို ပြည်တွင်ရေး ဖြစ်လာအောင် အိန္ဒိယကနိုင်ငံရေး ကစားနေခြင်းဖြစ်တယ်။ နအဆကနာမည်ခံပြီး လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့
Free နာဂဆိုတဲ့ နာမည်ဟာ ပျောက်နေမယ်။ အိန္ဒိယနှင့် ဗမာနိုင်ငံလက်အောက်မှာ နှစ်ပေါင်း (၃ဝ)
ကျော်နေပြီးမှ တော်လှန်ရေးလုပ်တယ်ဆိုတဲ့ အဓိပါယ်ဆောင်လာတယ်၊ နအက နာမည်နှင့်လုပ်မယ်ဆို
ရင်ဒါဟာအိန္ဒိယ နှင့်ဗမာနိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၆-ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့အတွက် သူ့တို့ရဲ့ လက်အောက်ခံဖြစ်တယ်ဆိုတဲ့ အဓိပါယ်မရှိဘူး။ ဒါကြောင့်ကျွန်တော်တို့ ပြန်လည်ပေါင်းစည်းဖို့ က  Free နာဂဆိုတာကို အခြေခံပြီးပေါင်းရမယ်။ လွတ်လပ်ရေး တောင်းတဲ့ ပုံစံ တော်လှန်ရေးပုံစံနဲ့ ပေါင်းလို့မရဘူး။ ခင်ဗျား ရဲရဲတင်းတင်းနဲ့ဆုံးဖြတ်ချက်ချရမယ်။ သူရဲကောင်းဆိုတာ တိုက်ပွဲမှာတော်တဲ့ လူကိုသာ သူရဲကောင်းခေါ်တာမဟုတ်ဘူး။ နိုင်ငံရေးမှာ သတ္တိရှိရှိနှင့် ဆုံးဖြတ်ချက်ချနိုင်တဲ့ လူကိုလည်း သူရဲကောင်း ခေါ်နိုင်တယ်။
နာဂလန်းဆိုတာလည်း နာဂအမျိုးသားကောင်စီ ဖွဲ့စည်းခဲ့တဲ့နေ့ကစပြီးခေါ်လာခဲ့တာဖြစ်တယ်။
ဒါဟာ နာဂနယ်မြေအားလုံးခြုံပြီး ခေါ် ခြင်းဖြစ်တယ်။ ပြည်နယ် တောင်းခဲ့တဲ့အခါ နာဂလန်း (Nagaland) ဆိုတဲ့နာမည်ကိုဘဲ သုံးခဲ့တဲ့ အတွက် နာဂလန်းပြည်နယ် ဖြစ်လာခဲ့တယ်။ ဒါကြာင့် နာဂလန်း ဆိုတာ ပြည်နယ်တောင်းတဲ့ ခေါင်းဆောင်တွေက စတင်ခေါ်ခဲ့လို့ ဖြစ်လာတာ မဟုတ်ဘူး။ နာဂအမျိုးသား ခေါင်းဆောင်တွေက ခေါ်ခဲ့တာဖြစ်တယ်ဟု ရှင်းလင်းတင်ပြခဲ့သည်။ ကျွန်တော် တင်ပြ
သည့်အတိုင်း ပြန်လည်ပေါင်းစည်းရန် မူအားဖြင့် သဘောတူကြောင်း ပြောဆိုလက်ခံမှု မရှိခဲ့သည့်အတွက် ကျွန်တော်လည်း စက်တင်ဘာ (၂၃) ရက်နေ့တွင် ပြန်ခေါက်သွားခဲ့သည်။ တဖန် ၂ဝဝ၃-ခုနှစ် ဇန္နဝါရီလ (၉) ရက်တွင် သူ့၏ လားဟောင်စခန်းသို့ ပြန်ရောက်သွားခဲ့သည်။ ဤတခါတွင် တွေ့သည်မှာသစ်ပင်ကြီးများအကုန်ရှင်းထားသဖြင့်တောစခန်းလိုမဟုတ်ဘဲ ရွာငယ်လေးပမာဖြစ်သည်။ ဦး Koikhip ကားစခန်းသို့မရောက်နိုင်တော့၍ ဦးခပ်လန် ဝန်ကြီးကျော်ဝန်စိန်တို့နှင့်သာ ဆွေးနွေးခဲ့ သည်။ ကျွန်တော် စကားစ၍ ပြောခဲ့သည်မှာ-ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် နာဂအမျိုးသားရေး
သမိုင်းမှာ ဟိုင်းမြေလူမျိုးစုထဲက ခင်ဗျားဟာ နာမည်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ လက်ထက်မှာ နာဂအမျိုးသားတွေ တကွဲတပြားဖြစ်ပြီး အချင်းချင်း တိုက်ခိုက်နေတယ်။ မညီမညွတ် ဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့မသေခင် ဖြေရှင်းထားရမယ်။ ကျွန်တော်တို့ ဘယ်တော့ သေမယ်ဆိုတာမပြောနိုင်ဘူး။ ကျွန်တော်တို့ရဲ့အသက်ဟာ ဘုရားသခင်ရဲ့ လက်ထဲမှာသာ ရှိတယ်။ ဤပြဿနာကို မဖြေရှင်းဘဲ သေသွားခဲ့ရင် နာမည်ဆိုးနဲ့သေမယ်။ ခင်ဗျားနာမည်ဆိုးနဲ့သေရင် ဟိုင်းမြေလူမျိုး နာမည်လည်း မကောင်ဘူး။  နာမည်ကောင်းနဲ့သေရင် ဟိုင်းမြေလူမျိုးနာမည်လည်း ကောင်းမယ်။ ဒါကြောင့် နာဂအချင်းချင်း ရန်သူဖြစ်နေကြတဲ့ ပြဿနာကို
ဖြေရှင်းပြီး နာဂအမျိုးသားများ ပြန်လည်ပေါင်းစည်း နိုင်ဖို့လမ်းခင်းပါဟု ပြောသည်။ ထိုအခါဦးခပ်လန်
က-ခင်ဗျားက အမြဲတန်း NNC (နအက) နှင့်ပေါင်းဖို့ဘဲပြောတယ်။ နအကက ဘာလုပ်ခဲ့သလဲ။ နအကကနိုင်မည့်လမ်းရှိရင်ဖီဇိုကဘာဖြစ်လို့နိုင်အောင်မလုပ်နိုင်ခဲ့တာလဲ။အဒီနိုကဘာဖြစ်လို့နိုင်အောင် မလုပ်တာလဲ။နာဂသမိုင်းကိုနအက ဘဲပြောနိုင်တယ် ဆိုတာမဟုတ်ဘူး။ ကျွန်တော်တို့အကုန်လုံးက ပြောနိုင်တယ်။ ကျွန်တော်က သူ့၏ညီလေးအရွယ်ဆိုတော့ သူကကျွန်တော့်အား ငေါက်သည့်အလား
ပြောထည့်လိုက်သည်။ကျွန်တော်တို့ညီအစ်ကို အချင်းချင်းဆိုတော့ ကျွန်တော်လည်း အားမနာတမ်း
ပြောခဲ့သည်မှာ-NNC က နာဂအမျိုးသားရေး အလုပ်မစခဲ့ရင် ခင်ဗျားနဲ့ ကျွန်တော် ဒီနေ့တိုင်းပြည်
အတွက် အလုပ်ကြမှာ မဟုတ်ဘူး။ နာဂသမိုင်းကို NNC ကမရေးခဲ့ရင် ယနေ့ကျွန်တော်တို့မှာ သမိုင်းပြောစရာရှိမှာမဟုတ်ဘူး။ ခုကျွန်တော်တို့ပြောနောကြတဲ့သမိုင်းဆိုတာ NNC ကရေးလာခဲ့တဲ့သ
မိုင်းဖြစ်တယ်။ ဖီဇို နှင့် အဒီနို က နာဂအမျိုးသားရေးအောင်မြင်အောင် မလုပ်နိုင်တဲ့အတွက် သူတို့ကိုဘဲအပြစ်တင်လို့မရဘူး။ ဒါဟာနာဂအားလုံးရဲ့အားနည်းချက်ဘဲ။ဖီဇိုကို နာဂအမျိုးသားအားလုံး
ကသဘောတူပြီးအင်ဒို-နာဂပြဿနာကိုကမ္ဘာ့ကုလသမဂ္ဂမှာတင်ဖို့လွတ်ခဲ့တယ်။သူ့ကိုလွတ်တဲ့နောက်
မှာအမိနိုင်ငံမှာနေတဲ့ နာဂတွေဟာ တကွဲတပြား ဖြစ်တယ်။ စည်းလုံးညီညွတ်မှုမရှိဘူး။ ထို့ ပြင်ဖီဇိုကို ငွေလည်း မထောက်ပံ့နိုင်ခဲ့ဘူး။ ဒါဆိုရင် ဖီဇို ဘာလုပ်နိုင်မှာလဲ။ ခုလိုကျွန်တော်တို့အချင်းချင်း ပြည်တွင်းမှာ တိုက်ခိုက်နေကြတဲ့ အချိန်မှာ အဒီနို ဘာလုပ်နိုင်မလဲ။ ဒီပုံနဲ့ဆိုရင်ခင်ဗျားသွားရင်လည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားပြောသလို နာဂရာဇဝင်သမိုင်းဆိုတာ လူတိုင်းကပြောနိုင်တယ်။ မွေဝါ-အီဆက်တို့လည်း နာဂသမိုင်းကို ပြောတယ် ရေးကြတယ်။ ဒါပေမဲ့ သူတို့ပြောလို့ ရေးလိုက်လို့
 NNC ရဲ့သမိုင်းဟာ နအဆက (NSCN) ရဲ့သမိုင်းဖြစ်မလာဘူး။ ဘယ်သူကဘဲ ပြောပြော ဒါဟာ NNC ရဲ့သမိုင်းဘဲ။ ဒီ NNC ရဲ့သမိုင်းကို NSCN ကအသုံးချပြီး အင်ဒို-နာဂပြဿနာကို ဖြေရှင်းနိုင်မယ် ဆိုရင် မွေဝါ-အီဆက်တို့က လုပ်နိုင်မှာပေါ့။ သူတို့က ပညာရှိတွေ။ ပြီးတော့ လက်နက် အင်အား၊ငွေအင်အား
လည်း ကောင်းတယ်။ တကမ္ဘာလုံးကိုသူတို့ပေါက်ရောက်နိုင်ခဲ့တယ်။ ဒါပေမဲ့သူတို့မှာ သမိုင်းအခြေခံမရှိ
တော့သူတို့ဘာမှမလုပ်နိုင်ခဲ့ဘူး။နောက်ဆုံးအိန္ဒိယဆီကပြည်နယ်တောင်းတဲ့အဆင့်မှာရောက်လာခဲ့ကြ တယ်။ ဒါဟာသူတို့အတွက် နိုင်ငံရေး လမ်းဆုံးခြင်းဖြစ်တယ်။ NNC ရဲ့သမိုင်းကို အခြား ပါတီကအသုံး
ပြုပြီး ပြဿနာဖြေရှင်းလို့မရဘူး ဆိုဒါ မွေဝါ-အီဆက်တို့ရဲ့လုပ်ရပ်က သက်သေပြပြီးဖြစ်တယ်။ ဒါကြောင့်  NNC  ရဲ့သမိုင်းကို NNC  ကအသုံးပြုပြီး ပြဿနာဖြေရှင်းရမယ်ဆိုတာကို ကျွန်တော် ပြောနေခြင်းဖြစ်တယ်။  NNC နှင့် ပေါင်းရမယ်လို့ ဒါကြောင့်ပြောနေခြင်းဖြစ်တယ်။ တခြားနိုင်ငံနှင့် ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းပြီး ကမ္ဘာက ကျွန်တော်တို့ရဲ့လွတ်လပ်ရေးကို အသိအမှတ်ပြုတဲ့နောက်မှ ပါတီနိုင်ငံရေး ဆိုတာလာမယ်။ အဲဒီအခါ နအဆကလည်း နိုင်ငံရေးပါတီတစ်ခု ဖြစ်ရင်ဖြစ်လာမှာပေါ့။ ဒါပေမဲ့ ခုတော့ အမျိုးသားရေးကို ပါတီနိုင်ငံရေးနှင့် လုံးဝရောလို့ မရဘူး။ ခင်ဗျားကော နာဂတွေ နအဆကနှင့် ပေါင်းရမယ်ဆိုရင်ဘာကြောင့် ပေါင်းရမယ် ပြောချင်သလဲ။ ခင်ဗျားကျနော့်ကို မေးသလို သူများက။ နအဆက ဖွဲ့စည်းပြီး ဘာလုပ်လာခဲ့သလဲလို့မေးရင် ခင်ဗျားဘာပြောမလဲ။ ဦးခပ်လန် ဘာမှမပြောပါ။ ဒါကြောင့် ကျွန်တော်ကဘဲ ဆက်ပြောသည်မှာ- ခင်ဗျားတို့ နအဆက ဖွဲ့စည်း၍ ပြီးပြီးခြင်း ခယမ်ငန်း နယ်မြေကို ဖျက်ဆီးခဲ့တယ်။ ရွာသူရွာသားတွေ ငါးရာကျော်သေကြေ ပျက်စီးစေခဲ့တယ်။ ထိုနောက် လိုင်နောင်နယ်ကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ အဲဒီမှာလည်း အပြစ်မဲ့တဲ့ ပြည်သူတွေ ရှစ်ရာကျော် သေစေခဲ့တယ်။ အဲဒီနောက်မှာ ခင်ဗျားတို့အကြား ပါတီကွဲပြီး ရန်သူနှင့်ပေါင်းကာ အချင်းချင်းတိုက်နေကြတယ်။ ပြည်သူတွေဆီက ငွေအတင်းအဓမ္မ တောင်းပြီး တိုက်အိမ်ကြီးတွေ ဆောက်နေကြတယ်။ ဇိမ်ခံကားတွေ ဝယ်ကြတယ်။ အိန္ဒိယ ရွေးကောက်ပွဲ ရောက်လာတဲ့အခါ။ ရွေးကောက်ပွဲမှာ ပါဝင်စွပ်ဖက်လာကြတယ်။ ဒါတွေဘဲ လုပ်လာခဲ့တယ် မဟုတ်ဘူးလားဟုပြောရာ။ သူလည်း အနောက်ဘက်က နာဂတွေ ထိုသို့လုပ်နေကြသည်မှာ မှန်ပါကြောင်းဝန်ခံသည်။
ကျွန်တော်တို့မြန်မြန် ပေါင်းနိုင်ဖို့လုပ်ရမယ်။ မြန်မြန်မပေါင်းရင် ကျနော်တို့ဘဝမှာအောင်မြင်မှု
ရမှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တိုပ နအက လူကြီးတွေနှင့် ဆွေးနွေးဖို့ကော်မတီဖွဲ့ပါ။ နားလည်မှုရအောင် ဆက်တိုက်ဆွေးနွေးရမယ်။ ဆယ်နှစ်ကြာမှ တခါလာပြီးဆွေးနွေး။ ငါးနှစ်ကြာမှ တခါလာပြီးဆွေးနွေးတာမျိုး မဖြစ်ရဘူး။ အဲဒီလို ကော်မတီဖွဲ့ရင်ကျွန်တော်တို့ ဟိုင်းမြေနယ်က တစ်ယောက်ပါရမယ်။ဝန်ကြီးကျော်ဝန်စိန်တို့ လိုပါရင်ကောင်းတယ်။ ဒါမှလည်းလူများနှင့်ဆွေးနွေးတဲ့အ
ခါ နိုင်ငံရေးအကြောင်း ပိုပြီးနားလည်လာမယ်။အိန္ဒိယကအင်ဒို-နာဂပြဿနာဖြေရှင်းဖို့ နောက်နှေးကြံ့ ကြာအောင်အမျိုးမျိုးပေါ်လစီကစားနေတယ်။ ကျွန်တော်တို့မပေါင်းရင်အဲဒီ-ရန်သူရဲ့ ပေါ်လစီထဲမှာဘဲ ဝင်နေတယ်ဟုပြောရာ-သူ့မှာလည်းဝန်ကြီးအဖွဲ့ရှိသောကြောင့်တယောက်တည်း မဆုံးဖြတ်နိုင်ကြောင်း။
ဝန်ကြီးတွေနှင့် ဆွေးနွေးပြီး လုပ်သွားမည်ဟု ပြောခဲ့သည်။ သို့သော် ကျွန်တော်အကြံပြုသည့်အတိုင်း ဘာမှလည်းမလုပ်ခဲ့ပါ။
(၁၅) ယိုဒီလိုင်းနောင် တို့အား နအဆက ထိုးစစ်၊
တဖန်မွေဝါအီဆက်အဖွဲ့တို့သည် ၁၉၈၄ ခုနှစ်မှစ၍လိုင်းနောင်နာဂပြည်သူလူထုနှင့်တိုက်ခိုက်မှု ဖြစ်ခဲ့ပြန်သည်။ ထိုသို့ဝမ်းနည်းဖွယ်ရာဖြစ်ရပ်များဖြစ်ခဲ့ရပြန်ခြင်းမှာ-နအဆက အဖွဲ့က အတင်းအဓမ္မ
စစ်သားစု ဆောင်းခြင်း။ နတ်တင်ရာနေရာများကို ဖျက်ဆီးပစ်ခြင်း။ ခေါင်ရည်အိုးများကို သွန်ပစ်ခြင်း။ အတင်းအဓမ္မခရစ်ယာန်ဝင်ခိုင်းခြင်းစသည် တို့ကြောင့်ပြည်သူလူထုက မခံနိုင်၍သူတို့အားဆန့်ကျင်လာ
ရာက စခဲ့သည်။ ဤသို့ပြဿနာဖြစ်လာသောအခါ ပြဿနာကို ကောင်းမွန်စွာ မဖြေရှင်းဘဲ နအဆက ဥက္ကဌအီဆက်က ထိုယုတ်မာသော ပြည်သူလူထုအား ရှင်းပစ်ဟု အမိန့်ပေးခဲ့သောကြောင့် နအဆက တပ်သားများက အရေးယူတိုက်ခိုက်ခဲ့သည်။ ရွာများကို စပါးတိုက် အပါအဝင်မီးရှု့ ဖျက်ဆီးခဲ့သည်။ ထို့ကြောင့်ရွာသားများသည် နအဆက တပ်သားတို့က သတ်ဖြတ်၍သော်၎င်း အစာငတ်၍ သော်၎င်း မြောက်များစွာ သေကြေခဲ့ကြပါသည်။ နအဆက-ဦးခပ်လန်အဖွဲ့မှ ပေးခဲ့သည့်သတင်းအရ ၁၉၈၄-ခုနှစ်မှစ၍ မွေဝါ အီဆက်တို့၏ အရေးယူမှုကြောင့်လိုင်နောင်နယ်တွင် အသက်ဆုံးရှုံးခဲ့ကြရရှာသော အပြစ်မဲ့ပြည်သူများမှာ (၈ဝဝ) ကျော်ရှိသည်ဆိုသည်။
(၁၆) ရန်သူ၏ သွေးခွဲရေး ပေါ်လစီ ပျက်ပြားမှု
နာဂအမျိုးသားကောင်စီသည်နအဆကအဖွဲ့မှအနှောင့်အယှက်မပေးနိုင်တော့ဘဲခယမ်ညူးငန်းနယ်မြေတွင်ခိုင်ခိုင်မာမာရပ်တည်လာသောအခါရန်သူက နာဂအမျိုးသားကောင်စီအား နှစ်ခြမ်းခွဲပစ်ရန် သို့မဟုတ်ခေါင်းဆောင် ကောင်းများအား ရှင်းပစ်ရန် ကြိုးစားလာခဲ့ပြန်သည်။ ထိုရန်သူ၏ ပေါ်လစီကို ကျွန်တော်တို့လည်းကောင်းကောင်းမွန်မွန်သိထားခဲ့သည်။ထို့ကြောင့်လည်း သတိထားလာခဲ့ကြသည်။ ၁၉၈၇-ခုနှစ်အောက်တိုဘာလ ရောက်လာသောအခါ Maj.Gen.Povezo က ရန်သူရဲ့လက်ပါးစေတွေ
ကလူကြီးတွေအားလုံးကိုဖမ်းရန်အသင့်ပြင်ထားလိုက်ပြီ။ ဒါကြောင့်ခေါင်းဆောင်တွေ ဝန်ကြီးတွေအား
လုံးစခန်းမှာ စုပြီးမနေကြဘဲ။ ကိုယ်ရံတော်များနှင့် အတူခရီးထွက် ဟန်ဆောင်ပြီးသွားကြပါဟုအကြံ
ပေးသဖြင့် ကျွန်တော်လည်း ရဲဘော်တစ်ယောက်ခေါ်ပြီး ထွက်သွားခဲ့သည်။ ထို့အတူတီကေဟော် လည်းသူ့ကိုယ်ရံတော်နှင့် ထွက်သွားသည်။ ခယမ်ညူးငန်း ခရိုင်ဝန်မင်းကြီးလည်းအိမ်တွင်အတည် မနေရန်အကြံပေးသည့်အလျောက်ခရီးထွက်သွားလာနေခဲ့သည်။ကျွန်တော်နှင့် ကျွန်တော့်ရဲဘော်သည် ထွန်းရွာ တောင်ယာသို့သွားပြီးနေခဲ့သည်။ထိုအခါ၁၉၈၇-ခုနှစ် အောက်တိုဘာလ (၂၉) ရက် မနက်ပိုင်း (၁ဝ) နာရီလောက် အချိန်တွင် ကျွန်တော်တို့၏ ဗဟိုစခန်းမှ နှစ်ရစ်ဆရာ ကိုင်းခေါ်က ဦးဆောင်ပြီး
 ရဲဘော်ငါးယောက်ရောက်လာခဲ့သည်။ဘာကြောင့်လာသလဲဟုမေးရာလူကြီးတွေရဲ့အမိန့်အရ ခင်းဗျား
ကိုဖမ်းဖို့လာသည်ဟု ကျွန်တော်အား ဆပ်မရှင်းဂန်းဖြင့် ချိန်ထားပြီး ဖမ်းလိုက်သည်။ ကျွန်တော်သူ့ကို
 ခယမ်ညူးငန်း စကားဖြင့်မေးသည်မှာ-ငါ့ကိုဖမ်းဖို့ဘယ်သူက အမိန့်ပေးသလဲ။ အမိန့်စာပြပါဟု ပြောရာ။ အမိန့်စာမပေးကြောင်း။ စစ်ဦးစီးမှူးက ဖမ်းဖို့သူတို့ကိုလွတ်လိုက် ကြောင်းပြောသည်။ စစ်အာဏာသိမ်းတာ မဟုတ်ရင် မင်းတို့ရဲ့ စစ်ဗိုလ်ကြီးတွေက ငါ့ကို မဖမ်းနိုင်ဘူး။ငါကဝန်ကြီးဘဲ (ထိုအခါဘ္ဂရေးဝန်ကြီးဖြစ်သည်)။ သမ္မတကလည်း ငါ့ကိုဒီလို ဖမ်းလို့မရဘူး။ ငါတစ်ခုခု မှားရင်လည်း။ သမ္မတကငါ့ကိုဆင့်ခေါ်ပြီးမေးမြန်းရန်သာရှိတယ်။ငါသစ္စာဖောက်ဖြစ်တယ်ဆိုရင်တော့သူ့ရဲ့ဝန်ကြီးတွေ အားလုံးနှင့်တိုင်ပင်ပြီး ငါ့ကိုဖမ်းနိုင်တယ်။ ဒါပေမဲ့ ခုမင်းတို့ငါ့ကို လာဖမ်းတာက ဝန်ကြီးတွေမသိဘူး။ ဒါကြောင့် ဒါဟာရန်သူရဲ့အလုပ်ဘဲ။ ငါတစ်ယောက်တည်းကိုသာ ဖမ်းမှာမဟုတ်ဘူး ဝန်ကြီးတွေ အကုန်လုံးကိုဖမ်းမယ်။ မင်းတို့ရဲ့ခယမ်ညူးငန်း ခရိုင်ဝန်မင်းကြီး ပါရှေန် (Pashen) ကိုလည်းဖမ်းမယ်။ အဲဒီလိုဖြစ်လာရင် ဒီခယမ်ညူးငန်းနယ်မြေမှာ သွေးထွက်သံယူမှု တခါ ပြန်ဖြစ်လာမယ်။ ခင်ဗျားတို့ ခယမ်ညူးငန်းတွေ အများကြီး ဒုက္ခပြန်ရောက်မယ်။ ဒါကြောင့် ငါ့ကိုမဖမ်းနဲ့။ မင်းကခယမ်ညူးငန်း ရဲ
ဘော်တစ်ယောက်ဘဲ။ ခယမ်ညူးငန်းနယ်မြေမှာ သွေးထွက်သံယူမှု ထပ်ပြီးမဖြစ်အောင် မင်းငါနှင့်တွဲပြီး
လုပ်ပါ။ ဒီအလုပ်ကို တပ်ရင်း (၁) နှင့် တပ်ရင်း (၂) တို့ကလည်း ထောက်ခံမှာမဟုတ်ဘူး။ ဒီလို ဖြစ်လာနိုင်တယ်ဆိုတာငါသူတို့ကိုအကုန်ကြိုတင်ပြောထားပြီးသားဖြစ်တယ်။သူတို့ရဲ့အမိန့်ကိုဖီဆန်ပြီး ငါ့ကိုလွတ်ပါ။ငါတို့တပ်ရင်း(၂)ဘက်ကိုသွားပြီးရန်သူရဲ့အစီအစဉ်ပျက်ပြားအောင်လုပ်မယ်ဟု ကိုင်းခေါ် (Kaikho)အားကျွန်တော်ပြောသည်။သို့သော်သူကကျွန်တော့စကားကိုနာမခံခဲ့ပါ။သူနှင့်ပါလာသူများမှာ ခယမ်ညူးငန်းနှစ်ယောက် (ပါခုန်းနှင့် ဆားဘန်)။ ယမ်းကြုံးငါ နှစ်ယောက်ဖြစ်သည်။ ရဲဘော် ပါခုန်း ကကျွန်တော်ပြောသည့် အတိုင်း လုပ်သွားရန် ကိုင်းခေါ်အား တိုက်တွန်းခဲ့ကြောင်း နောင်တွင်ရဲဘော်ပါခုန်းက စာရေးသူအား ပြောခဲ့ဘူးသည်။။ သို့သော် ပါခုန်းက အထက်အရာရှိများ၏
အာဏာကို ဖီဆန်လို့ မရကြောင်း ပြောခဲ့သည် ဆိုသည်။ တောင်ယာမှ ကျွန်တော်အားဖမ်းပြီး ရွာသို့ခေါ်လာသည်။ငါမင်းတို့ရဲ့ရန်သူမဟုတ်ဘူး။တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာဖေါက်တဲ့လူလည်း မဟုတ်ဘူး။ ဒါကြောင့် ငါ့ကိုနောက်ပြန် ကြိုးမတုတ်နဲ့ဟု ပြောရာ အထက်လက်မောင်းမှာ ချည်ပြီး ကြိုးကို ကျောဖက်မှာထုံးကာ ရဲဘော်တစ်ယောက်က ဆွဲပြီးလာခဲ့သည်။ ရွာသို့ရောက်သောအခါ ရွာသားများ၏ ဓလေ့ထုံးစံမရှိသည့် အလျောက် ကျွန်တော်အား အိမ်တစ်ခုခုသို့ ခေါ်မဝင်ဘဲ ကမ် (Kam) တွင် ထားသည်။ ရွားသားများ၏ ထုံးစံမှာ ဖမ်းလာသူ ဒဏ်ရာရသူ စသည်များအား အိမ်ထဲသို့
 ခေါ်မဝင်သောထုံးစံရှိသည်။ကမ်မူကားရွာသားများစုဝေးရာနေရာဖြစ်သဖြင့်ဝင်နိုင်သည်။ထို့ကြောင့်
ကျွန်တော်အား ကမ်တွင်ချည်ထားသည်။ ညရှစ်နာရီလောက် အချိန်တွင်“ငါတို့မနက်ဖြန် ဗဟိုစခန်း
လန်နုတ်အရောက်သွားမလား”ဟုကျွန်တော်ကိုင်းခေါ်အားမေးရာညနေပိုင်းမှထိန်ညူးငန်းရွာသို့ခေါ်လာရန် အမိန့်ပေးထားကြောင်း ပြောသည်။ ထိုအခါ ထွန်း (မခေါ်လေ) ရွာနှင့် ထိန်ညူးငန်း အကြားတွင် အခြားသူများမသိစေဘဲ ရှင်းပစ်ရန်စီစဉ်ထားသည်ကို ကျွန်တော်ရိပ်မိသည်။ ထွန်းရွာနှင့်လန်းနုတ်ရွာ
သည်တစ်ရက်ခရီး(ရှစ်နာရီခရီး)။ထွန်းနှင့်ထိန်ညူးငန်းသည်သုံးနာရီခရီး။ထို့ကြောင့် ညနေပိုင်းသုံးနာရီမှ
ခေါ်လာရန်ဆိုသည့် အစီအစဉ်သည် ထိုရွာနှစ်ခုကြားတွင် ကျွန်တော်အား သတ်ပစ်ရန်အစီအစဉ်သာ ဖြစ်သည်ဟုကျွန်တော်သိသည်။ထိုနည်းဗျူဟာသည်၁၉၇၉-ခုနှစ်တွင်မွေဝါအီဆက်တို့နာဂခေါင်းဆောင်
တွေအားသတ်သောအခါ တစ်ဦးသတ်သည်ကို အခြားတစ်ဦးမသိအောင် သုံးခဲ့သောနည်းဗျူးဟာဖြစ်
သည်။ ခုလည်းကျွန်တော်အားဗဟိုစခန်း၌ ရှိသူများမသိအောင်သတ်ရန် အစီအစဉ်ဖြစ်သည်မှာသေချာ
သည်။ ထိုအခါ ကျွန်တော်မည်သို့သေရမည်ကို စဉ်းစားပြီး ထိတ်လန့်သည်။ စိတ်တုန်လှုပ်ခြောက်ခြား
သည်။ ရင်တွင် တဒိတ်ဒိတ်ခုန်သည်။ ကျွန်တော့ရင် ထဲမှာမီးဟုန်းဟုန်း တောက်နေသည်။ အမေရယ် အမေရဲ့သားက အမေကမသိဘဲ မတွေ့မမြင်ဘဲ။ သေရတော့မှာ ပါလားဟု စိတ်ထဲမှာရွတ်ပြီး အမေ့ကိုတမ်းသသည်။(ထိုအချိန်အမေမသေသေးပါ။ ၁၉၈၈-ခုနှစ်မှဆုံးသွားသည်)။ စိတ်ထဲမှာကြံရာမ
ရဖြစ်သည်။ကြိုးကိုဓါးဖြင့်ခုတ်ဖြတ်ပြီးထွက်ပြေးရန်'ကံသည်။ ကျွန်တော့ အကြံအစည် သူတို့သိသွား၍ ဓါးကို ကျွန်တော့နားမထားတော့ပါ။ထိုအခါ ဘုရားသခင်အား သတိရပြီး ကျွန်တော် ဆုတောင်းသည်။ အော်အဖဘုရားသခင် ကျွန်တော်သည်အဖဘုရားရှေ့တော်တွင်အပြစ်နှင့် မကင်းသူဖြစ်၏။ သို့သော် အဖဘုရားသခင်ခုကျွန်တော်ထမ်းဆောင်နေသော တိုင်းပြည်၏တာဝန်တွင် ကျွန်တော်အမှားကိုမလုပ်မိ
ပါဟု ကျွန်တော်ယုံပါသည်။ ကျွန်တော်မှားယွင်းမှုမရှိဘဲ ကျွန်တော့်အား သတ်ပစ်ရန်ဖမ်းထားကြပြီ။ ထိုသို့ဖြစ်လျှင် ဤနယ်မြေတွင် သွေးထွက်သံယူမှု ထပ်မံဖြစ်လာဦးမည်။ အော်အဖဘုရားသခင် ထိုသို့ဖြစ်မလာစေအောင်ယနေ့ကျွန်တော်အားကယ်တင်ပြီး လုပ်ဆောင်တော်မူပါဟု လဲလျောင်းနေရင်း စိတ်ထဲမှာဆုတောင်းမိသည်။ထိုအခါကျွန်တော်၏ရင်ခုန်မှုတွေစိုးရိမ်တုန်လှုပ်မှုတွေအကုန်လုံးပျောက်ကွယ်သွားပြီး ရင်ထဲမှာ ထုတ်ဖေါ်ပြောဆိုလို့မရနိုင်သော အေးမြမှုကို ကျွန်တော်ခံစားသည်။ နေကျဲကျဲတောက်ပူနေသောအချိန်ရေးအေးတစ်ခွက်သောက်လိုက်သောအခါရင်ထဲတွင်အေးမြစွာခံစားရခြင်းနှင့် နှိုင်းဆ၍ မရသည်ထင်သည်။ ထိုအခါ ကျွန်တော်၏ ဆုတောင်းပတ္ထနာကို အဖဘုရား သခင်ကလက်ခံလိုက်ပြီဟု ကျွန်တော်ယုံကြည်ခဲ့သည်။ထို့ကြောင့်လည်း စိုးရိမ်စိတ်ကင်းစွာဖြင့်အိပ်
ပျော်သွားသည်။သူတို့မူကား“သူထွက်ပြေးဖို့ကြံတယ်။ဒါကြောင့်ငါတို့တစ်ယောက်မှ မအိပ်ဘဲအားလုံးက
 သူ့ကိုစောင့်နေရအောင်”ဟု ကိုင်းခေါ်ကပြောပြီး တစ်ယောက်မျှမအိပ်ဘဲ သီချင်း ဆိုလိုက် ရယ်မော
လိုက်ဖြင့်ထိုင်နေကြသည်။သို့သော်ည(၁၂)နာရီကျော်လာသောအခါသူတို့တတွေ အိပ်ပျော်သွားကြ
ကုန်သည်။ ကြက်တစ်ခါတွန်သောအခါ ကိုင်းခေါ် နှင့် ပါခုန်းတို့သည် ရွာဥက္ကဌ အိမ်သွားပြီး ထမင်းဟင်းချက်မည်ဟုပြောကာ ထွက်သွားသည်။ ကျန်သူများကား အသေပမာ အိပ်နေကြသည်။ ဤဟာသည်ကားဘုရားသခင်ပေးသောအချိန်ဖြစ်သည်ဟုကျွန်တော်တွက်သည်။ ချည်နှောင်ထားသော ကြိုးကိုဖြေလိုက်ရာ လွယ်လွယ်ကလေးဖြေပြီးသွားသည်။ တခြားတွေယူဖို့မစဉ်းစားဘဲတောစီးဖိနပ်ကို
သာယူပြီးထွက်ပြေးသည်။ ညသည်မိုးသားကင်းသော်လည်းလဝင်သွားပြီဖြစ်၍မှောင်သည်။ ကျွန်တော်
ရွာပြင်သို့ရောက်သွားမှ။ဟိုင်းဟိုင်း ထွက်ပြေးပြီး ထွက်ပြေးပြီဟု အော်သံကြားသည်။ကျွန်တော်လမ်းကို
 ရှည်ရှည်ဝေးဝေး မလိုက်ဘဲ လမ်းအောက် တောလမ်းတစ်ခုသို့ ဝင်ပြေးသွားပြီး ဘိနပ်စီးလိုက်သည်။ ထိုအချိန်သည်ကား၁၉၈၇-ခုနှစ် အောက်တိုဘာလ (၃ဝ)ရက် နံနက် (၂) နာရီလောက်အချိန်ဖြစ်သည်။
ကျွန်တော် သွားရမည်မှာ Tsemhuk ဘက်သွားပြီး တပ်ရင်း (၂) ဖက်သို့သွားရန်ဖြစ်သည်။ သို့သော် ထွက်ပြေးလာခဲ့သည်မှာ ကျွန်တော့်ကို ဖမ်းလာခဲ့သော ထွန်းတောင်ယာလမ်း  ဆာရာမေတိ တောင်ဘက်ဖြစ်သည်။ ခြေရာဖျောက်ရန် ထိုသို့လုပ်ခဲ့ခြင်းဖြစ်သည်။ မိုးမလင်းခင် ထွန်းရွာအောက်မှ တောကိုဖြတ်ပြီးလာခဲ့သည်။ အမှောင်ထဲတွင် လက်ဖြင့်ဆန်း၍တောကို ဖြတ်လာခဲ့ခြင်းဖြစ်သည်။ မိုးလင်းလာသောအခါ ထိန်ညူးချောင်းသို့ ငါးခွေသွားသောလမ်းသို့ ပေါက်လာ၍ ထိုလမ်းဖြင့် ထိန်ညူးချောင်းသို့ဆင်းလာခဲ့ပြီုး Tsemhuk တောင်ကို ပတ်ကာ Tsemhuk တောင်ယာသို့မနက် (၇) နာရီလောက်တွင်ရောက်ရှိလာခဲ့သည်။တောင်ယာသို့ ပထမဦးဆုံး တစ်ယောက်ထဲ ရောက်လာသူမှာ ကျွန်တော်နှင့်အရင်းနှီးဆုံးသူဖြစ်သည်။ ကျွန်တော်တစ်ယောက်ထဲတောမှ ထွက်လာသည်ကိုတွေ့သော
သူလည်းအံ့ဩသည်။ ကျွန်တော်တို့သွားလာသောအခါ အနည်း ဆုံးကိုယ်ရံတော်တစ်ယောက် နှင့် သေနတ် ကျောပိုးအိပ် ဓါး စသည်ဖြင့် အမြဲပါပြီး သွားလာသည်ကို သူသိသည်။ ဒီတခါတော့ ဓါး သေနတ် ကျောပိုးအိပ်မပါ အဖေါ်မပါဘဲ တွေ့ရတော့ တခုခုဖြစ်ပြီဆိုသည်မှာ သူသိသည်။ ဒါကြောင့်လည်း ဘာဖြစ်လာသလဲ အစ်ကိုကြီးဟု စိုးရိမ်စွာဖြင့်တအံ့တဩမေးသည်။၁၉၈ဝ-ခုနှစ် အဖြစ်အပျက်များအားကြုံလာခဲ့သူဖြ၍သင်ကာမကင်းမေးသည်။ကျွန်တော်လည်းအဖြစ်အပျက်အားလုံး သူ့အားပြောပြရာ။ဒီကောင်တွေကဒီလိုလုပ်လိမ့်မယ်ဆိုတာငါတို့ပြည်သူထုလည်းသင်္ကာမကင်းဖြစ်နေတာကြာပြီဟုပြောသည်။အစ်ကိုမစိုးရိမ်နဲ့ရွာသားတွေမတွေ့အောင်သာပုန်းနေထားပါ။အစားအသောက်လိုလေသေးမရှိ ကျွန်တော် စီစဉ်မယ်။ ခင်ဗျားကျွန်တော်လက်ထဲရောက်ပြီ။ဘာမှမဖြစ်စေရ ဘူးဟုအား
ပေးစကား ပြောသည်။ သူ့၏အကူအညီဖြင့် နယ်ပိုင်ဝန်ထောက် (Razou Peyu) Todimung နှင့် အဆက်အသွယ်လုပ်ပြီးသူနှင့်အတူတပ်ရင်း(၂)ဘက်သို့ထွက်သွားခဲ့သည်။ထိုနေ့ ကျွန်တော်ထွက်ပြေး
လွတ်မြောက်သည့်၁၉၈၇-ခုနှစ်အောက်တိုဘာ(၃ဝ)ရက်တွင်ထိန်းညူးငန်းရွာမှဦးပါရှေန်ခယမ်ညူးငန်း
ခရိုင်ဝန်မင်းကြီးအားလည်းဖမ်းထားသည်။ သူ့အားဖမ်းထားပြီး ဆရာကြီးလောင်ဆာသည်ထွန်းရွာသို့
ရောက်လာခဲ့သည်ဟုဆိုသည် ကျွန်တော်အားပစ်သတ်ရန် လာခဲ့ခြင်းဖြစ်မည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော် ထွက်ပြေးသွားကြောင်းကြားသောအခါ “မင်းတို့ဒါတောင်မဖမ်းထားနိုင်တာက ဘာရဲဘော်
တွေလဲ “ဟု ကိုင်းခေါ်တို့အား ဆဲနေခဲ့သည် ဆိုသည်။ ဝန်ကြီးကေဟော်အား လည်းဖမ်းရန်လိုက်သည်။
ပထမဦးဆုံးသူတို့ဆီမှလက်နက်များကိုတောင်းသည်။ သို့သော်လက်နက်မပေးဘဲ ငြင်းဆန်သည့်အပြင် သူတို့ကပစ်ရင်ပစ်ရန်အသင့် အနေအထားဖြင့်နေလိုက်သည်။ ထို့ကြောင့်သူ့အားမဖမ်းနိုင်ဖြစ်ခဲ့သည်။ ကေဟော်တို့အဖွဲ့သည်တပ်ရင်း (၁)ဖက်သို့ ထွက်သွားပြီး တပ်ရင်း (၁) အားထိန်းလိုက်သည်။ကိုင်းခေါ်
တို့အဖွဲ့သည် ထိန်ညူးငန်းရွာသို့ ရောက်လာသောအခါ သူတို့၏ခေါင်းဆောင်ကြီး ဦးပါရှေန်အားလည်း ဖမ်းထားသည်ကို တွေ့သောအခါ ဦးရှပ်ဝေါန်းပြောသည်မှာ မှန်သည်ဟု သိလာကာ အရှေ့ဘက်မှ ခယမ်ညူးငန်း ရဲဘော်တို့သည် ကျွန်တော်တို့အား သတ်ရန်ကြံစည်သူ စိန်းညာ နှင့် မောင်လွား အဖွဲ့တို့အားဆန့်ကျင်ပြီး လုပ်လာခဲ့သည်ဟုဆိုသည်။ သို့ဖြစ်၍မောင်လွားတို့အဖွဲ့မှ ခန့်ထားသောစစ်
ကြောင်းမှူးဗိုလ်ကြီး(အနောက်ဘက်ခယမ်ညူးငန်း)အားရဲဘော်တို့ကသူတို့၏စစ်ကြောင်းမှူးအဖြင့်မှ
သူတို့သဘောဖြင့် ပယ်ထုတ်လိုက်ပြီး တပ်ကြပ်ကြီး ပိန်းခေါင် (Pingkhao အရှေ့ဘက်ခယမ်ညူးငန်း)  အားသူတို့၏ စစ်ကြောင်းမှူးအဖြင့် ထားကာ။ ယုတ်မာသူတို့အား ဆန့်ကျင်လာခဲ့သည် ဟုဆိုသည်။
မောင်လွား၏ ယုတ်မာသည့် အကြံအစည်ကို ကျွန်တော်တို့သိရှိ၍ သူ့အား ၁၉၈၇-ခုနှစ် ဇွန်လတွင် အလုပ်မှဖြုတ်ခဲ့သည်။သို့သော်အပြင်မှာအရပ်သားအဖြစ်နေရင်းစိန်းညာတို့နှင့်အဆက်အသွယ်လုပ်ကာ သူလုပ်ရန်စီစဉ်သည့်အတိုင်း ဆက်လက်လုပ်နေခဲ့သဖြင့် ထိုသို့အဖမ်းအစီး ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ရှပ်ဝေါန်အားဖမ်းထားပြီဖြစ်ကြောင်းကြားသိ၍ မောင်လွားသည်သူ့ရွာဆွယ်ဖိုးမှထိန်ငန်းသို့လာခဲ့သည်။ သို့သော်သူထိန်ညူးငန်းရွာသို့ရောက်မလာခင် Liang နှင့်ပါကြုံတို့ကရှပ်ဝေါန် ထွက်ပြေးသွားကြောင်း သွားပြောရာ “ဟဲ-ရှပ်ဝေါန်ထွက်ပြေးသွားပြီဆိုရင်ဘာလုပ်မလဲ” ဟုပြောကာချက်ချင်း လှည့်ပြန်သွားခဲ့
ကြောင်း။ သူ့အားဆန့်ကျင်ခဲ့သူရဲဘော်များက လမ်းတွင်ပုန်းပြီးကင်းစောင့်ထိုင်နေစဉ်တွေ့ခဲ့သည်ဆို
သည်။ ထိုအဖမ်းအဆီးများ လုပ်ပြီး လန်းနုတ်စခန်းတွင် ၁၉၈၇-ခုနှစ် နိုဝင်ဘာလ (၂) ရက်တွင်
သူတို့အစည်းအဝေး ထိုင်သည်။ ထိုအခါ စိန်းညာ၏ စာရေးတန်ငြူ က “ခုရှပ်ဝေါန်း နှင့်ပါရှေန်တို့ကို
ဖမ်းတာက စစ်ဦးစီးချုပ်ရဲ့ အမိန့်နဲ့ဖမ်းသလား သမ္မတရဲ့ အမိန့်နဲ့ ဖမ်းသလား။ ဘာအမှုနှင့် သူတိုကို
ဖမ်းသလဲ။ကျွန်တော်တို့ရဲ့ဥပဒေအရဆိုရင်လူတစ်ယောက်ကိုဖမ်းရင်(၂၄)နာရီအတွင်းစွဲချက်တင်ရမယ်လို့ရှိတယ်။ ဒါပေမဲ့ ခုခင်ဗျားတို့ ပါရှေန် ကိုဖမ်းထားတာက တစ်ရက်မက ရှိနေပြီး။ ရှပ်ဝေါန်ကတော့ ထွက်ပြေးသွားပြီး။ သူ့ကိုလဲခင်ဗျားတို့ဘာအမှုနဲ့ဖမ်းသလဲ။ စွဲချက်ရှိရမယ်ဟုပြောလိုက်ရာသူတို့အားလုံး
 ကြောင်တောင်တောင်ဖြစ်သွားခဲ့သည်ဆိုသည်။ထိုအခါကမောင်လွားကိုခေါ်ပြီး စွဲချက်ရေးခိုင်းရမယ်ဟု ပြောလိုက်ရာသူတို့ရဲ့စစ်ဦးစီးမှူးလေမ်ကျူချက်ချင်းထပြန်သွားခဲ့ကြောင်း။ အဘယ်ကြောင့်ဆိုသော်
မောင်လွားက လိမ်ညာပြီး လုပ်ခဲ့သော အလုပ်ဖြစ်သည်။ တဖန် ခယမ်ညူးငန်း နယ်မြေအရာရှိများအား
 အခြားနယ်မြေမှ လာသော နာဂအမျိုးသားခေါင်းဆောင်များအားလုံးအားခယမ်ညူးငန်းနယ်မြေမှ မောင်းထုတ်ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးရန် ပြောလာပြန်ခဲ့ကြောင်း။ ထိုအခါလည်း အရှေ့ပိုင်းမှအရာရှိများက“ကျွန်တော်တို့ဆိုင်းမထိုးဘူး။နာဂတိုင်းပြည် အလုပ်ဆိုတာ နာဂတွေအားလုံး စုပေါင်းပြီးလုပ်ရမယ်။ခယမ်ညူးငန်းတဦးတည်းနဲ့ လုပ်လို့မရဘူး။ ဘာဖြစ်လို့ပါရှေန်ကို ခင်ဗျားတို့ ဖမ်းထားသလဲ။ ဒါဘဲအမြန်ဖြေရှင်းပါ”ဟု ပြောခဲ့ပါသည်။သူတို့၏ အမျှော်အမြင် မရှိသော လုပ်ရပ်အား တပ်ရင်း (၁) တပ်ရင်း (၂) တို့ သာမကအရှေ့ဖက်ခယမ်ညူးငန်းအရာရှိများ။ တပ်သားများ ရွာသားများ အားလုံးကဆန့်ကျင်ခဲ့သည်။ ဦးပါရှေန်အားသတ်ရင်မထားဘူး။ ရှိရာလက်နက်နဲ့ချမယ်ဟု ရွာသားများ
အားလုံးစစ်ပြင်နေခဲ့သည်။ သူတို့ စွန်းညူရွာသို့ ရိက္ခာကောက်ရန် သွားသော အခါ ရွာသူကြီးက“ပါရှေန် နှင့် ရှပ်ဝေါန် ကို ဘာဖြစ်လို့ဖမ်းသလဲ။ စမ်းချောင်းဖျားက သစ်ပင်ကို မင်းတို့ ခုတ်ပြီး စမ်းချောင်းဖျားက သစ်ပင်ခုတ်ရင်စမ်းရေခန်းတယ်ဆိုတာမင်းတို့မသိဘူးလား”ဟုပြောကာဓါးမြှောက်ပြီးခုန်စွခုန်စွလုပ်ပြခဲ့ရာ ရဲဘော်တွေလည်း ကြောက် ရိက္ခာမတောင်းတော့ဘဲပြန်သွားခဲ့သည်ဆိုသည်။ဤသို့ဖြင့်သူတို့၏ အစီအစဉ်မှာပျက်ပြားသွားခဲ့သည်။သို့သော်ကျွန်တော်အားနအဆကအဖွဲ့တို့နှင့်အဆက်အသွယ်လုပ်ပြီး သူတို့ဖက် အလင်းဝင်သွားရန် စီစဉ်နေသည်ဟု မဟုတ်မတရား စွပ်စွဲကာသတ်ရန် ကြိုးစားခဲ့သည်။ အမှန်မှာ-ကျွန်တော်ထောင်ကလွတ်လာပြီး နအဆကအဖွဲ့သည် ကျွန်တော်အားသတ်ရန် ကြိမ်ဖန်များ
စွာ ကြိုးစားခဲ့သည်။ ၁၉၈၃-၈၄-၈၅-ခုနှစ်များတွင် ဟိုင်းမြေနယ်ဘက်သွားပြီး ပြန်လာတိုင်း ကျွန်တော့်
နောက်လိုက်ပြီးတိုက်ခဲ့သည်။ ၁၉၈၆ခုနှစ်တွင် Lt.Solomon Tangkhul အားကျွန်တော်ကိုသတ်ရန်ခန့်
ခဲ့သည်ဟုဗိုလ်ကြီးကြုန်၁၉၈၈-ခုနှစ်တွင်နအဆကမှကျွန်တော်တို့ဖက်ဝင်လာသောအခါ ပြောပြခဲ့သည်။
ထို Solomon က ၁၉၈၆-မတ်လတွင် ကျွန်တော်တို့ လူ (၆ဝ) လက်နက်အပြည့်အစုံဖြင့် ခင်ဗျားတို့ နအကဆီ အလင်းဝင်လာရန် ပင်ထောင်လောင်ဆောက် ဘက်တွင်ရောက်နေသည် လာခေါ်ပါဟု ကျွန်တော် နာမည်လိပ်စာတပ်ပြီး ရေးခဲ့သည်။ ထိုဟာသည်ကျွန်တော်အား မျှားခေါ်ပြီး သတ်ရန်ဖြစ်သည်ကို ကျွန်တော်သိ၍ ခင်ဗျားတို့ ကျွန်တော်တို့နှင့်ပေါင်းရန်လာခြင်း တကယ်မှန်လျှင်
လက်နက်များကိုပြည်သူတွေလက်ထဲအပ်ပြီးရှေ့ကိုပို့ခဲ့ပါဟု စာပြန်ခဲ့သည်။ ထို့နောက်မတ်လကုန်ပိုင်း
လောက်တွင်ကျွန်န်ုပ်တို့ ဟိုင်းမြလူမျိုးရှောက်ရား (Shokra) ရွာမှ ရွာဥက္ကဌ (နအဆက မှ ခန့်ထားသူ) သူနှင့် လူငယ် တစ်ယောက်လာပြီး ကျွန်တော်အား နအဆက ဖက်သို့ဝင်လာရန် မွေဝါ အီဆက် တို့ခေါ်ခိုင်းကြောင်းပြောလာခဲ့သည်။ ကျွန်တော်သူတို့နှစ်ယောက်အားပြောခဲ့သည်မှာ မွေဝါအီဆက်တို့
သည်အထူးပြည်နယ်အတွက်အိန္ဒိယအစိုးရနှင့်ဆွေးနွေးရန်ပြင်ဆင်နေသည်။ ထိုအစီအစဉ်ကိုဦးခပ်လန်
 သိလာပါက သူတို့အချင်းချင်း တခါပြန်တိုက်ကြမည် ဖြစ်သည်။ ထိုသို့တိုက်ကြရန်နီးနေကြောင်း ပြောပြီး သူတို့နှစ်ယောက်အား လွတ်လိုက် သည်။ ထို့နောက် ၁၉၈၇-ခုနှစ်စက်တင်ဘာလကုန်ပိုင်းတွင် ပေထောင်လောင်ဆောက်ဘက်မှ လာသော နအဆကစာဟူ၍ ကျွန်တော့နာမည်ဖြင့် စာတစ်စောင် ပြန်ရောက်လာခဲ့သည်။ ထိုစာသည် လက်နှိပ်စက်ဖြင့် ရိုက်ထားသော စာဖြစ်သည်။ နာဂမစ်ခေါ် အာသန်စကားဖြင့် ရေးထားသည်။ ရေးသူကဗိုလ်ကြီးကြုန် ဖြစ်သည်။ ရေးထားသည့် စာမှာ-အစ်ကို ခင်ဗျား နအဆကဖက် အလင်းဝင်လာမည်ဟု ကြားသည့်အတွက် အင်မတန်မှ ဝမ်းသာပါသည်။ခင်ဗျား ထိုသို့ အလင်းဝင်လာမည်ဆိုပါက လက်နက်များများ လူများများ ပါနိုင်အောင်ခေါ်ပြီးလာခဲ့ပါဟု ရေးထားသည်။ကြုန်ခယမ်ညူးငန်းသည်ယောမ်(Yom)တဝိုက်တွင်ရှိနေခဲ့သည်။ ထိုသို့သူစာမရေးနိုင်
သည်မှာကျွန်တော်သိသည်။ သူဆီမှာလက်နှိပ်စက်လည်းရှိမည်မဟုတ်။ ထိုဟာသည်ကြုန်၏အလုပ်မ
ဟုတ်။ ကျွန်တော်အား ကျွန်တော်တို့ နအကအဖွဲ့မှ ထိုစာပါအချက်ဖြင့် စွပ်စွဲပြီး သတ်ခိုင်းစေရန် အကြံဖြစ်သည်ကို ကျွန်တော်သိသည်။ ထို့ကြောင့်လည်း ထိုစာကို ချက်ချင်း မီးရှု့ပစ်ခဲ့သည်။ အောက်တိုဘာလတွင် ကျွန်တော်အားဖမ်းသောအခါ ကျွန်တော်သေတ္တာကို ရှာဖွေခဲ့သည်။ သို့သော် ထိုစာမတွေ့ခဲ့၍ ကျွန်တော်အသက်ဘေးမှ လွတ်ခဲ့သည်။ ထိုစာသည် နအဆကဖက်မှ လာသော စာမဖြစ်နိုင်ကြောင်း။ကျွန်တော်အားစွပ်စွဲချက်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်အား ဖမ်းပြီးသတ်ရန်
ကြံစည်ခဲ့သူများက သေချာအကွက်ဆင်ပြီး လုပ်ခဲ့ခြင်းဖြစ်မည်ဟု ကျွန်တော်ထင်ခဲ့သည်။ဦးပါရှေန် အပေါ်  ညမ်လေတောကို ကြာခေဆန်တို့အား ရောင်းစားခဲ့သည်ဟု အကြံဖန် စွဲချက်တင်ခဲ့သည်။သူတို့
၏စွပ်စွဲချက် သက်သေသာဓက မအောင်သော်လည်း ကျွန်တော်အား တခုမဟုတ်တခု အပြစ်တင်ပြီး သတ်ရန် ကြိုးစားခဲ့သဖြင့် ကျွန်တော်အား ချစ်ခင်လေးစားသူများကအကြံပေးသည့်အတိုင်း ၁၉၈၈-ခုနှစ်ဧပြီလ(၂၂)ရက်တွင်ဘာရေးဝန်ကြီးမှ နုတ်ထွက်စာတင်ပြီး ထွက်သွားခဲ့သည်။ ၁၉၈၅-ခုနှစ်တွင် နအက အစည်းအဝေးမှ ကျနော့အား နာဂအမျိုးသားကောင်စီ တွဲဘက်အတွင်းရေးမှူး တာဝန်ကိုပါ ပေးခဲ့သည်။ ထို့ကြောင့်ဘာရေးဝန်ကြီးမှ နှုတ်ထွက်ခဲ့သော်လည်း တွဲဘက်အတွင်းရေးမှူး တာဝန်ကို ဆက်လက်ထမ်းဆောင်လာခဲ့သည်။ ကျနော်ထွက်သွားခဲ့သော အချိန်တွင် ဟိုင်းမြေနယ်၌လည်းနအဆ
ကကြားတွင် ပဋိပက္ခ ဖြစ်နေကြောင်း အချင်းချင်းတိုက်ကြရန် နီးနေပြီဖြစ်ကြောင်းကြားနေခဲ့သည်။ ကျွန်တော်သာ ဒီစခန်းမှခုထွက်မသွားဘဲ ဟိုင်းမြေနယ်ဘက် တပ်အင်အား(၁ဝဝ) လောက်နှင့် သွားမည်ဆိုလျှင်များသောအားဖြင့်နအဆကတပ်သားများသည်ကျွန်တော်တို့နှင့် ပေါင်းလာကြမည်သာ
ဖြစ်သည်ဟုစဉ်းစားပြီးစိတ်မကောင်းစွာဖြင့်ထိုစခန်းမှထွက်သွားခဲ့သည်။
(၁၇) နအဆက နှစ်ဖွဲ့ကွဲခဲ့ပုံ။
ဆိုရှယ်လစ်အစိုးရဖွဲ့စည်းရမည်။ကျွန်တော်တို့၏ဥက္ကဌတရုတ်ပြည်တွင်နေရမည်ဟု ဟောလာခဲ့
သည့်အတိုင်းဆိုရှယ်လစ်အစိုးရကိုဖွဲ့စည်းသည့်နောက်ပိုင်း မွေဝါသည်နအဆက ဥက္ကဌ ဦးအီဆက်အား သူ့၏ဇနီးနှင့်အတူတရုတ်ပြည်သို့၁၉၈၂-ခုနှစ်တွင်လွတ်ခဲ့သည်။ သို့သော်သူတို့၏ ခရီးစဉ်မအောင်မြင်ခဲ့
ပါ။ အီဆက်စိတ်ဓါတ်ကျပြီး ကချင်ပြည်မှပြန်လာခဲ့သည်။ ထို့နောက် Captain Hao Tangkhul အား တရုတ်အစိုးရနှင့်အဆက်အသွယ်လုပ်ရန်လွတ်ခဲ့ပြန်သည်။ သို့သော်မအောင်မြင်ခဲ့ပါ။ ၁၉၈၅-ခုနှစ်တွင်
အိန္ဒိယကလည်း သူတို့နှင့် ဆွေးနွေးရန် ကမ်းလှမ်လာခဲ့သည်။ ထိုကိစ္စ အတွက် ဗိုလ်မှူးချုပ်ဝဲဒီုင်အား ကိုဟီးမားမြို့သို့ စေလွတ်ခဲ့သည်။ ၁၉၈၇-ခုနှစ်ရောက်လာသောအခါ မွေဝါ ကိုယ်တိုင် တပ်သား (၂ဝဝ) နှင့်အတူ တရုတ်ပြည်သို့သွားရန် ဩဂုတ်လ (၂) မှစပြီးထွက်သွားခဲ့သည် ဆိုသည်။ အဖွဲ့သည် မိုးရာသီတွင် ခရီးထွက်ခဲ့သဖြင့် ငှက်ဖျားမိ၍၎င်း ဝမ်းရောဂါကြောင့်၎င်း ရဲဘော်ရဲမေများ(၄ဝ)ကျော် ကချင်ပြည်တွင်သေဆုံးခဲ့ကြကြောင်း အင်မတန်ဝမ်းနည်းဘွယ်ရာ သတင်းရရှိခဲ့သည်။ ဤသေဆုံးမှုအ
တွက် မိုးတွင်းတွင်သွားရန်စီစဉ်ခဲ့သော ခေါင်းဆောင်များအား ကျွန်တော်တို့ အပြစ်တင်ခဲ့သည်။ထိုသို့
ကြိုးစားခဲ့သော်လည်းတရုတ်တို့ကလက်မခံသဖြင့် မွေဝါတို့အဖွဲ့ကချင်ပြည်မှပြန်လှည့်လာရာ ဟိုင်းမြေ
နယ်သို့၁၉၈၇-ခုနှစ်ဒီဇင်ဘာလ(၁၇)ရက်တွင် ပြန်လည်ရောက်လာခဲ့ကြောင်း သူတို့၏မှတ်တမ်းအရ သိရသည်။ ထိုသို့နိုင်ငံခြားအကူအညီရရန်ကြိုးပမ်းမှုမအောင်မမြင် ဖြစ်လာ၍ စိတ်ဓါတ်ကျလာကြသော
မွေဝါအီဆက်တို့၏နောက်ဆုံးအကြံမှာ ဦးဆွယ်ဆား၏အဆိုပြုချက်(Suisa’s proposal) ကို အခြေခံပြီး အထူးပြည်နယ်အတွက်အိန္ဒိယအစိုးရနှင့်ဆွေးနွေးရန်ဖြစ်သည်။ထိုသို့အိန္ဒိယအစိုးရနှင့်အထူးပြည်နယ်အတွက်ဆွေးနွေးရန်မိမိတို့၏ ပြည်သူလူထုကသဘောတူ၊ မတူကိုမေးမြန်းပြီး အကြောင်းပြန်ကြားရန်
ခရိုင်ဥက္ကဌ များအားပြောပြီး လွတ်ခဲ့သည်ဆိုသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး မွေဝါ အီဆက်တို့၏ပူးတွဲ
ထုတ်ပြန်သောစာတမ်းထဲမှာရေးခဲ့သည်မှာ“ဟန်ဆင်စခန်းတွင်ကျွန်တော်တို့အရေးပေါ်အစည်းအဝေး
ခေါ်ပြီး ဆွေးနွေးခဲ့သည်။ ဦးကျိန်ငန်း ကော်ညက် (နှစ်ဖွဲ့အကြားသွားနေသူ)ကနေ ကျွန်တော်တို့အား
သတင်းပေးခဲ့သည်မှာ-အိန္ဒိယက နအဆကတို့နှင့် အထူးပြည်နယ်အတွက် ဆွေးနွေးလိုကြောင်း။ ထို့ပြင်ဒေါ်အင်ဒီရာဂန္ဒီကအုပ်ချုပ်နေသောအချိန်တွင်လည်း(၇)ခါလောက်ကျွန်တော်တို့နှင့်ဆွေးနွေးရန် ကမ်းလှန်းခဲ့သည်”ဟုရေးသားခဲ့သည်။(၁၉၈၉-ခုနှစ်ဇူလိုင်လ (၇)ရက်တွင် ထုတ်ပြန်ခဲ့  သော သူတို့၏ စာတမ်းစာမျက်နှာ (၁) နှင့် (၂၇)တို့မှ ကောက်နှုတ်ချက်။) ဟိုင်းမြေပြည်လူထုနှင့် တိုင်ပင်ပြီး အိန္ဒိယအစိုးရနှင့် အထူးပြည်နယ်အတွက်ဆွေးနွေးရန် ဟိုင်းမြေပြည်သူလူထုက လက်မခံကြောင်း မွေဝါ အီဆက်တို့အား အကြောင်းကြားရန် ဦး Koikhip သည် ဟန်ဆင်စခန်းသို့ ရောက်လာခဲ့သည်။ ထိုအခါ ဗဟိုမှ နအဆက ထိပ်တန်းခေါင်းဆောင်များသည် ၁၉၈၈-ခုနှစ် ဇန္ဒဝါရီ (၂၃) မှ (၂၄) ရက်အထိ အစည်းအဝေး ထိုင်နေခြင်းနှင့် တိုက်ဆိုင်ခဲ့သည်ဆိုသည်။ ထိုအစည်းအဝေးသို့ လာရန်
ဦးခပ်လန်နှင့် ဗိုလ်ချုပ်ခူလေတို့အား ဖိတ်ခေါ်ခဲ့သော်လည်း မလာခဲ့ဟုဆိုသည်။ သူတို့အကြားမသင့်မ
သင့် ဖြစ်နေခဲ့သဖြင့် ၁၉၇၉-ခုနှစ်ကလို အစည်းအဝေးခေါ်ပြီး ဖမ်း၍သတ်မည်ကိုစိုးရိမ်သောကြောင့် မလာခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ခပ်လန်နှင့် ခူလေတို့အားလည်း မွေဝါ အီဆက်တို့ကရှင်းပစ်ရန် အစီအစဉ်ရှိသည်ကိုရိပ်မိလာသောကြောင့်ဖြစ်သည်။ ထို့ပြင်လက်နက်အ
ကောင်းများကိုလည်းတန်ခွန်နယ်မြေသို့ တဖြည်းဖြည်းပို့ဆောင်ခြင်း။ ကော်ညက်တို့နှင့် ဟိုင်းမြေတို့ လက်ထဲမှ လက်နက်များကိုသိမ်းစည်းရန် ကြံစည်မှုတို့ကို ရိပ်မိလာသောကြောင့် ဟိုင်းမြေနှင့် ကော်ညက်အရာရှိတို့မှာပိုပြီးသတိထားလာခဲ့ကြောင်း၊ ၁၉၉၁-ခုနှစ်ကျွန်တော်တို့ ပြန်ဆုံကြသောအခါ ဦး Koikhip နှင့် Col. Tosangchiu တိုပက ပြောခဲ့ကြသည်။
အထက်တွင်ဖေါ်ပြသည့်ဟန်ဆင်ကောင်စီစခန်းအစည်းအဝေးတွင်ဆွယ်ဆား၏အဆိုပြချက်၏အပေါ်လေးလေးနက်နက် ဆွေးနွေးခဲ့ကြသည်ဆိုသည်။ ဒု ဘာရေးဝန်ကြီး Beyao ကော်ညက်က “ဆွယ်ဆားရဲ့ အဆိုပြုချက်ဆိုတာ ဘာလဲ။ ကျွန်တော် တို့လူငယ်တွေက ကောင်းကောင်းမသိဘူး” လို့မေးရာမွေဝါက“ကာကွယ်ရေး၊နိုင်ငံခြားရေး၊ဘာရေးတွေကို အိန္ဒိယ ဗဟိုအစိုးရက ထိန်းချုပ်မယ်။ ကျန်တဲ့အာဏာတွေကိုကျွန်တော်တို့ကျင့်သုံးမယ်”အဲဒါကိုဆွယ်ဆားရဲ့အဆိုပြုချက်လို့ခေါ်တယ်ဟုရှင်း
ပြခဲ့ကြောင်း။ ဆက်လက်၍ သူပြောခဲ့သည်မှာ-ကျွန်တော်တို့ ပထမအဆင့်မှာ အထူးပြည်နယ်ကို ယူထားပြီးနောင်တချိန်မှအပြည့်အဝ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရမယ်။ ဂျီဩမေတြိ သီအိုရီမှာအ
မှတ်အသားနှစ်ခုကြားမျည်းဖြောင့်ဟာအတိုဆုံးဖြစ်တယ်ဆိုသော်လည်းနိုင်ငံရေးမှာကတော့ မျဉ်းခုံးဟာ အတိုဆုံးဖြစ်တယ်ဟုရှင်းပြခဲ့သည်ဆိုသည်။ဦး Koikhip က ဟိုင်းမြေပြည်သူလူထုတွေက ဆွယ်ဆား၏
 အဆိုပြုချက်ကိုလက်မခံကြောင်းတင်ပြကာ ဆက်လက်၍ပြောခဲ့သည်မှာ-ခင်ဗျားတို့အိန္ဒိယနိုင်ငံ
လက်အောက်မှာ အထူးပြည်နယ်ကို လက်ခံမယ်ဆိုရင် ဘာဖြစ်လို့ အမျိုးသား ခေါင်းဆောင်တွေ နှင့်
နာဂ တပ်မတော်အရာရှိတွေကို ရှီလောင်စာချုပ်ထောက်ခံသူတွေလို့ စွဲချက်တင်ပြီးသတ်ခဲ့သလဲ။ ရှီလောင်စာချုပ်နှင့်ခုခင်ဗျားတို့ပြောနေတဲ့အထူးပြည်နယ်ဟာအတူတူဘဲ၊ခင်ဗျားတို့အထူးပြည်နယ်ယူ
မယ်ဆိုရင်ကျွန်တော်တို့အရှေ့နာဂတွေအတွက်ကဘယ်လိုလုပ်မလဲ။ထိုအခါအီဆက်က-ဗမာအစိုးရနှင့် အိန္ဒိယအစိုးရတို့ကနားလည်မှုတည်ဆောက်ပြီးလုပ်မှာပါဟုပြောရာ Koikhip က လူများတွေနားလည်မှု
ယူမှာဘဲ ဆိုတဲ့စကားနဲ့ ကျွန်တော်တို့ လုပ်လို့ရမလားဟု ပြန်ပြောခဲ့ကြောင်း။နောက်ဆုံးအချက်မှာ-ဘုရားသခင်ဝိညာဉ်တော်၏ ဟော်ကိန်းအရ Brig.Vedai နှင့် Col. Kakiho တို့အား ကချင်ပြည်သို့ လွတ်ရန်ဖြစ်သည်။ထိုအခါလည်းဦး Koikhip က ခုခင်ဗျားတို့စစ်အရာရှိတွေကိုအစိုးရရဲ့အမိန့်အရ မဟုတ်ဘဲဝိညာဉ်ရဲ့ဟောကိန်းအရလွတ်မယ်ဆိုတယ်။ ဒါဆိုရင်သူတို့ကံမကောင်းလို့ သေသွားရင်ဒါမှ
မဟုတ်ဒုက္ခကြုံရင် အစိုးရကတာဝန်ယူမလား။ဘုရားသခင်ရဲ့တာဝန်ဘဲလို့ဆိုမလား။ ဝိညာဉ်တော်ရဲ့
ညွန်ကြားချက်အရ နာဂအမျိုးသားကောင်စီနှင့် ပေါင်းပြီလို့လဲဆိုချင်ဆိုနိုင်တယ်။ အဲဒီလိုဖြစ်လာရင်
ကော။ ဒါဟာလဲကောင်းတယ်လို့ လက်ခံကြမလားဟု ပြောလိုက်ရာ မွေဝါကသည်းမခံနိုင်တော့ဘဲ။ Koikhip အား စော်ကားမော်ကားပြောခဲ့သည်မှာ-မင်းကခေါင်းဆာင်တွေကို ဒီလောက်တောင် ဘာဖြစ်လို့ အံတုပြီးပြောနေတာလဲ။ ငါတို့ခေါင်းဆောင်တွေက နိုင်ငံရေးသိပြီး နိုင်ငံတော်ကို ဦးစီးဦးဆောင်လုပ်တယ်။မင်းကဘာသိလို့လဲ။ဟုပြောလိုက်ရာ၊ Koikhip လည်းချက်ချင်းဒေါသထွက်ပြီး ဘာဖြစ်လို့ မပြောဘဲနေရမလဲ။လူအသက်ဆိုတာ တန်ဖိုးမရှိဘူးလား။ ခင်ဗျားတို့အထူးပြည်နယ် အတွက်ဘဲဆိုရင် ဘာဖြစ်လို့လူတွေ ဒီလောက်သတ်ခဲ့သလဲ။ အထူးပြည်နယ်က သွေးမထွက်ဘဲနဲ့ လည်းရနိုင်တယ်ဟုပြောပြီးအစည်းအဝေးမှထွက်သွားခဲ့ကြောင်း၊ သူထွက်သွာပြီးနောက် အီဆက်နှင့် တကွ Brig.Vedai,Col.Kakiho တို့အပါအဝင် လူပေါင်း (၂၉) ယောက်အား ကချင်ပြည်သို့ လွတ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဆိုသည်။ သူတို့အကြားတွင် တစုံတခုဖြစ်တော့မည်ဆိုသည်ကို အားလုံးကအသိပင်
ဖြစ်သည်ဆို၏။အစည်းအဝေးဆုံးဖြတ်ချက်အတိုင်းအီဆက်၊Brig.Vedai,နှင့်Col.Kakihoအဖွဲ့တို့သည် ဟန်ဆင်စခန်းမှ ၁၉၈၈-ခုနှစ် ဇန္နဝါရီလ (၃ဝ) ရက်မှ စပြီးထွက်သွားခဲ့သည်။ ထိုသို့ထွက်သွားပြီး တကားတောစခန်းတွင် နားနေစဉ် အီဆက်က သူ့၏ရဲဘော်-ဖိုးတွယ် ဇီမော်မီနှင့် ဒုတပ်ကြပ် လဟူဖဲတေ် (Lhupheto) တူကူတို့အား ထွက်ခွါတော့မည့်နုတ်ခွန်းစကား ပြောထားခဲ့သည်မှာ-“ငါတို့
ကြားမှာပြဿနာတခုခုတော့ မလွှဲမသွေဖြစ်တော့မယ်။ဘာဖြစ်လို့လဲဆိုတော့တန်ခွန်တို့က မှားတာလုပ်
နေပြီ။ဒါကြောင့်သူတို့ခံရမှာဘဲ။ ဒါပေမဲ့မင်းတို့ကဟိုင်းမြေနှင့်ကော်ညက်လူမျိုးတွေကိုဆန့်ကျင်ပြီးမလုပ်
ကြနဲ့။သူတို့ကိုဆန့်ကျင်ပြီးလုပ်ရင်မင်းတို့ထမင်းငတ်ပြီးသေမယ်။ ပြီးတော့ တန်ခွန်တို့ကိုလည်းမဆန့်
ကျင်နဲ့။ သူတို့လည်း ငါတို့ရဲ့ ညီအစ်ကိုတွေဘဲ။ မင်းတို့နားလည်ထားဖို့က မှန်ကန်တဲ့အဖွဲ့အစည်းက လူအင်အားနည်းပေမဲ့ ပြန်ပြီးအင်အား ကြီးမားလာလိမ့်မယ်။ ငါပေါင်းသွားတဲ့ဖက်မှာ မင်းတို့ လည်းအဲဒီမှာ လာပေါင်းရမယ်။ ဒီနေရာမှာ ငါပြန်လာတော့မှာ မဟုတ်ဘူး။ဒါပေမဲ့ ဒီဟာတွေအားလုံးကို အထွေထွေအတွင်းရေးမှူး မွေဝါကိုမပြောနဲ့နော်” ဟုပြောထားပြီး အီဆက် ကချင်ပြည်သို့ ထွက်ခွာသွားခဲ့သည်။ (ဦးဖိုးတွယ်မှ ပြောပြချက်)
အထက်တွင်ဖေါ်သည့်အတိုင်းဦး Koikhipသည်အစည်းအဝေးမှထွက်သွားပြီးတောက်လျှောက်
ခပ်လန်ရှိရာထိန်ပါစခန်းသို့ပြန်သွားခဲ့သည်။သူလားမာရွာတွင်ရှိနေစဉ်တန်ခွန်တပ်သားတို့(၁၅ယောက်) လက်နက်အပြည့်ဖြင့် လားမာရွာတွင်လည်း ဝင်မနားဘဲဘော်တဲရွာဘက်သို့ လျင်မြန်စွာဖြင့် သွားကြသည်ကို တွေ့လိုက်ရကြောင်း။ သူတို့သွားသည်မှာ အခြားမဟုတ။် ဘော်တဲတွင်ချထားသော ခပ်လန်၏ သက်တော်စောင့်တပ်ဖွဲ့များ၏လက်နက်ကို သိမ်းရန်သွားခြင်းသာ ဖြစ်သည်ကို Koikhip သိ၍ အမြန်ဆုံးစာတစ်စောင်ကင်းစောင့်တပ်မှူးဆီရေးကာ ရွာသားတစ်ယောက်အား မြန်မြန်ပြေးပြီး ရှေ့တွင်သွားနေသောတန်ခွန်တပ်သားတို့ကို ကျော်သွားရန်။ သူတို့က ရပ်ခိုင်းသော်လည်းမရပ်ရန်။သူ
တို့ကို ကျော်၍သာသွားပြီး ထိုစာကို ခပ်လန်၏သက်တော်စောင့် တပ်မှူး လက်ထဲမပျက်မကွက်သွား ပေးရန် ခိုင်းသည်။ ထိုစာပို့သမားလည်း ညွန်ကြားသည့်အတိုင်း သူတို့အားကျော်၍သွားလိုက်ရာ တန်ခွန်တပ်ဖွဲ့တို့လည်းဘော်တဲရွာသို့မသွားတော့ဘဲပြန်ခေါက်ခဲ့သည်ဆိုသည်။တပ်ရင်း(၁)တွင်ရှိသောလက်နက်များကိုလည် Col.Tosangchiu က အကုန်လုံး ဝှက်ထားခဲ့ကြောင်း။ ဤသို့သူတို့အကြား အခြေအနေတင်းမာလာခဲ့သဖြင့် နောက်ဆုံးတွင်ဦးခပ်လန်နှင့်ဗိုလ်ချုပ်ခူလေတို့က သူတို့၏တပ်သား လွတ်ပြီး ၁၉၈၈-ဧပြီလ(၃ဝ) ရက်တွင် ဟန်ဆင်စခန်းအား တိုက်လေတော့သည်။ ထိုတိုက်ပွဲတွင် Brig. Ashiho Paomai နှင့် သူ၏သားအသက် (၂) နှစ်လောက်ရှိသူ အပါအဝင်အခြား (၁ဝ) ယောက်ထက် မနည်း ကျဆုံးခဲ့သည်ဆိုသည်။ မွေဝါမှာမူကား ထွက်ပြေးလွတ်မြောက်သွားပြီး အပေါင်းပါ (၃ဝ) လောက်နှင့် အတူ ကချင်ပြည်သို့ ရောက်သွားခဲ့သည်။ကချင်ပြည်တွင် အရင်ရောက်နေခဲ့သော ဦးအီဆက်သည် ဦးမွေဝါ ရောက်မလာခင်နာဂအမျိုးသားများ အားလုံး၏ စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီးနာဂအမျိုးသားကောင်စီနှင့်ပေါင်းလိုက်ကြောင်း၁၉၈၈-မေလ (၂၈) ရက်တွင် ကြေငြာခဲ့သည်။ ထိုအချိန်တွင် နအက ကိုယ်စားလှယ်များသည် ကေဟော နှင့် လာဆူး (နှစ်ယောက်စလုံး ကြာခေဆန်) တို့ကဦးဆောင်ပြီးကချင်ပြည်တွင်နေခဲ့သည်။ အီဆက်၏ ကြေငြာစာတမ်းမှာအောက်ပါအတိုင်းဖြစ်
သည်-
                   NAGALAND FOR CHRIST
          GOVERNMENT OF PEOPLE’S REPUBLIC OF NAGALAND
To,
          The Chairman, Western Division, KIO
Sir,
          With due respect I an informing you about the understanding we arrived so far among the Nagas who are present in your country. In the interest of national unity and for the maintenance of Naga sovereignty and for the cause of Nagaland for Christ; we have arrived at the understanding to unite with NNC to find out ways and means for unity of the whole people of Nagaland.
          We therefore request Hon’ble Chairman to inform the Central Council of KIO to lend helping hands for furtherance of our unity.
Dated
28-5-88                           Seal                                 Yours sincerely,
                                                                                     Sd/-
                                                                             Isak Chishi Swu
                                                                                  President,
                                                                   Government of the People’s
                                                                         Republic of Nagaland.
သူနှင့်အတူလာခဲ့သော ရဲဘော်ရဲမေများကလည်း အီဆက်၏ဆုံးဖြတ်ချက်ကိုထောက်ခံ
ကြောင်း ကြေငြာခဲ့သည်။ နာဂအမျိုးသားကောင်စီ ကိုယ်စားလှယ်များလည်းသူတို့၏ဆုံးဖြတ်ချက်ကို ဝမ်းသာအားရကြိုဆိုခဲ့သည်။သို့သော်ဇွန်လဒုတိယအပတ်တွင်မွေဝါရောက်လာသောအခါအီဆက်သည် တခါစိတ်ပြောင်းသွားပြီးမွေဝါနောက်လိုက်သွားခဲ့ပြန်သည်။ ဤဟာသည်ကားအီဆက်သည်မိမိ၏ဆုံး၏
ဖြတ်ချက်အပေါ်ခိုင်မာစွာရပ်တည်နိုင်ခြင်းမရှိသည့်အပြင်နာဂနိုင်ငံ၏ရှေ့ရေးအတွက်လည်းဘာမှမျှော်
မြန်းထားခြင်းမရှိသည်ကို ထင်ရှားပေါ်လွင်စေခဲ့သည်။ သူစိတ်မပြောင်းပါက ၁၉၉ဝ-ခုနှစ် နောက်ပိုင်း
နာဂညီအစ်ကို အချင်းချင်းသတ်ဖြတ်မှု လျော့နည်းခဲ့မည်မှာ အမှန်ပင်။ကချင်ပြည်မှ မွေဝါအဖွဲ့သည် ၁၉၈၈-ခုနှစ်အောက်တိုဘာလတွင် ဟိုင်းမြေနယ်ကိုခပ်လန်တို့အဖွဲ့နှင့်တိုက်ပွဲများစွာဖြစ်ရင်းဖြတ်လာခဲ့
ကာ ဒီမာပိုးဘက်ရောက်သွားခဲ့သည်။အီဆက်တို့လည်း ကချင်ပြည်မှ အရိုနာချာ ပြည်နယ်ဘက် ဝင်လာပြီး ဒီမားပိုးဘက် ရောက်လာခဲ့ကြောင်း။ ထိုမှ ၁၉၈၉-နိုဝင်ဘာလ (၇) ရက်တွင် အစည်းအဝေး ယောဒန်စခန်းတွင်ထိုင်ကာ နအဆက (အီဆက်-မွေဝါ) အဖွဲ့ကို ဖွဲ့စည်းလာခဲ့သည်။ တဘက်တွင် နအဆက(ခပ်လန်) အဖွဲ့ဟူ၍ထင်ပေါ် လာခဲ့သည်။ ဤသို့ဖြင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ
သည် နှစ်ဖွဲ့ကွဲခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း အိန္ဒိယအစိုးရ၏ ပေါ်လစီကြောင့်ဖြစ်သည်။အကြောင်း
မှာနအဆကတွင်ခပ်လန်ပါနေပါကအိန္ဒိယနှင့်မဆွေးနွေးနိုင်သောကြောင့်ခပ်လန်အားခွဲထုတ်ရန်ကစားခဲ့သော ပေါ်လစီကြောင့်ဖြစ်သည်။ ထိုသို့အဖွဲ့ကွဲပြီး နအဆက နှစ်ဖွဲ့ကြား ပိုမိုတိုက်ခိုက်မှုများ ဖြစ်လာခဲ့သဖြင့် လူအသေအပျောက် များပြားလာခဲ့သည်။(နာဂ အမျိုးသးရေး နှင့် ဖောက်ပြန်မှု လုပ်ရပ်များ စာအုပ်မှ)
No comments:
Post a Comment