ကြိုဆိုပါတယ်

Popular Posts

မွန်ဂိုမျိုးနွယ်စုတို့၏ ဆင်းသက်လာပုံသမိုင်းအကျဉ်း

မေဆိုပိုတေးမီးယား (Mesopotamia) မှ ဆင်းသက်လာခဲ့ကြသော
မွန်ဂိုလူမျိုးများသည် ယခုအခါ မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်တွင်
နေထိုင်လျက် ရှိကြပါသည်၊ ထို လူမျိုးများမှာ ကရင်၊ ကရင်နီ၊ ကယန်း၊ ရှမ်း၊ ပအိုဝ်း၊ ဝ၊
ပလောင်၊ လားဟူ၊ အခါ၊ ကချင်၊ ချင်း၊ မီဇူး၊ နာဂ၊ ကသဲ၊ စသည့် လူမျိုးများ နှင့် Meghalia, Tripura, Assam, Arunachal စသည့်ပြည်နယ်များတွင် နေထိုင်ကြသော
လူမျိုးများ အပြင် ဘင်္ဂလားဒေ့ရှ့် ချီတာကုံး တောင်တန်းတွင် နေထိုင်ကြသော Hmar
(မားရ် ) နှင့် Bawm လူမျိုးတို့ ဖြစ်ကြပါသည်၊ ထိုလူမျိုးများ၏ ဆင်းသက်လာပုံ
သမိုင်းကြောင်းကို လေ့လာကြည့်သောအခါ ထိုလူမျိုးများသည် အမျိုးအနွယ်တခုတည်းမှ
ဆင်းသက် ပေါက်ဖွားလာသော လူမျိုးများဖြစ်ကြောင်း သိရှိရသည်၊ ထိုလူမျိုးများ.
ဆင်းသက်လာပုံကို လေ့လာသိရှိရသလောက် အောက်ပါအတိုင်း တင်ပြအပ်ပါသည်၊
         Karen နှင့် Kayan တို့သည် B.C ၂၂၃၄ တွင် Ponpalon (Mesopotamia) မှထွက်လာခဲ့ပြီး ဘီစီ ၂၁၉၇ခုနှစ် တွင် မွန်ဂိုးလီးယား(Mongolia) သို့ ရောက်လာခဲ့ကြောင်း။ ထိုမှ Pa E  region(Tarkistan) နှင့် Tha Htein (Tibet) ပြီးတော့ ဘီစီ-၁၃၃၈ ခုနှစ်တွင် Ka Phat (Yunan) region သို့ ရောက်ရှိလာခဲ့ကြောင်း အတိအကျဖေါ် ပြရေးသားကြသည်။ တရုတ်ဘုရင်၏
ဖိနှိပ်မှုကြောင့် ပထမ အသုတ်သည် ယူနန်နယ်မှ ဘီစီ-၁၁၂၈ ခုနှစ်တွင် ထွက်ခွာလာခဲ့ပြီး
သံလွင်မြစ်အတိုင်း ဆင်းသက်လာကာ အရှေ့တောင်အာရှ  (ခု- ဗမာနိုင်ငံ) သို့ ရောက်ရှိ
လာကြောင်း ယူနန်မှ ထွက်လာသောအခါ မဲခေါင်မြစ် တံတားဖြတ်နေစဉ် တံတားကြီး ပြတ်ကျသွားသဖြင့်
လူအမြောက်အများ ကမ်းတဘက်၌ ကျန်ရစ်ခဲ့သည်ဟု ဆိုသည်၊ (Narrative of the Kayan people စာအုပ်မှ ကောက်နှုတ်ရေးသားချက်)

            သမိုင်း ပညာရှင် Micheal Lonsdale အဆိုအရမှာမူ Karen တို့ ပထမ
အသုတ်သည် ဘီစီ ၁၁၂၅ တွင် Yunan Sinkiang region မှ မဲခေါင်မြစ်အတိုင်း
ဆင်းသွားကြောင်း ထိုသူတို့က Chiang Mai မြို့ကို တည်ခဲ့ကြောင်း သို့သော်
ထိုင်းတို့က မောင်းထုတ်သဖြင့် Mae Sariang ဘက်မှ သံလွင်မြစ်ကို ကျော်ဖြတ်ပြီး
တောင်တန်းများဖက်သို့ အခြေချနေထိုင်လာခဲ့ကြကြောင်း ဖေါ်ပြသည်။ ဒုတိယ အသုတ်မှာ ဘီစီ
၇၃၉ ခုနှစ်တွင် ယူနန်မှထွက်လာပြီး ရွှေလီမြစ် အတိုင်းဆင်းသက်လာကာ ယခု
ရှမ်းပြည်နယ်သို့ ရောက်ရှိလာခဲ့ကြသည်ဟု ဆိုသည်။ ထိုသူများကို Pa-Oh Karen ဟုခေါ်
ကြောင်း၊ ထိုသူများက Pwo-Wai (ပြည်မြို့) ကို တည်ထောင်ခဲ့ကြောင်း ဖေါ်ပြသည်။(Long live Kawthooline စာအုပ်မှကောက်နှုတ်ရေးသားချက်) သို့ရာတွင် The Narratives of the Kayan people စာအုပ်ထဲတွင် ကယန်း နှင့် ပအိုဝ်းတို့သည် သထုံ Kingdom ကို တည်ထောင်ခဲ့ကြောင်း သထုံကို မွန်နှင့်ဗမာဘုရင်တို့က သိမ်းပိုက်သောအခါ တောင်ငူတို့ ထွက်ပြေးလာပြီး ဘီစီ ၉၃၇ ခုနှစ်တွင် Demawso region တွင် အခြေချနေထိုင်လာခဲ့သည်ဟု ဆိုသည်။
အထက်တွင်ဖေါ်ပြသည့် သမိုင်းပညာရှင် Micheal Lonsdale အဆိုအရ
မွန်နှင့် ဗမာလူမျိုးတို့သည် Pa-Oh Karenတို့ ရောက်ရှိလာသည့်နောက် နှစ်ပေါင်း
(၂ဝဝ)ကျော်မှ ယခုဗမာနိုင်ငံသို့ အိန္ဒိယပြည်ဘက်မှ လာခဲ့ကြကြောင်း၊ ထိုကြောင့် သူတို့မှာ
အိန္ဒိယလူမျိုးတို့၏ ယဉ်ကျေးမှုပါလာခဲ့ကြသည် ဟုဆိုသည်၊
       Chin, Kuki, Mizo တို့  ဆိုသည်မှာ- ဘီစီ ၇၂၂-၇၂၁ လောက်တွင်
ဆီးရီးယားဘုရင် Shalmaneser က အနောက်သရေလ Kingdom ကို
သိမ်းပိုက်ပြီး သူတို့အား စစ်သုံ့ပန်းအဖြစ် ဆီးရီးယားသို့  ခေါ်သွားခဲ့ကြောင်း ထိုမှ အထက်
Mesopotamia နှင့် Medopersia သို့ ထွက်ပြေးလာခဲ့ကြောင်း။ ထိုမှ ယခု
Afghanitan, ပြီးတော့ Hindokush သို့ လာပြီး Tibet သို့  ရောက်လာကြောင်း၊
ထိုမှ Kaifeng တရုပ်ပြည်သို့ ရောက်လာခဲ့သည် ဟုဆိုသည်။ Kaifeng (ရှေးဟောင်း တရုပ်မြို့တော်)တွင် တရုပ်ဘုရင် Shih Hwang-wonti က မဟာတံတိုင်းကြီးကို
ဆောက်လုပ်ရန် ထိုလူမျိုးတို့အား ကျွန်ပြုခဲ့သဖြင့်Kiangfeng မှ ထွက်ပြေးလာခဲ့ရကြောင်း
ပြီးတော့  Sing Lung တွင် လာနေခဲ့ကြောင်း ဆိုသည် ထိုမှ Hawkong Valley သို့ ရောက်ရှိလာပြီး တဖန်  ချင်းတွင်းမြစ်အတိုင်းဆင်း၍ Kabaw Valley (ယခု ဗမာပြည်
အလယ်ပိုင်း) သို့  ရောက်ခဲ့ကြောင်း။ ထို Kabaw Valley မှ AD ၅၃ဝ တွင် ချင်းတွင်းမြစ်
အတိုင်း ပြန်တက်လာပြီး၊ ထိုလူမျိုးများသည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်း Manipur, Assam, Tripura, Nagaland, Mizoram, Arunachal နယ်မြေများသို့
ပြန့် နှံ့နေထိုင်သွားကြသည် ဟုဆိုသည်၊ မားရ်  (Hmar) လူမျိုးများသည်လည်း သူတို့
Sing lung မှ လာခဲ့သည်ဟုဆိုသည်၊ ကချင်လူမျိုးတို့ ပြောသည်မှာလည်း
Mesopotamia နှင့် Medopersia မှ ထွက်ခွာလာခဲ့ပြီး ထိုမှ Afghanistan, Pakistan, Tibet နှင့်
တရုတ်ပြည်သို့ လာခဲ့ကြောင်းပြောသည်။

      Zeliangrong နာဂလူမျိုးတို့ ဆိုသည်မှာ Kaigeng တွင် တရုတ်ဘုရင် Sinh Hwang-ti
က မဟာတံတိုင်း ကြီးဆောက်လုပ်ရန် ကျွန်ပြုသည်ကို မခံနို၍ ဘီစီ ၂၄၆
လောက်တွင် မြေအောက်လှိုဏ်ဂူ တူးဖေါက်ပြီး ထွက်ပြေးလာခဲ့ကြောင်း ဆိုသည်၊ ထိုမှ
Singlung တွင်လာနေခဲ့ကြောင်း။ထိုသို့ လိုက်ဂူဏ် ထိုးဖောက်ပြီး ထွက်ပြေးသွားခဲ့ကြသော
လူများသည် Japan, Korea, Philippines, Borneo, Thailand, Indonisia, Malasia, Vietnan, Cambodia, Singapor, Tibet  စသည့် နိုင်ငံများအထိ ပြန့်နှံ့ သွားကြကြောင်း ဆိုသည်၊ (The trail from Makuilongdi
နှင့် Genesis of Zeliangrong စာအုပ်မှ ကောက်နှုတ်ချက်)၊(စကားချပ်-ကမ္ဘာ့မှတ်တမ်းအရ မဟာတံတိုင်းကြီးကို ဘီစီ ၃၈၁ မှ ၂၂၁ အတွင်း တည်ဆောက်ခဲ့ကြောင်း
သိရသည်။။)
သမိုင်းပညာရှင် Prof.Gangmumai (နာဂ) ဆိုသည်မှာ Kuki, Chin, Mizo တို့သည် တရုတ်ပြည်မှ တသုတ်လာခဲ့ကြပြီး Hawkong valley သို့ ရောက်ရှိလာ ကြခဲ့ကြောင်း။ ထိုမှတဆင့် ချင်းတွင်းမြစ် အတိုင်းဆုံဆင်းပြီး Kabaw valley သို့ရောက် ရှိခဲ့ကြောင်း၊ ဗမာသမိုင်းအရ ဗမာလူမျိုးတို့သည် အထက် ဗမာပြည်သို့ AD ကိုးရာစု လောက်အတွင်း ရောက်ရှိလာခဲ့ကြကြောင်း၊ ထိုသူတို့ မရောက်ခင်၊ မွန် နှင့်
ပျူလူမျိုးတို့က သူတို့၏ Kingdom ကို တည်ထောင်ခဲ့ကြကြောင်း၊ သို့သော် Kabaw valley
ကို သူတို့ မအုပ်ချုပ်ခဲ့ကြောင်း ဆိုသည်၊ သူဖေါ်ပြသည်မှာ-ရန်ကုန် သက္ကသိုလ်
ပါမောက္ခProf. G.H.Luce ၏ အဆိုအရ Chin, Kuki တို့ Kabaw valley
သို့ ရောက်ရှိလာခြင်းသည် AD လေးရာစု နှင့် ရှစ်ရာစုအကြားတွင် ဖြစ်နိုင်ကြောင်း ဆိုသည်။
(Genesis of the Nagas and Kuki-Chin စာအုပ်မှကောက်နှုတ်ချက်)။
(Chin, Kuki တို့၏ သမိုင်းအရ AD ၅၃ဝ လောက်တွင် Kabaw valley မှ
ပြန်လည်ထွက်သွားခဲ့သည်ဟု ဆိုလျှင် AD လေးရာစု (၃ဝဝ-ကျော်) လောက်တွင်
Kabaw valley သို့ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။
ဟိုင်းမြေ (Heimi) တို့၏နုတ်ပြော သမိုင်းမှာလည်း တရုပ်ပြည် Yunan
နယ်မှ လာခဲ့ပုံသမိုင်းကြောင်းသည် Kachin,Kuki,Chin,Mizo တို့ ပြောသည့်
အတိုင်းပင်ဖြစ်သည်၊ Karen နှင့် Kayan တို့ပြောသည့်အတိုင်း သူတို့ မြစ်ကူးပြီးနောက်
တံတားပြတ် ကျသွားကြောင်းလည်းပြောသည်၊ ကျွန်တော်တို့၏ ဖိုးဖွားစဉ်ဆက် ပြောလာခဲ့
သော နှုတ်ပြောသမိုင်းအရ ချင်း၊ ကချင် နှင့် နာဂတို့၏ ဖိုးဖွားများသည် ညီအစ်ကို
အရင်းများ ဖြစ်ခဲ့ကြကြောင်းပြောသည်။ ကယား (Kayan) လူမျိုးတို့မှာလည်း နာဂတို့နှင့် နီးစပ်သော မျိုးနွယ်ဖြစ်ခဲ့ကြောင်းပြောသည်။ထို့အတူ Angami နာဂတို့ ပြောသည်မှာလည်း Karen
တို့ သည်သူတို့၏ မျိုးနွယ်ဖြစ်ခဲ့ကြောင်းပြောကြပါသည်၊ Angami တို့ ပြောသည် မှာ
သဲမှုန်တိုင်းထန်သောနေရာ မွန်ဂိုလီယား ဘက်မှလာခဲ့ ကြောင်း၊Karen နှင့် Kayan
တို့ပြောသည်မှာလည်း Pa E(Tarkistan) region မှ လာသောအခါ
ဒူးအထိနက်သော သဲပြင်များကို ဖြတ်လာခဲ့ရကြောင်းဆိုသည်၊ ဝမျိုးနွယ်စုတို့ ပြောသည်မှာ
လည်း ဝနှင့်နာဂတို့သည်  ည်ီအစ်ကိုများ ဖြစ်ကြသည်ဟု ဆိုသည်၊
 အထက်ဖေါ် ပြပါ လူမျိုးများ. ဆင်းသက်လာပုံသမိုင်းတွင် ပြောပုံနှင့် နှစ်အနည်း
ငယ်ကွာခြားမှုရှိသော်လည်း သူတို့သည် Mesopotamia မှလာခဲ့ကြောင်း၊
Mongolia, Tibet, တရုတ် (Kaifeng or Kaiphat) စသည်တို့ကိုဖြတ်
ကျော်လာခဲ့ကြောင်းပြောကြသည်မှာ အားလုံးတူညီသဖြင့် ရှေးပဝေသဏီခေတ်တွင် မျိုးနွယ်စု
တခုတည်း နယ်မြေတခုတည်းမှ ဆင်းသက်လာသူများ ဖြစ်ကြသည်ကို ထင်ရှားစေသည်၊
မွန်ဂို အမျိုးအနွယ်ဝင် နယ်မြေများအကြားတွင် နယ်စပ်ဟူ၍မရှိခဲ့ပါ၊ သို့သော်
၁၉၁၄ ခုနှစ်တွင် အင်္ဂလိပ်တို့က ပတ်ကိုင် (Patkai) တောင်ရိုးကိုလိုက်ပြီး မွန်ဂိုလူမျိုးတို့၏
နယ်မြေအလယ်တည့်တည့်တွင် နယ်စပ်ကိုရေးဆွဲခဲ့သဖြင့် နယ်စပ်ဟူ၍ ပေါ်လာခဲ့သည်၊
သို့ရာတွင် အင်္ဂလိပ် ကိုလိုနီအစိုးရသည်-Assam, Manipur, Maghalaya,  ပြည်နယ်များ မှလွှဲ၍ ကျန်နယ်မြေ (နာဂ၊ ကချင်၊ ချင်း၊ ရှမ်း၊ ကရင်၊ ကရင်နီ်) နယ်မြေများကို
ခြွင်းချန်နယ်မြေ (Excluded areas) များအဖြစ်သတ်မှတ်ကာ ဗမာပြည်မ (Burma Proper) နှင့် အိန္ဒိယပြည်တို့မှ သီးခြား ခွဲထုတ်ကာ အုပ်ချုပ်ခဲ့သည်၊ ထို့ပြင် ၁၉၄၆-ခုနှစ်တွင် ထိုမွန်ဂိုမျိုးနွယ်စုများကို စုစည်းပြီး ဗမာနှင့် အိန္ဒိယနိုင်ငံတို့မှခွဲ၍ သီးခြားနိုင်ငံတစ်နိုင်ငံ
ထူထောင်ပေးရန်   Robert Reid နှင့် Sir Rijinald Coupland တို့ကြံစည်ခဲ့ကြသည်။ဤအစီအစဉ်အား Coupland Plan ဟု ခေါ်ဝေါ်ခဲ့သည်၊ ထိုအစီ
အစဉ်မှာ မွန်ဂိုမျိုးနွယ်စု နယ်မြေများကို Birtish Crown Colony (ဗြိတိသျှ ဥသျှောင်
ကိုလိုနီ) အဖြစ် ဆက်လက်ထားပြီးနောက်မှ လွတ်လပ်ရေး ပေးရန်ဖြစ်သည်၊ ထိုအင်္ဂလိပ်လူမျိုး
တို့၏ အမြင်မှာ မဖွံ့ဖြိုးသေးသော မွန်ဂိုလူမျိုးများသည် လူမျိုးကြီးများဖြစ်ကြသော ဗမာနှင့်
အိန္ဒိယလူမျိုးတို့၏ လက်အောက်ခံ ဖြစ်လာပါက သူတို့၏ ဖိနှိပ်ချုပ်ခြယ်မှု၊ ခြယ်လှယ်မှုကို
ခံရလိမ့်မည်ဟု တွေးခဲ့မြင်ခဲ့ ဟန်တူသည်။
    သို့သော်ဤအစီအစည်ကို နာဂအမျိုးသားကောင်စီ ခေါင်းဆောင် ဦးဖီဇိုနှင့်
အဖွဲ့ဝင်များက လက်မခံ ပယ်ချခဲ့သည်၊ ထို့ပြင် ဦးဖီဇိုသည် ၁၉၄၆-ခုနှစ်တွင်  Manipur, Assam, Meghaliya, Mizoran နယ်မြေများသို့ သွားကာ မိမိဖာသာ လွတ်လပ်

ရေးကြေငြာကြရန် စည်းရုံးတိုက်တွန်းခဲ့သည်၊ သို့သော် ထိုသူများသည် ဖီဇို၏ အကြံပေးချက်
ကို လက်မခံဘဲ အိန္ဒိယပြည်ထောင်စုတွင်ပါဝင်ရန် လက်မှတ်ရေး ထိုးခဲ့ကြသည်၊ ကချင်၊ ချင်း၊
ရှမ်း လူမျိုးစု တို့ကလည်း ဗမာလူမျိုး နှင့်ပေါင်းပြီး ပြည်ထောင်စု ဗမာနိုင်ငံတော်
တည်ထောင်ရန် ပင်လုံစာချုပ်တွင် ၁၉၄၇-ခုနှစ် ဖေဖေါ်ဝါရီလတွင် ဗိုလ်ချုပ် အောင်ဆန်းတို့နှင့်
သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်၊ ဤသို့ဖြင့် အဖက်ဖက်မှ Coupland Plan
သည် ပယ်ချလျှက်သား ဖြစ်ခဲ့သည်၊ ထိုသို့ဖြစ်ခဲ့ရခြင်းမှာ ထိုအချိန်အခါတွင် ကိုလိုနီဝါဒကို
လူမျိုးတိုင်းက အင်မတန်မုန်းခဲ့သောကြောင့် ဖြစ်သည်၊
              ဤမွန်ဂိုမျိုးနွယ်စုထဲတွင် နာဂတစ်မျိုးတည်းကသာ အိန္ဒိယနိုင်ငံနှင့် ဗမာနိုင်ငံတို့
လွတ်ရေးမရခင် ၁၉၄၇-ခုနှစ် =သဂုတ်လ (၁၄)ရက်တွင် မိမိဖာသာ လွတ်လပ်ရေးကြေငြာ
ခဲ့သည်၊ နာဂလူမျိုးတို့မှာ အခြားတိုင်းတစ်ပါးနိုင်ငံ၏ လက်အောက်ခံ မဖြစ်ခဲ့သဖြင့်
လွတ်လပ်သောနိုင်ငံဖြစ်ရာ လွတ်လပ်ရေးကြေငြာရန် မလိုသော်လည်း ထိုအချိန် ကမ္ဘာ့
နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာသောအချိန်တွင် မိမိနိုင်ငံ. အချုပ်အခြာအာဏာကို
ထိန်းသိမ်း ကာကွယ်ရန်အလို့ငှာ လွတ်လပ်ရေးကို ကြေငြာခဲ့သည်၊ သို့သော်အိန္ဒိယက
နာဂနိုင်ငံ၏ လွတ်လပ်ရေးကို အသိအမှတ်မပြုဘဲ ကျူးကျော်ဝင် ရောက်လာခဲ့သဖြင့် ၁၉၅၄-ခုနှစ်မှစပြီး နှစ်နိုင်ငံကြား စစ်ဖြစ်လာခဲ့သည်၊ ထို့ ကော့င့် နာဂလူမျိုးများသည် ကျူးကျော်
ရေးစစ်ကို တိုက်ထုတ်ရန်  ယနေ့အထိ တိုက်ပွဲဝင်လျက်ရှိသည်၊ ထို့ပြင် အခြားသော မွန်ဂိုမျိုး
နွယ်စုများသည်လည်း မိမိလူမျိုးများ အဖိနှိပ်ခံဘဝမှ လွှတ်မြှောက်ရေးအတွက် တိုက်ပွဲဝင်
နေကြသည်။(နာဂ အမျိုးသားရေးနှင့်ဖောက်ပြန်မှုစာအုပ်မှတင်ပြလိုက်တာပါ)

No comments:

Post a Comment